YouVersion Logo
Search Icon

ယောဟန် 12

12
ယေရှုဟ ဗေသနိရွာနှိုက် ဘိသိက်ပေးခံရခြင်း
(မဿဲ ၂၆.၆–၁၃; မဿဲ ၁၄.၃–၉)
1ပသခါပွဲခံချိန် ခြောက်ရက်လိုသောအခါ သေလွန်ပင်းမှ ပြန်ယွေ့ အသက်ပြန်ဆှင်ခဲ့သူ လာဇရု နေထိန်ရာဖြစ်သော ဗေသနိရွာဟို ယေရှုရောက်လာအယ်။ 2လူလို့ဟ ဟေအရပ်နှိုက် ကိုယ်တော်အတွက် ညစာဟို ပြင်ဆင်ကြပင်း မာသဟ ဧည့်ဝတ်ပြုနေအယ်၊ ကိုယ်တော်နဲ့အတူ စားပွဲနှိုက် ထိန်နေသူများထဲတွင် လာဇရုလည်း ပါအယ်။ 3#လု ၇.၃၇,၃၈အဲအခါ မာရိဟ ရမ်းဆာ့အဖိုးထိုက်သော နာဒုဆီမွှေးအစစ် သုံးဆယ်သားဟို ယူယွေ့ ယေရှုရဲ့ ခြေဟို ဆီလိမ်းပင်း မိမိဆံပင်နဲ့ သုတ်အယ်။ အေးဆီမွှေးရဲ့ ရနံ့ဟ နေအိုင်တခုလုံးဟို မွှေးကြိုင်လျက် ဆိအယ်။ 4ယေရှုရဲ့ တဘဲ့တော်လို့ထဲမှ တဦးဖြစ်ပင်း ကိုယ်တော်ဟို သစ္စာဖောက်မဲ့သူ ယုဒရှကာရုတ်ဟ 5ပစာကျောန့် “ဟေဆီမွှေးဟို ငွေဒင်္ဂါး#၁၂.၅ ငွေဒင်္ဂါး၊ ရှု ၆.၇ ၃၀၀ နဲ့ ရောင်းယွေ့ ဆင်းရဲသောသူလို့အား မပေးတာတုန်း” ဟု ဆိုအယ်။ 6ဟေလိုပြောရာနှိုက် သူဟ ဆင်းရဲသောသူလို့အား သနားကြင်နာသောကျောန့် မဟုတ်ဘဲ၊ သူဟ သူခိုးသောကျောန့် ဖြစ်အယ်။ သူဟ ပိတ်ဆန်အိတ်ဟို သယ်ရသောသူဖြစ်ယွေ့ အဲအိတ်ထဲမှ ပိတ်ဆန်အချို့ဟို သူ့တတ်တိုင်းအတွက် ခိုးယူသုံးစွဲလေ့ ဆိအယ်။
7အဲလိုလဲ ယေရှုဟ “သူမဟို မနှောင့်ယှက်နဲ့၊ ငါရဲ့ အလောင်းဟို သင်္ဂြိုဟ်မဲ့နေ့အတွက် သူမဟ ဟေဆီမွှေးဟို သိုထားမန့်။ 8ဆင်းရဲသောသူလို့ဟ နင်လို့နဲ့ အမြဲ ဆိလိမ့်မယ်၊ အဲလိုလဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိမှာ မဟုတ်” ဟု မိန့်အယ်။
လာဇရုဟို သတ်ရန် ကြံစည်ခြင်း
9ဗေသနိရွာနှိုက် ယေရှု ရောက်ဆိနေကျောန်း ကြားသောအခါ ယုဒလူအများလို့ဟ အဲနေရာဟို လာရောက်ကြအယ်၊ သူလို့ဟ ကိုယ်တော်ကျောန့်သာ လာကြတာ မဟုတ်၊ ကိုယ်တော် အသက်ပြန်ဆှင်စေခဲ့သောသူ လာဇရုဟို မျော်လိုသောကျောန့် ဖြစ်အယ်။ 10အဲကျောန့် ယဇ်ပုရောဟိတ်ကြီးလို့ဟ လာဇရုဟိုလည်း သတ်ရန် တိုင်ပင်ကြခြင်းမှာ၊ 11လာဇရုဟို အကျောန်းပြုယွေ့ ယုဒလူမျိုးများပင် ယဇ်ပုရောဟိတ်ကြီးလို့ဟို ငြင်းပယ်ပင်း ယေရှုဟို ယုံကြည်လာကြသောကျောန့် ဖြစ်အယ်။
အောန်ပွဲအခမ်းအနားဖြင့် ယေရုရှလင်မြို့ဟို ဝင်ခြင်း
(မဿဲ ၂၁.၁–၁၁; မဿဲ ၁၁.၁–၁၁; လုကာ ၁၉.၂၈–၄၀)
12နောက်တနေ့နှိုက် ပသခါပွဲဟို လာကြသော လူအုပ်ကြီးလို့ဟ ယေရုရှလင်မြို့သို့ ယေရှု ကြွလာမယ်ဟို ကြားအယ်။ 13အဲလိုမို့ သူလို့ဟ စွန်ပလွံခက်များဟို ကိုင်လျက် ကိုယ်တော်ဟို ခရီးဦးကြိုပြုရန် ထွက်သွားကြယွေ့ “ဟောရှဏ္ဏာ၊ ထာဝရဘုရားရဲ့ နာမနဲ့ လာသော သခင်ဟ မင်္ဂလာဆိစေမန့်၊ ဣသရေလလို့ရဲ့ ဘုရင်ဟ မင်္ဂလာဆိစေမန့်” ဟု ကြွေးကြော်ကြအယ်။
14ကျမ်းစာလာလဲ့အတိုင်း ယေရှုဟ မြည်းသငယ်ဟို တွေ့ပင်း စီးလျက် ကြွလာလေပီ၊
15“အို ဇိအုန်မြို့၊ မကြောက်နဲ့။
နင်လို့ရဲ့ ဘုရင်ဟ၊
မြည်းသငယ်ဟို စီးယွေ့ နင်လို့ဆိရာ ကြွလာလေပီ။”
16ဟေအကျောန်းရာများဟို တဘဲ့တော်လို့ဟလည်း ဦးရင်ဟ နားမလည်ကြဝူး၊ အဲလိုလဲ ယေရှု ဘုန်း ထင်ဆှားခြင်း ဆိသောအခါမှ ဟေအကျောန်းရာများဟ ကိုယ်တော်ရဲ့အကျောန်း ရေးထားခဲ့ခြင်းဖြစ်ပင်း လူလို့ဟ ကိုယ်တော်အပေါ် ဟေအတိုင်းပြုလဲ့ကျောန်းဟို ပြန်သတိရကြအယ်။
17လာဇရုဟို လုတ်တိုင်းဂူမှ ခေါ်ထုတ်ယွေ့ သေခြင်းမှ အသက်ပြန်ဆှင်စဉ်ဟ ကိုယ်တော်နဲ့အတူဆိလဲ့ လူအပေါင်းလို့ဟ အဲအကျောန်းဟို သက်သေခံအယ်။ 18လူအုပ်လို့ဟ အေးနိမိတ်လက္ခဏာပြကျောန်းဟို သတင်းကြားသောကျောန့် ယေရှုအား တွေ့ရန် လာကြအယ်။ 19ဖာရိရှဲလို့ဟ “ငါလို့မှာ လုံးဝအောန်မြင်မှု မဆိ။ ကျေ့မန့်၊ ဟေလောကတခုလုံးပင် အဲသူနောက်ဟို လိုက်သွားကြပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။
ယေရှုဟ သူ့ရဲ့ သေခြင်းဟို ကြိုတင်ဟောပြောခြင်း
20ပွဲအတွင်း ကိုးကွယ်ဝတ်ပြုရန် ယေရုရှလင်မြို့ဟို သွားကြသော လူလို့အထဲတွင် တပါးအမျိုးသားအချို့ ပါအယ်။ 21သူလို့ဟ ဂါလိလဲပြေ ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုဆေဟို သွားယွေ့ “ဆရာ၊ ငါလို့ဟ ယေရှုဟို မျော်လိုအယ်” ဟု တောင်းဆိုကြအယ်။
22ဖိလိပ္ပုဟ အန္ဒြေဆေသွားပင်း အဲအကျောန်းဟို ပြောအယ်၊ အားပင်း အဲသူနေယောက်လို့ဟ ယေရှုဟို သွားပင်း မေးအယ်။ 23ယေရှုဟ “လူသား ဘုန်းတော် ထင်ဆှားစေမဲ့အချိန် ရောက်လာပီ။ 24နင်လို့အား ငါ အမန် ဆိုအယ်၊ ဂျုံစေ့ဟ မြေသို့ကျယွေ့ မပျက်ရင် တစေ့တည်း နေအယ်၊ ပျက်ယွေ့ သွားရင် ရမ်းဆာ့သော အသီးဟို သီးတတ်အယ်။ 25#မ ၁၀.၃၉; ၁၆.၂၅; မာ ၈.၃၅; လု ၉.၂၄; ၁၇.၃၃မိမိအသက်ဟို ချစ်သောသူဟ အသက် ဆုံးရှုံးလိမ့်မယ်၊ ဟေလောကတွင် မိမိအသက်ဟို မုန်းသောသူဟ မိမိအသက်ဟို ထာဝရအသက်အတွက် စောင့်ဆှောက်လိမ့်မယ်။ 26ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။
