Logoja YouVersion
Ikona e kërkimit

ရှင်ယောဟန် 5

5
ဥ​ပုသ်​နေ့​တွင်​ကု​သ​ခြင်း
1ထို​နောက်​မှ ယု​ဒ​ပွဲ​ခံ​စဉ်​တွင်၊ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။- 2ယေ​ရု​ရှ​လင်​မြို့၌ သိုး​တံ​ခါး​နား​မှာ ဟေ​ဗြဲ​ဘာ​သာ​စ​ကား​အား​ဖြင့် ဗေ​သေ​သ​ဒ​အ​မည်​ရှိ​သော ရေ​ကန်​ရှိ၏။ ထို​ရေ​ကန်​သည် က​နား​ပြင်​ငါး​ဆောင်​နှင့် ပြည့်​စုံ၏။- 3ထို​က​နား​ပြင်​တို့၌ မျက်​စိ​ကန်း၊ ခြေ​မ​စွမ်း၊ ကိုယ်​ပိန်​ခြောက်​သော​သူ​တို့​မှ​စ၍ အ​နာ​ရော​ဂါ​စွဲ​သော​သူ​များ အ​ပေါင်း​တို့​သည် ရေ​လှုပ်​ရှား​ခြင်း​ကို မျှော်​လင့်၍ နေ​ကြ၏။- 4အ​ကြောင်း​မူ​ကား၊ အ​ချိန်​တန်​လျှင် ကောင်း​ကင်​တ​မန်​သည် ရေ​ကန်​သို့​ဆင်း​သက်၍ ရေ​ကို လှုပ်​ရှား​တတ်၏။ ထို​သို့​ရေ​လှုပ်​ရှား​သည်​နောက်၊ ရှေ့ ဦး​စွာ ဝင်​သော​သူ​သည် မိ​မိ၌​စွဲ​သ​မျှ​သော​အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ခြင်း​သို့ ရောက်​တတ်၏။
5ထို​အ​ခါ သုံး​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ရော​ဂါ​စွဲ​သော​သူ​တစ်​ယောက်​သည် ရေ​ကန်​နား​မှာ​ရှိ၏။- 6ထို​သူ​သည် တုံး​လုံး​နေ​သည်​ကို ယေ​ရှု​မြင်​တော်​မူ၍ ကြာ​လှ​ပြီ​ဟု သိ​တော်​မူ​လျှင်၊ သင်​သည် ကျန်း​မာ​ခြင်း​သို့ ရောက်​လို​သ​လော​ဟု မေး​တော်​မူ၏။- 7နာ​သော​သူ​က​လည်း၊ သ​ခင်၊ ရေ​လှုပ်​ရှား​သော​အ​ခါ ရေ​ကန်​ထဲ​သို့ အ​ကျွန်ုပ်​ကို သွင်း​ထား​မည့်​သူ​မ​ရှိ​ပါ။ အ​ကျွန်ုပ်​သွား​စဉ်​တွင် အ​ခြား​သော​သူ​သည် အ​ကျွန်ုပ်​ရှေ့​မှာ ဝင်​တတ်​ပါ​သည်​ဟု လျှောက်၏။- 8ယေ​ရှု​က​လည်း​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို ဆောင်၍ လှမ်း​သွား​လော့​ဟု မိန့်​တော်​မူ​သည်၊- 9ခ​ဏ​ချင်း​တွင် ထို​သူ​သည် ပ​က​တိ​အ​ဖြစ်​သို့​ရောက်၍၊ မိ​မိ​အိပ်​ရာ​ကို​ဆောင်​လျက် လှမ်း​သွား၏။
10ထို​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်၏။ ထို​ကြောင့် ယု​ဒ​လူ​တို့​က၊ ဥ​ပုသ်​နေ့​ဖြစ်၏။ အိပ်​ရာ​ကို မ​ဆောင်​အပ်​ဟု ရော​ဂါ​ကင်း​သော သူ​အား​ဆို​ကြ၏။-#နေ၊ ၁၃:၁၉။ ယေ၊ ၁၇:၂၁။ 11သူ​က​လည်း၊ အ​ကျွန်ုပ်​ကို ကျန်း​မာ​စေ​သော​သူ​က၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဆို​သည်​ဟု ပြန်​ပြော၏။- 12ယု​ဒ​လူ​တို့​က​လည်း၊ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု သင့်​အား​ဆို​သော​သူ​ကား အ​ဘယ်​သူ​နည်း​ဟု မေး​မြန်း​ကြ၏။- 13ထို​သူ​ကား၊ အ​ဘယ်​သူ​ဖြစ်​သည်​ကို ရော​ဂါ​ကင်း​သော​သူ​သည် မ​သိ။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ လူ​စု​ဝေး​လျက်​ရှိ​သည်​ဖြစ်၍၊ ယေ​ရှု​သည် မ​ထင်​မ​ရှား ထွက်​ကြွ​တော်​မူ၏။
14ထို​နောက်​မှ ယေ​ရှု​သည်​ဗိ​မာန်​တော်၌ ထို​သူ​ကို တွေ့​တော်​မူ​လျှင် သင်​သည် ကျန်း​မာ​ခြင်း​ရှိ၏။ သာ၍​ဆိုး​သော​ဘေး​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း နောက်​တစ်​ဖန် ဒု​စ​ရိုက်​ကို​မ​ပြု​နှင့်​ဟု မိန့်​တော်​မူ၏။- 15ထို​သူ​သည်​သွား၍ မိ​မိ​ကို​ကျန်း​မာ​စေ​သော​သူ​သည် ယေ​ရှု​ဖြစ်​သည်​ကို ယု​ဒ​လူ​တို့​အား​ကြား​ပြော​လေ၏။- 16ထို​အ​မှု​ကို ဥ​ပုသ်​နေ့၌​ပြု​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ယေ​ရှု​ကို​ညှဉ်း​ဆဲ​ကြ၏။- 17ယေ​ရှု​က​လည်း၊ ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လည်း လုပ်၏​ဟု ပြန်​ပြော​တော်​မူ၏။- 18သို့​ဖြစ်၍ ဥ​ပုသ်​နေ့​ကို ဖျက်​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​ကို မိ​မိ​အ​ဘ​ဟု​ခေါ်၍ မိ​မိ​ကို​ဘု​ရား​သ​ခင်​နှင့် ပြိုင်​နှိုင်း​တော်​မူ​သော​ကြောင့်၊ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို သတ်​ခြင်း​ငှာ သာ၍​ရှာ​ကြံ​ကြ၏။
သား​တော်​၏​အ​ခွ​င့်​အာ​ဏာ
19ယေ​ရှု​က​လည်း၊ သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​မှု​ကို သား​တော်​သည် မြင်၍​သာ​ပြု၏။ မိ​မိ​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်၊ ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု၏။- 20ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။- 21ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​ရှင်​ပြန်​စေ​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ သား​တော်​သည်​လည်း အ​လို​ရှိ​သ​မျှ​သော သူ​တို့​ကို ရှင်​စေ၏။- 22လူ​အ​ပေါင်း​တို့​သည် ခ​မည်း​တော်​ကို ရို​သေ​သည်​နည်း​တူ၊- 23သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။- 24ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ့​စ​ကား​ကို နား​ထောင်၍ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​သော​သူ​သည် ထာ​ဝ​ရ​အ​သက်​ကို ရ​သည်​ဖြစ်၍ အ​ပြစ်​စီ​ရင်​ခြင်း​ကို​မ​ခံ​ရ။ သေ​ခြင်း​မှ​အ​သက်​ရှင်​ခြင်း​သို့ ကူး​မြောက်​သော​သူ​ဖြစ်၏။
25ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။- 26အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။- 27သား​တော်​သည် လူ​သား​ဖြစ်​သော​ကြောင့် တ​ရား​စီ​ရင်​ခြင်း​အ​ခွင့်​ကို​လည်း အပ်​ပေး​တော်​မူ၏။- 28ဤ​အ​မှု​အ​ရာ​ကို အံ့​ဩ​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိ​သော သူ​အ​ပေါင်း​တို့​သည် သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊- 29ထွက်​ရ​မည့်​အ​ချိန်​ကာ​လ ရောက်​လ​တ္တံ့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​သက်​ရှင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း၊ ဆိုး​ယုတ်​သော​အ​ကျင့်​ကို ကျင့်​သော​သူ​တို့​သည် အ​ပြစ်​စီ​ရင်​ရာ ထ​မြောက်​ခြင်း​သို့​လည်း​ကောင်း ထွက်​ရ​ကြ​လ​တ္တံ့။#ဒံ၊ ၁၂:၂။
ယေ​ရှု​အ​ကြောင်း​သက်​သေ​ခံ​သူ​များ
30ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။
31ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​လျှင် ငါ့​သက်​သေ​မ​တည်။- 32ငါ၏​အ​ကြောင်း​ကို သက်​သေ​ခံ​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏​သက်​သေ​တည်​ကြောင်း​ကို ငါ​သိ၏။- 33သင်​တို့​သည် ယော​ဟန်​ထံ​သို့​စေ​လွှတ်​ကြ၏။ သူ​သည် သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ၏။-#ယော၊ ၁:၁၉-၂၇၊ ၃:၂၇-၃၀။ 34သို့​သော်​လည်း လူ​ပေး​သော​သက်​သေ​ကို ငါ​သည်​ပ​မာ​ဏ​မ​ပြု။ သင်​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​မည်​အ​ကြောင်း ဤ​စ​ကား​ကို ငါ​ပြော၏။- 35ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- 36ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။- 37ခ​မည်း​တော်​သည်​လည်း ငါ့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ခ​မည်း​တော်၏​စ​ကား​သံ​တော်​ကို သင်​တို့​သည် မ​ကြား၊ သ​ဏ္ဌာန်​တော်​ကို မ​မြင်၊-#မ၊ ၃:၁၇။ မာ၊ ၁:၁၁။ လု၊ ၃:၂၂။ 38နှုတ်​က​ပတ်​တော်​သည်​လည်း သင်​တို့၌​မ​တည်။ အ​ကြောင်း​မူ​ကား၊ စေ​လွှတ်​တော်​မူ​သော​သူ​ကို သင်​တို့​သည် မ​ယုံ​ကြည်​ဘဲ​နေ​ကြ၏။
39ကျမ်း​စာ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ကို​ရ​မည်​ဟု စိတ်​ထင်​နှင့် သင်​တို့​သည် ကျမ်း​စာ​ကို​စေ့​စေ့​ကြည့်​ရှု​ကြ၏။ ထို​ကျမ်း​စာ​ပင် ငါ၏​သက်​သေ​ဖြစ်၏။- 40သင်​တို့​သည် အ​သက်​ကို​ရ​အောင် ငါ့​ထံ​သို့ လာ​ခြင်း​ငှာ အ​လို​မ​ရှိ​ကြ၊- 41လူ​ပေး​သော​ဘုန်း​အ​သ​ရေ​ကို ငါ​မ​ခံ။- 42သို့​သော်​လည်း ဘု​ရား​သ​ခင်​ကို ချစ်​ခြင်း​မေ​တ္တာ​သည် သင်​တို့၌ မ​ရှိ​သည်​ကို ငါ​သိ၏။- 43ငါ​သည်​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ရောက်​လာ​သော်​လည်း သင်​တို့​သည် ငါ့​ကို​လက်​မ​ခံ​ကြ။ အ​ခြား​သော​သူ​သည် မိ​မိ​အ​ခွင့်​နှင့်​ရောက်​လာ​လျှင် ထို​သူ​ကို လက်​ခံ​ကြ​လိမ့်​မည်။- 44အ​ချင်း​ချင်း​ပေး​သော ဘုန်း​အ​သ​ရေ​ကို​သာ​ခံ၍၊ ဘု​ရား​သ​ခင်​သာ​လျှင် ပေး​တော်​မူ​တတ်​သော ဘုန်း​အ​သ​ရေ​ကို အ​လို​မ​ရှိ​သော​သင်​တို့​သည် အ​ဘယ်​သို့ ယုံ​ကြည်​နိုင်​မည်​နည်း။- 45ခ​မည်း​တော်​ရှေ့၌ ငါ​သည် သင်​တို့​ကို​အ​ပြစ်​တင်​မည်​ဟု မ​ထင်​ကြ​နှင့်။ သင်​တို့​ကို အ​ပြစ်​တင်​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ​ကား သင်​တို့​ကိုး​စား​သော မော​ရှေ​ပေ​တည်း။- 46သင်​တို့​သည် မော​ရှေ၏​စ​ကား​ကို ယုံ​လျှင် ငါ့​စ​ကား​ကို မ​ယုံ​ဘဲ​မ​နေ​နိုင်​ကြ။ အ​ကြောင်း​မူ​ကား၊ မော​ရှေ​သည် ငါ့​အ​ကြောင်း​ကို ရေး​ထား၏။- 47သူ​ရေး​ထား​သော​စာ​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ငါ့​စ​ကား​ကို အ​ဘယ်​သို့​ယုံ​နိုင်​မည်​နည်း​ဟု ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။

Aktualisht i përzgjedhur:

ရှင်ယောဟန် 5: JBMLE

Thekso

Ndaje

Copy

None

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr