Matthew 10
10
1ကိုယ်တော်ယေရှုသည် သူ၏တပည့် တော်ဆယ့်နှစ်ယောက်တို့အားခေါ်လိုက်ပြီး နတ်ဆိုးများကိုမောင်းထုတ်နိုင်သော တန်ခိုးတော်များကို ပေးအပ်လိုက်ပြီး အမျိုးမျိုးသော ရောဂါဝေဒနာများနှင့်ဖျားနာမှုအမျိုးမျိုးတို့ကို ကုသစေတော်မူလေသည်။ 2တပည့်တော်ဆယ့်နှစ်ယောက်တို့မှာ ပေတရုခေါ်ရှိမုန်နှင့် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏ သားနှစ်ယောက်ဖြစ်ကြသော ယာကုပ်နှင့်ယောဟန်၊ 3.ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ကောက်သူမဿဲ၊ အာလဖ၏သား ယာကုပ်နှင့် သဒ္ဒဲ၊ 4. ရှိမုန်နှင့် ကိုယ်တော်အားသစ္စာဖောက်မည့်သူ ယုဒရှကာရုတ်တို့ ဖြစ်ကြသည်။ . 5ကိုယ်တော်သည် တပည့်တော်ဆယ့်နှစ်ယောက်တို့အား အောက်ပါဩဝါဒတို့ကိုမှာကြား၍ စေလွှတ်တော်မူလေသည်။ "မင်းတို့ လူမျိုးခြားတွေနေထိုင်တဲ့ဒေသတွေကို ဝေးဝေးရှောင်ပါ။ ရှမာရိမြို့တွေကိုမသွားကြဘဲ 6.ဣသရေလမှာရှိတဲ့ လူ တွေဆီကိုသွားကြပါ။ ဘာကြောင့်လဲဆိုရင်သူတို့ဟာ သိုးအုပ်ထဲက ပျောက်ဆုံးနေတဲ့သိုးတွေနဲ့တူတဲ့အတွက်ဖြစ်တယ်။ 7မင်းတို့သူတို့ဆီကို သွားတဲ့အခါမှာ "ဘုရားရှင်ရဲ့သာသနာတော် ရောက်လာတော့မယ် "လို့ကြေငြာဟောပြောကြပါ။ 8မကျန်းမာသူတွေကို ကျန်းမာအောင်ကုသပေးကြပါ၊ သေသူတွေကို အသက်ပြန်ရှင်စေပါ၊ အရေပြားရောဂါသည်တွေကိုသန့်စင်စေပါ၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်ပါ၊ ဘုရားရှင်ဆီကအခမဲ့ရထားတဲ့ကျေးဇူးတော်တွေကို အခမဲ့ပေးကြပါ။ 9ရွှေငွေရတနာတွေကို ယူမသွားပါနဲ့။ 10. ခရီးဆောင်အိတ် (သို့မဟုတ်) အင်္ကျီအဝတ်အစားအပို၊ ဖိနပ်၊ တောင်ဝှေး တွေကိုလည်း ယူမသွားပါနဲ့။ ဘာကြောင့်လဲဆိုတော့ အမှုတော်ထမ်းသူတိုင်းဟာ မိမိရဲ့ ရိက္ခာကို ရထိုက်တဲ့သူတွေဖြစ်တယ်။ 11မင်းတို့ မြို့တစ်မြို့ဒါမှမဟုတ် ရွာတစ်ရွာ ထဲကိုဝင်သွားလို့ရှိရင် မင်းတို့ကို ကြိုဆိုလက်ခံလိုတဲ့အိမ်ကိုရှာဖွေပါ။မင်းတို့ တစ်ခြားနေရာကို ထွက်မသွားမီအချိန်ထိ အဲဒီအိမ်မှာတည်းခိုပါ။ 12မင်းတို့ဟာ အဲဒီအိမ်ကို ဝင်လိုက်တာ နဲ့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေလို့နှုတ်ဆက်ပါ။ 13အဲဒီအိမ်ဟာ ကောင်းချီးမင်္ဂလာရထိုက်ရင် သူတို့အပေါ်ကောင်းချီးမင်္ဂလာသက်ရောက်ပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ အဲဒီအိမ်ဟာ ကောင်းချီးမင်္ဂလာနဲ့မထိုက်တန်ရင် အဲဒီကောင်းချီးမင်္ဂလာဟာ မင်းတို့ထံ ပြန်လာပါလိမ့်မယ်။ 14တစ်စုံတစ်ယောက်က မင်းတို့ကိုလည်းလက်မခံလို မင်းတို့ဟောပြောတဲ့တရားတော်ကိုလည်း မနာယူ တဲ့သူတွေရဲ့အိမ် (သို့မဟုတ်)အဲဒီမြို့ကထွက်ခွါခဲ့ကြပါ။ ပြီးတော့ဘုရားရှင်ကသူတို့ကို ငြင်းပယ်တဲ့လက္ခဏာအဖြစ် မင်းတို့ ခြေထောက်မှ ဖုန်မှုန့်ကိုခါချခဲ့ကြပါ။ 15ငါ မင်းတို့ကို အမှန်ပြောရရင် နောက်ဆုံးအချိန် တရားစီရင်တော်မူတဲ့နေ့မှာ သောဒုံမြို့နဲ့ ဂေါမောရမြို့ထက်ပိုပြီး အဲဒီမြို့ဟာ အပြစ်ပေးခံရလိမ့်မယ်’ 16ဂရုစိုက်၍နားထောင်ကြပါ၊‘ငါဟာ ဝံပုလွေအုပ်ထဲကို သိုးငယ်ကိုလွှတ်လိုက်သလို မင်းတို့ကိုစေလွှတ်လိုက်ခြင်းဖြစ်တယ်။ ဒါကြောင့်မင်းတို့လည်း မြွေလို လိမ္မာပါးနပ်ပြီး၊ ဂျိုးငှက်လို နူးညံ့သိမ်မွေ့ကြပါ။ 17ဒီလိုအန္တရာယ်ပြုမယ့်သူတွေကိုသတိထားစောင့်ကြည့်ကြပါ။သူတို့ဟာ မင်းတို့ကိုကောင်စီဝင်များလက်ထဲကိုအပ်နှံကြလိမ့်မယ်။ တရားဓမ္မာရုံတွေမှာမင်းတို့ကို ရိုက်နှက်ကြလိမ့်မယ်။ 18မင်းတို့ဟာ ငါ့အတွက်နဲ့အာဏာပိုင်တွေ၊ဘုရင်တွေဆီကို ဆွဲခေါ်ခံရလိမ့်မယ်၊ဒါပေမယ့် မင်းတို့ဟာ သူတို့တွေနဲ့ တိုင်းတစ်ပါးသားတွေရှေ့မှာ ငါ့ရဲ့အကြောင်းသတင်းကောင်းကိုသက်သေခံကြရလိမ့်မယ်။ 19သူတို့က မင်းတို့ကိုဖမ်းဆီးတဲ့အခါမှာ မင်းတို့ ဘယ်လိုပြောရမလဲဆိုတာကို မစိုးရိမ်ပါနဲ့။ အဲဒီအချိန်မှာ မင်းပြောရမယ့် စကားလုံးတွေ အလိုလို မင်းတို့ရဲ့နှုတ်ကထွက်လာလိမ့်မယ်။ 20ဒါပေမယ့် အဲဒီစကားလုံးတွေဟာ မင်းတို့ရဲ့စကားမဟုတ်၊ အဖဘုရားရဲ့ ဝိညာဉ်တော်က မင်းဆီကတစ်ဆင့် မိန့်တော်မူတဲ့စကားတွေသာဖြစ်တယ်။ 21ညီအစ်ကိုမောင်နှမ၊အချင်းချင်း သစ္စာဖောက်ပြီး တစ်ယောက်ကိုတစ်ယောက် အသေသတ်ဖို့ တစ်စိမ်းလက်ထဲကို အပ်နှံကြလိမ့်မယ်။ မိဘတို့ကလည်း သူတို့ရဲ့ သားသမီးတွေကို အသေသတ်ပစ်ဖို့ အပ်နှံကြလိမ့်မယ်။ သားသမီးတွေကလည်း သူတို့ရဲ့မိဘတွေကို အာခံပြီး အသေသတ်စေကြလိမ့်မယ်။ 22.