ရှင်ယောဟန် 2

2
ကာ​န​မြို့​မင်္ဂ​လာ​ဆောင်​ပွဲ
1သုံး​ရက်​မြောက်​သော​နေ့၌ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​တွင် မင်္ဂ​လာ​ဆောင်​ပွဲ​ကို​ခံ​ကြ​စဉ်၊ ထို​ပွဲ၌ ယေ​ရှု၏​မယ်​တော်​ရှိ၏။- 2ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။- 3စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။- 4ယေ​ရှု​က​လည်း၊ အ​ချင်း​မိန်း​မ၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ငါ့​အ​ချိန်​မ​ရောက်​သေး​ဟု မိန့်​တော်​မူ၏။- 5မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။- 6ယု​ဒ​ဘာ​သာ​အ​လျောက် စင်​ကြယ်​ခြင်း​အ​ဖို့​အ​လို​ငှာ၊ ထို​အ​ရပ်၌ နှစ်​တင်း​သုံး​တင်း​ခန့်​ဝင်​သော ကျောက်​အိုး​စ​ရည်း​ခြောက်​လုံး ထား​လျက်​ရှိ၏။- 7ယေ​ရှု​က​လည်း၊ ဤ​ရေ​အိုး​တို့​ကို​ရေ​ဖြည့်​ကြ​ဟု အ​စေ​ခံ​တို့​အား မိန့်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် လျှံ​မ​တတ်​ဖြည့်​ကြ၏။- 8ယ​ခု​ခပ်၍ ပွဲ​အုပ်​ထံ​သို့​သွင်း​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း သွင်း​ကြ၏။- 9ပွဲ​အုပ်​သည် စ​ပျစ်​ရည်​ဖြစ်​စေ​သော​ရေ​ကို မြည်း​စမ်း၍၊ ထို​ရေ​ကို ခပ်​သော​အ​စေ​ခံ​တို့​သည် စ​ပျစ်​ရည်​ကို အ​ဘယ်​မှာ​ရ​သည်​ကို​သိ​သော်​လည်း၊ ပွဲ​အုပ်​သည် မ​သိ​သော​ကြောင့်၊ မင်္ဂ​လာ​ဆောင်​လု​လင်​အား အ​သံ​ကို​လွှင့်၍၊- 10အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။- 11ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။
12ထို​နောက် မယ်​တော်​မှ​စ၍​ညီ​တော်၊ တ​ပည့်​တော်​တို့​နှင့်​တ​ကွ၊ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​တော်​မူ၏။ ထို​မြို့​မှာ ကြာ​မြင့်​စွာ​မ​နေ​ဘဲ၊#မ၊ ၄:၁၃။
ဗိ​မာန်​တော်​သို့​၀င်​သွား​ခြင်း
(မ၊ ၂၁:၁၂-၁၃။ မာ၊ ၁၁:၁၅-၁၇။ လု၊ ၁၉:၄၅-၄၆)
13ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ချိန် နီး​သည်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။-#ထွ၊ ၁၂:၁-၂၇။ 14ဗိ​မာန်​တော်၌ သိုး၊ နွား၊ ချိုး​ငှက် ရောင်း​သော သူ​တို့​ကို​လည်း​ကောင်း၊ ပွဲ​စား​များ ထိုင်​လျက်​ရှိ​သည်​ကို​လည်း​ကောင်း တွေ့​တော်​မူ​လျှင်၊- 15ရိုက်​စ​ရာ​ဖို့ ကြိုး​သေး​များ​ကို ပြု​ပြင်​ပြီး​မှ၊ ထို​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သိုး၊ နွား​များ​ကို​လည်း​ကောင်း၊ ဗိ​မာန်​တော်​မှ​နှင်​ထုတ်​တော်​မူ၍၊ ပွဲ​စား​တို့၏ ငွေ​တင်​ခုံ​များ​ကို တွန်း​ပစ်​မှောက်​ထား​တော်​မူ၏၊- 16ချိုး​ငှက်​ရောင်း​သော သူ​တို့​အား​လည်း၊ ဤ​ဥ​စ္စာ​ကို ယူ​သွား​ကြ။ ငါ့​အ​ဘ၏​အိမ်​တော်​ကို ပွဲ​တဲ​မ​လုပ်​ကြ​နှင့်​ဟု မိန့်​တော်​မူ၏။- 17ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏​ဟူ၍ ကျမ်း​စာ​လာ​သည်​ကို၊ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ၏။#ဆာ၊ ၆၉:၉။
18ယု​ဒ​လူ​တို့​က​လည်း၊ သင်​သည် ဤ​သို့​ပြု​လျှင် အ​ဘယ်​နိ​မိတ်​လ​က္ခ​ဏာ​ကို ငါ​တို့​အား ပြ​မည်​နည်း​ဟု ဆို​ကြ၏။- 19ယေ​ရှု​က​လည်း၊ ဤ​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​ကြ​လော့။ သုံး​ရက်​အ​တွင်း​တွင် ငါ​တည်​ဆောက်​မည်​ဟု မိန့်​တော်​မူ၏။-#မ၊ ၂၆:၆၁၊ ၂၇:၄၀။ မာ၊ ၁၄:၅၈၊ ၁၅:၂၉။ 20ယု​ဒ​လူ​တို့​က၊ အ​နှစ်​လေး​ဆယ်​ခြောက်​နှစ်​ပတ်​လုံး ဤ​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​ကြ၏။ သင်​မူ​ကား၊ သုံး​ရက်​တည်း​နှင့် တည်​ဆောက်​မည်​လော​ဟု ဆို​ကြ၏။- 21ထို​သို့​မိန့်​တော်​မူ​ရာ၌ မိ​မိ​ကိုယ်​တည်း​ဟူ​သော ဗိ​မာန်​ကို​အ​မှတ်​ပြု၍ မိန့်​တော်​မူ၏။- 22ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။
လူ​အ​ကြောင်း​ကို​သိ​ခြင်း
23ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- 24သို့​သော်​လည်း​ယေ​ရှု​သည် ထို​သူ​တို့၌ ကိုယ်​ကို​အပ်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​ကို သိ​တော်​မူ၏။- 25လူ၏​အ​ထဲ၌​ရှိ​သ​မျှ​ကို သိ​တော်​မူ​သော​ကြောင့်၊ လူ၏​အ​ကြောင်း​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ အ​ဘယ်​သူ​ကို​မျှ အ​လို​တော်​မ​ရှိ။

ទើបបានជ្រើសរើសហើយ៖

ရှင်ယောဟန် 2: JBMLE

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល