Chapa ya Youversion
Ikoni ya Utafutaji

Matthew 11

11
1ကိုယ်တော်ယေရှုသည် တပည့်တော်ဆယ့်နှစ်ဦးအား ဩဝါဒများမှာကြားပြီးနောက် သူသည်မြို့များတွင် ဟောပြောသွန်သင်တော် မူရန် စတင်ထွက်ခွာလာခဲ့သည်။ 2.ထောင်ကျနေသောယောဟန်သည် ခရစ်တော်ပြုလုပ်နေသော အရာများကိုကြားသိရသောအခါ ယောဟန်သည် သူ၏တပည့်တော်တို့အား စေလွှတ်လိုက်ပြီး ကိုယ်တော်ယေရှုအား 3.‘အရှင်ဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ 'မေရှိယ' ဟုတ်ပါသလား၊ဒါမှမဟုတ် ကျွန်တော်တို့နောက်ထပ်အရှင်တစ်ပါးကို စောင့်မျှော်ရဦးမလား’ဟု မေးလေ၏။ 4ကိုယ်တော်က ‘ မင်းတို့ကြားခဲ့သမျှ၊ မြင်ခဲ့သမျှတွေကို ယောဟန်ဆီသွားပြီးပြောလိုက်ပါ။ 5.မျက်မမြင်တွေဟာ မျကိစိအလင်းရကကြပြီ၊ ချိနဲ့သူတွေလမ်းလျှောက်နိုင်ပြီ။ အနာကြီးရောဂါသည်တွေ ရဲ့အနာဆိုးတွေကိုသန့်စင်သွားကြပြီ၊ နားမကြားသူတွေ နားကြားရပြီ၊ သေဆုံးသွားတဲ့သူတွေပြန်ရှင်ပြန်ကြပြီ၊ ဆင်းရဲသားတွေ မင်္ဂလာသတင်းကောင်းတွေကြားနေရပြီ၊ 6.ငါ့အားယုံမှားခြင်းကင်းသူတွေကိုဘုရားရှင်ရဲ့ကောင်ချီးမင်္ဂလာတွေခံစားရလိမ့်မယ်လို့ ယောဟန်ကိုပြောပြလိုက်ပါ ’ ဟူ၍ဖြေကြားတော်မူလိုက်လေသည်။ 7ယောဟန်၏တပည့်များ အဝေးသို့ထွက်သွားသည့်အခါ ကိုယ်တော်သည် လူထုပရိသတ်တို့အား ယောဟန်၏အကြောင်းအား ဤသို့ပြောဆို၏။ ‘မင်းတို့ ဘာတွေကိုကမြင်ချင်လို့ တောကန္တာရထဲကိုသွားကြတာလဲ။ လေယူရာ ယိမ်းနေသော မြက်ပင်တွေကို ကြည့်ချင်လို့လား၊ 8ဒါမှမဟုတ် ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့သူတွေကို ကြည့်ချင်လို့လား၊ တကယ်တော့ ဝတ်ကောင်းစားလှ ဝတ်ဆင်သူတွေဟာ ဘုရင့်နန်းတော်မှာသာ နေထိုင်ကြတယ်။ 9ဒါမှမဟုတ် ပရောဖက် ကိုသွားကြည့်ကြတာလား ၊ မှန်ပါတယ်၊ မင်းတို့ကိုငါပြောပြမယ်၊သူဟာ ပညာရှိပရောဖက်ထက် သာလွန်တဲ့သူဖြစ်တယ် 10.ယောဟန်အကြောင်းကိုကျမ်းစာတော်မှာ ‘သတိပြုပါ၊သင်၏လမ်းကို အသင့်ဖြစ်စေရန် ငါ၏ စေတမန်တစ်ဦးကို သင့်အလျင်စေလွှတ်လိုက်မည်’ဟု မိန့်တော်မူထားသောသူမှာ ယောဟန်ပင်ဖြစ်တယ်။ 11ငါ မင်းတို့ကို အမှန်ပြောရရင် လူတွေအားလုံးထဲမှာ ရေနစ်မင်္ဂလာပေးသူယောဟန်ထက် ကြီးကျယ်မြင့်မြတ်သူ ဘယ်သူမှမမွေးဖွားသေးဘူး ။ ဒါပေမယ့် နိဗ္ဗာန်ရွှေမြို့တော်မှာ အသိမ်ငယ်ဆုံးသူတောင် ယောဟန်ထက်ပိုပြီး ကြီးမြတ်သေးတယ်။ 12.ရေနှစ်မင်္ဂလာဆရာယောဟန် ဟောပြောတဲ့ အချိန်ကစလို့ ယနေ့အချိန်ထိ နိဗ္ဗာန်ရွှေမြို့တော်ကို အကြမ်းဖက်သမားတွေအနိုင်ကျင့်ပြီးသိမ်းပိုက်ဖို့ကြိုးစားခဲ့ကြတယ်။ 13ဒီအကြောင်းအရာတွေဟာ ယောဟန် မတိုင်မီ ပညာရှိပရောဖက်အားလုံးနဲ့ မောရှေကျမ်းအားလုံးက ဖော်ပြခဲ့တဲ့အရာတွေဖြစ်တယ်။ 14ဒီတော့ မင်းတို့ ဒီဖော်ပြချက်တွေကို လက်ခံလို့ရှိရင် သူဟာ မင်းတို့စောင့်စားနေတဲ့ ပညာရှိပရောဖက် ဧလိယ ဖြစ်တယ်။ 15နားရှိသူတွေ ကြားစေတော့။ 16ဒီမျိုးဆက်တွေကို ဘာနဲ့ နှိုင်းယှဉ်ပြီးပြောရမလဲဆိုရင် ဈေးထဲမှာထိုင်ပြီးတခြားလူတွေကို အော်နေတဲ့ကလေးတွေနဲ့တူတယ်။ 17.သူတို့ဟာ တစ်ခြားကလေးတွေကို "ငါတို့ ပလွေမှုတ်ပေမယ့် မင်းတို့ မက ကြဘူး။ ငါတို့ ငိုချင်း ချပြီးငိုပေမယ့် မင်းတို့က မငိုကြဘူး"လို့အော်ပြောနေတဲ့ကလေးတွေနဲ့တူတယ်" 18‌ယောဟန်ဟာ မစားမသောက်ဘဲအစာရှောင်ရင်လည်း မင်းတို့က ‘အဲဒီလူမှာ မကောင်းဆိုးဝါး ပူးကပ်နေတယ်’လို့ပြောကြတယ်။ 19ဒါပေမယ့် “လူ၏သားတော်”က အစားအသောက်တွေ စားသောက်ရင်လည်း ‘ဒီလူဟာ အစားကျူးတယ်၊ သူဟာ အခွန်ကောက်တဲ့သူနဲ့ မိတ်ဆွေဖြစ်လို့ သူလဲဘဲ ဒုစရိုက်သမားဖြစ်တယ်’လို့ပြောကြတယ်။ ဒါပေမယ့် ဉာဏ်ပညာရှိတဲ့သူဟာ သူရဲ့ကောင်းမှုတွေနဲ့သာ မှန်ကန်ကြောင်းသက်သေပြတတ်ကြတယ်"ဟူ၍မိန့်တော်မူလေသည်။ 20ကိုယ်တော်ယေရှု အံ့ဩဖွယ်နိမိတ်လက္ခဏာအများဆုံးပြခဲ့သည့်မြို့များရှိ လူတို့သည်နောင်တမရကြသဖြင့် ပြစ်တင်ဆုံးမတော်မူ၏။ 21.ကိုယ်တော်က"ခေါရာဇိန်မြို့က လူတွေ...ဗက်ဇဲဒမြို့ကလူတွေ.. မင်းတို့မြို့မှာလုပ်ခဲ့တဲ့အံ့ဩဖွယ်နိမိတ်လက္ခဏာတွေကို တုရုမြို့နဲ့ ဇိဒုံမြို့မှာသာ လုပ်ခဲ့ရင် အဲဒီမြို့မှာရှိတဲ့ လူတွေဟာ လျှော်ထည်အဝတ်ကြမ်းတွေကိုဝတ်ပြီး ခေါင်းပေါ်မှာပြာလူးပြီး နောင်တရတာကြာပြီ။ 22.ဒါပေမဲ့ မင်းတို့ကို ငါပြောပြမယ်၊တရားစီရင်တော်မူတဲ့နေ့မှာ မင်းတို့ဟာ တုရုနှင့် ဇိဒုံမြို့မှာရှိတဲ့လူတွေထက်ပိုပြီး အပြစ်ဒဏ်ခံကြရလိမ့်မယ်" 23"ကပေရနောင်မြို့က လူအပေါင်းတို့ ...မင်းတို့ကိုဘုရားရှင်က နိဗ္ဗာန်ရွှေမြို့တော် အထိမြှောက်စားမယ်လို့ ထင်နေသလား။ မင်းတို့ ငရဲမင်း(ဟေဒီးစ်)ဆီကိုပဲဆွဲယူခြင်းခံရလိမ့်မယ်။ မင်းတို့မြို့မှာပြခဲ့တဲ့ အံ့ဩဖွယ်နိမိတ်လက္ခဏာတွေကို သောဒုံမြို့မှာသာ ပြခဲ့ရင် အဲဒီမြို့ဟာ အခုချိန်ထိ တည်တံ့နေပါလိမ့်မယ်။ 24.ဒါကြောင့် မင်းတို့ကိုပြောရရင် တရားစီရင်တော်မူတဲ့နေ့မှာမင်းတို့မြို့ဟာ သောဒုံမြို့ထက်ပိုပြီး အပြစ်ဒဏ်ခံရလိမ့်မယ်”ဟု မိန့်တော်မူခဲ့လေသည်။ 25တစ်ချိန်တည်းမှာပင် ကိုယ်တော်ယေရှုက “နိဗ္ဗာန်ရွှေမြို့တော်နှင့် မြေကြီးတို့အရှင်ဖြစ်တော်မူသော အဖဘုရား၊ ကိုယ်တော်သည် ပညာရှိများနှင့် ပညာတတ်တို့အား ထိုအရာတို့ကို ကွယ်ဝှက်ပြီး သာမန်ပုဂ္ဂိုလ်တို့ကိုသာ ဖော်ပြတော်မူသောကြောင့် အဖဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ 26.အိုအဖဘုရား..ထိုအရာတို့သည် အဖဘုရား၏အလိုဆန္ဒတော်အတိုင်းပင် ဖြစ်ပါသည်။ 27.အဖဘုရားသည် ကျွန်ုပ်အား ခပ်သိမ်းသောအရာတိုင်းကို ပေးအပ်တော်မူပြီးလေပြီ။ အဖဘုရားတစ်ဦးတည်းကသာ အဖ၏သား မှန်ကန်ကြောင်းကိုသိပါ၏။ သို့သော်သားတော်သည် အဖဘုရားအကြောင်းတို့အား အခြားသောသူတို့ကို ပြောလိုပါ၏။ ထိုမှသာသူတို့သည်လည်း အဖဘုရားကိုသိနိုင်ကြပါမည်။ 28လေးလံသောဝန်ကို ထမ်းရွက်ရ၍ ပင်ပန်းသူတို့ ကိုယ်တော်ထံလာကြပါ။ ကိုယ်တော်သည် သင်တို့ကို ငြိမ်းချမ်းခြင်းသုခကိုပေးမည်။ 29.ငါပေးသော ထမ်းပိုးကိုယူ၍ သင်တို့၏ပခုံးပေါ်တွင်တင်ပြီး သင်ယူလေ့လာကြပါ။ ငါသည်နူးညံ့သိမ်မွေ့သူဖြစ်၍ သင်တို့ ငြိမ်းချမ်းခြင်းကို တွေ့ရပါလိမ့်မည်။ 30.ဤထမ်းပိုးဖြင့်ထမ်းရမည့် ဝန်ထုပ်ဝန်ပိုးကား ပေါ့ပါး၍ထမ်းရလွယ်၏”ဟူ၍ မိန့်တော်မူလေသည်။

Iliyochaguliwa sasa

Matthew 11: TPV-RV

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia