YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:27-31

ရှင်မဿဲ 27:27-31 Judson Bible (JBMLE)

ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊- အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။- ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။- ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ မင်း​ဝတ်​လုံ​ကို​ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။

ရှင်မဿဲ 27:27-31 Common Language Bible (BCL)

ပိ​လတ်​မင်း​၏​စစ်​သား​များ​သည်​သ​ခင်​ယေ​ရှု​ကို ဘု​ရင်​ခံ​မင်း​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​နောက်​ခြေ​လျင်​တပ်​ခွဲ​တစ်​တပ်​လုံး​သည်​ကိုယ် တော်​ပတ်​လည်​စု​ရုံး​လာ​ကြ​၏။- စစ်​သား​များ​သည်​ကိုယ်​တော်​အား​အ​ဝတ်​တော် ကို​ချွတ်​၍​ကမ္ဗ​လာ​နီ​ဝတ်​လုံ​ကို​ခြုံ​ပေး​ကြ​၏။- ထို​နောက်​ဆူး​ခက်​ဖြင့်​ရက်​သည့်​သ​ရ​ဖူ​ကို​ဆောင်း ပေး​ကြ​၏။ ကူ​ရိုး​တစ်​ချောင်း​ကို​လက်​ယာ​လက်​တော် တွင်​ထည့်​ပေး​ကြ​၏။ ထို​နောက်​ရှေ့​တော်​တွင်​ဒူး​ထောက် လျက် ``ယု​ဒ​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု ပြက်​ရယ်​ပြု​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကူ​ရိုး​ကို​ယူ​၍​ခေါင်း​တော်​ကို​ရိုက်​ကြ​၏။- ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​ကမ္ဗ​လာ​နီ​ဝတ်​လုံ ကို​ချွတ်​၍​ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​ပေး​ကြ ၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။

ရှင်မဿဲ 27:27-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ဘုရင်ခံ​၏​စစ်သား​များ​သည် ယေရှု​ကို ရုံးတော်​အတွင်း​သို့​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို ကိုယ်တော်​ထံ​စုဝေး​စေ​ကာ ကိုယ်တော်​၏​အဝတ်​ကို​ချွတ်​ပြီး နီမြန်း​သော​ဝတ်လုံ​ကို ကိုယ်တော်​အား​ခြုံ​စေ​ကြ​၏။ ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။ ထို့နောက် ကိုယ်တော်​ကို တံတွေး​နှင့်​ထွေး​၍ ကျူရိုး​ကို​ယူ​ပြီးလျှင် ကိုယ်တော်​၏​ဦးခေါင်း​ကို​ရိုက်​ကြ​၏။ ထိုသို့ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​ပြီးနောက် နီမြန်း​သော​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။