က~မ္ဘာ~ဦး~ကျမ်း။ 34
34
1ယာ ကုပ် မ ယား လေ အာ ဖွား မြင် သော သ မီး ဒိ န သည် ထို ပြည် သူ တို့ ကို အ ကြည့် အ ရှု သွား ရာ၊ 2၎င်း ပြည် ရှိ မင်း ဟိ ဝိ လူ မျိုး ဟာ မော်၏ သား ရှေ ခင် မြင် လျှင် ဆောင် ယူ အိပ် စက်၍ အ သ ရေ ရှုတ် ချ လေ ၏။ 3ယာ ကုပ် သ မီး ဒိန ကို ချစ် ခင် စွဲ လမ်း သော ကြောင့် ထို သ တို့ သ မီး အား မေ တ္တာ စ ကား ကို ပြော ဆို သည့် ပြင် 4အ ဘ ဟာ မော် မင်း အား လည်း ထို သ တို့ သ မီး ကို ကျွန် တော့် ခင် ပွန်း ဖြစ် စေ ခြင်း ငှါ တောင်း ဆို ပါ ဟု လျှောက် လေ ၏။ 5ယာ ကုပ် သည် သ မီး ဒိ န ကို ရှေ ခင် ဖျက် ဆီး ကြောင်း ကြား သိ သော် တိ ရ စ္ဆာန် များ ကို စား ကျက် တွင် ထိန်း ကျောင်း သော သား တို့ မ ပြန် မီ ဆိတ် ဆိတ် နေ လေ၏။ 6ထို ကာလ ရှေ ခင့် အ ဘ ဟာ မော် သည် ယာ ကုပ် ထံ ကြောင်း လမ်း ရန် လာ ၏။ 7ယာ ကုပ် သား တို့ လည်း သ တင်း ကြား ရ သော အ ခါ စား ကျက် မှ ပြန် လာ၍ ထို သူ သည် ယာ ကုပ် သ မီး နှင့် အိပ် စက်၍ ဣ သ ရေ လ လူ မျိုး တွင် မ ပြု အပ် သော ယုတ် မာ မှု ကို ပြု ကျင့် သော ကြောင့် စိတ် နာ လျက် အ လွန် ဒေါ သ ထွက် ကြ ၏။ 8ဟာ မော် လည်း သူ တို့ ထံ ကြောင်း လမ်း၍ သင် တို့ သ မီး ကို ငါ့ သား ရှေ ခင် ခင် တွယ် လှ၍ ထိမ်း မြား ကြ ပါ လော့။ 9သင် တို့ သည် ငါ တို့ နှင့် အ မျိုး အ ချင်း ချင်း အိမ် ထောင် ဘက် ပြု လျက် သင် တို့ သ မီး များ ကို ထိမ်း မြား ကြ လော့။ ငါ တို့ သ မီး များ ကို လည်း သိမ်း ပိုက် ကြ လော့။ 10ငါ တို့ ပြည် သည် သင် တို့ ရှေ့ တွင် ရှိ သည် ဖြစ်၍ ငါ တို့ နှင့် အ တူ နေ ကြ လော့။ ကူး သန်း ရောင်း ဝယ်၍ ဤ ပြည် တွင် အ ပိုင် ရ ယူ ကြ လော့ ဟု ဆို လေ၏။ 11ရှေ ခင် က လည်း သင် တို့ စိတ် နှင့် သာ တွေ့ ပါ ရ စေ။ တောင်း ဆို သ မျှ ကို တင် သွင်း ပါ မည်။ 12ကန် တော့ ဥ စ္စာ ဖြစ် စေ၊ ခန်း ဝင် ဥ စ္စာ ဖြစ် စေ၊ နည်း များ မ ဟူ တောင်း ဆို သည့် အ တိုင်း ပေး ပါ မည်။ ဤ သ တို့ သ မီး ကို ထိမ်း မြား ကြ ပါ ဟု အ ဘ နှင့် မောင် တို့ အား ဆို လေ ၏။
