လိင်ကိစ္စနမူနာ
ညစ်ညမ်းရုပ်ပုံများနှင့်တဏှာရာဂအတွက်အခွင့်အလမ်းများသည်နေရာတိုင်းတွင်ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ် ၂၀လောက်ကတော့ ဒီလိုညစ်ညမ်းရုပ်ပုံတွေကိုရရှိနိုင်ဖို့အလွန်အင်မတန်မှကြိုးစားအားထုတ်ခဲ့ရပါတယ်။ ဒီခေတ်မှာတော့ ကွန်ပြူတာမောက်စ်ကိုတစ်ချက်နှိပ်လိုက်ရုံ၊ တီဗီ ရီမုဒ်ကိုနှိပ်လိုက်ရုံနဲ့ရနိုင်ပါတယ်။ မိမိကိုယ်ကိုကာမဂုဏ်လိုအင်ဖြည့်စည်းခြင်း၊ တဏှာနဲ့ ညစ်ညမ်းတဲ့လိင်ကိစ္စ တွေမှာပါသွားဖို့အရမ်းလွယ်ကူပါတယ်။ ကျမ်းစာက ဒီကိစ္စတွေနဲ့ပတ်သတ်ပြီးဘာတွေများပြောထားတာရှိလဲ။ ကျမ်းစာကတော့ မိမိကိုယ်ကိုကာမဂုဏ်လိုအင်ဖြည့်ခြင်းနဲ့ပတ်သတ်လို့တော့ထွေထွေထူးထူးမပြောထားပေမယ့်သန့်ရှင်းတဲ့လိင်ကိစ္စအတွက်ရှင်းလင်းတဲ့နည်းလမ်းတစ်ချို့ပေးထားပါတယ်။ သင့်အနေနဲ့ဒီအပိုင်းမှာပြောင်းလဲမှုလုပ်ဖို့ဆုံးဖြတ်ပြီးပြီဆိုရင် သင့်ရဲ့အခက်အခဲအကြောင်းတစ်စုံတစ်ယောက်ကိုပြောပြခြင်းကအကောင်းဆုံးပါ။ အဲဒီလိုလုပ်ခြင်းဖြင့် အောင်မြင်နိုင်ဖို့ပိုမိုလွယ်ကူစေပါတယ်။
ကျမ်းစာများ
ဤအစီအစဉ်အကြောင်း
လိင်ကိစ္စကနေရာတိုင်းမှာရှိနေပါတယ်။ ပြီးတော့ မိမိကိုယ်ကိုကာမဂုဏ်လိုအင်ဖြည့်စည်းခြင်း၊ လိင်ကိစ္စတပ်မက်ခြင်းနဲ့ ညစ်ညမ်းတဲ့လိင်ကိစ္စတွေမှာပါသွားဖို့အရမ်းလွယ်ကူပါတယ်။ ဘုရားသခင်ကကျွန်တော်တို့ကိုသန့်ရှင်းပြီး၊ သူ့ကိုကိုးစားခြင်းနဲ့ မိမိကိုယ်ကိုထိန်းချုပ်နိုင်စေဖို့အလိုရှိပါတယ်။ ဤ ၇ ရက်တာအစီအစဉ်ကသင့်ကို သန့်ရှင်းခြင်းအသက်တာနဲ့ဘုရားရဲ့စံနှုန်းအတိုင်းအသက်ရှင်နိုင်ဖို့လမ်းကြောင်းပေါ်ကိုစတင်စေမှာပါ။ သင့်စိတ်ချယုံကြည်ရတဲ့လူတစ်ယောက်နဲ့အတူတကွ ကျမ်းပိုဒ်များကိုလေ့လာပါ။ ဘာ့ကြောင့်လဲဆိုတော့ လိင်ပိုင်းဆိုင်ရာတည်ကြည်ဖြောင့်မတ်ခြင်းအတွက် တာဝန်ခံမှုရှိခြင်းက အရေးပါတဲ့အချက်ဖြစ်လို့ပါ။ ပိုမိုကောင်းမွန်တဲ့အကြောင်းအရာအတွက် finds.life.church သို့ဝင်ရောက်လေ့လာပါ။
More
We would like to thank Life.Church for providing this plan. For more information, please visit: www.life.church