ရှင်~လု~ကာ 24
24
1ပ ညတ် တော် အ တိုင်း ဥ ပုသ် နေ့ တွင် နား နေ ပြီး မှ ခု နစ် ရက် တွင် ပ ဌ မ နေ့ မိုး မ သောက် မီ ကိုယ် ပြင် ဆင် သော နံ့ သာ များ ကို ယူ လျက် သင်္ချိုင်း ဂူ တော် သို့ လာ ရောက် ကြ ရာ၊ 2-3ဂူ ဝ က ကျောက် လုံး ကို လှိမ့် ဖယ် ပြီး တွေ့၍ ဝင် သော် အ ရှင် ယေ ရှု၏ အ လောင်း တော် ကို မ တွေ့ မ မြင် ကြ။ 4ထို အ ခြင်း အ ရာ ကြောင့် စိတ် ရှုပ် ထွေး လျက် ရှိ နေ ကြ စဉ် တောက် ပ သော ဖွဲ့ ဖြူ ဆင် ယင် သူ နှစ် ပါး တို့ သည် ထင် ရှား ပြီး လျှင်၊ 5ကြောက် ရွံ့၍ ပျပ် ဝပ် သော ထို မိန်း မ တို့ အား သူ ရှင် ကို သူ သေ တို့ ဘောင် တွင် အ ဘယ့် ကြောင့် ရှာ ကြ သ နည်း။ 6-7ကိုယ် တော် သည် ဤ တွင် မ ရှိ။ ရှင် ပြန် ထ မြောက် တော် မူ ပြီ။ ဂါ လိ လဲ နယ်၌ ရှိ နေ တော် မူ သေး စဉ် လူ့ သား သည် အ ပြစ် သား တို့ လက် သို့ ပို့ အပ် ခံ ရ၍ ကား တင် ခံ ရ လိမ့် မည်။ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် ရ လိမ့် မည် ဟူ သော မိန့် တော် မူ ချက် ကို သ တိ ရ ကြ လော့ ဟု ဆို ကြ သည့် အ တိုင်း၊ 8ထို မိန့် တော် မူ ချက် ကို သ တိ ရ၍ သင်္ချိုင်း ဂူ တော် မှ ပြန် သွား လျှင်၊ 9အ ရာ ခပ် သိမ်း ကို တစ် ဆယ့် တစ် ပါး တို့ မှ စ သော တ ပည့် တော် အ ပေါင်း တို့ အား ပြန် ကြား ကြ ၏။ 10တ မန် တော် တို့ အား ပြန် ကြား သူ တို့ မှာ မာ ဂ ဒ လ မာ ရိ၊ ယော ဟ န္န၊ ယာ ကုပ် အ မိ မာ ရိ ပြင် လိုက် သွား သူ တ ပည့် တော် မ တို့ တည်း။ 11တ မန် တော် တို့ မူ ကား စ ကား ဖျင်း ကဲ့ သို့ ထင် မှတ်၍ မ ယုံ ဘဲ နေ ကြ ရာ တွင်၊ 12ပေ တ ရု ထ လျက် သင်္ချိုင်း ဂူ တော် သို့ ပြေး သွား ငုံ့ ကြည့် ရာ ပိတ် ထည် ကို သာ မြင် သ ဖြင့် အ ဖြစ် အ ပျက် ကို အံ့ သြ လျက် အိမ် သို့ ပြန် လေ၏။
13ထို နေ့ ချင်း တွင် ယေ ရု ရှ လင် မြို့ နှင့် ခ ရီး သုံး တိုင် ခန့် ကွာ သော ဧမောက် ခေါ် ရွာ သို့ တ ပည့် တော် နှစ် ယောက် သွား ကြ ရာ၊ 14ထို ဖြစ် ပျက် သ မျှ အ ကြောင်း အ ချင်း ချင်း ဆွေး နွေး ကြ၏။ 15ထို သို့ ဆွေး နွေး ပြော ဆို ကြ စဉ် ယေ ရှု ကိုယ် တော် တိုင် ချဉ်း ကပ်၍ လိုက် ကြွ တော် မူ ရာ၊ 16မျက် စိ ချုပ် ထား သ ဖြင့် ကိုယ် တော် မှန်း မ သိ ကြ ချေ။ 17ကိုယ် တော် က ခ ရီး သွား စဉ် အ ချင်း ချင်း တုံ့ ပြန် သော စ ကား များ မှာ အ သို့ နည်း ဟု မေး တော် မူ သော် မျက် နှာ ညှိုး လျက် ရပ် တန့် ပြီး နောက်၊ 18က လော ဖ အ မည် ရှိ သူ က သင် သည် ယေ ရု ရှ လင် မြို့ တွင် တစ် ကိုယ် တည်း အာ ဂ န္တု ဖြစ် လျက် ပင် ယ ခု နေ့ ရက် ကာ လ ထို မြို့ တွင် အ ဖြစ် အ ပျက် များ ကို မ ကြား မ သိ လော ဟု ပြန် ဆို လျှင်၊ 19မည် သည့် အ ဖြစ် အ ပျက် နည်း ဟု မေး တော် မူ ပြန် သော် ဘု ရား သ ခင့် ရှေ့၊ ပြည် သူ ပြည် သား တို့ ရှေ့၊ လက် သ တ္တိ နှုတ် သ တ္တိ နှင့် ပြည့် စုံ သော ပ ရော ဖက် ဖြစ် သူ နာ ဇ ရက် မြို့ သား ယေ ရှု အ ကြောင်း၊ 20ထို သူ့ ကို သေ ဒဏ် ခံ ရန် အ ကျွန်ုပ် တို့၏ ပ ရော ဟိတ် ကြီး တို့ နှင့် အ ရာ ရှိ တို့ ပို့ အပ် ပြီး လျှင် ကား တင် ကြ သည့် အ ကြောင်း များ တည်း။ 21ကျွန်ုပ် တို့ မူ ကား ဣ သ ရေ လ လူ မျိုး ကို ရွေး နုတ် အံ့ သော အ ရှင် ဖြစ် သည် ဟု မျှော် လင့် ခဲ့ ကြ သော် လည်း ထို သို့ ဖြစ် ပျက် သည် မှာ ယ နေ့ သုံး ရက် လည် ပြီ။ 22-23ကျွန်ုပ် တို့ အ ပေါင်း ပါ မိန်း မ အ ချို့ မှာ မူ နံ နက် စော စော သင်္ချိုင်း ဂူ သို့ သွား၍ အ လောင်း ကို မ တွေ့ သော် ကိုယ် တော် သည် ရှင် ပြန် ထ မြောက် တော် မူ ပြီ ဟု ဆင့် ဆို သော စေ တ မန် တော် တို့ ထင် ရှား ရာ ရူ ပါ ရုံ ကို မြင် ခဲ့ ကြောင်း ပြန် လာ ကြား ပြော၍၊ 24အ ကျွန်ုပ် တို့ ကို အံ့ သြ စေ ကြ သည် နှင့် အ ပေါင်း ပါ ယောက်ျား အ ချို့ တို့ သည် သင်္ချိုင်း ဂူ သို့ သွား၍ မိန်း မ တို့ ကြား ပြော သည့် အ တိုင်း တွေ့ ပါ၏။ ထို သူ့ ကို ကား မ မြင် ရ ကြ ဟု ဖြေ ဆို ကြ၏။ 25ထို ကာ လ ကိုယ် တော် က ပ ရော ဖက် တို့ ဆင့် ဆို သ မျှ ကို ယုံ ခဲ သော အို လူ မိုက် တို့၊ 26ခ ရစ် တော် သည် ထို ဒု က္ခ များ ကို ခံ မှ ဘုန်း တော် ဝင် စား ထိုက် သည် မ ဟုတ် လော ဟု မိန့် တော် မူ ပြီး လျှင်၊ 27မော ရှေ ကျမ်း နှင့် ပ ရော ဖက် တို့ ကျမ်း ခပ် သိမ်း မှ စ၍ ကိုယ် တော် နှင့် စပ် လျဉ်း သော အ ချက် ချက် ကို ဖွင့် ပြ တော် မူ၏။ 28သွား သည့် ရွာ အ နီး သို့ ရောက် ကြ၍၊ 29လွန် သွား မည် ပြု တော် မူ ရာ ထို သူ တို့ က ကျွန်ုပ် တို့ နှင့် တည်း ခို ပါ။ ည နေ အ ချိန် ရောက် လျက် နေ့ ကုန် လု ပြီ ဟု တိုက် တွန်း ပင့် ခေါ် ကြ သ ဖြင့် အ တူ တည်း ခို ရန် ကြွ ဝင် တော် မူ၏။ 30ထို သူ တို့ နှင့် အ တူ စား ပွဲ ထိုင် တော် မူ စဉ် မုန့် ကို ယူ၍ ကောင်း ကြီး ပေး ပြီး လျှင် ဖဲ့ လျက် ပေး တော် မူ ရာ၊ 31စ က္ခု ပြေ သ ဖြင့် ကိုယ် တော် မှန်း သိ ကြ၏။ 32ကိုယ် တော် မူ ကား ကွယ် ကြွ တော် မူ၏။ ထို သူ တို့ က ကိုယ် တော် သည် လမ်း ခ ရီး တွင် ကျမ်း ချက် များ ကို ဖွင့် ပြ လျက် မိန့် မြွက် တော် မူ စဉ် ငါ တို့ နှ လုံး ယို ဖိတ် မ တတ် ရှိ နေ သည် မ ဟုတ် လော ဟု အ ချင်း ချင်း ပြော ဆို လျက်၊ 33-34ထို အ ချိန် နာ ရီ တွင် ပင် ထ၍ ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက် လျှင် တစ် ဆယ့် တစ် ပါး နှင့် အ ပေါင်း ပါ တို့ စည်း ဝေး ကြ သည် ကို တွေ့ ရာ အ ရှင် ဘု ရား သည် မု ချ ရှင် ပြန် ထ မြောက် တော် မူ ပြီ။ ရှိ မုန် အား လည်း ထင် ရှား တော် မူ ပြီ ဟု ထို သူ တို့ ပြော ဆို ကြ သော်၊ 35လမ်း ခ ရီး တွင် အ ဖြစ် အ ပျက် များ ကို လည်း ကောင်း၊ မုန့် ဖဲ့ တော် မူ ရာ တွင် ကိုယ် တော် မှန်း သိ ကြောင်း ကို လည်း ကောင်း ပြန် ကြား ကြ၏။
36ထို သို့ ပြော ဆို နေ ကြ စဉ် ကိုယ် တော် သည် အ လယ် မှာ ရပ်၍ သင် တို့၌ ငြိမ် သက် ခြင်း တည် စေ သ တည်း ဟု မိန့် တော် မူ သော အ ခါ၊ 37တ စ္ဆေ မြင် သည် ဟု ထင် မှတ်၍ ထိတ် လန့် ကြောက် ရွံ့ ကြ ရာ၊ 38ကိုယ် တော် က အ ဘယ့် ကြောင့် ချောက် ခြား ကြ သ နည်း။ အ ဘယ့် ကြောင့် စိတ် ကြံ ဆ ကြ သ နည်း။ 39ငါ မှန် ကြောင်း ငါ့ လက် ခြေ များ ကို ကြည့် ကြ။ ငါ့ ကို စမ်း သပ်၍ ကြည့် ကြ။ ငါ၌ သင် တို့ ကြည့် မြင် ရ သ ကဲ့ သို့ တ စ္ဆေ၌ အ သား အ ရိုး မ ရှိ ဟု မိန့် တော် မူ လျက်၊ 40လက် တော် ခြေ တော် များ ကို ပြ တော် မူ၏။ 41သူ တို့ သည် ဝမ်း မြောက် ခြင်း ကြောင့် မ ယုံ ဘဲ အံ့ သြ လျက် ရှိ နေ ကြ သေး သည့် ကာ လ ကိုယ် တော် က ခဲ ဖွယ် တစ် စုံ တစ် ရာ ရှိ သ လော ဟု မေး တော် မူ သော်၊ 42-43ငါး ကင် တစ် ပိုင်း ကို ဆက် ကြ ရာ ခံ ယူ ပြီး လျှင် သူ တို့ ရှေ့ သုံး ဆောင် တော် မူ၏။
44ထို နောက် ကိုယ် တော် က သင် တို့ နှင့် အ တူ ရှိ နေ သေး စဉ် ငါ မိန့် ဆို ခဲ့ သည် မှာ မော ရှေ၏ ပ ည တ္တိ ကျမ်း၊ ပ ရော ဖက် ကျမ်း၊ ဆာ လံ ကျမ်း များ တွင် ငါ နှင့် စပ် လျဉ်း သော အ ချက် ချက် သည် ပြည့် စုံ ရ မည် ဟူ၍ တည်း ဟု မိန့် ဆို လျက်၊ 45ထို ကျမ်း ချက် များ ကို နား လည် ကြ စေ ရန် သူ တို့ ဉာဏ် ကို ဖွင့် တော် မူ ရာ ထို အ တိုင်း ခ ရစ် တော် သည် ဒု က္ခ ခံ၍ 46သူ သေ တို့ အ ထဲ မှ သုံး ရက် လည် သော နေ့ တွင် ရှင် ပြန် ထ မြောက် တော် မူ ရ မည့် အ ကြောင်း၊ 47ယေ ရု ရှ လင် မြို့ မှ စ သော လူ အ မျိုး မျိုး တို့ အား အ ပြစ် ပြေ လွှတ် ခြင်း အ လို့ ငှာ နောင် တ ရ ခြင်း တ ရား ကို ကိုယ် တော်၏ နာ မ နှင့် ဟော ပြော ရ မည့် အ ကြောင်း ရေး ထား လျက် ရှိ သည်။ 48ထို အ ဖြစ် အ ပျက် များ နှင့် စပ် လျဉ်း သော သက် သေ ခံ များ ကား သင် တို့ တည်း။ 49၎င်း ပြင် ငါ့ ခ မည်း တော် က တိ ထား တော် မူ ရာ ကို သင် တို့ ထံ ငါ စေ လွှတ် လိုက် မည် ဖြစ်၍ အ ထက် မှ တန် ခိုး နှင့် အ ခြုံ မ ခံ ရ မီ ဤ မြို့ တွင် နေ ကြ လော့ ဟု မိန့် တော် မူ ၏။
50ထို နောက် ကိုယ် တော် သည် တ ပည့် တော် တို့ ကို ဗေ သ နိ ရွာ အ နီး ရောက် ခေါ် သွား ပြီး လျှင် လက် စုံ ချီ ၍ ကောင်း ကြီး ပေး တော် မူ ၏။ 51ထို သို့ ပေး တော် မူ စဉ် သူ တို့ နှင့် ခွာ၍ ကောင်း ကင် ဘုံ သို့ ချီ ဆောင် ခြင်း ခံ တော် မူ၏။ 52တ ပည့် တော် တို့ သည် ကိုယ် တော် ကို ရှိ ခိုး ပြီး လျှင် အား ရ ဝမ်း မြောက် စွာ ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍၊ 53ဗိ မာန် တော် တွင် ဘု ရား သ ခင်၏ ဂုဏ် တော် ကို အ စဉ် မ ပြတ် ချီး မွမ်း လျက် ရှိ နေ ကြ ၏။
Chwazi Kounye ya:
ရှင်~လု~ကာ 24: GHB
Pati Souliye
Pataje
Kopye
Ou vle gen souliye ou yo sere sou tout aparèy ou yo? Enskri oswa konekte
Garrad Holy Bible © Bible Society of Myanmar, 1928.