YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 1:67-79

ရှင်လုကာ 1:67-79 Judson Bible (JBMLE)

သူ၏​အ​ဘ ဇာ​ခ​ရိ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လျက်၊- ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ပေါ်​ထွန်း​သော မိ​မိ​သန့်​ရှင်း​သော ပ​ရော​ဖက်​တို့​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ရန်​သူ​ဘေး​နှင့် ကင်း​လွတ်၍ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ တစ်​သက်​လုံး သန့်​ရှင်း​ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​အား​ဖြင့် ဘု​ရား​ဝတ်​ကို ရဲ​ရင့်​စွာ​ပြု​ရ​သော​အ​ခွင့်​ကို ပေး​မည်​ဟု ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​အား ကျိန်​ဆို​ခြင်း​က​တိ​တော်​တည်း​ဟူ​သော သန့်​ရှင်း​သော​ပ​ဋိ​ညာဉ်​တ​ရား​ကို အောက်​မေ့​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​တို့ ဘိုး​ဘေး​များ​နှင့် ဝန်​ခံ​တော်​မူ​သော သ​နား​ခြင်း​ကျေး​ဇူး​ကို ပြု​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​လျက် ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ကို​ပြု​တော်​မူ၍၊ ငါ​တို့​ကို ရန်​သူ​လက်​မှ​လည်း​ကောင်း၊ မုန်း​သော​သူ​ရှိ​သ​မျှ​တို့ လက်​မှ​လည်း​ကောင်း ကယ်​လွှတ်​မည်​အ​ကြောင်း၊ ကယ်​လွှတ်​ခြင်း​ဦး​ချို​ကို မိ​မိ​ကျွန်​ဒါ​ဝိဒ်​အ​မျိုး​ထဲ၌ ငါ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။ အ​ချင်း​သူ​ငယ်၊ သင်​သည်​လည်း အ​မြင့်​ဆုံး​သော​ဘု​ရား၏ ပ​ရော​ဖက်​ဟု ခေါ်​ဝေါ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်၏ သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့် အ​ပြစ်​ဖြေ၍ ကယ်​တင်​ခြင်း​သို့ ရောက်​နိုင်​ကြောင်း​ကို ဘု​ရား​သ​ခင်၏​လူ​မျိုး​အား ဖော်​ပြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏ လမ်း​ခ​ရီး​တော်​ကို ပြင်​ဆင်​ခြင်း​ငှာ သင်​သည် ရှေ့​တော်၌​သွား​ရ​လိမ့်​မည်။- ထို​သ​နား​တော်​မူ​ခြင်း ကျေး​ဇူး​တော်​အား​ဖြင့်၊ ကောင်း​ကင်​မှ နေ​အ​ရုဏ်​သည် ငါ​တို့​အ​ပေါ်​သို့ တက်​သ​ဖြင့်၊- မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။

ရှင်လုကာ 1:67-79 Common Language Bible (BCL)

ယော​ဟန်​၏​အ​ဖ​ဇာ​ခ​ရိ​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​ပြည့်​ဝ​လျက်​ဟော​သည်​မှာ၊ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​ထော​မ​နာ​ပြု​ကြ​ပါ စေ​သော။ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ ကြွ​လာ​၍​သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အ​မျိုး​အ​နွယ်​တွင် တန်​ခိုး​ကြီး​မား​သော၊ကယ်​တင်​ရှင်​ကို ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။ ရှေး​သန့်​ရှင်း​မြင့်​မြတ်​သူ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် မိန့်​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​တော်​သည်​ငါ​တို့​အား​ရန်​သူ​များ​၏ လက်​မှ​လည်း​ကောင်း၊ ငါ​တို့​ကို​မုန်း​သော​သူ​အ​ပေါင်း​တို့​၏ လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​ရန်၊ ငါ​တို့​၏​ဘိုး​ဘေး​များ​အ​ပေါ်​ဝယ်​က​ရု​ဏာ ထား​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်၊ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​မည်​ဖြစ်​ကြောင်း မိန့်​တော်​မူ​ခဲ့​ပြီ။ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် တစ်​သက်​လုံး​သန့်​ရှင်း​ဖြောင့်​မတ်​ကြ​စေ​ရန်၊ ငါ​တို့​ကို​ရန်​သူ​များ​၏​လက်​မှ​ကယ်​၍ ကိုယ်​တော်​၏​အ​မှု​တော်​ကို၊ ကြောက်​ရွံ့​ခြင်း​ကင်း​လျက်​ဆောင်​ရွက်​စေ​မည်​ဟု ငါ​တို့​၏ အ​ဖ​အာ​ဗြ​ဟံ​အား​ကျိန်​ဆို​တော်​မူ​ခဲ့​ပြီ။ အ​ချင်း​သူ​ငယ်၊သင်​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​၏ ပ​ရော​ဖက်​ဟု​အ​ခေါ်​ခံ​ရ​လိမ့်​မည်။ သင်​သည်​ဘု​ရား​ရှင်​အ​တွက်​လမ်း​ကို​အ​သင့် ပြင်​ဆင်​ရ​လိမ့်​မည့်​ရှေ့​တော်​ပြေး​ဖြစ်​ပြီး​လျှင်၊ ကိုယ်​တော်​၏​လူ​စု​တော်​အား​အ​ပြစ်​ဖြေ​လွှတ်​၍ ကယ်​တင်​တော်​မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​လိမ့်​မည်။ ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​သ​နား​ခြင်း​က​ရု​ဏာ​နှင့် ကြွယ်​ဝ​တော်​မူ​၏။ ကိုယ်​တော်​သည်​ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​ကို ကောင်း​ကင်​မှ​နေ​အ​ရုဏ်​သ​ဖွယ်​ငါ​တို့​အ​ပေါ်​သို့ သက်​ရောက်​စေ​၍၊ သေ​မင်း​၏​အ​ရိပ်​တွင်​နေ​ထိုင်​သူ​များ​အ​ပေါ် ထွန်း​လင်း​စေ​လိမ့်​မည်။ ထို့​အ​ပြင်​ငါ​တို့​အား​ငြိမ်း​ချမ်း​ရေး​လမ်း​သို့ ပို့​ဆောင်​စေ​လိမ့်​မည်'' ဟူ​၍​တည်း။

ရှင်လုကာ 1:67-79 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သူငယ်​၏​ဖခင်​ဇာခရိ​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ပရောဖက်ပြု​ဟောပြော​ကာ “အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် မင်္ဂလာရှိ​ပါစေသော။ အကြောင်းမူကား ကိုယ်တော်​သည် မိမိ​လူမျိုး​တော်​ကို အကြည့်အရှု​ကြွလာ​တော်မူ​၍ ရွေးနုတ်​ကယ်တင်​ခြင်း​ကျေးဇူး​ကို​ပြု​တော်မူ​ပြီး မိမိ​၏​ရှေး​သန့်ရှင်း​သော​ပရောဖက်​များ​၏​နှုတ်​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း ငါ​တို့​အတွက် ကယ်တင်​ခြင်း​ဦးချို​ကို ကိုယ်တော်​၏​အစေခံ​ဒါဝိဒ်​အမျိုးအနွယ်​တွင် ပေါ်ထွန်း​စေ​တော်မူ​ပြီ။ ဤ​ကယ်တင်​ခြင်း​သည် ငါ​တို့​၏​ရန်သူ​များ​နှင့် ငါ​တို့​ကို​မုန်း​သော​သူ​အပေါင်း​တို့​လက်​မှ ကယ်တင်​တော်မူ​ခြင်း​ဖြစ်​၏။ ဤသည်ကား ငါ​တို့​၏​ဘိုးဘေး​များ​အပေါ် ကရုဏာ​တော်​ကို​ပြသ​တော်မူ​ရန်​နှင့် ငါ​တို့​ကို ရန်သူ​တို့​လက်​မှ​ကယ်နုတ်​၍ အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ရှေ့​တော်​၌ သန့်ရှင်း​ခြင်း​နှင့်​ဖြောင့်မတ်​ခြင်း​တို့​ဖြင့် ကိုယ်တော်​ကို ဝတ်ပြု​ရ​သော​အခွင့်​ပေး​မည်​ဟု ငါ​တို့​အဖ​အာဗြဟံ​အား တိုင်တည်​၍​မိန့်​တော်မူ​သည့် ကတိ​သစ္စာ​တည်းဟူသော ကိုယ်တော်​၏​သန့်ရှင်း​သော​ပဋိညာဉ်​ကို အောက်မေ့​တော်မူ​ရန်​ဖြစ်​၏။ အချင်း​သူငယ်၊ သင်​သည်​လည်း အမြင့်ဆုံး​သော​ဘုရား​၏​ပရောဖက်​ဟု​ခေါ်ဝေါ်​ခြင်း​ကို​ခံရ​လိမ့်မည်။ အကြောင်းမူကား သင်​သည် ထာဝရ​ဘုရား​၏​လမ်း​တော်​ကို​ပြင်ဆင်​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော်​အား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အားဖြင့်​သက်ရောက်​သော ကယ်တင်​ခြင်း​နှင့်ဆိုင်သည့်​အသိပညာ​ကို​ပေး​ရန်​လည်းကောင်း၊ ကိုယ်တော်​၏​ရှေ့​တော်​၌ သွား​လိမ့်မည်။ ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး မှောင်မိုက်​နှင့် သေ​ခြင်း​၏​အရိပ်​ထဲတွင်​နေထိုင်​သော​သူ​တို့​အပေါ် ထွန်းလင်း​ကာ ငါ​တို့​၏​ခြေ​ကို ငြိမ်သက်​ခြင်း​လမ်း​ထဲသို့​ပို့ဆောင်​တော်မူ​၏”​ဟု ဆို​လေ​၏။