YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 119:56-62

ဆာလံ 119:56-62 Judson Bible (JBMLE)

ပေး​တော်​မူ​သော​ဩ​ဝါ​ဒ​များ​ကို နား​ထောင်​သော​အား​ဖြင့် အား​ရ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ဖို့ ဖြစ်​တော်​မူ၏။ နှုတ်​က​ပတ်​စ​ကား​တော်​တို့​ကို နား​ထောင်​ပါ​မည်​ဟု အ​ကျွန်ုပ်​ပြော​ထား​ပါ​ပြီ။ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ တောင်း​ပန်​ပါ၏။ ဗျာ​ဒိတ်​တော်​အ​တိုင်း အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ ကိုယ်​လိုက်​ရာ​လမ်း​ကို ဆင်​ခြင်​သော​အ​ခါ၊ သက်​သေ​ခံ​တော်​မူ​ချက်​တို့​သို့ လှည့်၍​လိုက်​ပါ၏။ ပ​ညတ်​တော်​တို့​ကို​စောင့်​ခြင်း​ငှာ မ​ဖင့်​မ​နွှဲ အ​လျင်​အ​မြန် ပြု​ပါ​၏။ မ​တ​ရား​သော​သူ​အ​ပေါင်း​တို့​သည် ကျွန်ုပ်​ကို​ဝိုင်း​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် တ​ရား​တော်​ကို မ​မေ့​မ​လျော့​ပါ။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ချက်​တို့​ကို ထောက်၍၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ၊ သန်း​ခေါင်​အ​ချိန်၌ အ​ကျွန်ုပ် ထ​တတ်​ပါ​၏။

ဆာလံ 119:56-62 Common Language Bible (BCL)

ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​ရ​ခြင်း​သည်​ကွန်​တော်​မျိုး​အား ဝမ်း​မြောက်​စေ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား" ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​သာ​လှင် တောင့်​တ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​ရန်​က​တိ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ရှိ​တော်​မူ​သည်​အ​တိုင်း ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ​ရန် စိတ်​ရော​ကိုယ်​ပါ​တောင်း​လှောက်​ပါ​၏။ ကွန်​တော်​မျိုး​သည်​မိ​မိ​၏​နေ​ထိုင်​ပုံ​ကို ပြန်​လည်​ဆင်​ခြင်​သုံး​သပ်​ပါ​၏။ ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော ဆုံး​မ​သွန်​သင်​ခက်​မား​အ​တိုင်း​လိုက်​နာ​ရန် က​တိ​ပြု​ပါ​၏။ ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို မ​ဆိုင်း​မ​တွ​ဘဲ​လိုက်​နာ​စောင့်​ထိန်း​ပါ​မည်။ သူ​ယုတ်​မာ​တို့​သည်​ကွန်​တော်​မျိုး​အ​တွက် ကော့​ကွင်း​ကို​ထောင်​ထား​ကြ​သော်​လည်း ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တရား​တော် ကို မ​မေ့​မ​လော့​ပါ။ ကွန်​တော်​မျိုး​သည်​သန်း​ခေါင်​ယံ​တွင်​နိုး​ထ​လက် ကိုယ်​တော်​ရှင်​၏​ဖြောင့်​မှန်​တော်​မူ​သည့် စီ​ရင်​ဆုံး​ဖြတ်​ခက်​မား​အ​တွက်​ကိုယ်​တော် ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။

ဆာလံ 119:56-62 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​၏​ဥပဒေသ​တို့​ကို လိုက်နာကျင့်သုံး​ခြင်း​သည် အကျွန်ုပ်​အတွက်​အလေ့အကျင့်​ဖြစ်လာ​ပါ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​ဝေစု​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၏​နှုတ်ကပတ်တော်​တို့​ကို စောင့်ထိန်း​ပါ​မည်​ဟု အကျွန်ုပ်​ကတိပြု​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​ပါ​၏​။ ကိုယ်တော်​၏​ကတိ​တော်​အတိုင်း အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကျွန်ုပ်​သည် မိမိ​၏​ဘဝလမ်း​ကို ဆင်ခြင်​၍ အကျွန်ုပ်​၏​ခြေလှမ်း​ကို ကိုယ်တော်​၏​သက်သေခံချက်​များ​ထံသို့ ပြန်လှည့်​စေ​ပါ​၏​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​တို့​ကို စောင့်ထိန်း​ရန် တုံ့ဆိုင်း​မ​နေ​ဘဲ အလျင်အမြန်​လုပ်ဆောင်​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​ကြိုး​များ​သည် အကျွန်ုပ်​ကို​ပတ်ရစ်​ထား​သော်လည်း အကျွန်ုပ်​သည် ကိုယ်တော်​၏​တရားတော်​တို့​ကို မ​မေ့လျော့​ပါ​။ ကိုယ်တော်​၏​ဖြောင့်မတ်​သော စီရင်ထုံးဖွဲ့ချက်​တို့​အတွက် ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ရန် ည​သန်းခေါင်​အချိန်​တွင် အကျွန်ုပ်​ထ​ပါ​၏​။