13နှ မ ဒိ န ကို ရှေ ခင် ဖျက် ဆီး သည့် အ ကြောင်း ကြောင့် ရှေ ခင် နှင့် အ ဘ ဟာ မော် တို့ အား ပ ရိ ယာယ် ဖြင့် ယာ ကုပ် သား တို့ ပြန် ပြော သည် မှာ၊ 14အ ကျွန်ုပ် တို့ နှ မ ကို လှီး ဖြတ် ခြင်း မင်္ဂ လာ မ ခံ သော သူ နှင့် မ ထိမ်း မြား နိုင် ပါ။ ထိမ်း မြား လျှင် ကဲ့ ရဲ့ ဖွယ် အ ကြောင်း ဖြစ် ပါ ၏။ 15သင် တို့ သည် အ ကျွန်ုပ် တို့ ကဲ့ သို့ ယောက်ျား တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ လျှင် အ ကျွန်ုပ် တို့ သ ဘော တူ ကြ ပါ မည်။ 16သို့ ပြု လျှင် အ ကျွန်ုပ် တို့ သ မီး များ ကို သင် တို့ နှင့် ထိမ်း မြား၍ သင် တို့ သ မီး များ ကို လည်း သိမ်း ပိုက် သ ဖြင့် အ တူ နေ ထိုင်၍ တစ် မျိုး တည်း ဖြစ် ကြ လိမ့် မည်။ 17သို့ တည်း မ ဟုတ်၊ အ ကျွန်ုပ် တို့ စ ကား ကို မ နာ မ ယူ။ ထို မင်္ဂ လာ ကို မ ခံ လျှင် သ တို့ သ မီး ကို ပြန် သိမ်း ၍ ထွက် သွား မည် ဟု ဆို ကြ ၏။ 18ထို စ ကား ကို ဟာ မော် နှင့် သား ရှေ ခင် တို့ နှစ် သက် ကြ၍၊ 19ထို သ တို့ သား သည် အ ဘ၏ အ မျိုး သား ချင်း အ ပေါင်း တို့ ထက် ဂုဏ် အ သ ရေ ရှိ သော် လည်း ယာ ကုပ် သ မီး ကို နှစ် သက် သော ကြောင့် ၎င်း မင်္ဂ လာ ကို ခံ ရန် ဖင့် နွှဲ သည် မ ဟုတ်။
20ထို အ ခါ ဟာ မော် နှင့် သား ရှေ ခင် တို့ သည် သူ တို့ မြို့ တံ ခါး သို့ ဝင်၍ မြို့ သား တို့ နှင့် တိုင် ပင် သည် မှာ၊ 21အ ချင်း တို့၊ ဤ သူ တို့ သည် ငါ တို့ နှင့် သင့် တင့် ပြီး ဖြစ်၍ ငါ တို့ ပြည် တွင် နေ လျက် ကူး သန်း ရောင်း ဝယ် ခွင့် ရှိ ကြ ပါ စေ။ ငါ တို့ ပြည် သည် သူ တို့ နေ သာ အောင် ကျယ် ဝန်း ပါ၏။ သူ တို့ သ မီး များ ကို သိမ်း ပိုက်၍ ငါ တို့ သ မီး များ ကို လည်း သူ တို့ နှင့် ထိမ်း မြား ကြ ကုန် အံ့။ 22သို့ ရာ တွင် ထို သူ တို့ သည် လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ကြ သ ကဲ့ သို့ ငါ တို့ လည်း ယောက်ျား တိုင်း ခံ မှ သာ လျှင် ငါ တို့ နှင့် အ တူ နေ လျက် တစ် မျိုး တည်း ဖြစ် စေ ခြင်း ငှါ သူ တို့ သ ဘော တူ ကြ လိမ့် မည်။ 23သူ တို့ နွား သိုး မှ စ သော အ တွင်း အ ပြင် ဥ စ္စာ ရှိ သ မျှ သည် ငါ တို့ ပိုင် ဖြစ် လိမ့် မည် မ ဟုတ် လော။ ငါ တို့ နှင့် အ တူ နေ ကြ စေ ရန် သူ တို့ အ လို သို့ လိုက် ကြ ကုန် အံ့ ဟု ပြော ဆို သော်၊ 24ဟာ မော် နှင့် သား ရှေ ခင် တို့ စ ကား ကို မြို့ တံ ခါး ဖြင့် ထွက် ဝင် ပိုင် သူ အ ပေါင်း တို့ သည် နာ ခံ၍ ယောက်ျား ရှိ သ မျှ ထို မင်္ဂ လာ ကို ခံ ကြ ကုန် ၏။
25သုံး ရက် မြောက် သော နေ့ တွင် နာ ကျင် လျက် ရှိ ကြ ဆဲ အ ခါ ယာ ကုပ် သား၊ ဒိ န မောင်၊ ရှိ မောင် နှင့် လေ ဝိ နှစ် ယောက် တို့ သည် ဓား လက် နက် စွဲ ကိုင် လျက် ဘေး မ မျှော် မြင် သော ထို မြို့ ကို တိုက် ခိုက်၍ ယောက်ျား အ ပေါင်း တို့ ကို သတ် ကြ ၏။ 26ဟာ မော် နှင့် သား ရှေ ခင် တို့ ကို လည်း ဓား ဖြင့် သတ် ပြီး လျှင် နှ မ ဒိ န ကို ရှေ ခင့် အိမ် မှ ပြန် သိမ်း ထွက် သွား ကြ ၏။ 27နှ မ ကို ဖျက် ဆီး သော ကြောင့် ယာ ကုပ် သား တို့ သည် သတ် ပြီး အ လောင်း များ ရှိ ရာ သို့ သွား ပြီး လျင် မြို့ ကို လု ယက် ဖျက် ဆီး သ ဖြင့်၊ 28သိုး၊ ဆိတ်၊ နွား၊ မြည်း မှ စ သော မြို့ တွင်း မြို့ ပြင် ရှိ ဥ စ္စာ များ ကို လက် ရ သိမ်း ယူ ၍၊ 29စည်း စိမ် နှင့် တ ကွ မ ယား၊ သူ ငယ်၊ အိမ် တွင် ရှိ သ မျှ ကို ပင် သုံ့ ပန်း လု ယူ ကြ ၏။ 30ထို နောက် ယာ ကုပ် က ခါ န နိ လူ၊ ဖေ ရ ဇိ လူ ဖြစ် သော ဤ ပြည် သား တို့ စက် ဆုပ် ရွံ ရှာ အောင် သင် တို့ သည် ငါ့ အား ဒု က္ခ ပေး ကြ သည် တ ကား။ ငါ၌ လူ အ ရေ အ တွက် နည်း ပါး သော ကြောင့် ထို သူ တို့ စု ရုံး ၍ တိုက် ခိုက် သ ဖြင့် ငါ နှင့် တ ကွ အိမ် သူ အိမ် သား တို့ ကို ဖျက် ဆီး ကြ လိမ့် မည် ဟု ရှိ မောင် နှင့် လေ ဝိ တို့ အား ဆို လေ သော်၊ 31ထို သူ တို့ က ကျွန် တော် တို့ နှ မ ကို ပြည် တန် ဆာ ကဲ့ သို့ ပြု ရာ သ လော ဟု ပြန် လျှောက် ကြ ၏။
المحددات الحالية:
က~မ္ဘာ~ဦး~ကျမ်း။ 34: GHB
تمييز النص
شارك
نسخ

هل تريد حفظ أبرز أعمالك على جميع أجهزتك؟ قم بالتسجيل أو تسجيل الدخول
Garrad Holy Bible © Bible Society of Myanmar, 1928.