ဆာလံ 63:3-4
ဆာလံ 63:3-4 Judson Bible (JBMLE)
ကရုဏာတော်သည် အသက်ထက်သာ၍ ကောင်းသောကြောင့်၊ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းရပါမည်။ ထိုသို့ အသက်ရှင်စဉ်တွင် ကိုယ်တော်ကို ကောင်းချီးပေးပါမည်။ နာမတော်ကို အမှီပြုလျက် လက်ကိုချီပါမည်။
ဆာလံ 63:3-4 Common Language Bible (BCL)
ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် အသက်ထက်ကောင်းမြတ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်အသက်ရှင်သမျှကာလ ပတ်လုံး ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။ လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါမည်။
ဆာလံ 63:3-4 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အသက်ထက်သာ၍ကောင်းမြတ်သောကြောင့် အကျွန်ုပ်၏နှုတ်ခမ်းသည် ကိုယ်တော်ကိုထောမနာပြုပါမည်။ သို့ဖြစ်၍ အကျွန်ုပ်အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုကောင်းချီးထောမနာပြုပါမည်။ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်၏လက်ကို မြှောက်ပါမည်။