Matthew 9
9
1ကိုယ်တော်ယေရှုသည်သူ၏တပည့်တော်များနှင့်အတူလှေတစ်စီးဖြင့်ရေအိုင်ကိုကူးဖြတ်၍သူနေခဲ့သောကပေရနောင်မြို့သို့ ပြန်လာခဲ့၏။ 2.မကြာမီ လူတစ်ချို့က ကိုယ်တော်ယေရှုထံသို့လေဖြတ်နေသူတစ်ဦးအား ဖျာဖြင့်ထမ်းပြီးခေါ်ဆောင်လာခဲ့ကြသည်။ ကိုယ်တော်ယေရှုသည် သူတို့တွင် ယုံကြည်မှုမည်မျှရှိသည်ကို တွေ့မြင်သောအခါ သူသည်လေဖြတ်နေသူအား ‘ငါ့မိတ်ဆွေ မစိုးရိမ်ပါနဲ့၊ငါ မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်ပြီးသားပါ’ ဟုမိန့်တော်မူလေ၏။ 3မောရှေကျမ်းဆရာတစ်ချို့က ‘ယေရှုက သူကိုယ်သူဘုရားလို့ထင်ပြီးသူများအပြစ်တွေကိုခွင့်လွှတ်တယ်လို့ပြောနေတယ်။ဒီလိုပြောနေတာဟာဘုရားကိုစော်ကားလိုက်တာဘဲ’ဟု အချင်းချင်း ပြောဆိုကြလေသည်။ 4.သို့ရာတွင် ကိုယ်တော်က သူတို့တွေးတောနေသည်ကို သိတော်မူသဖြင့် "မင်းတို့ဘာကြောင့်ဒီလို မကောင်းတဲ့အတွေးတွေ တွေးနေကြတာလဲ’ ဟုမိန့်တော်မူလိုက်၏။ 5.ကိုယ်တော်က"မင်းရဲ့အပြစ်တွေအားလုံး ခွင့်လွှတ်ပါတယ်လို့ပြောတာကလွယ်ကူသလား(ဒါမှမဟုတ်)ထပြီးလမ်းလျှောက်ပါလို့ပြောရတာ ကပိုလွယ်သလား’ဟု မေးလိုက်သည်။ 6.သို့သော်လူ့သားတော်မှာ ဒီကမ္ဘာလောကရှိ အပြစ်ဒုစရိုက်တွေကို ခွင့်လွှတ်ပေးနိုင်တဲ့အခွင့်အာဏာရှိတယ်ဆိုတာကို မင်းတို့ကိုငါ ပြမယ်’ ဟုမိန့်တော်မူလိုက်လေသည်။ ထို့ကြောင့် ကိုယ်တော်သည် ထိုလူအား ‘ထပါ၊ ဖျာကိုကောက်သိမ်းပြီး မင်းရဲ့အိမ်ကိုသွားပါ’ဟုပြောလိုက်လေသည်။ 7ထိုလူသည်လည်း ထ၍ အိမ်သို့ပြန်သွားလေ၏။ 8.လူထုပရိသတ်သည် ဤအခြင်းအရာများကို တွေ့မြင်ကြသောအခါ အလွန်အံ့ဩသွားကြပြီး လူတို့အား ဤသို့သောအခွင့်အာဏာပေးသနားတော်မူသော ဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းကြလေသည်။ 9ကိုယ်တော်ယေရှုထွက်ခွာလာစဉ် သူသည် အခွန်ကောက်သည့်နေရာတွင် ထိုင်နေသော အခွန်ကောက်သူ မဿဲဆိုသူအား တွေ့မြင်တော်မူလေ၏။ ကိုယ်တော်က သူ့အား ‘မင်း၊ငါနဲ့လိုက်ခဲ့’ဟုမိန့်တော်မူလိုက်လေသည်။ မဿဲသည် ထလာပြီး ကိုယ်တော်ယေရှုနှင့်အတူ လိုက်ပါသွားလေတော့သည်။ 10ထို့နောက်တွင် ကိုယ်တော်နှင့်သူ၏တပည့်တော်တို့သည် မဿဲ၏အိမ်တွင် ညနေစာသုံးဆောင်ခဲ့ကြသည်။အံ့ဩစရာကောင်းသည်မှာ ထိုနေရာတွင် များစွာသော အခွန်ကောက်သူများနှင့် အခြားသောဒုစရိုက်အပြစ်သားများပါရှိနေ၏။ 11.တစ်ချို့သော ဖာရိရှဲတို့က ကိုယ်တော်ယေရှု၏ တပည့်တော်တို့အား ‘မင်းတို့ရဲ့ ဆရာတော် က ဘာဖြစ်လို့ အခွန်ကောက်သူတွေ၊ ဒုစရိုက်သားတွေနဲ့ အတူတူစားနေရတာလဲ’ဟု မေးကြလေ၏။ 12ထိုသို့မေးသည်ကိုကိုယ်တော်ကြားသောအခါ သူတို့အား ‘ကျန်းမာသူတို့အတွက် ဆရာဝန်လိုမည်မဟုတ်၊ ဖျားနာသူများကသာ လိုအပ်သည်’ဆိုတဲ့အဓိပ္ပာယ်ကိုသွား၍လေ့လာ သင်ယူကြပါ။ 13မင်းတို့ "ငါသည် သနားဂရုဏာထားသည်ကိုယဇ်ပူဇော်ကိုးကွယ်ခြင်းထက်လိုလားသည်"ဆိုတဲ့ကျမ်းချက်အဓိပ္ပါယ်ကိုလေ့လာကြပါ။ရိုးသားဖြောင့်မတ်သူလို့ပြောတဲ့သူတွေအတွက် ငါကြွလာခြင်းမဟုတ်၊ ဒုစရိုက်အပြစ်သားများ အတွက်သာငါကြွလာရခြင်းဖြစ်တယ်’ဟု ပြန်လည်ဖြေကြားလိုက်လေသည်။ 14ထို့နောက် ယောဟန်၏ တပည့်များသည် ကိုယ်တော်ယေရှုထံသို့လာရောက်၍ “ကျွန်တော်တို့နဲ့ ဖာရိရှဲတွေဟာ ရံဖန်ရံခါ အစာရှောင်ပြီးဥပုသ်စောင့်ကြပါတယ်။ ဒါပေမယ့်ကိုယ်တော်ရဲ့တပည့်တော်တွေက ဘာကြောင့် အစာရှောင် ဥပုသ်မစောင့်ကြတာလဲ’ ဟုမေးမြန်းကြလေ၏။ 15.ကိုယ်တော်က ‘သတို့သားနဲ့သူ့ မိတ်ဆွေတွေအတူတူရှိနေတဲ့အချိန်မှာဝမ်းနည်းပူဆွေးပြီးမစားမသောက်ဘဲနေပါ့မလား၊ဒါပေမဲ့သူတို့ဆီကနေ သတို့သားကို ခေါ်သွားမဲ့အချိန်ကို ရောက်လာလိမ့်မယ်။ အဲဒီတော့မှ သူတို့တွေ ဝမ်းနည်းပူဆွေးပြီး မစားမသောက်ဘဲအစာရှောင်လာကြလိမ့်မယ်’ဟု ဖြေကြားတော်မူလေသည်။ 16ဘယ်သူမှ ပိတ်စအသစ်နဲ့ အထည်ဟောင်းကို ဖာထေးမှာမဟုတ်ဘူး၊ဒီလိုဖာထေးထားတဲ့အဝတ်ကို လျှော်ဖွတ်လိုက်ရင် ပိတ်စဟာ ရုန်းတဲ့အတွက် စုတ်ပြဲသွားပြီး အပေါက် ပိုကြီးလာလိမ့်မယ်။ 17သားရေဗူးအဟောင်းမှာ ဝိုင်အသစ်ကို ဘယ်သူမှထည့်မှာမဟုတ်ဘူး။ဒီလို လုပ်ရင် သားရေ ဗူးအဟောင်းပေါက်ပြဲပြီး ဝိုင်တွေယိုစိမ့်သွားလိမ့်မယ်။ ဝိုင်တွေလည်း ဆုံးရှုံးသွားပြီး သားရေဗူးလည်း ပျက်စီးသွားလိမ့်မယ်။ ဝိုင်အသစ်ကို သားရေဗူးအသစ်မှာ ထည့်မှသာ ဝိုင်အသစ်နဲ့ သားရေဗူးအသစ် နှစ်မျိုးစလုံး စိတ်ချရလိမ့်မယ်။ 18ကိုယ်တော်ယေရှုက ဤကဲ့သို့တရားများဟောကြားနေစဉ် အရာရှိတစ်ဦးရောက်ရှိလာပြီး ကိုယ်တော်ယေရှုရှေ့တွင် ဒူးထောက်လိုက်လေသည်။ ထိုလူက ‘ကျွန်တော့်သမီး အခုပဲသေဆုံးသွားပါပြီ၊ ကျေးဇူးပြုပြီး ကြွရောက်ပေးတော်မူပါ၊ သမီးကို ကိုယ်တော့်လက်တော်တင်လိုက်ရုံနဲ့ အသက်ပြန်ရှင်လာပါလိမ့်မယ်’ ဟုလျှောက်တင်လာလေသည်။ " 19ထိုအခါ.