YouVersion Logo
Search Icon

Mark 7

7
1တနေ့သောအခါ ဂျေရုရှလင်မှ လာကြတဲ့ ဖာရိရှဲတေန အချို့သောကျမ်းတတ်ဆရာတေဟ ကိုယ်တော်ယေရှုအနီးကော် စုဝေးရောက်ရှိလာကြဟယ်။ 2ဟဲင်းအချိန်မှာ ကိုယ်တော်ယေရှုရဲ့ တပဲ့တော်တေဟ လက်မဆေးဘဲ အစားဆောက်တေ စားနေကြဟာကော် တွေ့မြင်ကြတဲ့အခါ အပြစ်ရှာကြလေဟယ်။ 3စာလောက်ဟားဆိုခါ ဖာရိရှဲတေန ဂျူးလူမျိုးတေဟ ဘိုးဘေးတေရဲ့ထုံးတမ်းစဉ်လာအတိုင်း လက်ကော် သေချာစွာ ဆေးကြောသန့်စင်ခြင်းမပြုဘဲ အစားအစာတေ စားဆောက်ခြင်းမပြုဘဲညောင်းဖြစ်ဟယ်။ 4ဖာရိရှဲတော့ဟ ဆေးမှပ္လန်လာတဲ့အခါ ဆူ့တော့ကော်ဆူ့တော့ ရေချိုးသန့်စင်ပြီးမှသာ အစားအစာတေ စားဆောက်ခြင်းပြုကြဟယ်။အိုးခွက်ပန်းကန်တေ၊စားဆောက်နေရာမှာထိုင်တဲ့ ထိုင်ခုံတေကော်တောင် ဆေးကြောသန့်စင်ခြင်းဆိုတဲ့ ထုံးတမ်းစဉ်လာစည်းကမ်းတေကော် ဆူ့တော့ဟ တင်းကြပ်စွာ လိုက်နာကြလေဟယ်။ 5ဟဲင်းကြောင့် ဖာရိရှဲန ကျမ်းဆရာတေဟ ကိုယ်တော်ယေရှုကော် “ကိုယ်တော်ရဲ့တပဲ့တေဟ ဘိုးဘေးတေရဲ့ထုံးတမ်းစဉ်လာတေကော် လိုက်နာခြင်းမပြုဘဲ စာလောက်လက်မဆေးဘဲ အစားအစာတေကော် စားဆောက်နေကြဟား" လောက် မေးမြန်းကြလေဟယ်။ 6ဟဲင်းပေမဲ့ ကိုယ်တော်ဟ ဟဲင်းလူတေကော် "ဟေရှာယဟ ဆူတော်ကောင်းယောင်ဆောင်ကြတဲ့ သင်တော့အကြောင်းကော် ကြိုတင်နိမိတ်ဖတ်ဟောပြောခဲ့ပြီးဖြစ်ဟယ်။ ဆူရေးဆားခဲ့ဟာဟ "ဒီလူတော့ဟ ငါ့ကော် ဆူ့တော့ရဲ့ နှုတ်န ရိုဆေသမှုပြုကြလယ်ဝ ဆူတော့ရဲ့ စိတ်နှလုံးမှာ ငါန ဝေးလှဟယ်။ 7ဆူ့တော့ဟ လူတေခ္လမှတ်ဟားတဲ့ ထုံးတမ်းစဉ်လာတေကော် ငါ့ရဲ့ပညတ်တရားတေအဖြစ် လူတေကော် သွန်သင်မောက် ငါ့ကော်ကိုးကွယ်ခြင်းဟ အချည်းနှီးသက်သက်ပင် ဖြစ်ပေဟယ်"ဆိုမောက် ဖြစ်ဟယ်။ 8ဟဲင်းအတိုင်းပင် သင်တော့ဟ ဘုရားရှင်ရဲ့ ပညတ်တော်တေကော် စွန့်ပယ်မောက် လူတော့ရဲ့ ထုံးတမ်းစဉ်လာတေကော်သာ ခံယူကျင့်ဆုံးနေကြဟယ်" လောက် မိန့်တော်မူလေဟယ်။ 9ထို့နောက် ကိုယ်တော်ဟ ဟဲင်းလူတေကော် "သင်တော့ဟ လူတေရဲ့ ထုံးတမ်းစဉ်လာတေကော် ထိန်းသိမ်းစောင့်ရှောက်ဖော့အတွက် ဘုရားရှင်ရဲ့ပညတ်တေကော် ပစ်ပယ်ခဲ့ကြဟယ်" လောက်မိန့်တော်မူခဲ့လေဟယ်။ 