ယေရှု၏အနာရောဂါငြိမ်းစေတော်မူခြင်းSample
နတ်ဆိုးစွဲသော သူငယ်အား သက်သာစေတော်မူခြင်း
ကလေးငယ်တစ်ဦးထံမှ ညစ်ညူးသောနတ်ကို ယေရှုက နှင်ထုတ်တော်မူသဖြင့် လူတို့သည် ဘုရားသခင်၏ တန်ခိုးတော်ကို အံ့ဩမိန်းမောလျက် ရှိကြသည်။
မေးခွန်း (၁) သင်သည် ဘုရားသခင်အပေါ်မှာ စစ်မှန်သော ယုံကြည်ခြင်းရှိခဲ့သော အချိန်တစ်ချိန်ကို စဉ်းစားပါ။ ဘုရားသခင်သည် သင့်အား မည်သည့်အရာ ကို ပြုလုပ်ခိုင်း ပါသနည်း။ အကျိုးရလဒ်ကား အဘယ်နည်း။
မေးခွန်း (၂) သင်သည် ယုံကြည်ခြင်းဖြင့်လျှောက်လှမ်း၍ ဘုရားသခင်အတွက် တစ်စုံတစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ကြိုးပမ်းသော်လည်း ကျရှုံးသွားသည့် အချိန်တစ်ခုကို ဖော်ပြပါ။ ထိုသို့ ဆုံးရှုံးခြင်း၏အကြောင်းအရင်းမှာ အဘယ်နည်း။ ဆုံးရှုံးသွားသည့်အခါ မည်သို့ ခံစားရသနည်း။
မေးခွန်း (၃) ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းအကြောင်း ယေရှု၏ သွန်သင်ချက်အပေါ်မှာ အခြေခံ၍ ခရစ်ယာန်အများပိုင်း သည် နတ်ဆိုးနှင့် တိုက်ပွဲကို မည်သို့ ကိုင်တွယ်ဖြေရှင်း လိမ့်မည်ဟု သင် ထင်မြင်ပါသနည်း။
Scripture
About this Plan
ယေရှုသည် လောက၌ သက်တော်ထင်ရှားခဲ့စဉ်က လူတို့ကို အနာငြိမ်းစေခြင်းဖြင့် သူ၏တန်ခိုးတော်နှင့် ကရုဏာတော်ကို ပြသခဲ့သည့်နည်းလမ်းများကို ရှာဖွေပါ။ အပိုင်း ၁၂ ပိုင်းရှိသည့်အစီအစဉ်ထဲမှ တစ်ရက်တစ်ခုစီ တင်ဆက်သည့် ဗီဒီယိုအတိုလေးတစ်ခုဖြင့် ယေရှုက အနာငြိမ်းပေးခြင်းတို့ကို ထင်ဟပ်စေပါသည်။
More