ကိုယ်တော်ယေရှုသည်ထ၍သူ၏နောက်ကလိုက်သွားလေ၏။ တပည့်တော်တို့လည်းအတူလိုက်သွားကြလေသည်။ 20ထိုလမ်းခရီးတွင်တစ်ဆယ့်နှစ်နှစ်ကြာ သွေးသွန်ရောဂါဖြစ်နေသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော်၏နောက်မှလိုက်လာပြီး ကိုယ်တော့်ဝတ်ရုံစွန်းကို တို့ထိလိုက်ကာ 21. ‘ကိုယ်တော့်ဝတ်ရုံစွန်းကိုထိလိုက်တာနဲ့ ငါနေကောင်းသွားမှာပဲ’ဟူ၍တစ်ကိုယ်တည်းပြောဆိုလိုက်လေသည်။ 22ထိုအခါ.ကိုယ်တော်ကလှည့်ကြည့်လိုက်၍ ထိုအမျိုးသမီးကိုတွေ့ရသောအခါ‘ချစ်သမီး၊ဘာမှမစိုးရိမ်ပါနဲ့တော့ ။မင်းရဲ့ယုံကြည်မှုတွေကြောင့် အခုအချိန်ကစပြီး မင်းနေကောင်းသွားပါပြီ’ ဟုမိန့်တော်မူလိုက်လေသည်။ ထိုသို့ပြောသည့်အချိန်၌ပင် ထိုအမျိုးသမီး၏ရောဂါပျောက်ကင်းသွားလေတော့သည်။ 23ကိုယ်တော်ယေရှုသည် အရာရှိအိမ်သို့ရောက်ရှိသောအခါတွင် တီးမှုတ်သူများနှင့်ငိုချင်းချကာအော်ဟစ် ငိုကြွေးနေသော လူစုလူဝေးကိုမြင်တွေ့လိုက်ရ၏။ 24.ကိုယ်တော်က ‘ဒီနေရာကနေအားလုံးထွက်သွားကြပါ၊ ဒီမိန်းကလေးကသေနေတာမဟုတ်ဘူး၊ သူမအိပ်ပျော်နေတာပါ’ ဟုမိန့်တော်မူလိုက်သည်။ သို့ရာတွင်သူမသေဆုံးသည်ကိုလူတိုင်းကသိထားသဖြင့် ကိုယ်တော်အား လှောင်ပြောင်ရယ်မောလိုက်ကြ၏။ 25မိသားစုဝင်များကထိုလူတို့အား အပြင်သို့ထွက်စေပြီးသောအခါ ကိုယ်တော်သည် ထိုမိန်းကလေးဘေးနားသို့ သွားလေ၏။ ကိုယ်တော်သည် ထိုမိန်းကလေးကို သူ၏လက်တော်ဖြင့် ထိကိုင်လိုက်သောအခါတွင်ထိုမိန်းကလေးသည်ပြန်လည်အသက်ရှင်လာပြီးအိပ်ယာမှနိုးထလာလေသည်။ 26.ဤအဖြစ်အပျက်သတင်းသည် ဒေသတစ်ခုလုံးသို့ ပြန့်နှံ့သွားလေတော့သည်။ 27ကိုယ်တော်သည်ထိုဒေသမှထွက်ခွာလာစဉ် မျက်မမြင်နှစ်ယောက်သည် ‘ဒါဝိဒ်ရဲ့သားတော်၊ ကျွန်တော်တို့ကိုသနားတော်မူပါ’ ဟုအော်ဟစ်ပြီးကိုယ်တော်၏နောက်မှ လိုက်ပါလာကြသည်။ 28.ကိုယ်တော်သည် အိမ်ထဲသို့ဝင်လျှင် မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံပါးသို့ ရောက်လာကြ၏။ ကိုယ်တော်က ‘ငါ၊မင်းတို့ကို မျက်စိပြန်မြင်အောင် လုပ်ပေးနိုင် တယ်ဆိုတာကို မင်းတို့ယုံကြည်ပါသလား’ ဟုမေးရာ သူတို့ကလည်း ‘ယုံပါတယ်အရှင်’ဟု ဖြေကြားလျှောက်တင်ကြလေသည်။ 29ကိုယ်တော်ယေရှုက သူတို့၏မျက်လုံးများကို တို့ထိလိုက်ပြီး " မင်းတို့မျက်စိတွေကိုငါကုပေးနိုင်တယ်ဆိုတာကိုယုံတဲ့အတွက်အခုပဲကုသပေးလိုက်ပြီ"ဟု မိန့်တော်မူလိုက်ရာ 30.ထိုသူတို့ မျက်စိများမြင်လာကြလေသည်။ ကိုယ်တော်ကသူတို့အား"ဒီအဖြစ်အပျက်တွေကိုဘယ်သူ့ကိုမှ မပြောပါနဲ့" ဟုတင်းကြပ်စွာသတိပေးလိုက်သည်။ 31.သို့ရာတွင် ထိုသူတို့သည် ၎င်းနေရာမှ ထွက်ခွာသွားပြီးနောက် လူတိုင်းအား ကိုယ်တော်ယေရှုအကြောင်းကို ပြောပြသောကြောင့် ထိုသတင်းမှာ ဒေသတစ်ခုလုံးသို့ပျံ့နှံ့သွားလေတော့သည်။ 32ကိုယ်တော်နှင့် သူ၏တပည့်တော်တို့သွားရာလမ်းတွင် လူတစ်ချို့သည် မကောင်းဆိုးဝါးစွဲကပ်၍ ဆွံ့အနေသူတစ်ဦးကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြ၏။ 33.ကိုယ်တော်က ၎င်းမကောင်းဆိုးဝါးအား အမိန့်တော်ဖြင့်မောင်းထုတ်လိုက်ပြိးသောအခါ ဆွံအသောသူသည် စကားပြောနိုင်သွားလေသည်။ လူထုပရိသတ်တို့သည်လည်း အံ့ဩလျှက် "ဣသရေလမှာ ဒီလို အဖြစ်အပျက်မျိုး တစ်ခါမှ မမြင်ဖူးဘူး"ဟုပြောဆိုကြလေသည်။ 34.သို့ရာတွင် ဖာရိရှဲတို့က "မကောင်းဆိုးဝါးဘုရင်က အာဏာပေးထား လို့သာဒီလိုမကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်ခြင်းဖြစ်တယ်"ဟု ပြောကြလေသည်။ 35ကိုယ်တော်ယေရှုသည် မြို့တိုင်းရွာတိုင်းသို့ ကြွတော်မူ၏။ သူသည် ဒေသခံတို့၏ တရားဇရပ်များတွင် နိဗ္ဗာန်ရွှေမြို့တော် ၏ သတင်းကောင်းများကို ဟောပြောတော်မူခဲ့၏။ ကိုယ်တော်ယေရှုသည် အမျိုးမျိုးသောရောဂါများနှင့် ဖျားနာမှုများကိုလည်း ပျောက်ကင်းစေတော်မူ၏။ 36.သူသည်လူထုပရိသတ်ကို တွေ့သောအခါတွင်လည်း ထိုသူတို့အားသနားကရုဏာသက်ရောက်တော်မူလေ၏။ သူတို့သည် သိုးထိန်းသားမရှိသော သိုးကဲ့သို့ အားကိုးစရာမရှိဘဲ ပူပင်သောကရောက်နေကြရ၏။ 37သူသည် သူ၏တပည့်တို့ကို ‘လယ်ထဲမှာသီးနှံတွေအများကြီးရှိပေမဲ့ ကောက်ရိတ်တဲ့သူရှားတယ်။ 38.ကောက်ရိတ်တဲ့ အရှင်ဖြစ်သူဆီက လုပ်သားတွေစေလွှတ်ပေးဖို့ တောင်းခံကြပါ’ဟု မိန့်တော်မူလေသည်။
Iliyochaguliwa sasa
Matthew 9: TPV-RV
Kuonyesha
Shirikisha
Nakili

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.

: