YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန် 20:3-10

ရှင်ယောဟန် 20:3-10 Judson Bible (JBMLE)

ထို​အ​ခါ​ပေ​တ​ရု​နှင့် အ​ခြား​သော တ​ပည့်​တော်​သည်​ထွက်၍ သင်္ချိုင်း​တော်​သို့ သွား​ကြ၏။- ထို​သူ​နှစ်​ယောက်​တို့​သည် အ​တူ​ပြေး​သည်​တွင် အ​ခြား​သော​တ​ပည့်​တော်​သည် ပေ​တ​ရု​ကို​လွန်၍ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သည်​ရှိ​သော်၊ ငုံ့၍​ကြည့်​သ​ဖြင့်၊- ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို မြင်​လျှင်၊ မ​ဝင်​ဘဲ​နေ၏။- ရှိ​မုန်​ပေတ​ရု​သည်​နောက်​သို့​လိုက်၍ ရောက်​သော​အ​ခါ တွင်း​ထဲ​သို့​ဝင်​လျှင်၊ ပိတ်​ပု​ဆိုး​ရှိ​ရစ်​သည်​ကို​လည်း​ကောင်း၊- ခေါင်း​တော်၌​ရှိ​သော​ပ​ဝါ​သည် ပိတ်​ပု​ဆိုး​နှင့်​အ​တူ​မ​ရှိ​ဘဲ တ​ခြား​စီ လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- ထို​အ​ခါ သင်္ချိုင်း​တော်​သို့ အ​ရင်​ရောက်​သော အ​ခြား​တ​ပည့်​တော်​သည် ဝင်၍​မြင်​သ​ဖြင့် ယုံ​လေ၏။- ကိုယ်​တော်​သည် သေ​ခြင်း​မှ​ထ​မြောက်​ရ​မည်​ဟူ​သော ကျမ်း​စ​ကား​ကို တ​ပည့်​တော်​တို့​သည် နား​မ​လည်​ကြ​သေး။- နောက်​မှ ထို​သူ​နှစ်​ယောက်​တို့​သည် မိ​မိ​တို့​အ​ပေါင်း​အ​သင်း​ရှိ​ရာ​သို့ ပြန်​သွား​ကြ၏။

ရှင်ယောဟန် 20:3-10 Common Language Bible (BCL)

ထို​အ​ခါ​ပေ​တ​ရု​နှင့်​အ​ခြား​တ​ပည့်​တော် သည်​သင်္ချိုင်း​တော်​သို့​ပြေး​သွား​ကြ​၏။- ထို​သူ​နှစ်​ဦး​သည်​အ​တူ​ပြေး​ကြ​သော်​လည်း အ​ခြား​တ​ပည့်​တော်​က​ပေ​တ​ရု​ထက်​လျင် မြန်​စွာ​ပြေး​၍​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက် လေ​သည်။- သူ​သည်​ငုံ့​၍​ကြည့်​လိုက်​ရာ​ဂူ​ထဲ​တွင်​ပိတ် များ​ကျန်​ရစ်​သည်​ကို​မြင်​ရ​၏။ သို့​သော်​သူ သည်​ဂူ​ထဲ​သို့​မ​ဝင်​ဘဲ​နေ​၏။- သူ​၏​နောက်​က​လိုက်​လာ​သူ​ရှိ​မုန်​ပေ​တ​ရု သည်​လည်း​ရောက်​လာ​ပြီး​နောက်​ဂူ​ထဲ​သို့​ဝင် ရာ​ပိတ်​များ​ကျန်​ရစ်​ခဲ့​သည်​ကို​လည်း​ကောင်း၊- ကိုယ်​တော်​၏​ဦး​ခေါင်း​တော်​မှ​ပ​ဝါ​သည်​ထို​ပိတ် များ​နှင့်​အ​တူ​မ​ရှိ​ဘဲ​တစ်​နေ​ရာ​တွင်​သီး​သန့် လိပ်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း​မြင်​လေ​၏။- ထို​နောက်​သင်္ချိုင်း​တော်​သို့​ဦး​စွာ​ရောက်​ရှိ​သည့် အ​ခြား​တ​ပည့်​တော်​သည်​လည်း​ဂူ​ထဲ​သို့​ဝင် လျှင်​ထို​အ​ခြင်း​အ​ရာ​ကို​တွေ့​မြင်​ရ​သ​ဖြင့် ယုံ​ကြည်​လေ​၏။- (ကိုယ်​တော်​သည်​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် ရ​မည်​ဟူ​သော​ကျမ်း​စ​ကား​ကို​ထို​သူ​တို့​နား မ​လည်​ကြ​သေး​ချေ။)- ထို​နောက်​တ​ပည့်​တော်​နှစ်​ဦး​တို့​သည်​ပြန်​ကြ​၏။

ရှင်ယောဟန် 20:3-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ပေတရု​နှင့် ထို​အခြား​တပည့်​တော်​သည် ထွက်လာ​၍ သင်္ချိုင်း​တော်​သို့​သွား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည် အတူတူ​ပြေး​ကြ​သော်လည်း အခြား​တပည့်​တော်​သည် ပေတရု​ထက် လျင်မြန်​စွာ​ပြေး​၍ သင်္ချိုင်း​တော်​သို့​ဦးစွာ​ရောက်​သဖြင့် ငုံ့ကြည့်​လိုက်​ရာ ပိတ်ထည်​များ​ရှိ​နေ​သည်​ကို​မြင်​ရ​၏။ သို့သော် သူ​သည် အထဲသို့​မ​ဝင်​ဘဲ​နေ​၏။ ထိုအခါ နောက်​မှ​လိုက်​လာ​သော ရှိမုန်​ပေတရု​သည်​လည်း​ရောက်လာ​၍ သင်္ချိုင်း​ဂူ​ထဲသို့​ဝင်​ပြီးလျှင် ပိတ်ထည်​များ​ရှိ​နေ​သည်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဦးခေါင်း​တော်​ကို​ပတ်စည်း​ထား​သော​ပဝါ​သည် ပိတ်ထည်​များ​နှင့်အတူ​မ​ရှိ​ဘဲ တစ်​နေရာ​တွင်​သီးခြား​လိပ်​ထား​သည်​ကို​လည်းကောင်း မြင်​လေ​၏။ ထို့နောက် သင်္ချိုင်း​တော်​သို့​ဦးစွာ​ရောက်​သော အခြား​တပည့်​တော်​သည်​လည်း​ဝင်လာ​၍ မြင်​သဖြင့် ယုံကြည်​လေ​၏။ (သူ​တို့​သည် သေ​သော​သူ​တို့​ထဲမှ ကိုယ်တော်​ထမြောက်​ရ​မည်​ဟူသော​ကျမ်းချက်​ကို နား​မ​လည်​ကြ​သေး။) ထို့နောက် ထို​တပည့်​တော်​တို့​သည် မိမိ​တို့​အိမ်​သို့ ပြန်​သွား​ကြ​၏။