YouVersion Logo
Search Icon

ယောဟန် 11

11
လာဇရု သေဆုံးခြင်း
1 # လု ၁၀.၃၈,၃၉ ဗေသနိရွာမှာနေလဲ့ လာဇရုလို့ ခေါ်လဲ့ လူတယောက်ဟ ဖျားနာလျက် ဆိအယ်။ ဗေသနိရွာတွင် ညီအမဖြစ်ကြသော မာရိနဲ့ မာသလို့ နေထိန်ကြအယ်။ 2#ယော ၁၂.၃ဟေမာရိဟ သခင်ဘုရားရဲ့ ခြေဟို ဆီမွှေးသွန်းလောင်းယွေ့ မိမိဆံပင်ဖြင့် သုတ်ပေးသူ ဖြစ်အယ်၊ ဖျားနာနေသူလာဇရုဟ သူမရဲ့ မောင်ငယ် ဖြစ်အယ်။ 3ညီအမလို့ဟ ယေရှုဆေဟို စေလွှတ်ယွေ့ “သခင်ဘုရား၊ အဆှင်ချစ်သောသူဟ ဖျားနာလျက် နေအယ်” ဟု ပြောလေအယ်။
4ယေရှုဟ ဟေစကားဟို ကြားရင်၊ “ဟေအနာဟ သေနာ မဟုတ်၊ ဘုရားသခင်ရဲ့ ဘုန်းဟို ထင်ဆှားစေသော အနာဖြစ်အယ်၊ အေးအနာကျောန့် ဘုရားသခင်ရဲ့ သားတော်ဟလည်း ဘုန်းထင်ဆှားခြင်း ဆိလိမ့်မယ်” ဟု မိန့်လေအယ်။
5ယေရှုဟ မာသနဲ့ သူမရဲ့ ညီမဟို လည်းကောင်း၊ လာဇရုဟို လည်းကောင်း ချစ်အယ်။ 6လာဇရု ဖျားနာနေတာဟို သတင်းကြားသောအခါ ကိုယ်တော်ဟ မိမိရောက်ဆိသောအရပ်တွင် နေရက်တိုင်တိုင် ဆက်ယွေ့ နေလေအယ်။ 7အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့အား “ယုဒပြေဟို ငါလို့ နောက်တခါ သွားရအောန်” ဟု မိန့်လေအယ်။
8တဘဲ့တော်လို့ဟ “ဆရာ၊ ယုဒလူလို့ဟ ကိုယ်တော်အား မကြာခင်ဟပင် ခဲနဲ့ ပစ်ရန် ကြိုးစားကြအယ်၊ အေးအရပ်ဟို တဖန်သွားအုံးမယ်လော” ဟု ဆှောက်ကြအယ်။
9ယေရှုဟ “တနေ့တွင် တဆယ့်နေနာရီ ဆိအယ် မဟုတ်လော။ နေ့အချိန်နှိုက် သွားလာသောသူဟ နေရဲ့ အလင်းရောင်ဟို မျော်သောကျောန့် ခလုတ်မတိုက်ဘဲ ကောင်းစွာ သွားလာနိန်အယ်။ 10ညအချိန်နှိုက် သွားလာသောသူဟ အလင်းရောင်ဟို မရသောကျောန့် ခလုတ်တိုက်ယွေ့ လဲတတ်အယ်” ဟု မိန့်လေအယ်။ 11ယေရှုဟ ဟေလို့မိန့်ပင်းနောက် “ငါလို့ရဲ့ မိတ်ဆွေဖြစ်သော လာဇရုဟ အိပ်မွေ့လျက် နေအယ်၊ သူ့ဟို နိုးဖို့ ငါသွားမယ်” ဟု မိန့်အယ်။
12ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ “သခင်ဘုရား၊ သူဟ အိပ်မွေ့လျက်နေရင် ကျန်းမာလာလိမ့်မယ်” ဟု ဆှောက်ကြအယ်။
13ယေရှုဟ လာဇရုသေကျောန်းဟို ရည်ရွယ်ပင်း မိန့်အယ်၊ အဲလိုလဲ ပုံမန် အိပ်မွေ့လျက် နေကျောန်းဟို ဆိုတာ ဟု ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ ထင်ခဲ့အယ်။ 14အဲလိုမို့ ယေရှုဟ သူလို့အား “လာဇရုဟ သေပီ၊ 15နင်လို့ ယုံကြည်လာစေရန် အေးအရပ်နှိုက် ငါမဆိခဲ့သောကျောန့် နင်လို့အတွက် ငါဝမ်းမြောက်အယ်။ အဲလိုလဲ သူ့ဆေဟို သွားကြမယ်” ဟု ဆှင်းဆှင်းလင်းလင်း ပြောအယ်။
16အမြွှာပူးဟု ခေါ်လဲ့ သောမဟ မိမိရဲ့အဖော် တဘဲ့တော်လို့အား “ငါလို့အားလုံးဟလည်း ကိုယ်တော်နဲ့အတူ အသေခံရန် လိုက်သွားကြရအောန်” ဟု ပြောအယ်။
ယေရှု အသက်ဆှင်ခြင်းနဲ့ ဆှင်ပြန်ထမြောက်ခြင်း
17ယေရှု ရောက်လာသောအခါ လာဇရုဟို သင်္ဂြိုဟ်ယွေ့ လုတ်တိုင်းနှိုက် လေးရက်မျှဆိပီဖြစ်ကျောန်းဟို တွေ့ဆိအယ်။ 18အခု ဗေသနိရွာဟ ယေရုရှလင်မြို့မှ နေမိုင်အကွာနှိုက်ဆိတာဖြစ်ယွေ့၊ 19ရမ်းဆာ့သောယုဒလူဟလည်း မာရိနဲ့ မာသလို့ရဲ့ မောင်ငယ် သေဆုံးသောကျောန့် သူလို့ဟို နှစ်သိမ့်ရန် လာရောက်ကြအယ်။
20မာသဟ ယေရှု လာရောက်ကျောန်းဟို ကြားသောအခါ ကိုယ်တော်ဟို ခရီးဦးကြိုရန် ထွက်သွားအယ်၊ အဲလိုလဲ မာရိဟ နေအိုင်တွင် ထိန်လျက်နေအယ်။ 21မာသဟ ယေရှုအား “သခင်ဘုရား၊ ဟေအရပ်တွင် ကိုယ်တော်ဆိခဲ့ရင် ကျွန်မရဲ့ မောင် သေမှာမဟုတ်ဝူး။ 22အဲလိုလဲ ဘုရားသခင်ဆေ ကိုယ်တော်တောင်းသမျှလို့ဟို ကိုယ်တော်အား ဘုရားသခင် ပေးမယ်ဟို ကျွန်မသိပါအယ်” ဟု ဆှောက်အယ်။
23ယေရှုဟလည်း “နင်ရဲ့မောင်ငယ် အသက်ပြန်ယွေ့ ဆှင်လိမ့်မယ်” ဟု သူမအား မိန့်အယ်။
24မာသဟ “နောက်ဆုံးသောနေ့နှိုက် သေသောသူလို့ ဆှင်ပြန်ထမြောက်သောကာလတွင် သူဟ အသက်ပြန်ယွေ့ ဆှင်မည်ဟို ကျွန်မသိအယ်” ဟု ဖြေအယ်။
25ယေရှုဟ “ငါဟ ထမြောက်ခြင်းနဲ့ အသက်ဆှင်ခြင်းအကျောန်း ဖြစ်အယ်။ ငါ့ဟို ယုံကြည်သောသူဟ သေသော်လည်း ဆှင်လိမ့်မယ်။ 26ငါ့ဟို ယုံကြည်ယွေ့ အသက်ဆှင်သောသူဆိသမျှလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ ဟေအရာဟို နင် ယုံကြည်သလော” ဟု မေးအယ်။
27မာသဟ “ယုံကြည်ပါအယ်၊ သခင်ဘုရား၊ ကိုယ်တော်ဟ ဟေလောကဟို ကြွလာမဲ့ ဘုရားသခင်ရဲ့ သားတော် မေဆှိယဖြစ်တာဟို ကျွန်မ ယုံကြည်အယ်” ဟု ပြန်ပြောအယ်။
ယေရှု ငိုကခြင်း
28ဟေလို့ဆှောက်ပင်းနောက် မာသဟ ပြန်သွားယွေ့ မိမိရဲ့ညီမ မာရိဟို တိတ်တိတ်လေးခေါ်ပင်း “ဆရာ ရောက်လာပီ၊ နင့်ဟို မေးနေအယ်” ဟု ပြောလေအယ်။ 29မာရိဟ အေးစကားဟို ကြားသောအခါ ခပ်သုတ်သုတ် ထယွေ့ ကိုယ်တော်ဆေဟို သွားလေအယ်။ 30အဲအခါ ယေရှုဟ ရွာထဲဟို မဝင်သေးဘဲ မာသ ခရီးဦးကြိုပြုသောအရပ်နှိုက် ဆိလေအယ်။ 31မာရိအား နှစ်သိမ့်စကားပြောရန် နေအိုင်တွင် ဆိနေသော ယုဒလူလို့ဟ မာရိ ခပ်သုတ်သုတ်ထယွေ့ ထွက်သွားတာဟို မျော်ကြရင် ငိုကဖို့ လုတ်တိုင်းဟို သွားတာ ဟု ထင်ကြအယ်။ အေးကျောန့် သူလို့ဟ မာရိရဲ့ နောက်ဟို လိုက်ကြအယ်။
32မာရိဟ ယေရှု ဆိသောအရပ်ဟို ရောက်ယွေ့ ကိုယ်တော်ဟို မျော်သောအခါ ခြေတော်ရင်းနှိုက် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဟေအရပ်နှိုက် ကိုယ်တော်ဆိရင် ကျွန်မရဲ့မောင်ငယ် သေမှာမဟုတ်ဝူး” ဟု ဆှောက်လေအယ်။
33ယေရှုဟ မာရိ ငိုကနေတာဟို လည်းကောင်း၊ သူနောက်လိုက်လာသော ယုဒလူလို့ ငိုကနေတာဟို လည်းကောင်း မျော်သောအခါ ရမ်းဆာ့ညှိုးငယ်ခြင်း၊ စိတ်နေလုံးပူပန်ခြင်း ဖြစ်လေအယ်။ 34ကိုယ်တော်ဟ “သူ့အလောင်းဟို ပစာနားမှာ သင်္ဂြိုဟ်ကြတုန်း” ဟု မေးအယ်။
အေးသူလို့ဟ “သခင်ဘုရား၊ ကြွယွေ့ ကျေ့မန့်” ဟု ဆှောက်အယ်။
35ယေရှုဟ ငိုကအယ်။ 36အဲပင်းရင် ယုဒလူလို့ဟ “ကျေ့မန့် လာဇရုဟို ရမ်းဆာ့ချစ်အယ်” ဟု ပြောကြအယ်။
37အဲလိုလဲ သူလို့ထဲမှ အချို့လို့ဟ “မျက်စေ့ကန်းသောသူဟို မျော်စေသောသူဟ လာဇရုဟို မသေစေရန် မတတ်နိန်သလော” ဟု ဆိုကြအယ်။
ယေရှုဟ လာဇရုဟို သေခြင်းမှ ထမြောက်စေခြင်း
38တဖန် ယေရှုဟ ရမ်းဆာ့ညှိုးငယ်သောစိတ်နဲ့ လုတ်တိုင်းဂူဟို ကြွလေအယ်။ အေးဂူဟ ကျောက်ဂူဖြစ်ပင်း အဝင်ဝဟို ကျောက်တုံးနဲ့ ပိတ်ထားအယ်။ 39ယေရှုဟ “ကျောက်တုံးဟို တောကြလော” ဟု မိန့်အယ်။
သေလွန်သောသူရဲ့အမ မာသဟ၊ “သခင်ဘုရား သူ့ဟို သင်္ဂြိုဟ်တာ လေးရက်ဆိပီ ဖြစ်ယွေ့ အခုဆိုရင် အပုပ်နံ့ ထွက်နေလိမ့်မယ်” ဟု ဆှောက်အယ်။
40ယေရှုဟ “နင် ယုံကြည်ရင် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို မျော်ရလိမ့်မယ်ဟူယွေ့ ငါပြောပီ မဟုတ်လော” ဟု မိန့်အယ်။ 41အဲလိုမို့ သူလို့ဟ ကျောက်တုံးဟို တောလိုက်ကြအယ်။ ယေရှုဟ အထက်ဟိုမော့ကျေ့လျက် “အဖ၊ ငါတောင်းဆှောက်တာဟို နားထောင်သောကျောန့် ကိုယ်တော်ဟို ကျေးဇူးတင်အယ်။ 42ကိုယ်တော်ဟ ငါရဲ့ ဆုတောင်းသံဟို အမြဲနားထောင်ကျောန်း ငါသိအယ်၊ အဲလိုလဲ ဟေလို့ တောင်းဆှောက်ခြင်းဟ ဝန်းရံလျက်ဆိသော လူလို့ရဲ့အကျိုးအတွက်ဖြစ်ပင်း ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်း သူလို့ ယုံကြည်စေရန်အတွက် ဖြစ်အယ်” ဟု ဆိုအယ်။ 43အဲသို့မိန့်ပင်းနောက် ကျယ်လောင်သော အသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟု ခေါ်လေအယ်။ 44အေးအခါ သေလွန်သောသူဟ မိမိခြေလက်နှိုက် အဝတ်ဖြင့် ပတ်လျက်၊ မျက်နှာဟိုလည်း ပဝါနဲ့ စည်းလျက် ထွက်လာအယ်။ ယေရှုဟလည်း “သူ့အား ပတ်ထားလဲ့ အဝတ်လို့ဟို ဖြေပေးပင်း သွားခွင့်ပေးလော့” ဟု မိန့်အယ်။
ယေရှုဟို သတ်ရန် ကြံစည်ခြင်း
(မဿဲ ၂၆.၁–၅; မာကု ၁၄.၁–၂; လုကာ ၂၂.၁–၂)
45အဲလို့မို့ မာရိဆေဟို လာသော ရမ်းဆာ့သော ယုဒလူလို့ဟ ယေရှု ပြုသောအမှုဟို မျော်ရင်၊ ကိုယ်တော်ဟို ယုံကြည်ကြအယ်။ 46အဲလိုလဲ အချို့လို့ဟ ဖာရိရှဲလို့ဆေဟို သွားယွေ့ ယေရှု ပြုသောအမှုဟို ကြားပြောကြအယ်။ 47အေးအခါ ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ ယုဒတရားလွှတ်တော်နှိုက် စည်းဝေးစေပင်းရင် “ငါလို့ဟ စလို ပြုလျက်နေကြတုန်း၊ အေးသူဟ အံ့ဩဖွယ်သော နိမိတ်လက္ခဏာဟို ပြလျက်နေအယ်။ 48သူ့ဟို ဟေအတိုင်းလွှတ်ထားရင် လူအားလုံးလို့ဟ သူ့ဟို ယုံကြည်ကြလိမ့်မယ်၊ အေးအခါ ရောမအာဏာပိုင်လို့ဟ လာယွေ့ ငါလို့ရဲ့ ဗိမာန်တော်နဲ့ ငါလို့ရဲ့ လူမျိုးလို့ဟို ဖျက်ဆီးကြလိမ့်မယ်” ဟု ဆိုကြအယ်။
49အေးသူလို့ထဲမှ တဦးဖြစ်ပင်း အေးနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ နာမယ်ဆိသောသူဟ “နင်လို့ဟ ပစာအရာဟိုမျှ မသိကြ။ 50ယုဒလူမျိုးလို့ သေကျေပျက်စီးတာထက်၊ လူမျိုးလို့အတွက် လူတယောက်သေရတာဟ နင်လို့အဖို့ ပိုယွေ့ ကောင်းတာဟို နင်လို့ မသိကြသလော” ဟု ဆိုအယ်။ 51အေးစကားဟို ကိုယ်အလိုအလျောက် ပြောဆိုခြင်းမဟုတ်၊ သူဟ အဲနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက် ယေရှုဟ ယုဒလူမျိုးများအတွက် အသေခံရမယ်ဖြစ်ကျောန်းနဲ့ 52အေးလူမျိုးအတွက် သာမက ကွဲပြားလျက်ဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်လို့ဟို အတူစုဝေးစေရန်အတွက်ပါ ပရောဖက်ပြု ဟောပြောခြင်းဖြစ်အယ်။
53အဲကျောန့် သူလို့ဟ အဲနေ့မှစယွေ့ ယုဒအာဏာပိုင်လို့ဟ ယေရှုဟို သတ်ရန် တိုင်ပင်ကြံစည်ကြအယ်။ 54အဲကျောန့် ယေရှုဟ ယုဒပြေတွင် ထင်ဆှားစွာ မသွားလာတော့ဘဲ၊ အေးအရပ်မှ ထွက်ယွေ့ တောကန္တာရနဲ့နီးသော ဧဖရိမ် နာမယ်ဆိသောမြို့ဟို ကြွပင်း တဘဲ့တော်လို့နဲ့အတူ နေအယ်။
55ယုဒလူမျိုးလို့ရဲ့ ပသခါပွဲ နီးလာပီဖြစ်ယွေ့ လူများလို့ဟ မိမိလို့ဟို သန့်ဆှင်းစေရန် ပွဲတော်မတိုင်ခင် နေရပ်အသီးသီးလို့မှ ယေရုရှလင်မြို့ဟို လာကြအယ်။ 56အေးသူလို့ဟ ယေရှုဟို ဆှာလျက် နေကြအယ်၊ သူလို့ဟ ဗိမာန်တော်တွင် စုရုံးကြသောအခါ “သူဟ ပွဲသို့မလာတာဟ သေချာသလော၊ စလို ထင်မှတ်ကြတုန်း” ဟု အချင်းချင်း ပြောဆိုကြအယ်။ 57ယဇ်ပုရောဟိတ်ကြီးလို့နဲ့ ဖာရိရှဲလို့ဟ စသူမဆို ယေရှုဆိရာအရပ်ဟို သိရင် သူ့ဟို ဖမ်းဆီးနိန်ရန် အကျောန်းကြားရမယ်ဟု အမိန့်ထုတ်ပြန်ထားပင်း ဖြစ်အယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in