YouVersion Logo
Search Icon

Mark 6

6
1ပြီးခါ ကိုယ်တော်ယေရှုဟ ဟဲင်းအရပ်မှထွက်ခွာမောက် ဆူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ နာဇရက်မြို့ကော် တပဲ့တေနအတူ ကြွတော်မူခဲ့ဟယ်။ 2ဥပုသ်နေ့ရောက်လာတဲ့အခါ ကိုယ်တော်ဟ ဓမ္ဓာရုံတစ်ခုမှာ လူအပေါင်းတော့ကော် စတင်ဟောပြောသင်ကြားတော်မူခဲ့လေဟယ်။ကိုယ်တော်ရဲ့သွန်သင်ဟောပြောမှုတေကော် ကြားတဲ့အခါ လူအပေါင်းတော့ဟ အံ့ဩစွာန "ဟဲင်းလူဟာ အံ့ဩဖွယ်ရာတေကော် ဖယ်ကနေ သင်ယူလာဟား၊ အဲအဆိပညာတေန အံ့ဩဖွယ်ရာတန်ခိုးတော်တေကော် ဆူဖယ်ကပေးအပ်လိုက်ဟား" လောက် မေးမြန်းခဲ့ကြဟယ်။ 3ဆူဟ မာရိရဲ့ဆား လက်ဆမားမဟုတ်လား။ ယာကုပ်၊ ယောသပ်၊ ယုဒနရှိမုန်တော့ရဲ့ အစ်ကိုမဟုတ်ဘူးလား။ ဆူ့ညီမတေဟ ဟဲင်းမြို့ထဲဟ ကျွန်ုပ်တော့အနီးမှာပဲ နေတာမဟုတ်လား” လောက် မေးမြန်းကြမောက် ကိုယ်တော်ကော် ယုံကြည်ဖော့ ငြင်းဆိုကြလေဟယ်။ 4ဟဲင်းပေမဲ့ ကိုယ်တော်ဟ ဟဲင်းလူတေကော် “ပရောဖက်ဟ ဆူ့တော့ရဲ့ဇာတိမြို့ဟလူတေ၊ ဆွေမျိုးတေန မိဆားစုတေကလွဲမောက် လူတိုင်းရဲ့လက်ခံခြင်းကော် ခံရဟယ်” လောက် မိန့်တော်မူခဲ့လေဟယ်။ 5ကိုယ်တော်ယေရှုဟ ကျန်းမာရေးမကောင်းဆမား အနည်းငယ်ကော်ဆူရဲ့လက်တော်ကော်တင်ကာကုသပေးရုံကလွဲမောက် ဟဲင်းနေရာမှာ ဖယ်ထူးဆန်းအံ့ဩဖွယ်ရာတေကော် ပြုလုပ်တော်မမူတော့ချေ။ 6ကိုယ်တော်ဟလူအများကဆူ့ကော် ယုံကြည်မှုမရှိဟာကော် အံ့ဩခဲ့လေဟယ်။ပြီးခါကိုယ်တော် ယေရှုဟ အနီးတစ်ဝိုက်ကျေးရွာတေမှာ လူတေကော် သွန်သင်ဟောပြောခဲ့လေဟယ်။ 7ထိုနောက်ကိုယ်တော်ယေရှုဟဆူ့ရဲ့ တပဲ့တော်ဆယ့်နှစ်ယောက်ကော်ခေါ်ယူမောက် မကောင်းဆိုးဝါးတေကော် နှင်ထုတ်နိုင်တဲ့ တန်ခိုးအာဏာကော်ပေးပြီး ကျေးရွာတေကော်နှေယောက်တစ်တွဲစီ စေလွှတ်ခဲ့လေဟယ်။ 8ကိုယ်တော်ဟ ဟဲင်းတပဲ့တော်တေကော် ခရီးဆွားဖော့အတွက် “တောင်ဝှေးမှလွဲမောက် ခရီးဆောင်အိတ်၊ အစားအစာန ပိုက်ဆံတေကော် ယူဆော်ဟားခွင့်မပြုခဲ့ပေ။ 9ကိုယ်တော်ဟ ဆူ့တော့ကော် ဖိနပ်ကော်စီးစေမောက် ဖိနပ်အပိုန အင်္ကျီအပိုတေကော်ခါ ယူဆောင်ဟားခွင့်မပြုခဲ့ပေ။ 10ဟဲင်းအပြင် ကိုယ်တော်ဟ ဆူ့တော့ကော် "ဖယ်အရပ်မှာမဆို တစ်ယောက်ယောက်ဟ သင်တော့ကော် တည်းခိုဖော့ ဖိတ်ကြားတဲ့အခါ ဟဲင်းအရပ်မှ မထွက်မချင်း ဟဲင်းအိမ်မှာသာ တည်းခိုပါ"လောက် မိန့်တော်မူခဲ့လေဟယ်။ 11ဟဲင်းပေမဲ့ ဖယ်အရပ်မှာမဆို လူတေဟာ သင်တော့ကော် ကြိုဆိုဖော့ မဟုတ်ဘဲလောက် သင်တော့ရဲ့စကားကော် နားထောင်ဖော့ ငြင်းဆန်ကြရင် ဟဲင်းအရပ်မှ ထွက်ခွာလာမောက် ဘုရားရှင်ဟဟဲင်းလူတေကော် အပြစ်ပေးမဲင်ဟာကော် စတိပေးတဲ့အနေန သင်တော့ ခေဖဝါးဟ ဖှုန်မှုန့်တေကော် ခါခ္လခဲ့ကြပါ" လောက်မိန့်မှာလေဟယ်။ 12တပဲ့တော်တော့ဟလဲ ထွက်ခွာလာကြပြီးနောက် လူအပေါင်းတော့ကော် အပြစ်ဒုစရိုက်တော့မှ နောင်တရမောက် ဘုရားဖက်ကော် လှေ့ကြဖော့ ဟောပြောခဲ့ကြလေဟယ်။ 13ဆူ့တော့ဟ မကောင်းဆိုးဝါးအများဟုန်းကော် နှင်ထုတ်ခဲ့ကြပြီး ဖျားနေဆမားအပေါ်မှာ ဆံလွင်ဆီကော် လူးပေးမောက်အနာရောဂါတေကော်ပျောက်ကဲင်းစေခဲ့လေဟယ်။ 14ဟဲင်းအချိန်မှာ ကိုယ်တော်ယေရှုရဲ့ဂုဏ်စတင်းဟ ပြန့်နှံ့နေခဲ့ပြီး လူအပေါင်းတော့ဟလဲ ကိုယ်တော်အကြောင်းကော် ပြောဆိုနေကြညောင်း ဘုရင်ဟေရုဒ်ဟလဲ ကိုယ်တော်ပြုလုပ်တဲ့ အံ့ဖွယ်အရာတေကော် ကြားဆိလေဟယ်။တချို့လူတေဟ ကိုယ်တော်ကော် "ဟဲင်းလူဟ ဆေရာဟနေ ပ္လန်ရှင်လာတဲ့ ရေနှစ်မင်္ဂလာပေးဆမား ဆရာယောဟန်ဖြစ်ရမဲင်။ဟဲင်းကြောင့် ဆူဟာ ဟဲင်းလဲအံ့ဖွယ်အမှုတေ ပြုလုပ်နိုင်ဟာဖြစ်ဟယ်"လောက် ပြောဆိုကြလေဟယ်။ 15တစ်ချို့ဟကိုယ်တော်ယေရှုကော် "ဆူဟာ ဧလိယဖြစ်မဲင်"လောက် ပြောဆိုကြမောက် လူတချို့ဟ ရှေးအရင်ခါစ ရှိခဲ့တဲ့ကြီးမြတ်တဲ့ပရောဖက်တစ်ယောက်ဖြစ်လိမ့်မဲင်"လောက် ပြောဆိုကြလေဟယ်။ 16ဟဲင်းပေမဲ့ ဟေရုဒ်ဘုရင်ဟ ကိုယ်တော်ရဲ့စတင်းကော် ကြားတဲ့အခါ “ဆူဟ ရေနှစ်မင်္ဂလာပေးဆမား ယောဟန်တဲ့လား၊ငါကိုယ်တိုင် ဆူ့ကော် ခေါင်းဖြတ်ဆတ်ခိုင်းခဲ့ဟာပဲ” လောက်ပြောဆိုလေဟယ်။ 17ဘုရင်ဟေရုဒ်ဟ ဆူ့ရဲ့ညီတော်ဖြစ်သူဖိလပ္ပုရဲ့မိန်းမ ဟေရောဒိကော် လက်ထပ်ခဲ့ညောင်း ဆရာယောဟန်ဟ ဘုရင်ဟေရုကော် "သင့်ညီ အဆက်ရှိနေချိန်မှာ ဆူ့ရဲ့မိန်းမကော် လက်ထပ်ထိမ်းမြားခြင်းဟာ မောရှေရဲ့ ပညတ်ကျမ်းအရ မသင့်လျော်မမှန်ကန်ပါဘူး"လောက် လျှောက်တင်လေဟယ်။ဟဲင်းကြောင့် ဘုရင်ဟေရုဟ ဆရာယောဟန်ကော်ဖမ်းမောက် ထောင်သွင်းအကျဉ်းခ္လထားခဲ့လေဟယ်။ 18ဟဲင်းပေမဲ့ ဆရာယောဟန်ဟ ဘုရင်ဟေရုဒ်ကော် မောရှရဲ့ပညတ်ကျမ်းအရ သင့်ညီရဲ့ မိန်းမကော် လက်ထပ်ဟာဟ မသင့်လျော်မမှန်ကန်ဘူးလောက် တနားတခေါက်ပြောဆိုလေဟယ်။ 19ဟဲင်းကြောင့် ဟေရောဒိဟ ဆရာယောဟန်ကော် မုန်းတီးလာမောက် ဆတ်ပစ်ချင်နေခဲ့ဟယ်။ဟဲင်းပေမဲ့ ဆူမဟ ဟဲင်းလဲပြုလုပ်ဖော့ မတတ်နိုင်ခဲ့ပေ။ 20စာလောက်ဟားဆိုခါ ဘုရင်ဟေရုဒ်ဟ ဆရာယောဟန်ဟ ဖြောင့်မတ်မှန်ကန်တဲ့ဆူတော်ကောင်းဖြစ်ကြောင်းကော်ဆိမောက် ဆူ့ကော် ကြောက်လန့်ရိုဆေကာ အကာအကွယ်ပေးဟားခဲ့လေဟယ်။ဆူဟ ယောဟန်ဆောင်ရွက်ခဲ့တဲ့ အရာတေကော်လဲ ဝမ်းမြောက်တဲ့စိတ်နဲ့ ကြားနာတတ်ဆမားဖြစ်လေဟယ်။ 21သို့သော် တစ်နေ့မှာ ဟေရုဒ်ဘုရင်ရဲ့မွေးနေ့ကော် ရောက်ရှိလာခဲ့ညောင်း မှူးကြီးမတ်ရာတေ၊ စစ်သူကြီးတေန ဂါလိလဲပ္လေရဲ့အကြီးအကဲတေကော်ာ် ဖိတ်ကြားမောက် ဆူ့ရဲ့မွေးနေ့ပွဲကော် ခမ်းနားကြီးကျယ်စွာ ကျင်းပကြလေဟယ်။ 22ဟေရောဒိရဲ့ဆမီးဟ ဟဲင်းမွေးနေ့ပွဲမှာ ကပြဖျော်ဖြေခဲ့လေဟယ်။ဟေရုဒ်ဘုရင်နဧည့်သည်တော်တေဟ ဆူမရဲ့ကပြဖျော်ဖြေမှုကော် အကြီးကျယ် နှစ်သက်သဘောကျကြလေဟယ်။ဟဲင်းကြောင့် ဟေရုဒ်ဘုရင်ဟ “ဆမီးတော် လိုရာဆုကော်တောင်းဆိုပါ၊ငါသင့်ကော်ပေးမဲင်" 23ငါ့ရဲ့နိုင်ငံတော်တစ်ဝက်ကော် လိုချင်ရင်လဲပေးမယ်” လောက်ကတိပြုခဲ့လေဟယ်။ 24ဆူမဟ မိခင်နားဆွားကာ “စာကော် တောင်းဆိုသင့်ဟား” လောက် မေးခါ ဆူမရဲ့မိခင်ဟ “ရေနစ်မင်္ဂလာပေးဆမားဆရာ ယောဟန်ရဲ့ ဦးခေါင်းကော်တောင်းဆိုပါ” လောက်ဖြေလိုက်လေဟယ်။ 25ဆူမဟ တခါတည်းဘုရင်ဟေရုဒ်နားဆွားမောက် "လင်ဗန်းပေါ်တင်ပြီးယူလာတဲ့ ဗတ္ထစံရေနစ်မင်္ဂလာပေးဆမား ဆရာယောဟန်ရဲ့ ဦးခေါင်းကော် ခုလိုချင်ပါဟယ် " လောက် လျှောက်တင်လိုက်လေဟယ်။ 26ဟဲင်းခါဘုရင်ဟေရုဒ်ဟ ဆူပေးခဲ့မိတဲ့ ကတိတစ်ခုအတွက် အကြီးကျယ် နောင်တ ရလေဟယ်။ ဟဲင်းပေမဲ့လဲ ဧည့်သည်တော်တေ ရှေ့မှောက်မှာ ဆူမကော် ဆူ့ကိုယ်တိုင်ပေးခဲ့တဲ့ ကတိကော်လဲမချိုးဖောက်လိုခဲ့ပေ။ 27ဟဲင်းကြောင့်ဘုရင်ဟေရုဒ်ဟ ကွပ်မျက်ဆမားကော်စေလွှတ်မောက် ဦးခေါင်းကော် တခါတည်း ယူဆောင်လာခဲ့ဖော့ အမိန့်ပေးခဲ့လေဟယ်။ကွပ်မျက်ဆမားလဲ ထောင်ထဲကော်ဆွားမောက် ယောဟန်ရဲ့ဦးခေါင်းကော် ဖြတ်ခဲ့လေဟယ်။ 28ပြီးခါ ကွပ်မျက်ဆမားဟ ယောဟန်ရဲ့ဦးခေါင်းကော် လင်ပန်းပေါ်တင်မောက် မိန်းခလေးကော် ပေးလေဟယ်။မိန်းခလေးဟ ဆူမရဲ့မိခင်ဖြစ်ဆမား ဟေရောဒိကော် ပေးခဲ့လေဟယ်။ 29ဆရာယောဟန်ရဲ့တပဲ့တေဟ ဟဲင်းစတင်းကော်ကြားရတဲ့အခါ အလောင်းကော်ယူဆောင်ဟားကာ ဆင်းချိုင်းမှာဂူဆွင်းမောက် စဂြိုလ်လိုက်ကြလေဟယ်။ 30ကိုယ်တော်ယေရှုစေလွှတ်လိုက်တဲ့ တပဲ့တော်ဆယ့်နှေယောက်ဟ ပ္လန်ရောက်ရှိလာကြပြီး ဆူ့တော့ဆောင်ရွက်ခဲ့ဆမျှအရာအကုန်ဟုန်းန သွန်သင်ခဲ့ဆမျှတေကော် ကိုယ်တော့်နား တင်ပြခဲ့ကြလေဟယ်။ 31ကိုယ်တော်ဟ တပဲ့တော်တေကော် "လူသူကင်းဝေးရာအရပ်ကော် ဆွားကြမောက် တနားလေး အနားယူကြလော့" လောက် ဆိုလေဟယ်။စာလောက်ဟားဆိုခါ ဆူ့တော့အတွက် စားချိန်ဆောက်ချိန်မရလောက်အောင် လူထုပရိတ်ဆတ်ကြီးဟ ဆူတော့နားကော် တဖွဲ့ဖွဲ့ ရောက်ရှိလိုက် ပ္လန်ဟားလိုက် ဖြစ်နေကြညောင်း ဖြစ်ဟယ်။ 32ဟဲင်းကြောင့်ကိုယ်တော်န တပဲ့တော်တော့ဟ သီးသန့်လှေတစ်စီးကော် စီးမောက် လူသူကင်းဝေးရာအရပ်ကော် ဆွားခဲ့ကြလေဟယ်။ 33ဟဲင်းပေမဲ့ မြို့အသီးသီးမှ လူတေဟ ကိုယ်တော်န တပဲ့တော်တော့ ထွက်ခွာဟားဟာကော် မြင်တွေ့လိုက်ရညောင်း ဆူ့တော့ဆွားကြတဲ့နေရာကော် လမ်းလျှောက်မောက် လိုက်လာကြပြီး ဆူ့တော့ထက် ဦးစွာရောက်နှင့်နေကြပါဟယ်။ 34ကိုယ်တော်ဟ လှေပေါ်မှဆင်းတဲ့အခါ လူထုပရိတ်ဆတ်ကြီးဟ သိုးထိန်းဆားမရှိတဲ့ သိုးအုပ်ကူးသလဲ တလည်လည်ဖြစ်နေဟာကော် မြင်ရညောင်း ဆနားဂရုဏာပွားမောက် ဆူ့တော်ကော် အကြီးကျယ်များတဲ့အကြောင်းကိစ္စတော့ကော် စတင်မောက် ဟောပြောသင်ကြားလေဟယ်။ 35ညနေစောင်းအချိန်ရောက်လာညောင်း တပဲ့တော်တေဟ ကိုယ်တော်နားကော်လာမောက် ဆူ့ကော် “ဒီနေရာဟာ လူသူကင်းဝေးတဲ့အရပ်ဖြစ်မောက် အချိန်မှာလဲ ညနေစောင်းနေပါပြီ။ 36ဟဲင်းကြောင့် ဟဲင်းလူအုပ်ကူးကော် ဟဲင်းနေရာအနီးတဝိုက်ရှိ စိုက်ခင်းတေန ကျေးရွာတေဆီကော် ဆွားမောက် အစားအစာတေ ဝယ်ယူနိုင်ကြစေဖော့ စေလွှတ်တော်မူပါ" လောက်လျှောက်တင်ကြလေဟယ်။ 37ဟဲင်းခါကိုယ်တော်ဟ တပဲ့တော်တေကော် “ဆူ့တော့ကော် နဲင်တော့နားမှ စားစရာတခုခု ပေးလိုက်ပါ” လောက်ဆိုခါ တပဲ့တော်တေဟ “ကျွန်ုပ်တော့ တစ်နှစ်စာလုပ်အားခပိုက်ဆံန ညီမျှတဲ့ ဒေနာရီငွေဒင်္ဂါး နှေရာန ပေါင်မုန့်တေ ဆွားဝယ်မောက် ဆူ့တော့စားဖော့ ပေးရပါမည်လော" လောက် လျှောက်တင်ကြလေဟယ်။ 38ကိုယ်တော်ဟ ဆူ့တော့ကော် “နဲင်တော့မှာ စားစရာပေါင်မုန့် ဖယ်လောက်ရှိဟားဆိုဟာဆွားမောက် ကြည့်လော့” လောက်မိန့်တော်မူခါ တပဲ့တော်တော့ဟ “ပေါင်မုန့် ငါးလုံးန ငါးနှေကောင်သာရှိပါဟယ်”လောက် ပ္လန်လည် လျှောက်ထား ကြလေဟယ်။ 39ပြီးခါကိုယ်တော်ဟ တပဲ့တော်တော့ကော် လူထုပရိတ်ဆတ်ကြီးကော် အုပ်စုတစ်စုစီခွဲမောက် မြက်ခင်းစိမ်းပေါ်မှာ ထိုင်ကြဖော့ မိန့်တော်မူလေဟယ်။ 40လူအုပ်ကူးဟလဲ အယောက်တစ်ရာ၊ အယောက်ငါးဆယ် စသဖြင့် အုပ်စုခွဲမောက် ထိုင်လိုက်ကြလေဟယ်။ 41ကိုယ်တော်ဟ ပေါင်မုန့်ငါးလုံးနငါးနှေကောင်ကော်ယူမောက် မိုးကောင်းကင်ကော်မျှော်ကြည့်ကာ ဆုတောင်းပြီးနောက် ပေါင်မုန့်တေကော် ဖဲ့မောက် လူအုပ်ကူးကော် ကျွေးမွေးဖော့ တပဲ့တော်တေနားပေးလေဟယ်။ပြီးခါ ကိုယ်တော်ဟ ငါးနှေကောင်ကော်လဲ လူအကုန်ဟုန်းအတွက် ခွဲဝေပေးလေဟယ်။ 42လူအပေါင်းတော့ဟလဲ အဝ စားသုံးကြရလေဟယ်။ 43လူထု ပရိတ်ဆတ်အကုန်ဟုန်းအဝအလင် စားသုံးပြီးနောက် တပဲ့တော်တော့ဟ စားကြွင်းစားကျန်တေကော် ကောက်ယူ စုဆောင်းကြရာ ပေါင်မုန့်နငါးအပိုင်းအစတေဟ ခြင်းတောင်းဆယ့်နှေတောင်းပင် ပ္လေ့လျှံနေတော့ဟယ်။ 44ဟဲင်းနေရာမှာ စားဆောက်ဆမားယောက်ျားဆားဦးရေမှာငါးထောင် ခန့်ရှိလေဟယ်။ (ဟဲင်းလူအုပ်ကူးထဲမှာ မိန်းမန လူဆငယ်တေကော် မရေတွက်ဟားဘဲ ယောက်ျားတေကော်သာ ရေတွက်ဟားခြင်းဖြစ်ဟယ်) 45ပြီးခါကိုယ်တော်ဟ တပဲ့တော်တေကော် လှေပေါ်ကော်တခါတည်းတက်စေမောက် ရေအိုင်ရဲ့တစ်ဖက်ကမ်းရှိ ဗက်ဇဲဒမြို့ကော် အရင်ဆွားနှင့်ဖော့ စေလွှတ်တော်မူခဲ့ဟယ်။ကိုယ်တော်ဟ လူထုပရိတ်ဆတ်ကြီးကော် ပ္လန်လွှတ်ဖော့ က္လန်နေခဲ့ဟယ်။ 46ကိုယ်တော်ယေရှုဟ စုဝေးနေတဲ့ လူထုပရိတ်ဆတ်ကြီးကော် ပ္လန်လွှတ်လိုက်ပြီးခါ ဆုတောင်းဖော့တောင်ပေါ်ကော်ကြွတော်မူခဲ့လေဟယ်။ 47မိုးချုပ်လာတဲ့အခါ တပဲ့တော်တော့ရဲ့ လှေဟ ရေအိုင်ရဲ့အလယ်ကော် ရောက်ရှိနေပြီး ၊ကိုယ်တော်ဟ ကုန်းပေါ်မှာတစ်ပါးတည်းရှိတော်မူလေဟယ်။ 48ပြီးခါ တပဲ့တော်တေဟ လေကော်ဆန်မောက် ခက်ခက်ခဲခဲလှော်နေရပုံကော် ကိုယ်တော်ဟမြင်တွေ့ရလေဟယ်။မိုးလင်းအာရုံတက်ချိန်မှာ တပဲ့တော်တော့ရဲ့လှေနားကော် ကိုယ်တော်ဟ ရေအိုင်ပေါ်မှာ လမ်းလျှောက်မောက် ကြွလှမ်းလာလေဟယ်။ 49ဟဲင်းပေမဲ့ တပဲ့တော်တော့ဟ ကိုယ်တော်ယေရှု ရေပေါ်မှာလမ်းလျှေက်လာဟာကော် မြင်ကြတဲ့အခါ တစ္ဆေသရဲကော် မြင်တွေ့ရဟယ်လောက် ထင်မှတ်ကြညောင်း အော်ဟစ်ကြဟယ်။ 50တပဲ့တော်တော့ဟ ကြောက်ရွံ့ထိတ်လန့်နေကြညောင်း တခါတည်း ကိုယ်တော်ဟ ဆူ့တော့ကော် "သတ္တိရှိကြပါ၊ မကြောက်ကြပါနဲ့ ငါကိုယ်တော်ကြွလာဟာဖြစ်ဟယ်" လောက် မိန့်တော်မူလေဟယ်။ 51ပြီးခါကိုယ်တော်ဟလှေပေါ်ကော် ကြွရောက်တော်မူသည့်အချိန်မှာ ပြင်းထန်စွာ တိုက်ခတ်နေတဲ့လေဟ တခါတည်းငြိမ်ကျဟားမောက် တပဲ့တော်တော့ဟလဲ အကြီးကျယ်အံ့ဩဟားကြလေဟယ်။ 52တပဲ့တော်တော့ဟ နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ကြလေဟယ်။ဟဲင်းအတူ ပေါင်မုန့်ငါးလုံး ငါးနှေကောင်န လူငါးထောင်ကော် ကိုယ်တော်ယေရှုဟ တန်ခိုးတော်န ကျွေးမွေးခဲ့ဟာကော်လဲ ဆူ့တော့ရှင်းရှင်းလင်းလင်းနားမလည်ခဲ့ကြပေ။စာလောက်ဟားဆိုခါ ဆူ့တော့ရဲ့စိတ်နှလုံးမှာ ကိုယ်တော်ယေရှုကော် လက်ခံနိုင်ဖော့ ငြင်းဆန်နေကားညောင်း ဖြစ်လေဟယ်။ 53ကိုယ်တော်ယေရှုနတပဲ့တော်တော့ဟ ရေအိုင်ကော် ဖြတ်လာပြီး တစ်ဖက်ကမ်းဖြစ်တဲ့ ဂင်နေသရက်မြို့အနီးရှိ ကမ်းစပ်ကော်ရောက်ခါ လှေကော်ဆိုက်ကပ်ခဲ့ကြလေဟယ်။ 54ဆူ့တော့လှေမှ ဆင်းလာဟာနတခါတည်းလူထုပရိတ်ဆတ်တော့ဟ ကိုယ်တော်ယေရှုကော် တခါတည်းမှတ်မိဟားကြလေဟယ်။ 55ထို့နောက် ကိုယ်တော်ယေရှု ဖယ်နေရာမှာမဆို ရောက်ရှိနေဟာကော် ကြားဆိဟာန လူတေဟ ဆူ့တော့ရဲ့ပတ်ဝန်းကျင် ဒေသတစ်ခွင်လုံးမှနာမကျန်းဖြစ်နေဆမားတေကော် ဖျာပေါ်တင်မောက်အပြေးအလွှား အရောက်လာကြလေဟယ်။ 56ကိုယ်တော်ကြွတော်မူရာ မြို့တိုင်း၊ရွာတိုင်း၊ကျေးလက်ဒေတိုင်းမှာ လူတေဟ နာမကျန်းဆမားတေကော် ဈေးတေန လမ်းတေပေါ်မှာ ခ္လဟားကြပြီး ကိုယ်တော်ရဲ့ဝတ်ရုံကော်ပင် တို့ထိခွင့်ရဖော့ တောင်းလျှောက်ကြလေဟယ်။ဟဲင်းသလဲ တို့ထိခွင့်ရဆမားတိုင်းဟလဲ အနာရောဂါတေ ပျောက်ကင်းဟားကြလေဟယ်။

Currently Selected:

Mark 6: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in