ဆာလံကျမ်း ၁ - ခရစ်ယာန်အသက်တာအတွက် အခြေခံအုတ်မြစ်Sample

နှုတ်ကပတ်တော် ဖတ်ရှုခြင်းသည် ခွန်အားအရင်းအမြစ်ဖြစ်သည်။
ဒီ ဆာလံ(၁)ကို ဖတ်ရှုတဲ့ စီးရီးလေးဟာ သင့်ကို ကောင်းကြီးဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
“မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညမပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။” (JBMLE, ဆာလံ ၁း၁-၂)
တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့ခြင်း? လုပ်ဖို့နည်းနည်း ခက်လွန်းနေမလား? လုံးဝမခက်ပါဘူး။ ဒီကျမ်းပိုဒ်မှာ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ရတာကို ဆရာလံဆရာက ပျော်မွေ့ကြောင်းပြောနေတာပါ။ တနည်းဆိုရရင်၊ နှုတ်ကပတ်တော်ဟာ သူ့ဝိညာဥ်ကို အကျိုးပြုပြီး ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်းတွေကို ခံစားရစေလို့ ဖြစ်ပါတယ်။ ဆာလံဆရာက ဘုရားသခင်ရဲ့ လက်ယာတော်နားမှာ အစဥ်အမြဲပျော်ရွှင်ခြင်းအခွင့်ကို သူတွေ့ရှိရကြောင်းကိုလည်း ပြောပြထားပါတယ်။ (ကျမ်းစာဖတ်ရန် - ဆာလံ ၁၆း၁၁)
ဒါဆို... နှုတ်ကပတ်တော်ကို ဆင်ခြင်းအောက်မေ့ခြင်းဆိုတာ ဘာလဲ?
သင့်စိတ်နှလုံးထဲမှာ တစ်ခေါက်ပြီးရင် နောက်တစ်ခေါက် ပြန်၊ပြန်ပြီး ဆင်ခြင်ခြင်းဖြစ်ပါတယ်။ ပီကေဝါးစားတာမျိုးနဲ့ နည်းနည်းတူပါတယ် (နှိုင်းယှဥ်ပြရရင်ပေါ့)။ အစပိုင်းမှာ ဝါးစားရတာ နည်းနည်းမာမယ်၊ ကြာလာတာနဲ့အမျှ ပျော့ပျောင်းပြေပြစ်လာပြီး၊ သင်ကြိုက်သလို ပျော်ရွှင်စွာလေမှုတ်ကစားလို့ရသွားတယ်။
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အသက်ရှင်တယ်၊ ထူးခြားတယ်။ (ကျမ်းစာဖတ်ရန် - ဟေဗြဲ ၄း၁း၂)
ကျွန်တော်တို့ဟာ ကျမ်းတစ်ပိုဒ်ကို တစ်ခေါက်ပြီး တစ်ခေါက် ပြန်ပြီး ဖတ်မယ်၊ ဆင်ခြင်မယ်၊ ဆုတောင်းမယ်... ပြီးရင် နာရီနဲ့ချီပြီး၊ ရက်နဲ့ချီပြီး (သို့ ) ရက်သတ်အပတ်နဲ့ချီပြီး “စားမြုံ့ပြန်ခြင်း” ရှိရပါမယ်။ ပြီးနောက်မှာတော့၊ ရုတ်တရက်ဆိုသလို၊ ကျွန်တော်တို့ အသက်တာရဲ့ တိကျတဲ့ အခြေအနေ တစ်ခုအတွက် ၎င်းကျမ်းပိုဒ်ကနေ အလင်းပေးခြင်းဖြစ်ပေါ်လာပါလိမ့်မယ်။ ဒါဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် သက်ဝင်ထင်ရှားလာခြင်း ဖြစ်ပါတယ်။ ဒါဟာ ဘုရားသခင်ရဲ့ “အသက်ရှင်သော နှုတ်ကပတ်တော် (God’s rhema)” လည်းဖြစ်ပါတယ်။ ဆာလံ ၁၁၉း၁၃၀ (MSBU) မှာ “ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏” လို့ ပြောပြထားပါတယ်။
ဘုရားသခင်ရဲ့ မယုံနိုင်လောက်အောင် ကောင်းလွန်းတဲ့ နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ကြရအောင်။ “အိုဘုရားသခင်၊ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်ဘဝထဲ ယူဆောင်ပေးတဲ့ နှုတ်ကပတ်တော်၊ ကျွန်ုပ်ကို လမ်းပြပေးတဲ့ နှုတ်ကပတ်တော်၊ ကိုယ်တော်ရဲ့ဒီနှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါတယ်။ နေ့တိုင်း၊ အချိန်တိုင်း ကျွန်ုပ်ဆင်ခြင်အောက်မေ့လိုပါတယ်။ နှုတ်ကပတ်တော်မှာ ကျွန်ုပ်အတွက် ကိုယ်တော်ထားရှိတဲ့ ဘဏ္ဍာတွေကို လက်မလွတ်ချင်ပါဘူး။ ကိုယ်တော်နဲ့ ပိုပြီးတိုး၍ တူလာဖို့အတွက် နှုတ်ကပတ်တော်က နေ့တိုင်းကျွန်ုပ်အထဲမှာ ပြုပြင်ပြောင်းလဲပေးပြီး၊ ကျွန်ုပ်ပြီးပြည့်စုံသည်အထိ လုပ်ဆောင်သွားရန် ဆုတောင်းပါ၏။ ယေရှုနာမတော်မြတ်၌၊ အာမင်။”
ဒီ ဖတ်ရှုခြင်း Plan ရဲ့ အဆုံးကို ရောက်လာပါပြီ။ ဒီလို Plan မျိုးတွေကို အီးမေးလ်ကတစ်ဆင့် ရယူချင်ရင်တော့၊ “Bless Myanmar” ကို “Subscribe” လုပ်ထားပါ။ ဒီစာမျက်နှာမှာ လုပ်ဆောင်နိုင်ပါတယ်။
သက်ရှိထင်ရှား ရှိပေးလို့ ကျေးဇူးတင်ပါတယ်။
Eric Célérier
Eric Célérier ၏ Devotional Plan အားဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
About this Plan

ကျွန်တော်တို့အသက်တာမှာ အခြေခံကျတဲ့ အရာတစ်ခုကို ဝေမျှချင်ပါတယ်။ ဆာလံကျမ်း (၁) မှာပါတဲ့ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်... သောသူသည် မင်္ဂလာရှိ၏။” (JBMLE, ဆာလံ ၁း၁) ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ ဒီကျမ်းပိုဒ်မှာ ခရစ်ယာန်အသက်ရှင်ခြင်းနဲ့ဆိုင်တဲ့ “ဘာကိုမလုပ်သင့်ဘူး ဘာကိုလုပ်သင့်လဲ” ဆိုတဲ့အရာကို သွန်သင်ထားပါတယ်။
More
Related Plans

Dog Dad Devotions on Leadership, Loyalty and Love

When God Says No!

God Hears Every Prayer

Daily Wisdom: A Proverb-a-Day

Unmasking Narcissism

Losing Lexi: One Mother's Story of Grace in the Midst of Addiction and Loss

The DEEP Method: How to Discover, Explore, Engage, Practice God's Word

Mom Guilt Meets Grace

God Gives Good Gifts to Everyone