10မောရှေရဲ့ပညတ်တော်မှာ မိဖတော့အပေါ်ရိုဆေပါ၊ 'မိဖတော့ကော် ဆိုးရွားစွာပြောဆိုဆမားတေဟ ဧကန်မုချဆေရမဲင်။' 11ဟဲင်းပေမဲ့ သင်တော့ဟ လူတေဟာ ဆူ့တော့မိဖတေကော် ပေးကမ်းမဲ့အစား ဘုရားရှင်ကော် ပေးကမ်းလှူဒန်းလိုက်ဟယ်လောက် ပြောပြီး မိဖတေကော် မပေးကမ်းမကူညီဘဲ နေလယ်ဝ မှန်ကန်ဟယ်လောက် ဟောပြောသွန်သင်နေကြဟယ်။သင်တော့ဟ ဟဲင်းသလဲလူတေကော် ' သင်တော့ကော် ထောက်ပံ့ပေးကမ်းမဲ့အရာတေကော် ဘုရားရှင်ကော်ပေးမဲင်လောက် ကတိပေးထားပြီးပြီ။ဟဲင်းကြောင့် သင်တော့ကော် မပေးနိုင်တော့ဘူး။'လောက် ဆူ့တော့ရဲ့မိဖတေကော် ပြောဖော့ခွင့်ပြုဟားကြလေဟယ်။အမှန်တကယ်ဟ သင်တော့ဟ လူတေကော် ဆူ့တော့ရဲ့မိဖတေကော် ထောက်ပံ့ကူညီစရာမလိုဘူးလောက် ပြောနေခြင်းပင်ဖြစ်ဟယ်။ 12ဟဲင်းထုံးတမ်းစဉ်လာဟ မိဖတော့ကော် လုပ်ကျွေးပြုစုမောက် ထောက်ပံ့ကူညီဖော့ ခွင့်မပြုတော့ပေ။ 13သင်တော့ဟ ဘိုးဘေးတေမှ လက်ဆင့်ကမ်းလာကြတဲ့ ထုံးတမ်းစဉ်လာတော့န ဘုရားရှင်ရဲ့ ပညတ်တော်တေကော် ပြစ်ပယ်လိုက်ကြဟယ်။ဟဲင်းသလဲ အခြားအမှုကိစ္စတေကော် လဲ သင်တော့ ဆက်လက် လုပ်ဆောင်နေကြဟယ်"လောက် မိန့်တော်မူလေဟယ်။ 14ပြီးခါကိုယ်တော်ဟ လူထုပရိတ်ဆတ်ကော် စုဝေးခေါ်ယူမောက် ဆူ့တော့ကော် "သင်တော့အကုန်ဟုန်းလဲ ငါမိန့်မှာဟာကော် နားထောင်မောက် နားလည်အောင် ကြိုးစားကြလော့။ 15လူတေစားဆောက်တဲ့ အရာတေဟ လူတေကော် ညစ်ညမ်းစေဟယ်မဟုတ်။လူတေနားမှ ထွက်တဲ့ အတွေးတေ နှုတ်ထွက်စကားတေကော်သာ လူတေကော် ညစ်ညမ်းစေခြင်းဖြစ်ဟယ်။ 16နားရှိမောက်ကြားနိုင်ဆမား အပေါင်းတော့ ဂရုစိုက်မောက် နားထောင်ကြပါ" လောက်မိန့်တော်မူခဲ့လေဟယ်။ 17ထို့နောက် ကိုယ်တော်ဟ လူထုပရိတ်ဆတ်ထံမှ ထွက်ခွာမောက် အိမ်တစ်အိမ်ကော် ဝင်တော်မူတဲ့အခါ တပဲ့တော်တော့ဟ ကိုယ်တော်ကော် ဟဲင်းပုံဥပမာရဲ့ ဆိုလိုရင်းကော် မေးမြန်းကြလေဟယ်။ 18ကိုယ်တော်ဟ တပဲ့တော်တေကော် "ကျွန်ုပ်ရဲ့ဆိုလိုရင်းကော် သင်တော့နားမလည်နိုင်ကြဘူးလား။သင်တော့လဲဆိနှင့်ပြီးဆားပဲ။သင်တော့ စားနေတဲ့ ပြင်ပဟ ရောက်လာတဲ့ အစားအစာတေဟာ သင်တော့ကော် မညစ်ညမ်းစေဘူး"လောက် မိန့်တော်မူခဲ့လေဟယ်။ 19ဟဲင်းအစားအစာတေဟ သင်တော့ရဲ့နှလုံးဆားထဲကော် ရောက်ဟားဟယ်မဟုတ်၊သင်တော့ရဲ့ အစာအိမ်ထဲကော်သာရောက်မောက် အပြင်ကော် ပ္လန်လည်စွန့်ထုတ်ကြဟယ်သာ ဖြစ်ဟယ်" လောက် မိန့်တော်မူဟယ်။ဟဲင်းသလဲမိန့်တော်မူခြင်းန ကိုယ်တော်ယေရှုဟ အစားအစာအကုန်ဟုန်းဟ စားဆောက်ဖော့ သင့်လျော်ဟယ်လောက် ဆိုလိုခြင်းဖြစ်ဟယ်။ 20ပြီးခါကိုယ်တော်ဟ “သင်တော့အတွင်းမှ ထွက်လာတဲ့ အရာတေဟသာ သင်တော့ကော် ညစ်ညမ်းစေခြင်းဖြစ်ဟယ်။ 21လူ့ရဲ့စိတ်နှလုံးအတွင်းထဲဟ မကောင်းတဲ့ အတွေးစိတ်ကူးတေ မေထုန်မှီဝဲမှုတေ၊ ခိုးဝှက်ခြင်း၊အဆက်ဆတ်ခြင်း၊ 22အိမ်ထောင်ရေးသစ္စာဖောက်ခြင်း၊ လောဘကြီးခြင်း၊ ယုတ်ညံ့ခြင်း၊ကောက်ကျစ်ခြင်း၊ရိုင်းပျခြင်း၊ မနာလိုခြင်း၊မာနကြီးခြင်း၊ မောဟကြီးခြင်း၊ အဘိဇ္ဇာ၊ ဗျာပါဒပွားခြင်း 23စတဲ့အရာတေဟသာ လူတေကော် ညစ်ညမ်းစေတဲ့အရာတေဖြစ်ကြဟယ်" လောက်တပဲ့တော်တေကော် ရှင်းပြလေဟယ်။ 24ပြီးခါကိုယ်တော်ယေရှုဟ ဟဲင်းနေရာမှထွက်ခွာလာမောက် တုရုမြို့နဇိဒုန်မြို့အနီးရှိဒေသကော်ရောက်လေဟယ်။ဆူဟ ဟဲင်းအရပ်ရှိအိမ်တစ်အိမ်မှာ တည်းခို နေထိုင်လျှက်ရှိမောက် ဟဲင်းအကြောင်းကော် မဆူ့ကော်မှမဆိစေလိုပေဘဲလယ်ဝ ကွယ်ဝှက်လောက်မရဘဲ လူတေဟ ဆိရှိဟားကြလေဟယ်။ 25ဟဲင်းကြောင့်မကောင်းဆိုးဝါး အပူးခံရဆမား မိန်းမဆငယ်တစ်ယောက်ရဲ့ မိခင်ဖြစ်ဆမား မိန်းမတစ်ယောက်ဟ ကိုယ်တော်အကြောင်းကော် ကြားမောက် ကိုယ်တော်နားကော် ရောက်ရှိလာမောက်ကိုယ်တော်ရဲ့ခေရင်းမှာ ဒူးထောက်ပြပ်ဝပ်ခဲ့လေဟယ်။ 26ဟဲင်းအမျိုးဆမီးဟ ဂရိလူမျိုး ရှုရိဖိနိတ်ပ္လေဆူ ဖြစ်လေဟယ်။ဆူမဟ ဆူမရဲ့ ဆမီးနားကော်ပူးကပ်နေတဲ့ မကောင်းဆိုးဝါးကော် နှင်ထုတ်ပေးဖော့ ကိုယ်တော်ကော်တောင်းပန်ခဲ့လေဟယ်။ 27ဟဲင်းပေမဲ့ ကိုယ်တော်ယေရှုဟ ဆူမကော်"ခလေးငယ်တေကော် ဖိတ်ဝအောင်အရင်ကျွေးမွေးပါ။ကလေးတေရဲ့မုန့်ကော်ယူမောက် ခွေးကော် ခ္လကျွေးခြင်းဟ မသင့်တော်ပေ" လောက်မိန့်တော်မူခဲ့လေဟယ်။ 28ဟဲင်းအမျိုးဆမီးဟ “ဟုတ်ပါဟယ်အရှင်၊ စားပွဲအောက်ဟ ခွေးတောင်မှ ခလေးတေရဲ့ စားကြွင်းစားကျန်တေကော် စားရပါဟယ်" လောက် ပ္လန်လည်ဖြေကြားခဲ့လေဟယ်။ 29ကိုယ်တော်ဟ ဆူမကော် "သင်ဟဲင်းသလဲ ဖြေကြားတဲ့အတွက် သင်ဆွားနိုင်ပါပြီ။မကောင်းဆိုးဝါးဟ သင်ဆမီးနားဟနေ ထွက်ဟားခဲ့ပြီ" လောက် မိန့်တော်မူခဲ့လေဟယ်။ 30ထိုနောက် ဆူမဟာ အိမ်ပ္လန်တဲ့အခါ ဆူမရဲ့ဆမီးမှာ မကောင်းဆိုးဝါးမရှိတော့ဘဲ အိပ်ရာထဲမှာ ကျန်းမာစွာ လဲလျောင်းလျက်ရှိဟာကော် တွေ့ရလေဟယ်။ 31ထို့နောက်ကိုယ်တော်ဟ တုရုမြို့မှ ဇိဒုန်မြို့ကော်ဖြတ်မောက် ဒေကာပေါလိဒေသအတွင်းရှိ ဂါလိလဲအိုင်ကော် ထွက်ခွာဟားလေဟယ်။ 32ပြီးခါလူတစ်ချို့ဟ ဆွံ့အနားမကြားဆမားတစ်ယောက်ကော် ကိုယ်တော်နားကော် ခေါ်လာမောက် ဟဲင်းလူကော် ကိုယ်တော်လက်တော်နတို့ထိကုသပေးဖော့ တောင်းပန်ကြလေဟယ်။ 33ကိုယ်တော်ဟ ဟဲင်းလူကော်သီးသန့်နေရာကော် ခေါ်ဆောင်မောက် ဟဲင်းလူရဲ့နားနှေဖက်ကော် ကိုယ်တော်ရဲ့ လက်ညိုးတော်န တို့ထိတော်မူပြီးနောက် ဆူ့ရဲ့လက်ကော် ဆံထွေးနဆွတ်မောက် ဆွံ့အနေဆမားရဲ့လျှာကော် တို့ထိတော်မူခဲ့လေဟယ်။ 34ထို့နောက် ကောင်းကင်ကော်မျှော်ကြည့်ကာ သက်ပြင်းချမောက် ပွင့်စေလောက်ဆိုမှ အဓိပ္ပာယ်ရတဲ့ "ဧဖသ" လောက် မိန့်တော်မူဟယ်။ 35တခါတည်း ဟဲင်းလူနာရဲ့နားဟ ပွင့်မောက် လျှာဟလဲ အနှောင်အဖွဲ့မှ လွတ်သလဲ ဟဲင်းလူဟ မှန်ကန်စွာ စကားပြောဆိုလာနိုင်ခဲ့လေဟယ်။ 36ကိုယ်တော်ဟ လူအပေါင်းတော့ကော် ဆူလုပ်ဆောင်ခဲ့ဆမျှတေကော် မဆူ့ကော်မှပ္လန်လည်ပြောဆိုခြင်းမပြုဖော့ မိန့်တော်မူလေဟယ်။ ဟဲင်းပေမဲ့ကိုယ်တော်ဟ မပြောဖော့ပြောလေ လူထုဟဟဲင်းအကြောင်းကော် ပိုမောက်ပြောကြလေဖြစ်ဟယ်။ 37လူထုအပေါင်းတော့ဟ အကြီးကျယ်အံ့ဩဝမ်းမြောက်မောက် “ကိုယ်တော်ဟ အရာခပ်သိမ်းတော့ကော် ကောင်းစွာပြုတော်မူခဲ့ပြီ။ နားမကြား၊ စကားမပြောနိုင်တဲ့ဆမားကော်တောင် ပ္လန်ကြားမောက် စကားပြောနိုင်အောင် ပျောက်ကင်းစေခဲ့ပြီဖြစ်ဟယ်" လောက် ပြောဆိုခဲ့ကြလေဟယ်။

Currently Selected:

Mark 7: INT

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for Mark 7