Matthew 13

13
1ဟဲင်းနေ့မှာ ကိုယ်တော်ယေရှုဟ အိမ်ဟနေထွက်လာမောက် ဂါလိလဲရေအိုင်ရဲ့ကမ်းစပ်မှာ ထိုင်လေဟယ်။ 2အကြီးကျယ်များတဲ့လူထုပရိတ်ဆတ်တေဟ ကိုယ်တော်နားကော် စုဝေးလာကြညောင်း ကိုယ်တော်ဟ လှေပေါ်ကော် တက်မောက် ထိုင်တော်မူလေဟယ်။ လူထုပရိတ်ဆတ်ကြီးတော့ဟ ကမ်းစပ်ပေါ်မှာ ရပ်နေကြလေဟယ်။ 3ဟဲင်းခါ ကိုယ်တော်ဟ အကြီးကျယ်များတဲ့ အကြောင်းအရာကော် ပုံဥပမာတေန လူထုပရိတ်ဆတ်တေကော် ဟောပြောသွန်သင်လေဟယ်။ ကိုယ်တော်ဟ "လယ်ဆမားတစ်ယောက်ဟ မျိုးကြဲဖော့ ဆူ့ရဲ့လယ်ထဲကော် ထွက်ဟားဟယ်။ 4အဲလယ်ဆမားဟ မျိုးကြဲလိုက်တဲ့အခါမှာ တချို့မျိုးစေ့တေဟ လူဆွားလမ်းပေါ်ကော် က္လဟားညောင်း ငှက်တေဟ လာမောက် ဟဲင်းမျိုးစေ့တေကော် ကောက်စားကြလေဟယ်။ 5တစ်ချို့မျိုးစေ့တေဟ မ္လေနည်းနည်းပဲရှိတဲ့ ကျောက်ခံမ္လေပေါ်ကော် က္လဟားမောက် ဟဲင်းမျိုးစေ့တေဟ မ္လေဆီလွှာပါးနေညောင်း တခါတည်း အညှောင့်တေ ထွက်လာကြလေဟယ်။ 6ဟဲင်းပေမဲ့ နေမြင့်လာတဲ့အခါ နေလောင်ဒဏ်ကြောင့် ညှိုးမောက် ခြောက်ဟားလေဟယ်။ စာလောက်ဟားဆိုခါ ဟဲင်းမျိုးစေ့တေဟ အနက်ဟုန်း အမြစ်မတွယ်နိုင်လောက်ညောင်း ဖြစ်ဟယ်။ 7တစ်ချို့မျိုးစေ့တေဟ ဆူးခြုံပင်တေရှိတဲ့နေရာကော် က္လဟားကြမောက် ဟဲင်းဆူးခြုံပင်တေ ကူးလာတဲ့အခါ ဟဲင်းမျိုးစေ့တေကော် ကာဆီးပိတ်ဆို့ထားကြလေဟယ်။ 8တချို့မျိုးစေ့တေဟ ကောင်းမွန်တဲ့မ္လေဆီလွှာပေါ်မှာ က္လဟားမောက် အပင်ပေါက်လာညောင်း တချို့ဟ အဆ တစ်ရာ၊ တချို့ဟ အဆခြောက်ဆယ်၊ တချို့ဟ အဆဆုံးဆယ် အဆီးအနှံတေ ဖြစ်ထွန်းလာဟယ်။ 9နားရှိမောက် ကြားနိုင်တဲ့လူတေ ကြားနာနိုင်ကြပါစေ" လောက် မိန့်တော်မူလေဟယ်။ 10ပြီးခါ တပဲ့တော်တော့ဟ ကိုယ်တော်ယေရှုနား လာမောက် "ကိုယ်တော်ဟ လူထုကော် ဟောပြောတဲ့အခါ စာလောက် ပုံဥပမာတေန ဟောပြောရဟား" လောက် မေးလျှောက်ကြလေဟယ်။ 11ဟဲင်းခါ ကိုယ်တော်ဟ ဆူ့တော့ကော် "သင်တော့ကော်တော့ ရွှေမြို့တော်ရဲ့ဆာဆနာတော်ရဲ့ လျှိုဝှက်ချက်တေကော် ဆိခွင့် ပေးထားလယ်ဝ ဆူ့တော့ကော်တော့ ဆိခွင့်မပေးထားလောက်ညောင်း ဖြစ်ဟယ်။ 12ငါဟောပြောဟာတေကော် ဆေချာစဉ်းစားမောက် နားလေတဲ့ လူတေဟ ဘုရားရှင်ဟ ဆူ့တော့ကော် ပိုနားလေအောင် လုပ်ပေးလိမ့်မဲင်။ ဟဲင်းပေမဲ့ ငါဟောပြောဟာတေကော် ဆေဆေချာချာမစဉ်းစားတဲ့လူတေဟ ဆူ့တော့ဆိရှိထားတဲ့ အရာတေကော်တောင် မေ့ဟားအောင် လုပ်လိမ့်မဲင်။ 13ဟဲင်းကြောင့် ငါဟ ဆူ့တော့ကော် ပုံဥပမာတေန ဟောပြောရခြင်း ဖြစ်ဟယ်။ စာလောက်ဟားဆိုခါ ဆူ့တော့ဟ ကြည့်လယ်ဝမမြင်နိုင်၊ ကြားကြလယ်ဝ နားမလေနိုင်ကြလောက်ညောင်းဖြစ်ဟယ်။ 14ဟဲင်းလူတေ ပြုမူတဲ့အရာတေဟ အရိယာဆူတော်စင်ဟေရှာယဟနေတဆင့် ဘုရားရှင် ဟောကြားခဲ့ဟာတေဟ ပ္လေ့စုံမှန်ကန်ဖော့ ဖြစ်လာလေဟယ်။ အဲဟောပြောချက်ဟတော့ 'ငါပြောတဲ့ စကားကော် ကြားရလယ်ဝ သင်တော့နားမလေကြဘူး။ ငါပြုမူတဲ့အရာတေကော် သင်တော့မြင်ကြလယ်ဝ သတိပြုမိမဲင်မဟုတ်ဘူး။ 15စာလောက်ဟားဆိုခါ လူတေရဲ့ စိတ်နှလုံးဟ လေးလံထုံထိုင်းမောက် နားဟလဲ မကြား၊ မျက်စိဟလဲ မမြင်ပဲရှိကြဟယ်။ ဟဲင်းသလဲမဟုတ်ပဲ ငါလုပ်ပြတဲ့အရာတေကော် ရိပ်မိမောက် ငါပြောဆမျှတေကော် ကြားမောက် အပြစ်ရှိတဲ့ အဆက်တာဟနေ ရှောင်ထွက်ဟားမောက် ငါ့ဖက်ကော် လှေ့လာမဲင်ဆိုခါ ဆူ့တော့ရဲ့ အပြစ်တေ အကုန်ဟုန်းဟနေ ငါကယ်တင်မဲင်' ဖြစ်ဟယ်" ဆိုမောက် ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 16ထပ်မောက် ကိုယ်တော်ယေရှုဟ တပဲ့တော်တေကော် မိန့်တော်မူဟာမှာ "ဟဲင်းပေမဲ့ သင်တော့ရဲ့ မျက်လုံးတေဟ မြင်နိုင်ကြမောက် နားတေဟလဲ ကြားနိုင်ကြညောင်း မင်္ဂလာရှိပေဟယ်။ 17သင်တော့ကော် ငါအမှန်ပြောရခါ အကြီးကျယ်များတဲ့ အရိယာဆူတော်စင်တေန ဖြောင့်မတ်မှန်ကန်ဆမားတေဟ သင်တော့မြင်ရတဲ့ အရာတေကော် မြင်လိုကြလယ်ဝ မမြင်နိုင်ကြပဲသလဲ သင်တော့ကြားနေရတဲ့ အရာတေကော် ကြားချင်ကြလယ်ဝ မကြားနိုင်ခဲ့ကြဘူး။ 18ဟဲင်းကြောင့်အဲလယ်ဆမား ပုံဥပမာရဲ့ ဆိုလိုရင်းကော် နားထောင်ကြပါ။ 19မဆူ့မဆို ဘုရားရှင်ရဲ့ဆာဆနာတော်အကြောင်း ကြားဆိရလယ်ဝ ဟဲင်းအရာတေကော် နားမလေနိုင်ဖြစ်နေကြမောက် မာရ်နတ်ဟလဲ လာရောက်မောက် ဆူ့တော့ရဲ့စိတ်နှလုံးထဲမှာ ကြားဆိထားဆမျှတေကော် လုယူဟားဟယ်။ လူဆွားလမ်းပေါ် ကော် က္လတဲ့မျိုးစေ့တေရဲ့ အဓိပ္ပာယ်ဟ ဟဲင်းအရာကော် ဆိုလိုဟာဖြစ်ဟယ်။ 20ကျောက်ခံမ္လေပေါ်ကော် က္လမောက် ပေါက်လာတဲ့အပင်ဆိုဟာဟ တရားတော်ကော် နာကြားရမောက် ဝမ်းမြောက်ဝမ်းဆာန တခါတည်း လက်ခံဆမားကော် ဆိုလိုဟယ်။ 21ဟဲင်းပေမဲ့ အမြစ်တေ မစွဲကပ်နိုင်ပဲညောင်း တနားလေး ရှင်သန်နိုင်မောက် ဆူ့တော့ဟ နှိပ်စက်ညှဉ်းပန်းမှုတေန ကြုံတွေ့လာရတဲ့အခါမှာတော့ စိတ်ပျက်မောက် ဆူ့တော့ရဲ့ယုံကြည်မှုတေကော် တခါတည်း စွန့်လွှတ်လိုက်ကြတော့ဟယ်။ 22ဆူးခြုံပင်တေကြားထဲကော် က္လတဲ့မျိုးစေတေရဲ့အဓိပ္ပာယ်ဟတော့ မဆူ့မဆို ဘုရားရှင်ဆာဆနာတော်အကြောင်း ကြားဆိရလယ်ဝ နေ့စဉ်ဖဝ နေထိုင်ရေးအတွက် စိုးရိမ်ပူပန်မှုန လောကီစည်းစိမ်တေကော် လိုချင်တပ်မက်တဲ့ လောဖတေဟ ကြားဆိထားတဲ့ အကြောင်းအရာတေကော် ပိတ်ဆို့လိုက်ကြမောက် အဆီးမဆီးနိုင်တဲ့ အပင်သလဲ ဖြစ်ဟားကြဟာကော် ဆိုလိုဟာဖြစ်ဟယ်။ 23မ္လေဩဇာကောင်းတဲ့ မ္လေဆီလွှာပေါ်ကော် က္လဟားတဲ့ မျိုးစေ့တေဟ ဆာဆနာတော်အကြောင်းကော် ကြားနိုင်၊ ဆိနိုင်၊ နားလေနိုင်မောက် ဟဲင်းအဆီးအပွင့်တေကော် အဆပေါင်းတစ်ရာ၊ အဆခြောက်ဆယ်၊ အဆဆုံးဆယ်မက ပွားနိုင်ဆမားတေနတူဟယ်" လောက် မိန့်တော်မူလေဟယ်။ 24ပြီးခါ ကိုယ်တော်ယေရှုဟ တခြားပုံဥပမာတစ်ခုန မိန့်တော်မူဟာဟ "ရွှေမြို့တော်ရဲ့ဆာဆနာတော်ဆိုဟာဟ ကိုယ့်ရဲ့လယ်မှာ ကောင်းတဲ့စပါးမျိုးစေ့ကော် ကြဲဖော့အတွက် စေလွှတ်တော်မူတဲ့ ‌မ္လေပိုင်ရှင်နတူဟယ်။ 25ဟဲင်းပေမဲ့ ဟဲင်းလယ်ဆမားန ဆူ့ရဲ့အလုပ်ဆမားတေ အိပ်ပျော်နေချိန်မှာ ဆူ့ရဲ့ရန်ဆူဟ ဆူ့လယ်ထဲကော်လာမောက် မြက်ပင်မျိုးစေ့တေကော် စပါးစေ့တေအပေါ်မှာ ကြဲပြီးခါ ထွက်ဟားလေဟယ်။ 26အပင်တေပေါက်လာကြမောက် အဆီးအနှံတေ ထွက်တဲ့အခါ၊ မြက်ပင်တေဟလဲ ပေါ်လာကြဟယ်။ 27ဟဲင်းခါ အိမ်ရဲ့အလုပ်ဆမားခေါင်းဆောင်ဟ ပိုင်ရှင်လယ်ဆမားနားကော် လာမောက် 'သခင်၊ သခင်ရဲ့လယ်ထဲမှာ ကောင်းတဲ့ မျိုးစေ့တေကော် ကြဲခဲ့ဟာမဟုတ်ဝါး။ ဟဲင်းလဲဆိုခါ သခင်ရဲ့လယ်ထဲမှာ မြက်ပင်တေ အများဟုန်း ဖယ်လဲကြောင့်ပေါက်လာရဟား' လောက် မေးလေဟယ်။ 28ပြီးခါ လယ်ဆမားဟလဲ 'အဲဟာကော် ရန်ဆူတစ်ချို့ဟ လုပ်ဆောင်ဟားဟာဖြစ်ဟယ်' လောက် ပြောလေဟယ်။ ဟဲင်းခါ အလုပ်ဆမားဟ 'သခင်၊ ကျွန်ုပ်တော့ကော် ဟဲင်းမြက်ပင်တေကော် ဆွားမောက် ဖယ်ရှားပေးစေချင်လား' လောက် မေးလေဟယ်။ 29ဟဲင်းပေမဲ့ လယ်ဆမားဟ 'ဟဲင်းလဲမလုပ်န။ သင်တော့မြက်ပင်တေကော် ယူမောက် ဆွဲနှုတ်ချိန်မှာ စပါးပင်တေကော်ပါ ရောမောက် အမြစ်ဟနေ ဆွဲနှုတ်မိလိမ့်မဲင်။ 30ရိတ်ဆိမ်းချိန်မရောက်ခင်အထိ ဆူ့တော့အတူတူ ကူးလာစေ။ ရိတ်ဆိမ်းချိန်ရောက်မှ ရိတ်ဆိမ်းမဲ့ဆမားတေကော် မြက်ပင်ကော် အရင်စုမောက်မီးရှို့ဖော့ အစည်းလိုက်ချည်ခိုင်းဟားမောက် ဂျုံပင်တေကော်ခါ ငါရဲ့ယိန်ထဲမှာ စုမောက် ဆိမ်းခိုင်းလိုက်မဲင်' လောက် ဆိုလေဟယ်" လောက် မိန့်တော်မူလေဟယ်။ 31ပြီးခါ ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် နောက်ထပ်ပုံဥပမာတစ်ခုကော် ဟောပြောလေဟယ်။ ကိုယ်တော်ဟ "ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ အငယ်ဆုံးမျိုးစေ့တစ်စေ့န တူဟယ်။ လူတစ်ယောက်ဟ ဟဲင်းမျိုးစေ့ကော် ယူမောက် ဆူ့ရဲ့လယ်ထဲမှာ စိုက်လိုက်ဟယ်။ <br> 32ဟဲင်းမျိုးစေ့ဟ မျိုးစေ့အကုန်ဟုန်းထက် အကြီး မြက်ပင်တေကော် စုဆောင်းမောက် မီးထဲမှာရှို့သလဲ ခုကမ္ဘာအဆုံးသတ်ချိန်မှာလဲ ဟဲင်းသလဲ ဖြစ်ပျက်လိမ့်မဲင်။
ကျယ်ငယ်လယ်ဝ ဟဲင်းမျိုးစေ့ကူးလာတဲ့အခါ လယ်ထဲမှာရှိတဲ့ အပင်တေအကုန်ဟုန်းထက် ကူးလာမောက် အပင်ကူးတစ်ပင် ဖြစ်လာမောက် ငှက်တေဟလဲ ဟဲင်းအပင်ရဲ့ဆစ်ကိုင်းတေမှာ အသိုက်တေလာဆောက်ကြဟယ်" လောက် မိန့်တော်မူလေဟယ်။ 33ကိုယ်တော်ဟ နောက်ထပ်ပုံဥပမာ တစ်ခုကော် ဟောပြောလေဟယ်။ ကိုယ်တော်ဟ "ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ တဆေးနတူဟယ်။ မိန်းမတစ်ယောက်ဟ ဟဲင်းတဆေးကော် ယူမောက် ဂျုံမှုန့်အများဟုန်းန ရောနှောလိုက်ခါ ဟဲင်းတဆေးဟ ဂျုံမုန့်တေကော် ဖောင်းပွစေဟယ်" လောက် မိန့်တော်မူလေဟယ်။ 34ကိုယ်တော်ယေရှုဟ လူထုပရိတ်ဆတ်ကော် အကြောင်းအရာတေကော် ဟောပြောရာမှာ ပုံဥပမာတေနပဲ ဟောပြောသွန်သင်လေဟယ်။ ပုံဥပမာတေမပါပဲ ဆူ့တော့ကော် လုံးဝဟောပြောသွန်သင်ခြင်း မပြုပေ။ 35ဟဲင်းလဲန အရိယာဆူတော်စင်တေ ဟောကြားခဲ့တဲ့ "ငါဟ ပုံဥပမာတေကော် ငါရဲ့နှုတ်ဟနေ ဖွင့်ဆိုမောက် ကမ္ဘာကြီးစတင်တည်ရှိချိန်မှ စမောက် ကွယ်ဝှက်ထားတဲ့ အရာတေကော် ထုတ်ဖော်ပြောဆိုမဲင်" ဆိုတဲ့ စကားဟ ပ္လေ့စုံမှန်ကန်ခဲ့လေဟယ်။ 36ကိုယ်တော်ယေရှုဟ လူအုပ်ကူးကော် ထားခဲ့မောက် အိမ်ထဲကော် ဝင်တော်မူလေဟယ်။ ဟဲင်းခါ တပဲ့တော်တေဟ ကိုယ်တော်ယေရှုနားကော် လာမောက် "လယ်ထဲဟ မြက်ပင်တေ အကြောင်းပုံဥပမာကော် ရှင်းပြတော်မူပါ" လောက် လျှောက်တင်လေဟယ်။ 37ဟဲင်းခါ ကိုယ်တော်ယေရှုဟ "ကောင်းတဲ့မျိုးစေ့ကော် ကြဲဆမားတေဟ ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဖြစ်ညောင်း ငါ့ကော် ကိုယ်စားပြုမောက် 38လယ်ကွင်းဟ ကမ္ဘာမ္လေကြီးန တူဟယ်။ ကောင်းတဲ့မျိုးစေ့တေဟ ဘုရားရှင်ရဲ့ဆာဆနာတော်န သက်ဆိုင်ဆမားတေနတူမောက် မြက်ပင်တေဟ ဆိုးယုတ်တဲ့ ဒုစရိုက်အပြစ်ဆားတေန တူဟယ်။ 39မြက်ပင်မျိုးစေ့ကော် ကြဲတဲ့ရန်ဆူဟ မာရ်နတ်ကော် ကိုယ်စားပြုဟယ်။ စပါးရိတ်ဆမား ရိတ်ဆိမ်းမဲ့အချိန်ဟ ကမ္ဘာပျက်မဲ့အချိန်ကော် ကိုယ်စားပြုဟယ်။ ရိတ်ဆိမ်းဆမားတေဟ နတ်ဒေဝါတေကော် ကိုယ်စားပြုဟယ်။ 40မြက်ပင်တေကော် စုဆောင်းမောက် မီးထဲမှာရှို့သလဲ ခုကမ္ဘာအဆုံးသတ်ချိန်မှာလဲ ဟဲင်းသလဲ ဖြစ်ပျက်လိမ့်မဲင်။ 41ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟ နတ်ဒေဝါတေကော် စေလွှတ်မောက် အပြစ်ကျူးလွန်ဆမားတေန