YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:57-68

ရှင်မဿဲ 26:57-68 Judson Bible (JBMLE)

ကိုယ်​တော်​ကို ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စည်း​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ဆောင်​သွား​ကြ၏။- ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- မ​မှန်​သော​သက်​သေ​ခံ​အ​များ လာ​သော်​လည်း သက်​သေ​ကို မ​တွေ့​ကြ။ နောက်​ဆုံး၌ မ​မှန်​သော သက်​သေ​ခံ​နှစ်​ယောက်​တို့​သည် လာ၍၊- ဤ​သူ​က ငါ​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​နိုင်​သည်​ဟု ပြော​ပါ​သည်​ဟု သက်​သေ​ခံ​ကြ၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ထ၍၊ သင်​သည် တစ်​ခွန်း​မျှ ပြန်၍​မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့ သက်​သေ​ခံ​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊- ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။- အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။- ထို​အ​ခါ မျက်​နှာ​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ လက်​သီး​နှင့် ထိုး​ကြ၏။- အ​ချို့​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်၍၊ အ​ချင်း​ခ​ရစ်​တော်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။

ရှင်မဿဲ 26:57-68 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။- သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊- ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။ သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။- အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊- ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။

ရှင်မဿဲ 26:57-68 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ များစွာ​လာ​ကြ​သော်လည်း မည်သည့်​အထောက်အထား​မျှ​မ​တွေ့​ရ​ကြ။ နောက်ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍ “ဤ​သူ​က ‘ငါ​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း ပြန်လည်​တည်ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ၍ ထွက်ဆို​ကြ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်​၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ကိုယ်တော်​အား​မေး​လေ​၏။ သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။ ယေရှု​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု ပြန်၍​မိန့်​တော်မူ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေဒဏ်​ခံထိုက်​၏”​ဟု ပြန်ပြော​ကြ​၏။ ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက် “အချင်း​ခရစ်တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။