YouVersion Logo
Search Icon

၂ တိမောသေ 1

1
1ယေ​ရှု​ခ​ရစ်၌​တည်​သော အ​သက်​ကို​ပေး​မည်​ဟု က​တိ​တော်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​အား​ဖြင့်၊ ယေ​ရှု​ခ​ရစ်၏ တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​သည် ငါ့​ချစ်​သား​တိ​မော​သေ​ကို ကြား​လိုက်​ပါ၏။- 2ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​နှင့် ခ​မည်း​တော်​ဘု​ရား​သ​ခင့်​အ​ထံ​တော်​က ကျေး​ဇူး၊ က​ရု​ဏာ၊ ငြိမ်​သက်​ခြင်း​ရှိ ပါ​စေ​သော။
ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်အား​ပေး​ခြင်း
3-5သင်၏​မျက်​ရည်​ကို ငါ​အောက်​မေ့​သော​အ​ခါ၊ ဝမ်း​မြောက်​ခြင်း​နှင့်​ပြည့်​စုံ​မည်​အ​ကြောင်း၊ သင့်​ကို တွေ့​မြင်​ခြင်း​ငှာ အ​လွန်​လွမ်း​သော​စိတ် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ သင်၏​အ​ဖွား​လော​ဣ၊ အ​မိ​ဥ​နိတ်၌ အ​ရင်​တည်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော၊ ငါ​သ​ဘော​ကျ​သည်​အ​တိုင်း၊ သင်၌​လည်း​တည်​သော ယုံ​ကြည်​ခြင်း​စစ်​ကို မှတ်​မိ​သ​ဖြင့်​လည်း​ကောင်း၊ နေ့​ည​မ​ပြတ်​ဆု​တောင်း ပ​တ္ထ​နာ​ပြု​သည်​တွင်၊ သင့်​ကို မ​ခြား​မ​လပ် အောက်​မေ့​သည်​ဖြစ်၍၊ ငါ့​ဘိုး​ဘေး​ကိုး​ကွယ်​သည်​အ​တိုင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ် စင်​ကြယ်​ခြင်း​နှင့်​တ​ကွ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။
6ထို​သို့​ဖြစ်၍၊ ငါ​လက်​တင်​သော​အား​ဖြင့်၊ သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကို နှိုး​ဆော်​မည်​အ​ကြောင်း၊ ငါ​သည် သင့်​ကို​သ​တိ​ပေး၏။- 7အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။- 8ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။- 9ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။- 10ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။- 11ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊- 12ထို​အ​ကြောင်း​ကြောင့် ဤ​ဆင်း​ရဲ​ဒု​က္ခ​ကို ငါ​ခံ​ရ၏။ သို့​သော်​လည်း ရှက်​ကြောက်​ခြင်း​မ​ရှိ။ အ​ဘယ်​သူ​ကို ငါ​ယုံ​ကြည်​သည်​ဟု ငါ​သိ၏။ သူ၌ ငါ​အပ်​ထား​သော​အ​ရာ​ကို​လည်း၊ ထို​နေ့​ရက်​တိုင်​အောင် စောင့်​နိုင်​တော်​မူ​သည်​ဟု ငါ​သ​ဘော​ကျ၏။
13ငါ့​ထံ၌ ကြား​ရ​ပြီး​သော၊ စင်​ကြယ်​သော​တ​ရား စ​ကား​အ​ချုပ်​အ​ခြာ​ကို၊ ယေ​ရှု​ခ​ရစ်၌ ယုံ​ကြည်​ခြင်း၊ ချစ်​ခြင်း​နှင့်​တ​ကွ စွဲ​လမ်း​လော့။- 14သင်၌​အပ်​ထား​သော အ​ရာ​မြတ်​ကို ငါ​တို့၌ ကျိန်း​ဝပ်​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် စောင့်​ရှောက်​လော့။
15အာ​ရှိ​ပြည်၌​နေ​သော သူ​အ​ပေါင်း​တို့​သည် ငါ့​ကို​ပယ်​ကြ​ပြီ​ဟု၊ သင်​သည် ကြား​သိ၏။ ထို​သူ​တို့​တွင် ဖု​ဂေ​လု​နှင့် ဟေ​ရ​မော​ဂင်​ပါ​သ​တည်း။- 16ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊- 17ရော​မ​မြို့​သို့​ရောက်​သော​အ​ခါ သာ၍​ကြိုး​စား​လျက် ငါ့​ကို​ရှာ၍​တွေ့၏။- 18သူ​သည် ထို​နေ့​ရက်၌ သ​ခင်​ဘု​ရား၏​လက်​မှ က​ရု​ဏာ​တော်​ကို ခံ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ သူ​သည် ဧ​ဖက်​မြို့၌​လည်း ငါ့​ကို အ​ဘယ်​မျှ​လောက် ပြု​စု​သည်​ကို သင်​သည် အ​မှန်​သိ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in