ပညတ်တော်တေကော် မလိုက်နာပဲဆမား အကုန်ဟုန်းကော် ဆူ့ဆာဆနာတော်အတွင်းဟနေ နှင်ထုတ်ဖော့ စုဝေးခေါ်ယူလာစေမဲင် ဖြစ်ဟယ်။ 42ဟဲင်းလူတေကော် ဖယ်အခါမှ မငြိမ်းနိုင်တဲ့မီးထဲကော် ပစ်ခ္လလိမ့်မဲင်။ ဟဲင်းလူတေဟ ခံပြင်းငိုယိုမောက် အံကြိတ်နေကြရမဲင်။ 43ဟဲင်းခါ ဖြောင့်မတ်မှန်ကန်တဲ့လူတေဟ အဖဘုရားရှင်ရဲ့ဆာဆာနာတော်မှာ နေရောင်ခြည်သလဲ ထွန်းလင်းတောက်ပနေကြလိမ့်မဲင်။ နားရှိမောက် ကြားနိုင်တဲ့လူအပေါင်းတော့ ကြားမောက် နားလေဆဖောပေါက်ကြပါ။ 44ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ လယ်ထဲမှာ မြှုပ်ဟားတဲ့အဖိုးတန်ရတနာတေန တူဟယ်။ လူတစ်ယောက်ဟ ဟဲင်းအရာကော် မြင်တဲ့အခါ ပ္လန်အောင်းဟားမောက် ဆူဟ ဝမ်းမြောက်ဝမ်းဆာန ထွက်ဟားမောက် ဆူပိုင်ဆိုင်ဆမျှကော် ရောင်းခ္လမောက် ဟဲင်းလယ်ကော် ဝယ်လေဟယ်။ 45ထပ်မောက် ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ အကြီးကျယ်တန်ဖိုးကူးတဲ့ ပုလဲကော် ရှာဖွေနေတဲ့ကုန်သည်နတူဟယ်။ 46ဟဲင်းကုန်သည်ဟ အကြီးကျယ် အဖိုးတန်တဲ့ ပုလဲတစ်လုံးကော် ရှာတွေ့တဲ့အခါ ဆူ့မှာရှိဆမျှစည်းစိမ်ဥစ္စာတေကော် ရောင်းခ္လပြီးခါ ဟဲင်းပုလဲကော် ဝယ်လေဟယ်။ 47ထပ်မောက် ရွှေမြို့တော်ရဲ့ဆာဆနာတော်ဟ ပင်လယ်ထဲမှာ ခ္လမောက် ငါးမျိုးစုံကော် ဖမ်းမိတဲ့ ပိုက်ကွန်န တူဟယ်။ 48ငါးတေအပ္လေ့ဖမ်းမိတဲ့အခါ ဟဲင်းပိုက်ကွန်ကော် ကမ်းပေါ်ကော် ဆွဲတင်ပြီးခါ ထိုင်မောက် ကောင်းတဲ့ငါးတေကော် ရွေးချယ်မောက် ခြင်းတောင်းထဲကော် ထေ့မောက် မကောင်းတဲ့ငါးတေကော် စွန့်ပစ်လိုက်ကြဟယ်။ 49ခုကမ္ဘာကြီးရဲ့အဆုံးသတ်ချိန်မှာ အဲလဲပဲ ဖြစ်လိမ့်မဲင်။ နတ်ဒေဝါတေ လာမောက် ကောင်းတဲ့အကျင့်ကော် ကျင့်တဲ့လူတေန မကောင်းမှုပြုဆမား ဒုစရိုက်အပြစ်ဆားတေအကုန်ဟုန်းကော် ရွေးချယ်ခွဲထုတ်လိမ့်မဲင်။ 50ပြီးခါ ဟဲင်းဒုစရိုက်အပြစ်ဆားတေအကုန်ဟုန်းကော် မငြိမ်းနိုင်တဲ့မီးထဲကော် ပစ်ခ္လလိမ့်မဲင်။ ဆူ့တော့ဟ ဟဲင်းနေရာမှာ ခံပြင်းငိုကြွေးမောက် အံကြိတ်နေကြရလိမ့်မဲင်" လောက် မိန့်တော်မူလေဟယ်။ 51ပြီးခါ ကိုယ်တော်ယေရှုဟ "ငါပြောတဲ့ဟာတေ အကုန်ဟုန်းကော် သင်တော့နားလေကြလား" လောက် မေးတော်မူခါ တပဲ့တော်တေဟလဲ "နားလေပါဟယ်" လောက် ပ္လန်လျှောက်တင်ကြလေဟယ်။ 52ကိုယ်တော်ဟဆက်မောက် "ဟဲင်းဆိုခါ ရွှေမြို့တော်ရဲ့ဆာဆနာတော်ကော် ရောက်လာတဲ့တပဲ့ဖြစ်မောက် ပညတ်ကျမ်းကော် ဟောပြောဆမားအကုန်ဟုန်းဟ ဆူ့တော့ရဲ့ဘဏ္ဍာတိုက်ထဲဟနေ ဥစ္စာဘဏ္ဍာအဆစ်န အဟောင်းကော် ထုတ်ယူတဲ့ အိမ်ရှင်နတူဟယ်" လောက် မိန့်တော်မူဟယ် 53ကိုယ်တော်ယေရှုဟ ဟဲင်းပုံဥပမာတေန သွန်သင်ဟောပြောပြီးတဲ့အခါ ဟဲင်းအရပ်ဒေသဟနေ ထွက်ခွာဟားလေဟယ်။ 54ကိုယ်တော်ယေရှုဟ ကိုယ့်ရဲ့ဇာတိမြို့ကော် ကြွတော်မူမောက် ဓမ္မာရုံမှာ လူတေကော် ဟောပြောသွန်သင်တော်မူလေဟယ်။ လူအများတော့ဟ ကိုယ်တော်ရဲ့ သွန်သင်ဟောပြောချက်တေကော် ကြားကြတဲ့အခါ အံ့ဩဟားကြမောက် "အဲလူဟ ဟဲင်းသလဲဉာဏ်ပညာန အံ့ဖွယ်အမှုတေကော် လုပ်ဆောင်နိုင်တဲ့ တန်ခိုးတော်ကော် ဖယ်ဟနေရဟား။ 55အဲလူဟ လက်ဆမားရဲ့ဆား မဟုတ်ဝါး။ ဆူ့မဲ့ဟ မာရိ မဟုတ်ဝါး။ ဆူ့ညီတေဟ ယာကုပ်၊ ယောသပ်၊ ရှိမုန်န ယုဒတော့တေ မဟုတ်ဝါး။ 56ဆူ့ရဲ့ညီမတေဟလဲ ကျွန်ုပ်တော့နအတူ အဲမြို့မှာ ရှိနေဟာမဟုတ်ဝါး။ ဟဲင်းလဲဆိုခါ ဆူဟ အဲအံ့ဖွယ်အမှုကိစ္စအကုန်ဟုန်းကော် ဖယ်ဟနေရဟား" လောက် ပြောဆိုကြမောက် ကိုယ်တော်ယေရှုအပေါ် ဖဝင်မက္လဖြစ်နေကြလေဟယ်။ 57ဟဲင်းခါ ကိုယ်တော်ယေရှုဟလဲ "အရိယာဆူတော်စင်တေဆိုဟာ ဆူ့တော့ရဲ့ဇာတိမြို့န ဆူ့တော့ရဲ့နေအိမ်မှလွဲမောက် တခြားအရပ်ဒေသတိုင်းမှာ ရိုဆေလေးစားခြင်းခံရလေဟယ်" လောက် မိန့်တော်မူလေဟယ်။ 58လူတေရဲ့ မယုံကြည်မှုကြောင့် ကိုယ်တော်ဟ နာဇရက်မြို့မှာ အံ့ဖွယ်အမှုတေကော် အများဟုန်း မလုပ်ခဲ့ပေ။

Obecnie wybrane:

Matthew 13: INT

Podkreślenie

Udostępnij

Kopiuj

None

Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj