ရှင်မာကု 7:21-23
ရှင်မာကု 7:21-23 Judson Bible (JBMLE)
လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကို သတ်ခြင်း၊- သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊- ဤဆိုးညစ်သော အရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
ရှင်မာကု 7:21-23 Common Language Bible (BCL)
လူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊- သူ့အိမ်ရာကိုပြစ်မှားခြင်း၊ လောဘလွန်ကူး ခြင်း၊ ဆိုးယုတ်မိုက်မဲခြင်း၊ လိမ်လည်လှည့်စား ခြင်း၊ တရားလက်လွတ်ပြုမူခြင်း၊ မနာလိုခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ မာနထောင်လွှားခြင်း၊ လျှပ်ပေါ်လော်လည်ခြင်း- အစရှိသောဆိုးညစ်သည့်အရာအားလုံးတို့ သည် လူကိုယ်တွင်းမှထွက်လာ၍လူကိုညစ်ညမ်း စေ၏။'' ဟုမိန့်တော်မူ၏။
ရှင်မာကု 7:21-23 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ လောဘလွန်ကျူးခြင်း၊ ဆိုးညစ်ခြင်း၊ စဉ်းလဲခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ မနာလိုခြင်း၊ စော်ကားပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် မိုက်မဲခြင်းတို့သည် လူ၏အတွင်း သူ၏စိတ်နှလုံးထဲမှ ထွက်လာကြ၏။ ဤဆိုးညစ်သောအရာအားလုံးတို့သည် အတွင်းမှထွက်လာ၍ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။