Chapa ya Youversion
Ikoni ya Utafutaji

သျှင်လုကာ 2

2
အခန်း (၂)
ကိုယ်တော်ယေရှုကို ဖွားတော်မူခြင်း
(သျှင်မဿဲ ၁:၁၈-၂၅)
1ယင်းအချိန်ကာလမာ ရောမဘုရင်ကြီးဩဂုတ္တုက ရောမအင်ပါယာ အုပ်ချုပ်မှုလက်အောက်မာ နီထိုင်ရေလူတိုင်း အိမ်ထောင်စုစာရင်း သွင်းရဖို့လို့ အမိန့်ထုတ်ပြန်ခလီရေ။ 2ဒေပိုင်ပထမဆုံး အိမ်ထောင်စုစာရင်းကို စလို့ ကောက်ယူချိန်မာ ကုရေနိက ဆီးရီးယားပြည်၏ဘုရင်ခံ#2:2ဘုရင်ခံ ဘုရင်ခံဆိုစွာက ပြည်နယ်သျှေတိကို အုပ်ချုပ်သူဖြစ်ပါရေ။ ဖြစ်လီရေ။ 3ယေနန့် လူတိုင်းက သူရို့မွီးဖွားခရေ သူရို့၏အဖိုးအဖီးနီထိုင်ရေမြို့ရွာတိကို အိမ်ထောင်စုစာရင်း သွင်းဖို့လားရလီရေ။
4ယေတွက်နန့် ယောသပ်ကလည်း ဘုရင်ဒါဝိဒ်၏မျိုးရိုးကနီ ဆင်းသက်လာသူ တစ်ယောက်ဖြစ်လို့ ဂါလိလဲပြည် နာဇရက်မြို့က ထွက်ဗျာလ် ဘုရင်ဒါဝိဒ်၏မြို့ဖြစ်တေ ယုဒပြည်ဟိ ဗက်လင်မြို့ကို လားရလီရေ။ 5ယောသပ်က သူနန့်စိစပ်ထားပနာ ကိုယ်ဝန်ဟိနီဗျာလ်ဖြစ်တေ မာရိနန့်တတူ အိမ်ထောင်စုစာရင်းသွင်းဖို့ လားခလီရေ။ 6သူရို့နှစ်ယောက် ဗက်လင်မြို့မာဟိနီစဉ် မာရိက အသျှေမွီးဖို့ နိန့်စိလစိဖြစ်လာရေ။ 7ယေတွက်နန့် မာရိက သားဦးယောက်ကျားသျှေ တစ်ယောက်ကို မွီးဖွားလီရေ။ သူမက အသျှေကို ချီးနှီးဟပ်နန့်ပတ်လို့ နွားအစာကျွေးရေခွက်ထဲမာ သိပ်ထားရလီရေ။ ဇာတွက်နန့်ဆိုကေ ယင်းအချိန်မာ သူရို့အတွက် အာဂန္တုတိတည်းရေအခန်းမာ တည်းဖို့ နီရာမကျန်ဗျာလ်အတွက်နန့် ဖြစ်ပါရေ။
သိုးကျောင်းသားတိနန့် သမ္မာဒေဝနတ်တိ
8ယင်းညဉ့်မာ သိုးကျောင်းသားတစ်ချို့က သူရို့၏သိုးတိကို ဗက်လင်မြို့ အနီးဟိ ကွင်းပြင်တိမာ စောင့်ကြည့်နီကတ်လီရေ။ 9ယင်းအချိန်မာ ဘုရားသျှင်၏သမ္မာဒေဝနတ်တစ်ပါးက သူရို့ရှိ့မာ ဗြုန်းစားကြီး ပေါ်လာပြီးကေ ဘုရားသျှင်၏တောက်ပရေ ကိုယ်ရောင်ကိုယ်ဝါက သူရို့၏ပတ်ပတ်လည်မာ ထထိန်လင်းနီလို့ သိုးကျောင်းသားရို့ကလည်း ကောင်းကောင်း ကြောက်လန့် လားကတ်လီရေ။ 10ယေခါ သမ္မာဒေဝနတ်က သူရို့ကို “မကြောက်ကတ်ပါကေ့။ ငါက လူတိအားလုံးအတွက် အလွန်တရာမှ ဝမ်းသာစရာကောင်းရေ မင်္ဂလာသတင်းကောင်းကို သင်ရို့ဘားကို ယူလာစွာဖြစ်တေ။ 11ဒေညမာ ကယ်တင်သျှင်ဖြစ်တေ မေရှိယအသျှင်က ဘုရင်ဒါဝိဒ်၏မြို့မာ သင်ရို့အတွက် မွီးဖွားခဗျာလ်။ 12သင်ရို့ သူ့ကို ဇာပိုင် သိနိုင်ဖို့လဲဆိုစွာကို ငါ ပြောပြမေ။ သင်ရို့က ချီးနှီးဟပ်နန့်ပတ်ပြီးကေ နွားစာခွက်ထဲမာ သိပ်ထားရေအသျှေကို ရှာတွိ့ကေ သင်ရို့က သူဆိုစွာကို သိကတ်လိမ့်မေ”#2:12 ဒေအရာက ဘုရားသျှင် ပြုလုပ်နီရေ နိမိတ်လက္ခဏာဖြစ်တေ။ လို့ ပြောလီရေ။
13ဗြုန်းကနဲ ရွှီမြို့တော်#2:13 ရွှီမြို့တော် ရွှီမြို့တော်ဆိုစွာက ဘုရားသျှင်ကိန်းဝတ်ရေ နီရာဖြစ်ပါရေ။က တခြားသမ္မာဒေဝနတ်တိကလည်း ယင်းသမ္မာဒေဝနတ်တိနန့်တတူပေါ်လာဗျာလ် ဘုရားသျှင်ကို
14“အမြင့်ဆုံးမာဟိရေရွှီမြို့တော်က ဘုရားသျှင်ကို ချီးမွမ်းပူဇော်ပါရေ။
ဒေကမ္ဘာပေါ်ဟိ ဘုရားသျှင် နှစ်သက်သူအားလုံးဘားမာ အီးချမ်းသာယာမှုဟိပါစီ” လို့
ချီးမွမ်းပူဇော်လီရေ။
15သမ္မာဒေဝနတ်တိက ရွှီမြို့တော်ကို ပြန်လားခရေခါ သိုးကျောင်းသားတိက “ငါရို့ကို သမ္မာဒေဝနတ်တိကနီ တဆင့် ဘုရားသျှင်မိန့်မှာခရေ အဖြစ်ပျက်တိကို ကြည့်ဖို့ ဗက်လင်မြို့ကို လားကတ်မေ” လို့ အချင်းချင်း ပြောကတ်လီရေ။
16ယေပြီးကေ သူရို့က ယင်းနီရာကို အယင် အယင် လားကတ်တေခါ နွားစာခွက်ထဲမာ သိပ်ထားရေ အသျှေနန့်အတူ ယောသပ်၊ မာရိရို့ကို ရှာတွိ့လီရေ။ 17သိုးကျောင်းသားရို့က အသျှေကို တွိ့ရေခါ သမ္မာဒေဝနတ်က ပြောပြခရေ အသျှေနန့်ပတ်သတ်တေ အကြောင်းတိကို လူတိုင်းကို ပြောပြကတ်လီရေ။ 18သိုးကျောင်းသားတိ ပြောပြနီရေ အကြောင်းတိကို ကြားရေလူအားလုံးရို့ကလည်း ကောင်းကောင်း အံ့ဩကတ်လီရေ။ 19ယေကေလည်း မာရိက ဖြစ်ပျက်ခရေအကြောင်းအရာအားလုံးကို သူမစိတ်ထဲမာ မှတ်ထားပြီးကေ ယင်းအကြောင်းတိကို မကြာမကြာ စဉ်းစားနီခလီရေ။ 20သိုးကျောင်းသားတိက သူရို့၏သိုးတိဘားကို ပြန်လားပြီးကေ ဘုရားသျှင်ကို ကောင်းကောင်းချီးမွမ်းပူဇော်ကတ်ပါရေ။ ဇာတွက်နန့်ဆိုကေ သူရို့ မြင်ခစွာ ကြားခစွာတိရေ သမ္မာဒေဝနတ် ပြောခရေအတိုင်း အမှန်ပင် ဖြစ်ပျက်ခရေအတွက်နန့် ဖြစ်ပါရေ။
အသျှေကို ယေရှုလို့ နာမေပီးခြင်း
21ယေပြီးကေ အသျှေမွီးပြီးလို့ သျှစ်ရက်မြောက်တေ နိန့်မာ မောရှေပညတ်ကျမ်း#2:21 မောရှေပညတ်ကျမ်း မောရှေပညတ်ကျမ်းဆိုစွာက ပထမဆုံးဓမ္မဟောင်းကျမ်းစာအုပ် ငါးအုပ်ကို ဆိုလိုပါရေ။မာ ရီးထားရေအတိုင်း အသျှေကို အရီဖျားလှီးမင်္ဂလာ ပြုလုပ်ပီးဖို့ အချိန်ရောက်လာရေခါ မာရိနန့် ယောသပ်ရို့က အသျှေကို သူမကိုယ်ဝန်မဟိစိုင်ကပင် သမ္မာဒေဝနတ် ပြောခရေအတိုင်း ယေရှုလို့နာမေပီး ခလီရေ။ 22မောရှေ ပညတ်ကျမ်းမာ ရီးထားရေအတိုင်း သန့်စင်ခြင်းမင်္ဂလာ#2:22သန့်စင်ခြင်းမင်္ဂလာ သန့်စင်ခြင်းမင်္ဂလာဆိုစွာက မောရှေပညတ်ကျမ်းအရ မမာ့တစ်ယောက်က အသျှေမွီးလိုက်လို့ မသန့်မယှင်းဖြစ်လားရေ။ အသျှေက ယောက်ကျားသျှေဖြစ်ကေ မိခင်က ရက်ပေါင်း ၄၀ကြာအောင်စောင့်ရပနာ ပြန်လို့သန့်ယှင်းဖို့အတွက် ဂျေရုဆလင်မြို့ဟိ ဗိမာန်တော်မာ ပူဇော်ဖို့လုပ်ရပါရေ။ ကို လုပ်ရရေနိန့်တိ ပြီးလားရေခါ မာရိနန့် ယောသပ်ရို့က အသျှေယေရှုကို ဘုရားသျှင်ဘားမာလှူဖို့ ဂျေရုဆလင်မြို့ကို ခေါ်လားလီရေ။ 23သူရို့က ဘုရားသျှင်၏ပညတ်ကျမ်းမာ “သားဦး ယောက်ကျားတိုင်းကို ဘုရားသျှင်ဘားမာ လှူရဖို့” နန့် 24“ဂြိုးငှက်တစ်စုံဖြစ်ဖြစ် ယေမှမဟုတ် ခိုငှက်ငယ်နှစ်ကောင်ဖြစ်ဖြစ် ပူဇော်ရမေ” လို့ ရီးထားရေအတိုင်း ပြုလုပ်ဖို့ ဗိမာန်တော်ကို လာကတ်လီရေ။
ရှုမောင်ချီးမွမ်းပူဇော်ခြင်း
25ယင်းအချိန် ဂျေရုဆလင်မြို့မာ နီထိုင်ရေ ရှုမောင်နာမေဟိရေ လူတစ်ယောက် ဟိလီရေ။ သူက ဖြောင့်မတ်သူတစ်ယောက်ဖြစ်ပနာ ဘုရားသျှင်ကို ကြည်ညိုသူတစ်ယောက်လည်းဖြစ်ပါရေ။ သူက အစ္စရေးလူမျိုးတိကို ကယ်တင်လားဖို့ ဘုရားသျှင် စီလွှတ်လိုက်ရေ မေရှိယအသျှင်ကို စောင့်မျှော်နီသူတစ်ယောက်လည်းဖြစ်ပြီးကေ ဉာဏ်အလင်းတော်ကလည်း သူနန့်တတူဟိလီရေ။ 26ဉာဏ်အလင်းတော်က သူ့ကို “သင်က ဘုရားသျှင်၏မေရှိယကို မဖူးရဘဲ သီလိမ့်မေ မဟုတ်” လို့ ရှိ့အယင်က မိန့်တော်မူခပါရေ။ 27မာရိနန့် ယောသပ်ရို့က ဘုရားသျှင်၏ပညတ်တော်အရ အသျှေကို လှူဖို့ ဗိမာန်တော်ခြံဝင်းသို့ ခေါ်လာရေ အချိန်မာ ဉာဏ်အလင်းတော်က ရှုမောင်ကို ဗိမာန်တော်ခြံဝင်းသို့ ဝင်လားစီဖို့ လမ်းပြခပါရေ။ 28ယေခါ ရှုမောင်က အသျှေယေရှုကို သူ၏လက်နန့်ရွက်ပနာ ဘုရားသျှင်ကို ချီးမွမ်းပူဇော်လီရေ။
29သူက “ဘုရားသျှင်၊ ဘုရားသျှင်က ငါ့ကို ပီးခရေကတိတော်အတိုင်း
အမှန်တကယ် ဖြစ်လာရေအတွက် ဘုရာသျှင်၏ကျွန်ကို အီးချမ်းစွာသီဖို့အခွင့်ကို ပီးပါဖိ။
30ဇာအတွက်နန့်ဆိုကေ လူတိကို ကယ်တင်ဖို့အတွက် ဘုရားသျှင်စီလွှတ်တော်မှုရေ
သူ့ကို ကျွန်တော် မြင်တွိ့ရဗျာလ်ဖြစ်ပါရေ။
31ယေပြီးကေ လူတိအားလုံးကလည်း
သူရို့အတွက် ဘုရားသျှင်ပြင်ဆင်ပီးသူကို မြင်တွိ့ရဖို့ဖြစ်တေ။
32ယင်းသူက ဂျူးလူမျိုးမဟုတ်သူများကို ဘုရားသျှင်ကို သိအောင်ပြဖို့အလင်းရောင်ဖြစ်ပြီးကေ
ဘုရားသျှင်၏အစ္စရေးလူမျိုးများအား လေးစားခံရအောင်ပြုလုပ်ပီးလိမ်မေ” လို့
ချီးမွမ်းပူဇော်လီရေ။
33မာရိနန့်ယောသပ်ရို့ကလည်း ရှုမောင်ပြောပြရေ အသျှေယေရှု အကြောင်းကိုကြားဗျာလ် အံ့ဩနီကတ်လီရေ။ 34ယေပြီးကေ ရှုမောင်က သူရို့ကို ကောင်းချီးမင်္ဂလာစကားကိုပြောပနာ မာရိကို “ဘုရားသျှင်က ဒေအသျှေကို အစ္စရေးပြည်မာဟိရေလူအများကြီးကို အပြစ်ပီးဖို့နန့် ကယ်တင်ဖို့ ရွီးချယ်တော်မူပါရေ။ ဒေအသျှေက ဘုရားသျှင်ဘားက နိမိတ်လက္ခဏာတစ်ခုဖြစ်ကေလည်း လူအများရို့ လက်မခံစွာကို ခံရလိမ့်မေ။ 35ယေအတွက်နန့် သူက လူအများရို့၏စိတ်နှလုံးထဲက အကြံစိုင်တိကို ပေါ်ထွက်လာစီပြီးကေ သင်ကလည်း သင်၏နှလုံးသားကို စူးနီရေဒါးတစ်ချောင်းက စိုက်လားရေပိုင် ကကောင်းပပြင်း ဝမ်းနည်းပူဆွီးရလိမ့်မေ” လို့ ပြောလီရေ။
အန္န၏သက်သီခံခြင်း
36ယင်းနီရာမာ အာရှာမျိုးနွယ်ဝင် ဖနွေလ၏သမီးဖြစ်သူ ပရောဖက်အန္နလည်းဟိနီပနာ ကောင်းကောင်းအိုနီဗျာလ်ဖြစ်ပါရေ။ သူမက အိမ်ထောင်ကျပြီးကေ လင်နန့်တတူ ခနစ်နှစ်ကြာအောင် နီထိုင်ခလီရေ။ ယေပြီးကေ သူ၏လင်က သီလားခလီရေ။ 37အဂု သူမက မုဆိုးမ တစ်ယောက်ဖြစ်ပြီးကေ အသက်သျှစ်ဆယ့်လေးနှစ်ဖြစ်ပနာ အိုနီဗျာလ် ဖြစ်ပါရေ#2:37 တစ်ချို့ကျမ်းစာတိမာ “သူမက မုဆိုးမဖြစ်နီစွာက သျှစ်ဆယ့်လေးနှစ်ဟိပါဗျာလ်” လို့ ဖော်ပြထားပါရေ။။ သူမက ဗိမာန်တော်ကနီ တစ်ခါလည်း မထွက်ဘဲ ဘုရားဝတ်ပြုဆုတောင်းစွာ၊ မကြာခဏ အစာမစားဘဲနန့် ဥပုသ်စောင့်စွာတိကို နိန့်စိုင် ညစိုင် ဆောက်တည်နီသူလည်း ဖြစ်ပါရေ။ 38ယင်းအချိန်မာပင် သူမက ထိုနီရာကိုရောက်လာပြီးကေ ဘုရားသျှင်ကို စလို့ချီးမွမ်းပူဇော်ဗျာလ် ဂျေရုဆလင်မြို့ဟိ လူအများရို့ကို ကယ်တင်ဖို့ ဘုရားသျှင် စီလွှတ်ရေ မေရှိယအသျှင်ကို စောင့်မျှော်နီရေ ယင်းနီရာမာဟိရေလူတိုင်းအား ဒေအသျှေအကြောင်းကို ပြောပြလီရေ။
နာဇရက်မြို့ကိုပြန်ခြင်း
39ယေပြီးကေ ယောသပ်နန့်မာရိရို့က ဘုရားသျှင်၏ပညတ်တော်တိကို ကျီအောင်လုပ်ပြီးရေခါ ဂါလိလဲပြည်ဟိ နာဇရက်မြို့က သူရို့၏အိမ်ကို ပြန်လားခလီရေ။ 40အသျှေကြီးလာရေအခါမာ ကျိုင်းမာသန့်စွမ်းပနာ ဉာဏ်ပညာနန့်ပြည့်စုံဗျာလ် ဘုရားသျှင်ကောင်းချီးမင်္ဂလာ ပီးစွာကိုခံရလီရေ။
အသျှေယေရှု ဗိမာန်တော်မာဟိနီခြင်း
41နှစ်စိုင် နှစ်တိုင်း မာရိနန့် ယောသပ်ရို့က ပသခါပွဲတော်#2:41 ပသခါပွဲတော် ပသခါပွဲတော်ကို တဆီးမဲ့မုန့်ပွဲတော်လို့လည်း ခေါ်ကတ်ပြီးကေ အစ္စရေးလူမျိုးတိ အီဂျစ်ပြည်မာ ဟိရေ ကျွန်ဘဝကနီ လွတ်မြောက်လာရေ အထိမ်းအမှတ်အနီနန့် ဂျေရုဆလင်မြို့မာ ပြုလုပ်ရေ ပွဲတော်ဖြစ်ပါရေ။ ချဖို့အတွက် ဂျေရုဆလင်မြို့ကို လားလိဟိကတ်ပါရေ။ 42ယေရှု အသက်ဆယ့်နှစ်နှစ်အရွယ်မာ သူရို့အားလုံးက ပသခါပွဲတော်ချဖို့အတွက် ဂျေရုဆလင်မြို့ကို ပုံမှန်လားနီကျအတိုင်း လားခကတ်လီရေ။ 43ပသခါပွဲတော်ရက်တိပြီးရေခါ မာရိနန့် ယောသပ်ရို့က ကလွေသျှေယေရှု ဂျေရုဆလင်မြို့မာ နီခစွာကို မသိခဘဲ အိမ်ကိုပြန်လားကတ်လီရေ။ 44သူရို့က ကလွေသျှေယေရှုကို သူရို့နန့်တတူ ပြန်လာရေလူတိကြားထဲမာ ပါလာရေထင်ပြီးကေ တစ်ရက်လုံးကြာအောင် ခရီးဆက်လားကတ်ပါရေ။ ယေခါမှ သူရို့က ကလွေသျှေယေရှုကို အမျိုးတိနန့်အသိတိကြားမာ လိုက်ဗျာလ် စလို့ ရှာကတ်လီရေ။ 45ယေကေလည်း သူရို့ ကလွေသျှေယေရှုကို ရှာလို့မတွိ့ရေအတွက်နန့် သူကိုရှာဖို့ ဂျေရုဆလင်မြို့ကို ပြန်လားကတ်ပါရေ။ 46သုံးရက်လောက် ကြာရေခါ သူရို့က ကလွေသျှေယေရှုကို ဗိမာန်တော်ခြံဝင်းထဲဟိ ဂျူးဘာသာရေး ဆရာတိကြားမာ ထိုင်နီစွာကို တွိ့ကတ်ပါရေ။ သူက သူရို့သွန်သင်စွာတိကို နားထောင်ပြီးကေ သူရို့ကို မိန်းခွန်းတိ ပြန်လို့ မိန်းခလီရေ။ 47ကလွေသျှေယေရှု၏စကားတိကို ကြားရေလူတိုင်းက သူ၏နားလည်နိုင်စွမ်းနန့် ပြန်လို့ ဖြေနီစွာတိကို အံ့ဩနီကတ်လီရေ။ 48ယောသပ်နန့်မာရိရို့ကလည်း ကလွေသျှေယေရှုကို တွိ့ရေအခါ သူရို့က ကောင်းကောင်းအံ့ဩလားပနာ မာရိက “သား၊ ဇာအတွက်နန့် ငါရို့ကို ဒေပိုင်လုပ်ရစွာလဲ။ ငါနန့် သင်၏အဖက ကောင်းကောင်းစိတ်ပူဗျာလ် ရှာနီကတ်ရရေ” လို့ ပြောလီရေ။
49ယေခါ ကလွေသျှေယေရှုက သူရို့ကို “ဇာအတွက်နန့်သားကို လိုက်ရှာနီကတ်စွာလဲ။ သားက အဖ၏အိမ်တော်မာ ဟိနီစွာကို မသိပါလား” လို့ ပြန်လိုဖြေပါရေ။ 50ယေကေလည်း သူရို့က ကလွေသျှေယေရှု ပြောချင်ရေ အဓိပ္ပါယ်ကို နားမလည်ခကတ်ပါ။
ဘုရားသျှင်ရှိ့နန့် လူတိရှိ့မာ မင်္ဂလာဟိခြင်း
51ယေပြီးကေ ကလွေသျှေယေရှုက ယောသပ်နန့်မာရိရို့နန့်တတူ နာဇရက်မြို့ကို ပြန်ဗျာလ် သူရို့စကားကို ရက်ပြတ်နားထောင်လို့နီလီရေ။ ယေကေလည်း သူ၏အမိကလည်း ဖြစ်ပျက်ခရေ အကြောင်းအရာတိကို သူမ၏စိတ်နှလုံးထဲမာ မကြာမကြာ စဉ်းစားနီခလီရေ။ 52ယေပြီးကေ ကိုယ်တော်ယေရှုကြီးလာရေအခါ ခန္ဓာကိုယ် ကျိုင်းမာသန့်စွမ်းပနာ ဉာဏ်ပညာနန့် ပြည့်စုံလီရေ။ သူက ဘုရားသျှင်နန့် လူအများရို့၏မျက်နှာပီးစွာကို ခံရလီရေ။

Kuonyesha

Shirikisha

Nakili

None

Je, ungependa vivutio vyako vihifadhiwe kwenye vifaa vyako vyote? Jisajili au ingia