လူတိုင်း၊ မင်းတို့ကို ငါ့ကြောင့် မုန်းတီးကြလိမ့်မယ်။ ဒါပေမယ့် မင်းတို့ဟာ နောက်ဆုံးအချိန်ထိ ယုံကြည်ခြင်းတရား ခိုင်မြဲပါက ကယ်တင်ခြင်း ခံရပါလိမ့်မယ်။ 23.လူတွေက မင်းတို့ကို နှိပ်စက်တဲ့အခါ အခြားမြို့တစ်မြို့ကို အမြန်ဆုံးထွက်ပြေးကြပါ။ငါ မင်းတို့ကို အမှန်ပြောရရင် မင်းတို့ ဣသရေလ မြို့မှာဆောင်ရွက်စရာကိစ္စတွေ မပြီးစီးမီ အချိန်မှာ လူ၏သားတော် ကြွလာတော်မူလိမ့်မယ်။ 24တပည့်ဟာ ဆရာထက် ပိုပြီး မတော်သလို၊ ကျွန်ဆိုတာကလည်း သခင်ထက်ပိုပြီး မကြီးမြတ်နိုင်ဘူး။ 25.တပည့်ဟာ ဆရာလောက် တော်ရင်၊ ကျွန်ကလည်း သခင်လောက်ဖြစ်လာရင်ကျေနပ်ပါပြီ။ အိမ်ထောင်ဦးစီးကို စေတန် ဗေလဇေဗုလ လို့ခေါ်ကြရင် ကျန်တဲ့မိသားစုဝင်တွေက ဘယ်လောက်တောင်ဆိုးဆိုးဝါးဝါး အခေါ်ခံရမလဲ။ 26ဒါကြောင့်သူတို့ကို မကြောက်ကြပါနဲ့၊ ဖုံးဝှက်ထားသမျှ ရှာတွေ့လိမ့်မယ်၊ လျှို့ဝှက်ထားသမျှ သိလာကြလိမ့်မယ်၊ 27.အမှောင်ထဲမှာ ငါပြောသမျှတွေကို မင်းတို့အလင်းရောင်အောက်မှာ ပြောရမယ်။ ငါ,မင်းတို့ကို တိုးတိုးလေးပြောခဲ့သမျှ အိမ်ခေါင်မိုးပေါ်တက်ပြီး ကြွေးကြော်ကြပါ။ 28မင်းတို့ရဲ့ခန္ဓာကိုယ်ကိုအသေသတ်နိုင်ပေမယ့် မင်းတို့ရဲ့ဝိညာဉ်ကို မသတ်နိုင်တဲ့သူတွေကို မကြောက်ကြပါနဲ့။ သူတို့ကို ကြောက်ရမယ့် အစား မင်းတို့ရဲ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်နှစ်ခုစလုံးကို ဖျက်စီးပြီး ငရဲပို့နိုင်တဲ့ ဘုရားရှင်ကိုသာ ကြောက်ရွံကြပါ။ 29.စာကလေးနှစ်ကောင်ကို အသပြာတစ်ပဲနိနဲ့ရောင်းကြတယ် မဟုတ်လား။ ဒါပေမယ့် မင်းတို့ရဲ့ အဖဘုရားဟာ စာကလေးတစ်ကောင် မြေကြီးပေါ်ကို ပြုတ်ကျ သေရင်တောင် သိတော်မူတယ်။ 30.