YouVersion Logo
Search Icon

Matthew 17

17
1ဟဲင်းသလဲ မိန့်တော်မူပြီး ခြောက်ရက်အကြာမှာ ကိုယ်တော်ယေရှုဟ ပေတရု၊ ယာကုပ်န ယာကုပ်ရဲ့ညီ ယောဟန်တော့ကော် တခြားလူတေနဝေးရာ မြင့်မားတဲ့ တောင်ပေါ်ကော် သီးသန့်ခေါ်ဆောင်ဟားခဲ့လေဟယ်။ 2ဆူ့တော့အတူရှိချိန်မှာ ကိုယ်တော်ယေရှုရဲ့ အဆင်းသဏ္ဍာန် ပြောင်းလဲဟားဟာကော် တပဲ့တော်ဆုံးယောက်ဟ မြင်လိုက်ကြဟယ်။ ကိုယ်တော်ရဲ့ မျက်နှာတော်ဟ နေသလဲ ထွန်းလင်းမောက် ကိုယ်တော်ရဲ့ ဝတ်ရုံတော်ဟလဲ အလင်းရောင်သလဲ ဖြူဖွေးတောက်ပလာလေဟယ်။ 3ရှေးအရိယာဆူတော်စင်တေဖြစ်တဲ့ မောရှေန ဧလိယတော့ဟလဲ ရုတ်တရက် ပေါ်လာမောက် ကိုယ်တော်န စကားပြောနေလေဟယ်။ 4ဟဲင်းခါ ပေတရုဟ "ကိုယ်တော်၊ ခုနေရာဟ အကြီးကျယ်နေဖော့ကောင်းပါဟယ်။ ကိုယ်တော်အလိုရှိခါ ကိုယ်တော်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ်ဆောင်န ဧလိယအတွက် တဲတစ်ဆောင်ကော် ကျွန်ုပ်တော့ ဆောက်ပေးပါမဲင်" လောက် လျှောက်တင်လေဟယ်။ 5ပေတရုဟ ဟဲင်းလဲလျှောက်တင်နေချိန်မှာ တောက်ပတဲ့မိုးတိမ်တိုက်ဟ ဆူ့တော့ကော် ဖုံးလွှမ်းမောက် "အဲလူဟ ငါရဲ့ချစ်ဆားဖြစ်ဟယ်။ ဆူ့ရဲ့စကားကော် နားထောင်ကြပါ" ဆိုတဲ့ အဆံတော်ဟလဲ မိုးတိမ်အတွင်းဟနေ ထွက်ပေါ် လာလေဟယ်။ 6တပဲ့တေဟ ဟဲင်းအဆံကော် ကြားကြတဲ့အခါ ဆူ့တော့ဟ မ္လေပေါ်မှာ ပြားပြားဝပ်မောက် အကြီးကျယ် ကြောက်လန့် နေကြလေဟယ်။ 7ဟဲင်းပေမဲ့ကိုယ်တော်ယေရှုဟ ဆူ့တော့နားကော် ချဉ်းကပ်လာမောက် ဆူ့တော့ကော် ထိပြီးခါ "ထကြပါ။ မကြောက်ကြပါနဲ့" လောက် မိန့်တော်မူလေဟယ်။ 8ဟဲင်းခါ ဆူ့တော့ဟ ခေါင်းမော့ကြည့်လိုက်ကြခါ ကိုယ်တော်ယေရှုတစ်ပါးထဲကော်ပဲ မြင်တွေ့ကြရလေတော့ဟယ်။ 9ပြီးခါ ဆူ့တော့တောင်ပေါ်ဟနေ ဆင်းလာကြချိန်မှာ ကိုယ်တော်ယေရှုဟ ဆူ့တော့ကော် "ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟ ဆေခြင်းဟနေ အဆက်ပ္လန်ရှင်လာတဲ့အချိန်မတိုင်ခင်အထိ သင်တော့မြင်ခဲ့ဟာတေကော် မဆူ့ကော်မှမပြောကြနဲ့" လောက် မိန့်တော်မူမောက် သတိပေးလေဟယ်။ 10ဟဲင်းခါ ကိုယ်တော်ရဲ့တပဲ့တေဟ ကိုယ်တော်ကော် "ဟဲင်းလဲဆိုခါ ကျမ်းတတ်ဆရာတေဟ စာလောက် ဧလိယဟ အရင်လာမဲင်လောက် ဟောပြောကြဟား" ဆိုမောက် မေးလျှောက်ကြလေဟယ်။ 11ကိုယ်တော်ဟ "ဧလိယဟ အရင်ဦးဆုံးလာမှာဖြစ်မောက် ဆူ့ဟ အရာခပ်သိမ်းတော့ကော် ဆူ့နေရာနဆူ မှန်မှန်ကန်ကန် ပ္လန်ထားမဲင်ဖြစ်ဟယ်။ 12ဟဲင်းပေမဲ့သင်တော့ကော် ငါပြောမဲင်၊ ဧလိယဟ အရင်ရောက်နေဟာဖြစ်လယ်ဝ လူတေဟ ဧလိယကော် မဆိကြပဲ ဆူ့အပေါ်မှာ ဆူ့တော့ဖြစ်စေချင်တဲ့အတိုင်း လုပ်ခဲ့ကြပြီးဖြစ်ဟယ်။ အဲလဲပဲ ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟလဲ လူတေရဲ့ လက်ထဲမှာ ဒုက္ခဝေဒနာကော်ဟုတ်တည်းတည်း ခံစားရမဲင်ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 13ဟဲင်းခါ တပဲ့တေဟလဲ ကိုယ်တော်ဟ ရေနှစ်မင်္ဂလာဆရာယောဟန်ကော် ရည်ညွှန်းမောက် ဆူ့တော့ကော် မိန့်တော်မူကြောင်း ဆဖောပေါက်ကြလေဟယ်။ 14ပြီးခါ ဆူ့တော့ဟ လူထုပရိတ်ဆတ်နားကော် လာကြခါ လူတစ်ယောက်ဟ ကိုယ်တော့်နားချည်းကပ်လာမောက် ကိုယ်တော်ရဲ့ရှေ့မှာ ဒူးထောက်ထိုင်ခ္လပြီးခါ 15"ကိုယ်တော်၊ ကျွန်ုပ်ရဲ့ဆားကော် ဆနားငဲ့ညှာတော်မူပါ။ စာလောက်ဟားဆိုခါ ဆူဟ ဝက်ရူးပ္လန်ရောဂါစွဲကပ်မောက် ဝေဒနာကော် ပြင်းပြင်းထန်ထန် ခံစားနေရပါဟယ်။ မီးထဲ၊ ရေထဲကော်လဲ တနားတခေါက် လဲက္လတတ်ပါဟယ်။ 16ဟဲင်းကြောင့် အကျွန်ုပ်ဟ အကျွန်ုပ်ရဲ့ဆားကော် ကိုယ်တော်ရဲ့တပဲ့တေနားကော် ခေါ်ဆောင်လာခဲ့လယ်ဝ ဆူ့တော့ဟ ရောဂါပျောက်ကင်းအောင် မကုသပေးနိုင်ကြပါ" လောက် လျှောက်တင်လေဟယ်။ 17ဟဲင်းခါ ကိုယ်တော်ယေရှုဟ "ယုံကြည်မှုမရှိပဲ စာရိတ္တပျက်ပြားနေတဲ့မျိုးဆက်၊ ငါဟ သင်တော့နအတူ ဖယ်လောက်ကြာအောင် နေရအုံးမဟား။ ဖယ်လောက်ကြာအောင် သည်းခံ နေရအုံးမဟား။ လူဆငယ်ကော် ငါ့နား ခေါ်ခဲ့ကြ" လောက် မိန့်တော်မူလေဟယ်။ 18ပြီးခါ ကိုယ်တော်ဟ မကောင်းဆိုးဝါးကော် နှင်ထုတ်ခါ မကောင်းဆိုးဝါးဟ ဟဲင်းလူဆငယ်နားဟနေ ထွက်ဟားပြီးခါ လူဆငယ်ဟလဲ တခါတည်း ကျန်းမာဟားလေတော့ဟယ်။ 19တပဲ့တေဟ ကိုယ်တော်တပါးတည်းရှိနေချိန်မှာ ကိုယ်တော်နားကော် ချည်းကပ်လာမောက် "အကျွန်ုပ်တော့ဟ စာလောက် မကောင်းဆိုးဝါးကော် မနှင်ထုတ်နိုင်ကြဟား" လောက် မေးလျှောက်ကြလေဟယ်။ 20ကိုယ်တော်ဟ ဆူ့တော့ကော် "သင်တော့ရဲ့ယုံကြည်မှုဟ အကြီးကျယ်နည်းပါးလောက်ညောင်း ဖြစ်ဟယ်။ သင်တော့ကော် ငါအမှန်ပြောရခါ သင်တော့မှာ မုန်ညင်းစေ့ ပမာဏလောက် ယုံကြည်မှုရှိခါတောင် သင်တော့ဟ အဲတောင်ကော် 'အဲနေရာဟနေ ဟောနေရာကော် ရွေ့ပါ' လောက် ပြောခါ ဟဲင်းတောင်ဟ ရွေ့ဟားလိုက်မဲင်ဖြစ်ဟယ်။ သင်တော့အတွက် မဖြစ်နိုင်တဲ့အရာ ဆိုမောက်လဲ တစ်ခုမှ ရှိမှာမဟုတ်ဘူး။ 21ဟဲင်းပေမဲ့ ဟဲင်းသလဲ မကောင်းဆိုးဝါးတေကော် နှင်ထုတ်နိုင်တဲ့ တခုတည်းသောနည်းလမ်းဟ ဆုတောင်းခြင်းန အစာရှောင်ဆုတောင်းခြင်းပဲ ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 22ပြီးခါ ဆူ့တော့ဟ ဂါလိလဲပ္လေကော် ရောက်ရှိလာမောက် အတူတူ စုရုံးနေထိုင်ကြချိန်မှာ ကိုယ်တော်ဟ "ဘုရားရှင်စေလွှတ်လိုက်တဲ့ လူ့ဆားတော်ဟ မကြာခင်မှာ မကောင်းတဲ့ လူတေရဲ့လက်ထဲကော် အပ်နှံခြင်း ခံရတော့မဲင်ဖြစ်မောက် 23ဟဲင်းလူတေဟ ဆူ့ကော် ဆတ်ကြလိမ့်မဲင်ဖြစ်ဟယ်။ ဟဲင်းပေမဲ့ ဆုံးရက်မြောက်တဲ့နေ့မှာ ဆူဟ ဆေရာဟနေ အဆက်ပ္လန်ရှင်မဲင်ဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 24ကိုယ်တော်ယေရှုန ဆူ့ရဲ့တပဲ့တေဟ ကပေရနောင်မြို့ကော် ရောက်ရှိလာကြပြီးခါ ဗိမာန်တော် အခွန်ကော် ကောက်ခံတဲ့အခွန်ကောက်ဆမားတစ်ချို့ဟ ပေတရုနားကော် လာမောက် "သင်တော့ရဲ့ဆရာဟ ဗိမာန်တော်အခွန်ကော် ပေးဆောင်လား" လောက် မေးကြလေဟယ်။ 25ဟဲင်းခါ ပေတရုဟ "ပေးဆောင်ပါဟယ်" လောက် ပ္လန်လည်ဖြေကြားမောက် အိမ်ထဲကော် ဝင်လာခါ ကိုယ်တော်ဟ ဆူ့ကော် "ပေတရု၊ သင်ဖယ်သလဲထင်ဟား။ ကမ္ဘာမ္လေကြီးရဲ့ ရှင်ဘုရင်တေဟ မဆူ့နားဟနေ အခွန်အကောက်တေ ကောက်ခံကြဟား။ ဆူ့တော့ရဲ့ဆား တေနားဟလား မဟုတ်ပဲလောက် တခြားလူတေနားဟလား" လောက် မိန့်တော်မူလေဟယ်။ 26ဟဲင်းခါ ပေတရုဟ "တခြားလူတေနားဟပါ" လောက် ပ္လန်လည်ဖြေကြားခါ ကိုယ်တော်ဟ "ဟဲင်းလဲဆိုခါ ဆားတေဟ လွတ်ငြိမ်းခွင့်ရကြဟယ်။ 27ဟဲင်းပေမဲ့ ဆူ့တော့တေ ငါ့တော့ကြောင့် စိတ်အနှောက်အယှက် မဖြစ်စေဖော့ ရေအိုင်ကော် ဆွားမောက် ငါးဆွားမျှားပါ။ ပထမဆုံးမိတဲ့ငါးကော်ယူမောက် ဟဲင်းငါးရဲ့ပါးစပ်ကော်ဖွင့်လိုက်ခါ ငွေဒင်္ဂါးပြားကူးတစ်ခုကော် တွေ့လိမ့်မဲင်။ ဟဲင်းငွေဒင်္ဂါးကော် ယူမောက် ငါနသင့်အတွက် ဆူ့တော့ကော် အခွန်ပေးဆောင်လိုက်ပါ" လောက် မိန့်လေဟယ်။

Currently Selected:

Matthew 17: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in