ယေရှု အသေခံရမဲ့အကျောန်း ဖော်ပြခြင်း
27“အခု ငါ့ရဲ့ စိတ်နေလုံး ပူပန်ခြင်း ဆိအယ်၊ စလို ငါ ဆှောက်ရမှာတုန်း။ ‘အို အဖ၊ ငါ့အား ဟေဒုက္ခဝေဒနာ ရောက်ချိန်နဲ့ ကင်းလွတ်စေမန့်’ ဟု ဆှောက်ရမယ်လော။ အဲလိုလဲ ငါဟ ဟေဒုက္ခဝေဒနာ ခံဖို့ရန် ရောက်ဆိလာခြင်း ဖြစ်အယ်။ 28အို ခမည်းတော်၊ ကိုယ်တော်ရဲ့ နာမတော်အား ဘုန်း ထင်ဆှားစေမန့်” ဟု မြွတ်ဆိုအယ်။
အဲအခါ ခေါန်းခင်မှ အသံတော်မှာ “ငါဟ ဘုန်း ထင်ဆှားစေပီ၊ နောက်တဖန်လည်း ထင်ဆှားစေအုံးမယ်” ဟု ပေါ်ထွက်လာအယ်။
29အေးနေရာတွင် ရပ်လျက်နေကြသော လူအုပ်ကြီးဟ အဲအသံဟို ကြားယွေ့ အချို့ဟ မိုးချုန်းတာဟု ဆိုကြအယ်၊ အချို့ဟလည်း “ကိုယ်တော်အား ခေါန်းခင်တမန် စကားပြောတာ” ဟု ဆိုကြအယ်။
30အဲလိုလဲ ယေရှုဟ “ဟေအသံဟ ငါ့အတွက် မဟုတ်ဘဲ နင်လို့ အဖို့အတွက် ဖြစ်အယ်။ 31အခု ဟေလောကရဲ့ တရားစီရင်ခြင်း ကာလ ဖြစ်အယ်၊ ဟေလောကဟို အစိုးရသောသူဟလည်း အခုပင် ပြင်သို့ မောင်းထုတ်ခြင်းဟို ခံရလိမ့်မယ်။ 32ငါဟ မြေမှ မြှောက်ထားခြင်းဟို ခံရသောအခါ လူအားလုံးလို့ဟို ငါ့ဆေဟို ငါ ဆွဲခေါ်မယ်” ဟု မိန့်အယ်။ 33အဲသို့မိန့်ခြင်းမှာ မိမိဟ စလို အသေခံရမယ်ဟို အရိပ်အမြွက်အားဖြင့် ဖော်ပြခြင်း ဖြစ်အယ်။
34လူအုပ်ကြီးလို့ဟလည်း “မေဆှိယဟ အစဉ်အမြဲ အသက်ဆှင်အယ်ဟု ပညတ်ကျမ်းဟ ဆိုအယ်။ အဲလိုမို့ လူသားဟ မြှောက်ထားခြင်းဟို ခံရမယ်ဟု ပစာကျောန့် နင်လို့ ဆိုတုန်း၊ အေးလူသားဟ စသူတုန်း” ဟု မေးကြအယ်။
35အဲကျောန့် ယေရှုဟလည်း “အလင်းဟ နင်လို့တွင် ခဏသာ ဆိလိမ့်အယ်။ နင်လို့အား မိုက် မလွှမ်းမိုးစေရန် အလင်းဆိစဉ်အခါ သွားလာကြလော့၊ မိုက်နှိုက် သွားလာသောသူဟ မိမိဖယ်နားသွားတာဟို မသိ။ 36နင်လို့ဟ အလင်းရဲ့လူပဲ့သငယ်များဖြစ်စေရန် နင်လို့နှိုက် အလင်းဆိစဉ်အခါ အလင်းဟို ယုံကြည်ကြလော့” ဟု မိန့်လေအယ်။
လူလို့ရဲ့ မယုံကြည်မှု
အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို တိမ်းဆှောင်လျက် နေလေအယ်။ 37ယေရှုဟ ရမ်းဆာ့သော နိမိတ်လက္ခဏာလို့ဟို သူလို့မျက်မှောက်နှိုက် ပြသော်လည်း သူလို့ဟ ကိုယ်တော်ဟို မယုံကြည်ကြ။ 38ဟေသို့ဖြစ်ပျက်ရခြင်းမှာ၊
“ထာဝရဘုရား၊ စသူဟ ငါလို့ရဲ့ သတင်းစကားဟို ယုံကြည်မှာတုန်း၊
ထာဝရဘုရားရဲ့ တန်ခိုးတော်ဟ စသူအား ဖော်ပြခြင်းခံရမှာတုန်း” ဟူသော ပရောဖက် ဟေရှာယ ဟောဖူးသော စကားဟ ပြေ့စုံခြင်းသို့ ရောက်လေအယ်။
39အဲကျောန်းကျောန့် သူလို့ဟ မယုံကြည်ဝူး။ ပစာကို့ ဟေရှာယ ဟောလဲ့တိုင်းတိုင်း၊
40“ဘုရားသခင်ဟ သူလို့ရဲ့ မျက်စေ့များဟို ကွယ်စေပင်း
သူလို့ရဲ့ စိတ်နေလုံးဟို ခိုင်မာစေသောကျောန့်
သူလို့ဟ မျက်စေ့ဖြင့် မမျော်နိန်၊
နေလုံးသားဖြင့် နားမလည်နိန်
မလှည့်နိန်၊ သူလို့ဟို
ငါ ကုသပေးမယ် ဖြစ်အယ်” ဟု မိန့်အယ်။
41ဟေရှာယဟ ယေရှုရဲ့ ဘုန်းတော်ဟို မျော်သောကျောန့် ဟေလို့ပြောပင်း ကိုယ်တော်ရဲ့အကျောန်းဟို အေးလို့ ပြောခဲ့ခြင်း ဖြစ်အယ်။
42စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင် ယေရှုဟို ယုံကြည်လာကြအယ်၊ အဲလိုလဲ ဖာရိရှဲလို့ကျောန့် တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့ ယုံကြည်ကျောန်းဟို ထင်ဆှားစွာ ဝန်မခံကြ။ 43သူလို့ဟ ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းထက် လူ့မျက်နှာသာရခြင်းဟို ပိုယွေ့ နှစ်သက်ကြအယ်။
ယေရှုရဲ့ စကားအားဖြင့် စီရင်ခြင်း
44အဲပင်းရင် ယေရှုဟ “ငါ့ဟို ယုံကြည်သောသူဟ ငါ့ဟိုသာ ယုံကြည်တာ မဟုတ်၊ ငါ့ဟို စေလွှတ်သောသူဟိုလည်း ယုံကြည်အယ်။ 45ငါ့ဟို မျော်သောသူဟ ငါ့ဟို စေလွှတ်သောသူဟိုလည်း မျော်တတ်အယ်။ 46ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။ 47ငါ့စကားဟို ကြားသောသူဟ မနာခံဘဲနေရင် အေးသူဟို ငါဟ အပစ်မစီရင်။ လောကီသားလို့ဟို အပစ်စီရင်ဖို့ ငါလာတာ မဟုတ်၊ လောကီသားလို့ဟို ကယ်တင်ရန်သာ ငါလာအယ်။ 48ငါ့ဟို ပစ်ပယ်ယွေ့ ငါ့စကားဟို မနာခံသောသူအား စီရင်သောသူတယောက် ဆိသေးအယ်။ ငါ ဟောပြောသောစကားပင် အဲသူဟို နောက်ဆုံးသောနေ့နှိုက် တရားသူကြီးအဖြစ်နဲ့ တရားစီရင်လိမ့်မယ်။ 49ငါဟ ကိုယ်ပိုင်အခွင့်အာဏာအရ ဟောပြောခြင်း မဟုတ်၊ ငါ့ဟို စေလွှတ်သောခမည်းတော်ဟ စလို ငါဟောပြောရမယ်ဟို ပညတ်ပေးလေပီ။ 50ခမည်းတော်ရဲ့ အမိန့်ဟ ထာဝရအသက်ရစေတာဟို ငါသိအယ်။ အဲလိုမို့ ခမည်းတော် ပြောစေလိုလဲ့အတိုင်း ငါ ဟောပြောအယ်” ဟု ဟေလိုကြီးသောအသံနဲ့ ကြွေးကြော်အယ်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in