ဆာလံ 92:14-15
ဆာလံ 92:14-15 Judson Bible (JBMLE)
အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။ ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။
ဆာလံ 92:13-15 Common Language Bible (BCL)
သူတို့သည်ထာဝရဘုရား၏အိမ်တော်တွင်စိုက်ပျိုး၍ ငါတို့ဘုရားသခင်၏ဗိမာန်တော်တွင်စိမ်းလန်း စိုပြေလျက်နေသည့်သစ်ပင်များနှင့်တူကြ၏။ ထိုသစ်ပင်တို့သည်အသက်အိုချိန်၌ပင်လျှင် အသီးများသီး၍အစဉ်အမြဲစိမ်းလန်း သန်မာလျက်ရှိကြ၏။ ဤကားထာဝရဘုရားသည်တရား မျှတတော်မူကြောင်းကိုလည်းကောင်း ငါ့ကိုကွယ်ကာသောအရှင်သည်ကောင်းမြတ် စုံလင်တော်မူကြောင်းကိုလည်းကောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
ဆာလံ 92:14-15 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့် ထာဝရဘုရား ဖြောင့်မှန်တော်မူကြောင်း ပြောကြားကြလိမ့်မည်။ ကိုယ်တော်သည် ငါ၏ကျောက်ဆောင်ဖြစ်တော်မူ၏။ ကိုယ်တော်၌မတရားမှုမရှိ။