1
မဿဲ 4:4
ခေတ်သစ်မြန်မာ သမ္မာကျမ်း
သို့ရာတွင် ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘လူသည် အစာဖြင့်သာ အသက်ရှင်ရသည်မဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားရှိသမျှဖြင့် အသက်ရှင်ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
Comparer
Explorer မဿဲ 4:4
2
မဿဲ 4:10
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
Explorer မဿဲ 4:10
3
မဿဲ 4:7
ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
Explorer မဿဲ 4:7
4
မဿဲ 4:1-2
ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။ ယေရှုသည် ရက်ပေါင်းလေးဆယ် အစာရှောင်ပြီးနောက် အလွန်ဆာလောင်တော်မူ၏။
Explorer မဿဲ 4:1-2
5
မဿဲ 4:19-20
ယေရှုက “ငါ့နောက်သို့ လိုက်ကြလော့။ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါဖြစ်စေမည်” ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ပိုက်ကွန်များကို ချက်ချင်းထားခဲ့၍ ယေရှုနောက်တော်သို့ လိုက်ကြ၏။
Explorer မဿဲ 4:19-20
6
မဿဲ 4:17
ထိုအချိန်မှစ၍ ယေရှုက “ကောင်းကင်နိုင်ငံတော် ပေါ်ထွန်းချိန်နီးပြီဖြစ်သောကြောင့် နောင်တရကြလော့” ဟု စတင်ဟောပြောတော်မူ၏။
Explorer မဿဲ 4:17
Accueil
Bible
Plans
Vidéos