မင်းတို့ရဲ့ခေါင်းပေါ်ကဆံပင်ကိုလည်း ရေတွက်ထားတော်မူတယ်။ 31ဒါကြောင့် မကြောက်ပါနဲ့၊ မင်းတို့ဟာ စာကလေးတွေထက်အများကြီးတန်ဖိုးရှိပါတယ်။ 32မင်းတို့ ငါရဲ့တပည့်တော်ဖြစ်ကြောင်း တစ်ခြားသူတွေရှေ့မှာဝန်ခံသူကို ငါကလည်း နိဗ္ဗာန်ရွှေမြို့တော်မှာရှိတဲ့ အဖဘုရားရှင်ရဲ့ရှေ့တော်မှောက်မှာငါရဲ့တပည့်တော်ဖြစ်ကြောင်း ဝန်ခံမယ်။ 33ဒါပေမယ့်ငါ့ကိုတစ်ခြားသူရှေ့မှာ ငြင်းပယ်တဲ့သူကို နိဗ္ဗာန်ရွှေမြို့တော် မှာရှိတဲ့ ဘုရားရှင်ရှေ့တော်မှောက်မှာမင်းဟာ ငါ့တပည့်မဟုတ်ကြောင်း ငါလည်းငြင်းပယ်လိမ့်မယ်။ 34‘ငါဟာ ဒီကမ္ဘာမြေပေါ်ကို ငြိမ်းချမ်းရေးယူဆောင်လာတယ်လို့ မထင်ကြပါနဲ့၊ ၊ 35.ငါ့ ကြောင့် ဒါးဆွဲ၊တုတ်ဆွဲ နဲ့ရန်ဖြစ်ရလိမ့်မယ်။ငါ့ကြောင့် သားနဲ့အဖေ၊ သမီးနဲ့အမေ၊ ချွေးမနဲ့ ယောက္ခမတို့ ရန်ဖက်ဖြစ်ရလိမ့်မယ်။ 36လူတစ်ဦးတစ်ယောက်ရဲ့အဆိုးဆုံးရန်သူဟာ သူရဲ့မိသားစုဝင်ထဲကပင်ဖြစ်လာလိမ့်မယ်။ 37မိဘကို ငါ့ထက်ပိုပြီး ချစ်တဲ့သူဟာ ငါ့ရဲ့တပည့်တော်မဖြစ်ထိုက်၊၊သား၊ သမီး ကိုငါ့ထက်ပိုချစ်တဲ့သူဟာလည်းငါ့ရဲ့တပည့်တော်မဖြစ်ထိုက်။ 38ကိုယ့်ရဲ့လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းပြီး ငါ့နောက်ကို မလိုက်သူ ဟာလည်းငါ့တပည့်တော် မဖြစ်ထိုက်။ 39မိမိတို့ရဲ့အသက်ရှင်ရပ်တည်ရေးအတွက် ငါ့ ကိုငြင်းပယ်တဲ့သူဟာ နိစ္စထာဝရအသက်ကိုဆုံးရှံးရလိမ့်မယ်။ဒါပေမယ့် ငါ့အတွက်ကြောင့် သူ့အသက်ကို ဆုံးရှုံးသူတိုင်း နိစ္စထာဝရအသက်ကိုရရှိကြပါလိမ့်မယ်။ 40မင်းတို့ကိုကြိုဆိုလက်ခံသူဟာ ငါ့ကိုလည်းလက်ခံသူဖြစ်တယ်။ငါ့ကိုကြိုဆို လက်ခံတဲ့သူဟာလည်း ငါ့ကိုစေလွှတ်လိုက်တဲ့အရှင်ကိုလည်း ကြိုဆိုလက်ခံသူဖြစ်တယ်။ 41ပညာရှိပရောဖက်ကိုကြိုဆိုလက်ခံတဲ့သူဟာ ပရောဖက်သာဖြစ်တယ်။ သူလည်းပရောဖက်နှင့်ထိုက်တန်တဲ့ ဆုလာဒ်ကိုရလိမ့်မယ်။ သူတော်ကောင်းကို ကြိုဆိုလက်ခံသူဟာ သူတော်ကောင်းတစ်ဦးသာဖြစ်တယ်။သူဟာ သူတော်ကောင်းနဲ့ထိုက်တန်တဲ့ ဆုလာဒ်ကိုရလိမ့်မယ်။ 42ငါ့တပည့်ဆိုတာကိုသိရုံနဲ့ ရေအေးတစ်ခွက် လောက် တိုက်တဲ့သူဟာ ငါ့ရဲ့တပည့်တော်ပင်ဖြစ်တယ်။ငါအမှန်အကန်ပြောရရင် သူနဲ့ထိုက်တန်တဲ့ အကျိုးကျေးဇူးကိုခံစားရလိမ့်မယ်"ဟူ၍ သူ၏တပည့်တော်များကို မှာကြားတော်မူလေသည်။
Iliyochaguliwa sasa
Matthew 10: TPV-RV
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: