YouVersion လိုဂို
ရှာရန် အိုင်ကွန်

စိုးရိမ်ပူပန်ခြင်းနမူနာ

Worry

7 ၏ နေ့ 1

"အဲလိုသာဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုလုပ်မလဲ" ဒီလိုမေးခွန်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ဖူးပါသလား။ သင့်ရဲ့ အသက်တာမှာ ဒီလိုမေးခွန်းတွေကို လက်ခံလိုက်ခြင်းက စိုးရိမ်ပူပန်ခြင်းရဲ့ လွမ်းမိုးမှုကို ခံရတော့မယ့် ပထမ ခြေလှမ်းဘဲ ဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းက သင်ဘယ်တော့မှ ကိုင်တွယ်ဖြေရှင်းဖို့ရန် မစဉ်းစားခဲ့ဖူးတဲ့ အရာတွေကို ဖြစ်လာစေမှာ ဖြစ်တယ်။ စိုးရိမ်ပူပန်ခြင်းဆိုတာ စင်္ကြဝဠာကြီးရဲ့ ဖန်ဆင်းရှင်ကို ယုံကြည်မှု ကင်းမဲ့ခြင်းလည်း ဖြစ်ပါတယ်။ စိုးရိမ်ပူပန်ခြင်းက အချိန်တော်တော်များများ သင်မဖြေရှင်းနိုင်တဲ့အရာတွေကို သင် ဖြေရှင်းနိုင်ပါတယ် လို့ ပြောနေခြင်း ဖြစ်တယ်။ ငါများ စိတ်အပူလွန်တာ ဖြစ်နေမလားလို့ စိတ်မပူဖူးဘူးလား။ စိုးရိမ်ပူပန်ခြင်းအားဖြင့် ပူပန်ခြင်းကို အနိုင်ယူလို့မရပါဘူး။ သင့်ရဲ့ ပူပန်သောကတွေကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ သူဆီကို ပြန်လှည့်ခြင်းအားဖြင့်သာ စိုးရိမ်ပူပန်ခြင်းကို အနိုင်ယူနိုင်ပါတယ်။ အဲဒါက သင်ဖြေရှင်းရမယ့် ကိစ္စတွေကို သင်တာဝန်ယူစရာမလိုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဘယ်အချိန်သင်တာဝန်ယူတာ နားပြီး ဘယ်အချိန် ဘုရားသခင်လက်ထံအပ်နှံရမလဲဆိုတာကို သိဖို့ပါဘဲ။ အဲဒီအကြောင်း လုံလုံလောက်လောက် မသိလို့ စိတ်ပူခဲ့ဖူးလား? ကျမ်းစာက ဘာပြောလဲ ကြည့်ကြည့်၇အောင်။

ကျမ်းစာများ

နေ့ 2

ဤအစီအစဉ်အကြောင်း

Worry

ကျွန်တော်တို့ရဲ့ အသက်တာဟာ ကျွန်တော်တို့ မသိတဲ့အရာ(မောဟ)တွေအပေါ် စိုးရိမ်ပူပန်ခြင်း၊ စိုးရိမ်ခြင်းတွေနဲ့ အလွယ်တကူ ပြည့်နှက်လာတတ်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ကို စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မပေးပါဘူး၊ ရဲရင့်ခြင်း စိတ်ကိုဘဲ ပေးထားပါတယ်။ ဒီ (ရ)ရက်တာ စာဖတ်အစီအစဉ်ကနေ သင့်ကို ဘယ်အခြေအနေမျိုးမှာမဆို ဘုရားဘက် ပြန်လှည့်လာနိုင်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ စိုးရိမ်ပူပန်ခြင်းကိုအဆုံးသတ်နိုင်မဲ့ အကောင်းဆုံးနည်းလမ်းက ဘုရားသခင်အပေါ် ယုံကြည်ခြင်း ထားဖို့ရန်ဘဲ ဖြစ်ပါတယ်။

More

We would like to thank Life.Church for providing this plan. For more information, please visit: www.life.church