YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:1-7

ရှင်မဿဲ 27:1-7 Judson Bible (JBMLE)

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊- ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်၌ သေ​ပြစ်​ကို စီ​ရင်​ကြ​သည်​ကို သိ​မြင်​လျှင်၊ နောင်​တ​ရ၍ ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ​တို့၌ ပြန်​ပေး၍၊- အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊- သူ​သည် ထို​ငွေ​ကို ဗိ​မာန်​တော်၌ ပစ်​ချ​ခဲ့၍ အ​ခြား​သို့​သွား​ပြီး​လျှင် လည်​ကြိုး​တပ်၍ သေ​လေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊- တိုင်​ပင်​ပြီး​မှ၊ အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို တစ်​ပါး​အ​မျိုး​သား​တို့၏ သင်္ချိုင်း​ဖြစ်​စေ​ဖို့​ရာ ထို​ငွေ​နှင့် ဝယ်​ကြ၏။

ရှင်မဿဲ 27:1-7 Common Language Bible (BCL)

နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် သ​ခင်​ယေ​ရှု ကို​သတ်​ရန်​တိုင်​ပင်​ကြ​၏။- ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ခဲ့​သူ ယု​ဒ​သည် ကိုယ်​တော်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​ကြောင်း ကို​သိ​မြင်​လျှင် နောင်​တ​ရ​လျက်​ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​ထံ​သို့​ပြန်​၍​ယူ​ခဲ့​ပြီး​လျှင်၊- ``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။- ထို​အ​ခါ​ယု​ဒ​သည်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ဗိ​မာန် တော်​တွင်​ပစ်​ချ​ကာ​ထွက်​သွား​၏။ ထို​နောက်​အ​ခြား သို့​သွား​ပြီး​လျှင်​ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​သည်​ထို​ငွေ​ကို​ကောက်​ယူ ၍ ``ဤ​ငွေ​ကား​သွေး​ဖိုး​ငွေ​ဖြစ်​၏။ သို့​ဖြစ်​၍​ဤ​ငွေ ကို​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​မ​သွင်း​အပ်'' ဟု​ဆို​ကြ​၏။- သူ​တို့​သည်​ဆွေး​နွေး​တိုင်​ပင်​ကြ​ပြီး​လျှင်​ထို​ငွေ ဖြင့် အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​လူ​မျိုး​ခြား​သား သင်္ချိုင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ဝယ်​ယူ​ကြ​၏။

ရှင်မဿဲ 27:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။ ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​ယုဒ​သည် ကိုယ်တော်​ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ကြောင်း​တွေ့မြင်​လျှင် စိတ်မကောင်း​ဖြစ်​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​ထံ ငွေဒင်္ဂါး​သုံးဆယ်​ကို​ပြန်​ပေး​လျက် “အကျွန်ုပ်​သည် အပြစ်ကင်း​သော​သူ​၏​သွေး​ကို​အပ်နှံ​ပြီး အပြစ်​ပြု​မိ​ပါ​ပြီ”​ဟု ဆို​၏။ သို့သော် ထို​သူ​တို့​က “ငါ​တို့​နှင့် မည်သို့​ဆိုင်​သနည်း။ ကိုယ့်​အမှု​ကို ကိုယ်​ဖြေရှင်း​လော့”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​သည် ထို​ငွေ​ကို ဗိမာန်​တော်​ထဲ၌​ပစ်ချ​ပြီး ထွက်သွား​လေ​၏။ ထို့နောက် အခြား​သို့​သွား​၍ ကြိုးဆွဲချ​သေ​လေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​ငွေ​များ​ကို​ယူ​၍ “သွေး​ဖိုး​ငွေ​ဖြစ်​သောကြောင့် ဘဏ္ဍာတိုက်​ထဲသို့​မ​သွင်း​အပ်”​ဟု ဆို​လျက် တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ သူစိမ်း​ဧည့်သည်​တို့​၏​သင်္ချိုင်း​အတွက် အိုးထိန်းသည်​၏​မြေယာ​ကို ထို​ငွေ​ဖြင့်​ဝယ်ယူ​ကြ​၏။