YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 13:24-43

ရှင်မဿဲ 13:24-43 Judson Bible (JBMLE)

အ​ခြား​သော ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​သော​သူ​နှင့် တူ၏။- လူ​တို့​သည် အိပ်​ပျော်​သော​အ​ခါ သူ၏​ရန်​သူ​သည်​လာ၍ ကောင်း​သော​စ​ပါး​နှင့် လ​က္ခ​ဏာ​တူ​သော တော​မျိုး​စေ့​ကို စ​ပါး​အ​ထဲ၌ ကြဲ၍​သွား​လေ၏။- အ​ပင်​ပေါက်၍ အ​သီး​အ​နှံ​ထွက်​သော​အ​ခါ၊ တော​ပင်​များ​လည်း ထင်​ရှား​လျှင်၊- ကျွန်​တို့​သည် အိမ်​ရှင်​ထံ​သို့​သွား၍ သ​ခင်၊ ကောင်း​သော​မျိုး​စေ့​ကို လယ်၌​ကြဲ​တော်​မူ​သည် မ​ဟုတ်​လော။ တော​ပင်​တို့​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု လျှောက်​ကြ​လျှင်၊- အိမ်​ရှင်​က ဤ​အ​မှု​ကား ရန်​သူ​ပြု​သော​အ​မှု​တည်း​ဟု ဆို၏။ အ​ကျွန်ုပ်​တို့​သည် သွား၍ တော​ပင်​တို့​ကို ရွေး​နုတ်​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ​သ​လော​ဟု လျှောက်​ကြ​လျှင်၊- အိမ်​ရှင်​က ထို​သို့ ငါ​အ​လို​မ​ရှိ။ တော​ပင်​တို့​ကို ရွေး​နုတ်​လျှင် စ​ပါး​ပင်​တို့​ကို​ရော​နှော၍ နုတ်​မိ​မည် စိုး​ရိမ်​စ​ရာ​အ​ကြောင်း​ရှိ၏။- စ​ပါး​ရိတ်​သည်​ကာ​လ​တိုင်​အောင် အ​ပင်​နှစ်​မျိုး​တို့​သည် အ​တူ ကြီး​ပွား​ပါ​လေ​စေ။ စ​ပါး​ရိတ်​သည်​ကာ​လ ရောက်​လျှင်၊ တော​ပင်​တို့​ကို ရှေ့​ဦး​စွာ​ရွေး​နုတ်၍ မီး​ရှို့​ခြင်း​ငှာ စည်း​နှောင်​ကြ​လော့။ စ​ပါး​ကို​ကား ကျီ၌​စု​သိမ်း သွင်း​ထား​ကြ​လော့​ဟု ရိတ်​သော​သူ​တို့​အား ငါ​စီ​ရင်​မည်​ဟု အိမ်​ရှင်​ဆို​သည်​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် လယ်၌​စိုက်​သော မုန်​ညင်း​စေ့​နှင့်​တူ၏။- မုန်​ညင်း​စေ့​သည် အ​စေ့​တ​ကာ​တို့​ထက် ငယ်​သော်​လည်း၊ ကြီး​ပွား​သော​အ​ခါ မြက်​ပင်​တ​ကာ​တို့​ထက် ကြီး​သ​ဖြင့် မိုး​ကောင်း​ကင်​ငှက်​တို့​သည် လာ၍ အ​ကိုင်း​အ​ခက်​တို့၌ နား​နေ မှီ​ခို​လောက်​သော​အ​ပင် ဖြစ်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော​ဥ​ပ​မာ​စ​ကား​ကို မိန့်​မြွက်​တော်​မူ​သည်​ကား၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တ​ဆေး​နှင့်​တူ၏။ မိန်း​မ​သည် တ​ဆေး​ကို​ယူ၍ မုန့်​ညက်​သုံး​တင်း၌​ထည့်​သ​ဖြင့်၊ မုန့်​ညက်​ရှိ​သ​မျှ​ကို ဖောင်း​ကြွ​စေ​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ယေ​ရှု​သည် ဤ​ဥ​ပ​မာ​များ​တို့​ကို​ဆောင်၍ ပ​ရိသတ်​များ​တို့​အား ဟော​ပြော​တော်​မူ၏။ ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ၊- ထို​သို့​သော​အား​ဖြင့် ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည်​နှုတ်​ကို​ဖွင့်၍ ဥ​ပ​မာ​များ​ကို​မြွက်​ဆို​အံ့။ က​မ္ဘာ​ဦး​မှ​စ၍ ထိမ်​ဝှက်​သော​အ​ရာ​တို့​ကို ဖော်​ပြ​ပေ​အံ့​ဟု ဟော​ဖူး​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။- ထို​နောက်​မှ ယေ​ရှု​သည် လူ​အ​စု​အ​ဝေး​များ​ကို​လွှတ်၍ အိမ်​သို့​ဝင်​တော်​မူ​ပြီး​မှ၊ တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ လယ်၌​ကြဲ​သော တော​မျိုး​စေ့၏ ဥ​ပ​မာ​အ​နက်​အ​ဓိ​ပ္ပာယ်​ကို အ​ကျွန်ုပ်​တို့​အား ဖော်​ပြ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ကိုယ်​တော်​က၊ ကောင်း​သော​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် လူ​သား​ဖြစ်၏။- လယ်​ကား ဤ​လော​က​ဖြစ်၏။ ကောင်း​သော​အ​စေ့​ကား နိုင်​ငံ​တော်​သား​ဖြစ်၏။ တော​မျိုး​စေ့​ကား နတ်​ဆိုး​သား​ဖြစ်၏။- တော​မျိုး​စေ့​ကို​ကြဲ​သော ရန်​သူ​ကား မာရ်​နတ်​ဖြစ်၏။ စ​ပါး​ရိတ်​သော​ကာ​လ​ကား ဤ​က​မ္ဘာ​ကုန်​သော​ကာ​လ ဖြစ်၏။ စ​ပါး​ရိတ်​သော​သူ​ကား ကောင်း​ကင်​တ​မန်​ဖြစ်၏။- တော​ပင်​တို့​ကို​ရွေး​နုတ်၍ မီး​ရှို့​သ​ကဲ့​သို့ ဤ​က​မ္ဘာ​အ​ဆုံး၌ ဖြစ်​လ​တ္တံ့။- လူ​သား​သည် မိ​မိ​ကောင်း​ကင်​တ​မန်​တို့​ကို စေ​လွှတ်​ပြီး​လျှင်၊ မှား​ယွင်း​စေ​သော​သူ​တို့​နှင့် မ​တ​ရား​သော အ​မှု​ကို​ပြု​သော​သူ ရှိ​သ​မျှ​တို့​ကို နိုင်​ငံ​တော်​ထဲ​က ရွေး​နုတ်၍၊- ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။- ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် နေ​ထွန်း​လင်း​သ​ကဲ့​သို့ မိ​မိ​တို့​အ​ဘ၏ နိုင်​ငံ​တော်၌ ထွန်း​လင်း​ကြ​လ​တ္တံ့။ ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။

ရှင်မဿဲ 13:24-43 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ​တော် သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ်​ယောက် သည်​မိ​မိ​ဂျုံ​မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​၏။- သို့​ရာ​တွင်​ည​အ​ခါ​လူ​တို့​အိပ်​ပျော်​နေ​ချိန်​၌ ရန်​သူ​သည်​လာ​၍​ဂျုံ​မျိုး​ကြဲ​ထား​ရာ​တွင်​ဂျုံ ရိုင်း​စေ့​များ​ကို​ကြဲ​ပြီး​နောက်​ထွက်​ခွာ​သွား​၏။- ဂျုံ​ပင်​က​လေး​များ​ပေါက်​ပြီး​နောက်​ဂျုံ​နှံ​များ ထွက်​လာ​သော​အ​ခါ​ဂျုံ​ရိုင်း​ပင်​များ​လည်း​ပေါ် ထွက်​လာ​လေ​သည်။- ထို​အ​ခါ​စာ​ရင်း​ငှား​တို့​သည်​လယ်​ရှင်​ထံ​လာ​၍ `အ​ရှင်၊ အ​ရှင့်​ဂျုံ​ခင်း​တွင်​မျိုး​ကောင်း​မျိုး​သန့်​များ ကြဲ​ခဲ့​သည်​မ​ဟုတ်​ပါ​လော။ ဂျုံ​ရိုင်း​ပင်​များ​ကား အ​ဘယ်​မှ​ရောက်​ရှိ​လာ​ပါ​သ​နည်း' ဟု​မေး​ကြ​၏။- လယ်​ရှင်​က `ဤ​အ​ရာ​ကား​ရန်​သူ​၏​လက်​ချက်​ပင် ဖြစ်​၏' ဟု​ဆို​လျှင်​စာ​ရင်း​ငှား​များ​က `ထို​သို့​ဖြစ် ပါ​မူ​ဂျုံ​ရိုင်း​များ​ကို​သွား​၍​နုတ်​ပစ်​ရ​ပါ​မည် လော' ဟု​မေး​ပြန်​ကြ​၏။- လယ်​ရှင်​က၊ နုတ်​မ​ပစ်​ကြ​နှင့်​ဦး။ ဂျုံ​ရိုင်း​များ​ကို နုတ်​လိုက်​လျှင်​ဂျုံ​ကောင်း​များ​လည်း​ပါ​သွား​လိမ့် မည်။- ကောက်​ရိတ်​ချိန်​တိုင်​အောင်​အ​ပင်​နှစ်​မျိုး​လုံး​ဆက် လက်​ကြီး​ပွား​စေ​ကြ​လော့။ ကောက်​ရိတ်​ချိန်​ရောက် သော်​ကောက်​ရိတ်​သ​မား​တို့​အား​ဦး​စွာ​ဂျုံ​ရိုင်း များ​ကို​နုတ်​၍​စည်း​ထား​ပြီး​လျှင်​မီး​ရှို့​ပစ်​ကြ။ ထို​နောက်​ဂျုံ​စ​ပါး​ကို​စု​သိမ်း​၍​ငါ​၏​ကျီ​၌ သွင်း​ထား​ကြ​ဟု​ငါ​မှာ​ကြား​မည်' ဟု​ဆို​၏'' ဟူ ၍​မိန့်​တော်​မူ​သည်။ သ​ခင်​ယေ​ရှု​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ လူ​တစ် ယောက်​သည်​မုန်​ညင်း​စေ့​ကို​ယူ​၍​မိ​မိ​ဥ​ယျာဉ် တွင်​စိုက်​၏။- ထို​အ​စေ့​သည်​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ် ၏။ သို့​ရာ​တွင်​အ​ပင်​ပေါက်​၍​ကြီး​ထွား​လာ​သော အ​ခါ အ​ခြား​အ​ပင်​ငယ်​များ​ထက်​ကြီး​မား​သည့် အ​ပင်​တစ်​ပင်​ဖြစ်​လာ​၏။ သို့​ဖြစ်​၍​ငှက်​များ​သည် ထို​အ​ပင်​၏​အ​ကိုင်း​များ​တွင်​အ​သိုက်​ပြု​လုပ် နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​သည်။ ကိုယ်​တော်​သည်​အ​ခြား​ပုံ​ဥ​ပ​မာ​ကို​ဆောင်​၍ မိန့်​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က ``ကောင်း​ကင်​နိုင်​ငံ တော်​သည်​ဤ​အ​ဖြစ်​အ​ပျက်​နှင့်​တူ​၏။ အ​မျိုး သ​မီး​တစ်​ယောက်​သည်​တ​ဆေး​ကို​ယူ​ပြီး​လျှင် မုန့်​ညက်​တစ်​တင်း​တွင်​ထည့်​သ​ဖြင့်​မုန့်​ညက်​အား လုံး​ကို​ဖောင်း​ကြွ​စေ​၏'' ဟု​မိန့်​တော်​မူ​သည်။ သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​တို့​အား​ဤ အ​ကြောင်း​အ​ရာ​များ​ကို​ပုံ​ဥ​ပ​မာ​ဆောင်​၍ ဟော​ကြား​တော်​မူ​၏။ ပုံ​ဥ​ပ​မာ​မ​ဆောင်​ဘဲ အ​ဘယ်​အ​ကြောင်း​အ​ရာ​ကို​မျှ​ဟော​ကြား တော်​မ​မူ။- ဤ​သို့​ဟော​ကြား​ရ​ခြင်း​မှာ၊ ``ငါ​သည်​ပုံ​ဥ​ပ​မာ​ဆောင်​၍​မိ​မိ​၏​နှုတ်​ကို ဖွင့်​ဟ​မြွက်​ဆို​မည်။ လော​က​ကို​ထာ​ဝ​ရ​ဘု​ရား​ဖန်​ဆင်း​တော်​မူ​ချိန်​မှ​စ​၍ ကွယ်​ဝှက်​နေ​ခဲ့​သည့်​အ​ရာ​များ​ကို ငါ​ထုတ်​ဖော်​ပြော​ဆို​မည်'' ဟူ​သော​ပ​ရော​ဖက်​၏​ဟော​ချက်​မှန်​ကန်​လာ​စေ​ရန် ပင်​ဖြစ်​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​လူ​ပ​ရိ​သတ်​များ​ထံ မှ​ထွက်​ခွာ​၍​အိမ်​ထဲ​သို့​ဝင်​တော်​မူ​၏။ ထို​အ​ခါ တ​ပည့်​တော်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ၍ ``ဂျုံ​ရိုင်း​ပင်​များ​၏​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အား​ရှင်း​ပြ​တော်​မူ​ပါ'' ဟု​လျှောက်​ထား ကြ​၏။ ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။- ဂျုံ​ခင်း​ကား​ဤ​ကမ္ဘာ​လော​က​တည်း။ မျိုး​ကောင်း မျိုး​သန့်​သည်​နိုင်​ငံ​တော်​သား​များ​ကို​ဆို​လို​၏။ ဂျုံ​ရိုင်း​စေ့​များ​ကား​စာ​တန်​မာရ်​နတ်​၏​နိုင်​ငံ သား​များ​ကို​ဆို​လို​၏။- ထို​မျိုး​စေ့​များ​ကို​ကြဲ​သူ​သည်​စာ​တန်​မာရ်​နတ် ပင်​ဖြစ်​၏။ ကောက်​ရိတ်​ချိန်​ကား​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​တည်း။ ကောက်​ရိတ်​သ​မား​များ​သည်​ကောင်း​ကင် တ​မန်​များ​ဖြစ်​၏။- ဂျုံ​ရိုင်း​ပင်​များ​ကို​စု​သိမ်း​ပြီး​မီး​ရှို့​ပစ်​လိုက် သ​ကဲ့​သို့ ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​စာ​တန်​မာရ် နတ်​၏​နိုင်​ငံ​သား​တို့​သည်​မီး​ရှို့​ဖျက်​ဆီး​ခြင်း ကို​ခံ​ရ​ကြ​လိမ့်​မည်။- လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊- တောက်​လောင်​သော​မီး​ဖို​ထဲ​သို့​ပစ်​ချ​စေ​တော်​မူ မည်။ ထို​သူ​အ​ပေါင်း​တို့​သည်​ငို​ကြွေး​မြည်​တမ်း ၍​အံ​သွား​ခဲ​ကြိတ်​ကြ​လိမ့်​မည်။- ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

ရှင်မဿဲ 13:24-43 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် ကောင်း​သော​မျိုးစေ့​ကို မိမိ​စိုက်ခင်း​၌ ကြဲ​သော​သူ​နှင့်​တူ​၏။ သို့သော် လူ​တို့​အိပ်ပျော်​နေ​ကြ​စဉ် သူ​၏​ရန်သူ​သည်​လာ​၍ ဂျုံ​မျိုးစေ့​ကြား​တွင် မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​ပြီး ထွက်သွား​လေ​၏။ အပင်​ပေါက်​၍ အနှံ​ထွက်လာ​သောအခါ မြက်သီး​ပင်​များ​လည်း ထင်ရှား​လာ​ကြ​၏။ ထိုအခါ စိုက်ခင်း​ပိုင်ရှင်​၏​အစေအပါး​တို့​သည်​လာ​၍ ‘သခင်၊ သခင်​၏​စိုက်ခင်း​၌ ကောင်း​သော​မျိုးစေ့​ကို ကြဲ​ခဲ့​သည်​မ​ဟုတ်​လော။ သို့ဖြစ်လျှင် မြက်သီး​ပင်​များ​သည် အဘယ်က​ပေါက်လာ​သနည်း’​ဟု မေးမြန်း​ကြ​၏။ စိုက်ခင်း​ပိုင်ရှင်​က​လည်း ‘ဤသည်ကား ရန်သူ​၏​လုပ်ရပ်​ဖြစ်​၏’​ဟု ဆို​၏။ ထိုအခါ အစေအပါး​တို့​က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်​တို့​သွား​၍ မြက်သီး​ပင်​တို့​ကို နုတ်ယူ​ရ​မည်လော’​ဟု မေးလျှောက်​ကြ​၏။ သို့သော် စိုက်ခင်း​ပိုင်ရှင်​က ‘ထိုသို့​မ​ပြု​နှင့်။ မြက်သီး​ပင်​များ​ကို​နုတ်ယူ​စဉ် ဂျုံ​ပင်​ကို​ရောနှော​၍ အမြစ်​ပါ​မကျန်​ဆွဲနုတ်​မိ​မည်​ကို စိုးရိမ်​ရ​၏။ ရိတ်သိမ်း​ချိန်​တိုင်အောင် နှစ်မျိုးစလုံး​အတူ ကြီးထွား​ကြ​ပါစေ။ ရိတ်သိမ်း​ချိန်​၌ ရိတ်သိမ်း​သော​သူ​တို့​အား “မြက်သီး​ပင်​များ​ကို ဦးစွာ​နုတ်ယူ​၍ ၎င်း​တို့​ကို​မီးရှို့​ရန် အစည်း​လိုက်​ချည်​ထား​ကြ​လော့။ ဂျုံ​ဆန်​ကို​မူကား ငါ​၏​ကျီ​ထဲ၌ စုသိမ်း​ထား​ကြ​လော့”​ဟု ငါ​ပြော​မည်’ဟု ဆို​လေ​၏”​ဟူ၍ မိန့်​တော်မူ​၏။ ကိုယ်တော်​သည် အခြား​သော​ပုံ​ဥပမာ​ကို​ပေး​၍ သူ​တို့​အား​မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် မုန်ညင်းနက်​စေ့​နှင့်​တူ​၏။ လူ​တစ်​ဦး​သည် ထို​အစေ့​ကို​ယူ​၍ မိမိ​၏​စိုက်ခင်း​၌ ကြဲ​သောအခါ ၎င်း​သည် အစေ့​တကာ​တို့​ထက် သေးငယ်​၏။ သို့သော် ကြီးထွား​လာ​သောအခါ​တွင်​မူ အခြား​ဟင်းသီးဟင်းရွက်​ပင်​တို့​ထက် ကြီး​၍ ၎င်း​၏​အကိုင်း​များ​တွင် မိုး​ကောင်းကင်​ငှက်​တို့​သည်​လာ​၍ အသိုက်ဖွဲ့​နေ​နိုင်​လောက်​သော​အပင်​ဖြစ်လာ​၏”​ဟု မိန့်​တော်မူ​၏။ အခြား​သော​ပုံ​ဥပမာ​ကို သူ​တို့​အား မြွက်ဆို​တော်မူ​သည်​မှာ“ကောင်းကင်​နိုင်ငံ​တော်​သည် တဆေး​နှင့်​တူ​၏။ အမျိုးသမီး​တစ်​ဦး​သည် ၎င်း​ကို​ယူ​၍ ဂျုံမှုန့်​သုံး​စိတ်​ထဲတွင်​ထည့်​လိုက်​သော် မုန့်ညက်​တစ်ပုံလုံး​ကို​ဖောင်းပွ​စေ​၏”​ဟု မိန့်​တော်မူ​၏။ ယေရှု​သည် ဤ​အကြောင်းအရာ​အလုံးစုံ​တို့​ကို ပုံ​ဥပမာ​များ​ဖြင့် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​၏။ ပုံ​ဥပမာ​မ​ပါ​ဘဲ သူ​တို့​အား မြွက်ဆို​တော်​မ​မူ။ ဤသည်ကား “ငါ​သည် ပုံ​ဥပမာ​များ​ဖြင့် ငါ့​နှုတ်​ကို​ဖွင့်​လျက် ကမ္ဘာ​တည်​ကတည်းက ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို ထုတ်ဖော်​ပြောဆို​မည်”​ဟု ပရောဖက်​အားဖြင့် မိန့်​တော်မူ​သော​အရာ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။ ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​ကို​ထားခဲ့​၍ အိမ်​ထဲသို့​ဝင်​တော်မူ​လျှင် တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “စိုက်ခင်း​ထဲမှ မြက်သီး​ပင်​များ​ပုံ​ဥပမာ​ကို အကျွန်ုပ်​တို့​အား​ရှင်းပြ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ကောင်း​သော​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် လူ့သား​ဖြစ်​ပြီး စိုက်ခင်း​သည် ဤ​လောက​ဖြစ်​၏။ ကောင်း​သော​မျိုးစေ့​သည် နိုင်ငံ​တော်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​ပင်​များ​မူကား မာရ်နတ်​၏​သား​များ​ဖြစ်​ကြ​၏။ မြက်သီး​မျိုးစေ့​များ​ကို​ကြဲ​သော​ရန်သူ​သည် မာရ်နတ်​ဖြစ်​၏။ ရိတ်သိမ်း​ချိန်​မူကား ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​ဖြစ်​၍ ရိတ်သိမ်း​သော​သူ​တို့​သည် ကောင်းကင်တမန်​များ​ဖြစ်​ကြ​၏။ သို့ဖြစ်၍ မြက်သီး​ပင်​များ​ကို​နုတ်ယူ​၍ မီး​ရှို့​သကဲ့သို့ ကပ်ကမ္ဘာ​ကုန်ဆုံး​ချိန်​၌​လည်း ထိုနည်းတူ​ဖြစ်​လိမ့်မည်။ လူ့သား​သည် မိမိ​၏​ကောင်းကင်တမန်​များ​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် မှားယွင်း​စေ​သော​အရာ​များ​နှင့် တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​များ​အားလုံး​တို့​ကို နိုင်ငံ​တော်​မှ နုတ်ယူ​ပြီးလျှင် မီးပြင်းဖို​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့် အံကြိတ်​ခြင်း​ရှိ​လိမ့်မည်။ ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။