Mark 5
5
1ပြီးခါ ကိုယ်တော်ယေရှုနတပဲ့တော်တေဟ ဂါလိလဲရေအိုင်ကော် ဖြတ်သန်းမောက် တဖက်ကမ်းရှိ ဂါဒရမြို့ကော် ရောက်ရှိဟားကြလေဟယ်။ 2ကိုယ်တော်ယေရှုဟ လှေပေါ်မှဆင်းမောက်ကမ်းကော်တက်လာန တခါတည်း ဆင်းချိုင်းဂူတေအကြားမှာ နေထိုင်တဲ့ မကောင်းဆိုးဝါးပူးခံနေရဆမားတစ်ယောက်ဟ ကိုယ်တော်နားကော် ရောက်ရှိလာလေဟယ်။ 3ဟဲင်းလူဟ ဆင်းချိုင်းဂူတေကြားမှာနေထိုင်မောက် ဆူ့ကော် မဆူ့မှ ဆံကြိုးတေနတောင်ချုပ်နှောင်ထားဖော့ မပြုနိုင်ကြပေ။ 4ဆူ့ကော်တနားတခေါက် ဆံကြိုး၊ဆံကွင်းတေန ချုပ်နှောင်ဟားလယ်ဝ ဆူဟ ဟဲင်းဆံကြိုးန ဆံကွင်းတေကော် ဖြတ်တောက်ပစ်လေဟယ်။ဆူ့ကော် မဆူ့ဟမှ ငြိမ်အောင် မပြုလုပ်နိုင်ကြပေ။ 5ဆူဟနေ့တိုင်းညတိုင်း ဆင်္ချိုင်းဂူတေနတောင်ကုန်းတေပေါ်မှာနေပြီးခါ အော်ဟစ်မောက် ဆူ့ကော်ဆူ ချွန်ထက်တဲ့ ကျောက်တုံးတေန လှီးဖြတ်နေတတ်ဟယ်။ 6ဟဲင်းလူဟ ကိုယ်တော်ယေရှုကော် အဝေးမှလှမ်းမြင်လိုက်ဟာန တခါတည်းပ္လေးလာမောက် ကိုယ်တော်ရဲ့ရှေ့မှာဒူးထောက် ထိုင်ခ္လလိုက်လေဟယ်။ 7ဆူဟ အဆံအက္လယ်ဟုန်းအော်မောက် “အမြင့်မြတ်ဆုံးသောဘုရားရှင်ရဲ့ဆားတော် ယေရှု၊ ကျွန်ုပ်ကော်စာဖြစ်စေလိုနေဟား၊ကျွန်ုပ်ကော် နှိပ်စက်ညှင်းပန်းခြင်းမပြုပါနဲ့"လောက် ဟဲင်းလူဟ တောင်းပန်လေဟယ်။ 8ဟဲင်းသလဲတောင်းပန်ရခြင်းမှာ ကိုယ်တော်ဟ "မကောင်းဆိုးဝါးအဲဒီလူဆီဟ ထွက်လာခဲ့"ဆိုမောက်ကိုယ်တော်ယေရှုဟမိန့်ဆိုလိုက်ညောင်းဖြစ်ဟယ်။ 9ပြီးခါကိုယ်တော်ယေရှုဟ ဟဲင်းမကောင်းဆိုးဝါးကော် "သင့်နာမည်ဖယ်လဲခေါ်ဟား"လောက်မေးခါ မကောင်းဆိုးဝါးဟ “ကျွန်ုပ်နာမေဟ လေဂေါင်ဖြစ်ပါဟယ်။ကျွန်ုပ် ဟဲင်းသလဲပြောရဟာဟ ကျွန်ုပ်တော့ဟ အကြီးကျယ်များတဲ့အစုအဖွဲ့ဖြစ်ညောင်း ဖြစ်ပါဟယ်။" 10ပြီးခါဆူ့ကော် အဝေးကော် နှင်မထုတ်ဖော့ ကိုယ်တော်ကော် အကြိမ်ကြိမ်တောင်းပန်ခဲ့လေဟယ်။ 11ဟဲင်းအချိန်မှာ အကြီးကျယ်များတဲ့ ဝက်အုပ်ကူးဟ တောင်ကုန်းပေါ်မှာ ကျက်စားမောက်ရှိနေညောင်း 12မကောင်းဆိုးဝါးတေဟ“ကျွန်တော်တော့ကော် ဝက်အုပ်ကူးဆီကော် ပူးဖော့အတွက် စေလွှတ်တော်မူပါ”လောက် အသနားခံကြလေဟယ်။ 13ကိုယ်တော်ယေရှုဟလဲ တခါတည်းဆူ့တော့ကော် ခွင့်ပြုခဲ့လေဟယ်။ထို့နောက် မကောင်းဆိုးဝါးတေဟ ဟဲင်းလူနားဟနေ ထွက်မောက် ဝက်တေနား ဝင်ရောက်ဟားခဲ့ကြဟယ်။ဝက်ကောင်ရေနှေထောက်ရှိတဲ့ ဝက်အုပ်ကူးဟ မတ်စောင့်တဲ့ကမ်းပါးမှ ရေအိုင်ထဲကော် ပ္လေးဆင်းမောက် ရေအိုင်ထဲမှာ ရေနစ်ဆေဟားခဲ့ကြဟယ်။ 14ဟဲင်းခါ ဝက်တေကော် ကျွေးမွေးစောင့်ရှောက်ဆမားတေဟ ဟဲင်းစတင်းကော် မြင်တွေ့ရတဲ့အခါ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတေန မြို့ထဲမှာ ပြောကြားလေညောင်း လူအများဟုန်းတော့ဟ ဖယ်သလဲဖြစ်ပျက်ခဲ့ဟာကော် မြင်လိုညောင်း ထွက်လာကြလေဟယ်။ 15လူအများဟုန်းတော့ဟ ကိုယ်တော်ယေရှုနား ရောက်လာကြမောက် မကောင်းဆိုးဝါးလေဂေါင်ပူးခံခဲ့ရဆမားဟ အကောင်းပကတိစိတ်န ကောင်းမွန်စွာ ဝတ်ဆင်မောက် ထိုင်နေဟာကော် မြင်ညောင်း အံ့ဩတုန်လှုပ်ဟားကြလေဟယ်။ 16အဖြစ်အပျက်အကုန်ဟုန်း မြင်တွေ့ခဲ့ရဆမားတေဟ ဟဲင်းမကောင်းဆိုးဝါး ပူးကပ်ခံခဲ့ရဆမားန
ဝက်တေမှာ ဖယ်သလဲဖြစ်ပျက်ခဲ့ဟယ်ဆိုတဲ့ အကြောင်းတေကော်ပြောဆိုနေခဲ့ကြလေဟယ်။ 17ဟဲင်းခါဟဲင်းလူအပေါင်းတော့ဟ ကိုယ်တော်ယေရှုကော် ဆူ့တော့အရပ်မှထွက်ခွာပေးတော်မူဖော့ တောင်းပန်ကြလေဟယ်။ 18ပြီးခါကိုယ်တော်ယေရှု လှေပေါ်ကော်တက်တဲ့အခါ မကောင်းဆိုးဝါးပူးခံခဲ့ရဆမားဟ ကိုယ်တော်ယေရှုန အတူလိုက်ပါခွင့်ပြုဖော့ တောင်းပန်လေဟယ်။ 19ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ လိုက်ပါခွင့်မပြုဘဲ“သင်ရဲ့အိမ်ကော်ပ္လန်ဟားမောက် ၊ဘုရားရှင် ဟ နဲင့်ကော်ဖယ်သလဲ ပြုလုပ်ပေးခဲ့ဟာန ဖယ်လောက်အထိဆနားကြင်နာမှုရှိခဲ့ဟာကော် လူတေကော် ပြောပြလော့” လောက်မိန့်မှာတော်မူလေဟယ်။ 20ပြီးခါ ဆူဟ ဒေကာပေါလိပ္လေကော်ဆွားမောက် ကိုယ်တော်ယေရှုဟ ဆူ့အတွက် ဖယ်လဲကောင်းကျိုးပြုဆောင်ရွက်ပေးခဲ့ပုံကော် ပ္လန်လည်ပြောပြလေဟယ်။ဟဲင်းအကြောင်းကော် ကြားရဆမားအပေါင်းဟလဲ အံ့ဩဟားခဲ့ကြရလေဟယ်။ 21နောက်တစ်ကြိမ်ထပ်မံမောက် ကိုယ်တော်ယေရှုဟဂါလိလဲရေအိုင်ကော် လှေတစ်စီးန ဖြတ်ဟားမောက် တစ်ဖက်ကမ်းပေါ်မှာ ရှိနေလေရာ အကြီးကျယ်များတဲ့လူတေဟ ကိုယ်တော်အနားကော် ချဉ်းကပ်လာကြဟယ်။ 22ဟဲင်းအချိန်မှာ ယာဣရုအမည်ရှိတဲ့ ဓမ္မာရုံတာဝန်ခံတစ်ယောက်ဟ ကိုယ်တော်ယေရှုကော်မြင်ခါ ကိုယ်တော်ရဲ့ခေရင်းမှာဒူးထောက်မောက် 23ကိုယ်တော်ကော် “ကျွန်ုပ်ရဲ့ဆမီးဟ ဆေလုမျောပါးဖြစ်နေဟယ်။ကျေးဇူးပြုမောက် ဆူမကော်တို့ထိပေးတော်မူပါ။ဟဲင်းမှ ဆူမရဲ့အနာရောဂါပျောက်ကင်းမောက် အဆက်ရှင်နိုင်ပါလိမ့်မဲင်"လောက် ကြိမ်ဖန်များစွာ တောင်းလျှောက်လေဟယ်။ 24ကိုယ်တော်လဲ ဆူနအတူလိုက်ပါဟားခဲ့လေဟယ်။ အကြီးကျယ်များတဲ့ လူအပေါင်းတော့ဟလဲ
တိုးဝှေ့ ဝန်းရံမောက်လိုက်ပါဟားခဲ့ကြရာ ကိုယ်တော်ကော် တွန်းမိတိုက်မိခဲ့ကြလေဟယ်။ 25ဟဲင်းလူအုပ် ထဲမှာ ဆယ့်နှစ်နှစ်ကြာမျှ ဆွေးဆွန်ရောဂါဖြစ်နေတဲ့အမျိုးဆမီးတစ်ယောက် ပါဝင်လေဟယ်။ 26ဆူမဟ သမားတော်များစွာတော့န ဟဲင်းရောဂါကော်ကုသခဲ့လယ်ဝ မဆူ့မှ ဆူမရောဂါကော်ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိချေ။ ဆူမရဲ့စည်းစိမ်ကုန်သည်ထိ ဆေးကုသစရိတ်တေပေးခဲ့ရလယ်ဝ ဆူမရဲ့ရောဂါ မပျောက်ကင်းသည့်အပြင် ပိုမိုဆိုးရွားလာလေဟယ်။ 27ဆူမဟကိုယ်တော်ရဲ့ စတင်းကော်ကြားရတဲ့အခါ လူအုပ်ထဲကော် လိုက်ပါလာကာကိုယ်တော်ရဲ့နောက်တော်ပါးမှလာမောက် ဆူ့ရဲ့ဝတ်ရုံစကော် တို့ထိလိုက်လေဟယ်။ 28ဆူမဟာ“ကိုယ်တော်ရဲ့ ဝတ်ရုံတော်ကော်လက်န တို့ထိလိုက်ရုံန ငါခံစားနေရတဲ့ရောဂါဟာပျောက်ကင်းသွားလိမ့်မယ်” လောက်ဆူ့ကော်ဆူပြောလေဟယ်။ 29ဟဲင်းသလဲ ကိုယ်တော်ရဲ့ဝတ်ရုံကော်တို့ထိလိုက်ဟာန တခါတည်းဆူမဆွေးဆွန်နေသည့်ရောဂါဟ ဆွေးတိတ်ဟားမောက် ဆူမရဲ့ရောဂါပျောက်ကင်းဟားဟာကော် ဆိလိုက်လေဟယ်။ 30ဟဲင်းအချိန်မှာ ကိုယ်တော်ယေရှုဟ ဆူ့ထံမှတန်ခိုးစွမ်းအားတေထွက်ဟားဟာကော် တခါတည်းဆိလိုက်ရမောက် လူအုပ်ကူးဖက်ကော်လှေ့မောက် “ ငါ့ရဲ့ဝတ်ရုံတော်ကော် မဆူ့ထိလိုက်ဟား ” လောက်မေးမြန်းခဲ့လေဟယ်။ 31ဟဲင်းခါတပဲ့တော်တော့ဟ “အရှင် အရှင့်နားမှာ လူအများဟုန်း ဝန်းရံမောက်ရှိပါဟယ်။ မဆူဟ အရှင့်ကော်ထိလိုက်ဟယ်လောက် စာလောက်မေးရဟား” လောက်လျှောက်တင်လိုက်ဟယ်။ 32ဟဲင်းပေမဲ့ ကိုယ်တော်ဟ မဆူ့ဟတို့ထိလိုက်ဟာကော် မြင်နိုင်ဖော့ လှေ့ပတ်ကြည့်လိုက်လေဟယ်။ 33ဟဲင်းအမျိုးဆမီးလဲ မိမိမှာ ဖယ်သလဲဖြစ်ပျက်ခဲ့ဟာကော်ဆိညောင်း ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော့်ရှေ့မှာဒူးထောက်ပြပ်ဝပ်မောက် ဖြစ်ပျက်ခဲ့ဆမျှကော် အမှန်အတိုင်းအလုံးစုံကော်ဝန်ခံခဲ့လေဟယ်။ 34ကိုယ်တော်ဟ ဆူမကော် “ဆမီး ၊ခု သင့်ရဲ့ရောဂါပျောက်ကင်းဟားဟာဟ သင့်ရဲ့ ယုံကြည်မှုကြောင့်ဘဲဖြစ်ဟယ်။သင်ရဲ့ဒုက္ခမှ လွတ်မြောက်ပြီဖြစ်ညောင်း ငြိမ်းချမ်းစွာ ဆွားပါတော့” လောက် မိန့်တော်မူလိုက်လေဟယ်။ 35ကိုယ်တော်ဟ ဆူမကော်မိန့်တော်မူနေတဲ့အချိန်မှာ ယာဣရုရဲ့အိမ်မှ လူတစ်ချို့ ရောက်လာ ကြမောက် “ အရှင့် ဆမီးသေဆုံးသွားပါပြီ၊ ကိုယ်တော်ကော် မနှောက်ယှက်ပါနဲ့တော့” လောက် ယာဣရုကော် လာရောက်ပြောကြားလေဟယ်။ 36ဟဲင်းစကားကော်ကြားသော် ကိုယ်တော်ယေရှုဟ ယာဣရုကော် “မစိုးရိမ်ပါနဲ့ ယုံကြည်ခြင်းရှိလော့” လောက်မိန့်တော်မူလိုက်လေဟယ်။ 37ကိုယ်တော်ဟ ပေတရု၊ ယာကုပ်န ယာကုပ်ရဲ့ညီယောဟန်တော့မှလွဲမောက် မဆူ့ကော်မှဆူ့နောက်ကော် လိုက်ခွင့်မပေးခဲ့ပေ။ 38ဆူ့တော့ဟယာဣရု အိမ်ကော် ဆက်လက်မောက်ဆွားကြခါ ဟဲင်းအိမ်မှာ လူတေဟ အော်ဟစ်ငိုကြွေးနေညောင်း ဆူညံနေကြဟာကော် တွေ့ရဟယ်။ 39ကိုယ်တော်ယေရှုဟ အိမ်ထဲကော် ဝင်ဟားမောက်ဟဲင်းလူတေကော်“နဲင်တော့စာလောက်ငိုနေကြရဟား၊ ဒီခလေးဟမဆေဆေဘူး ၊ဆူမအိပ်ပျော်နေဟာဘဲဖြစ်ဟယ်”လောက် မိန့်တော်မူခဲ့လေဟယ်။ 40ဟဲင်းခါ လူအများဟ ကိုယ်တော်ကော် လှောင်ပြောင်ကြလေဟယ်။ ကိုယ်တော်ဟ ဟဲင်းလူတေကော် အိမ်အပြင်ကော်ထွက်စေမောက် မိန်းခလေးရဲ့မိခင် ဖခင်န တပဲ့ဆုံးယောက်ကော် ခေါ်မောက် ဟဲင်း မိန်းခလေးရှိရာကော်ဆွားကြဟယ်။ 41ပြီးခါကိုယ်တော်ဟ မိန်းကလေး လက်ကော်ကိုင်မောက် "မိန်းခလေး သင့်အားငါဆိုမဲင်၊ထလော့"လောက် မိန့်ဆိုလေဟယ်။ 42ဟဲင်းသလဲမိန့်တော်မူလိုက်သည်နတခါတည်း ဟဲင်းဆယ့်နှေနှစ်အရွယ်မိန်းကလေးဟမတ်တပ်ထရပ်မောက် လမ်းလျှောက်လေဟယ်။ဟဲင်းနေရာမှာ ရှိနေဆမားတေဟ အကြီးကျယ်အံ့ဩမင်သက်ကြလေဟယ်။ 43ပြီးခါ ကိုယ်တော်ဟ ဟဲင်းလူတေကော် ဖြစ်ပျက်ခဲ့ဆမျှကော် မဆူ့ကော်မှမပြောဖော့ တင်းကြပ်စွာမိန့်မှာမောက် မိန်းခလေးငယ်ရဲ့မိဖကော် ဆူမကော် စားဖော့တချို့ပေးလိုက်စေဟယ်။
Obecnie wybrane:
Mark 5: INT
Podkreślenie
Udostępnij
Kopiuj
Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
This translation of the Intha NT is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.