YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဆာလံ 95:1-7

ဆာလံ 95:1-7 Judson Bible (JBMLE)

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​အား ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့​ရောက်​ရာ ကျောက်​ကို ကျူး​ဧ​ကြ​ကုန်​အံ့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ရှေ့​တော်​သို့​ဝင်၍၊ ဆာ​လံ​သီ​ချင်း​ဆို​လျက် ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​မြတ်​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက် ကြီး​မြတ်​သော​ဘု​ရင် ဖြစ်​တော်​မူ၏။ မြေ​ကြီး​နက်​နဲ​ရာ အ​ရပ်​တို့​သည် လက်​တော်၌ ရှိ​ကြ၏။ တောင်​ထိပ်​တို့​ကို​လည်း ပိုင်​တော်​မူ၏။ ပင်​လယ်​ကို​လည်း ဖန်​ဆင်း၍ ပိုင်​တော်​မူ၏။ ကုန်း​ကို​လည်း လက်​တော်​နှင့် ပြု​ပြင်​တော်​မူ၏။ လာ​ကြ။ ပျပ်​ဝပ်၍ ကိုး​ကွယ်​ကြ​ကုန်​အံ့။ ငါ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ရှေ့​တော်၌ ဒူး​ထောက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့၏​ဘု​ရား​ဖြစ်​တော်​မူ၏။ ငါ​တို့​သည်​လည်း၊ အ​ထံ​တော်၌ ကျက်​စား​သော​သူ၊ လက်​တော်​အောက်၌ နေ​သော​သိုး​စု​ဖြစ်​ကြ၏။

ဆာလံ 95:1-7 Common Language Bible (BCL)

လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ကြ​ကုန်​အံ့။ ငါ​တို့​ခို​လှုံ​ရာ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​ရှေ့​တော်​သို့ ဝင်​ကြ​ကုန်​အံ့။ ဝမ်း​မြောက်​စွာ​ထော​မ​နာ​သီ​ချင်း​များ​ကို ဆို​ကြ​ကုန်​အံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရား၊ ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး​ကြီး​သည့်​ဘု​ရင် ဖြစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​အ​နက်​ဆုံး​သော​မြေ​ကြီး နက်​ရှိုင်း​ရာ​များ​မှ အ​မြင့်​ဆုံး​သော​တောင်​ထိပ်​များ​တိုင်​အောင် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော်​မူ​၏။ ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော ပင်​လယ်​ကို​လည်း​ကောင်း၊ မိ​မိ​လက်​တော်​ဖြင့်​ပြု​ပြင်​တော်​မူ​သည့်​ကုန်း​မြေ ကို​လည်း​ကောင်း​အ​စိုး​ရ​တော်​မူ​၏။ လာ​ကြ၊ကိုယ်​တော်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ ရှိ​ခိုး​ကြ​ကုန်​အံ့။ ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏ ရှေ့​တော်​တွင်​ဒူး​ထောက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော် စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။

ဆာလံ 95:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လာ​ကြ​၊ ထာဝရဘုရား​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ကြ​ကုန်စို့​။ ငါ​တို့​၏​ကယ်တင်​ခြင်း​ကျောက်ဆောင်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ဖြင့် ကိုယ်တော်​၏​ရှေ့​တော်​သို့​ဝင်​၍ တေးသီချင်း​များ​ဖြင့် ကိုယ်တော့်​ထံသို့ ဝမ်းမြောက်​စွာ​ကြွေးကြော်​ကြ​ကုန်စို့​။ အကြောင်းမူကား ထာဝရဘုရား​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ဘုရား​ရှိသမျှ​တို့​ထက်​ကြီးမြတ်​တော်မူ​သော ရှင်ဘုရင်​ဖြစ်​တော်မူ​၏​။ ကမ္ဘာမြေကြီး​၏​နက်ရှိုင်း​ရာ​အရပ်​တို့​သည် ကိုယ်တော်​၏​လက်​တော်​ထဲ၌​ရှိ​ကြ​၏​။ တောင်​ထိပ်​တို့​ကို​လည်း ကိုယ်တော်​ပိုင်​တော်မူ​၏​။ ကိုယ်တော်​သည် ပင်လယ်​ကို​ဖန်ဆင်း​၍ ပိုင်​တော်မူ​၏​။ ကုန်းမြေ​ကို​လည်း လက်​တော်​ဖြင့် ပုံဖော်ဖန်ဆင်း​တော်မူ​၏​။ လာ​ကြ​၊ ရှိခိုးကိုးကွယ်​ကြ​စို့​။ ညွတ်တွား​ကြ​ကုန်စို့​။ ငါ​တို့​ကို​ဖန်ဆင်း​တော်မူ​သော ထာဝရဘုရား​၏ ရှေ့​တော်​၌ ဒူးထောက်​ကြ​ကုန်စို့​။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ ငါ​တို့​သည်​လည်း ကိုယ်တော်​၏​စားကျက်​၌ ကျက်စား​သော​သူ​၊ ကိုယ်တော်​၏​လက်​တော်​ထဲမှ သိုးစု​ဖြစ်​ကြ​၏​။