ရှင်လုကာ 1

1
ခန်း (၁)
သော်ဖိလုဝို
1လေးစားအပ်ပါဝို သော်ဖိလု၊ လူဒွေများဂီးဟ ကျနော်ဒို့ဂျားမှာ ဖြစ်ပျစ်ခဲ့ဝို ဖြစ်ပျစ်ဒွေဝို ရေးသားဝို့ ကြိုးစားခဲ့ဂေ့ရယ်။ 2‌အဲမျိုးရေးသားဝိုခါမှာ သူ့နို့ဟ စဒဲဟရှေ့ခဲ့ပြီး ဖြစ်ပျစ်ခဲ့ဝို ဖြစ်ပျစ်ဒွေဝို ဗြင်ခဲ့ရဝိုသူဒွေဟနေ ပြောပြခဲ့ဖူးဝိုဇာဒွေဝို ရေးသားခဲ့ဂေ့ရယ်။ 3အဲဂျော့ ငါဟ စဒဲဟ ဂူလုံးဝို ဂရုတစိုက်စုံစမ်းလေ့လာခဲ့ပီး ဖြစ်ပျစ်ဒွေဝို နန်းနို့တွက် စီဇဉ်တကျရေးသားဝို့ ဆုံးဖြတ်ခဲ့ပါရယ်။ 4အဲဆိုဝါ နန်းနို့ သန်ယူခဲ့ရဝို ကြောရာဒွေဟ မှန်ကန်ကြောဝို နန်းနို့ သိလာလိမယ်ဖြစ်ရယ်။
ရေနှစ်မြင်ဂလာဆရာယောဟန် မွှီးဖွားဝို့ကြော နတ်ဒေဝါကြိုတံဟောပြောချင့်
5ယုဒပြည်ဝို ဟေရုဒ်မန်းဂီး#1.5 ဟေရုဒ်မန်းဂီး ဟေရုဒ်မန်းဂီးဟ (ဘီစီ၃၇-၄)ဟ အုပ်ချုပ်ခဲ့ဝို ဘုရင်ဖြစ်ပီး ရောမလူမျိုးဒွေဟ သူ့ဝို ခန့်အပ်တာဝန်ပေးခဲ့ရယ်။ အုပ်စိုးနေခီမှာ ဇာခရိဆိုပီးခေါ်ဝို ဂျူးပုရောဟိတ်ဟ အဘိယ#1.5 အဘိယ အဘိယဆိုဇာဟ ဂျူးပုရောဟိတ်ဖွဲ့ခွဲဒွေဟ ဂျေရုဆလင်ဗိမာန်တော်မှာ မှုတော်ဆော်ဝို့ ရည်ရွယ်ချစ်တွက် ပိုင်းခြားရားဝို ဖွဲ့ခွဲ၂၄ခုဝို သမ္မာကျမ်းစာ ရာဇဝင်ချုပ် ၂၄မှာ ဦးဆုံးဖော်ပြထားရယ်။ဆိုပီး ခေါ်ဝို ပုရောဟိတ်#1.5 ပုရောဟိတ် ပုရောဟိတ်ဒွေဟ မြင့်မြတ်ဝို ဓလေ့ထုံးတမ်းဒွေဝို လုပ်ဆော်ဝို့ ခွမ့်အာဏာရှေ့ဝို ဂျူးဘာသာရေးကြီးကဲဒွေဖြစ်ဂေ့ရယ်။ သူ့နို့ဟ လူဒွေကိုယ်စား ဗိမာန်တော်မှာ ဘာသာရေးနဆိုင်ဝို မှုကိစဒွေဝို လုပ်ရဝို သူဒွေဖြစ်ဂေ့ရယ်။တယော့ရဲ့ ဖွဲ့ဝမ် ဖြစ်လေရယ်။ သူ့မယားဟ အစ္စရေးပြည်ရဲ့ ပထမဆုံးပုရောဟိတ်ဖြစ်ဝို အာရုန်မျိုးနွယ်‌ဟနေ ဆင်းသပ်လာသူဖြစ်ပီး သူ့ရဲ့ နော်မယ်ဟ ဧလိရှဗက် ဆိုပီး ခေါ်ရယ်။ 6သူ့နို့နှေ့ယော့ဟ ဘုရားရှင်ရဲ့ပညတ်တော်#1.6 ပညတ်တော် ပညတ်တော်ဆိုဇာဟ ဘုရားရှင်ရဲ့ပညတ်ကျမ်းဖြစ်ရယ်။ဒွေဝို မှားမှေ့ဘဲန လုံးလုံးဝဝလိုက်နာဂေ့ရိတွက် ဘုရားရှင်ရဲ့ရှေ့တော်မှာ ဖြော့မတ်သူ#1.6 ဖြော့မတ်သူ ဖြော့မတ်သူဆိုဇာဟ ဘုရားရှင်ရဲ့ပညတ်တော်ဒွေတိုင်း နေထိုင်ဝိုသူဝို ပြောဇာဖြစ်ရယ်။ဒွေဖြစ်ဂေ့ရယ်။ 7အယ်ဘေမဲ့ ဧလိရှဗက်ဟ မြုံနေရိတွက် သားမီး ယော့မှ ရဘဲန လန်မြားနှေ့ယော့လုံးဝ သက်ကီးပီး အိုမန်းလာဂေ့ရယ်။
8နေ့မှာ ဇာခရိရဲ့ဖွဲ့ဟ လှည့်ကလရိတွက် ဇာခရိဟ ဘုရားရှင်ရဲ့ရှေ့တော်မှာ ပုရောဟိတ်တစ်ယော့လုပ်ရဝို့ တာဝန်ဝို ဗိမာန်တော်မှာ ဆော်ဝက်နေလေရယ်။ 9ပုရောဟိတ်ဒွေရဲ့ ထုံးစံတိုင်း အရှင်ရဲ့ဗိမာန်တော်ဝို ဝမ်ပီး မွှီးနံ့သာပူဇော်ဝို့ မဲနှိုက်ပီး ဝီးချယ်ရာမှာ သူဟ ဝီးချယ်ခံရရယ်။ 10အဲဂျော့ရိ ဇာခရိဟ မွှီးနံ့သာဒွေ ထွန်းညှိပူဇော်နေခီမှာ လူဒွေဂူလုံးဟ ဗိမာန်တော်#1.10 ဗိမာန်တော် ဗိမာန်တော်ဆိုဇာဟ ဂျေရုဆလင်ဗြို့မှာ ခုဒဲ ရှေ့ပီး ဂျူးလူမျိုးဒွေ ဆုတောဝတ်ပြုဝိုနေရာဖြစ်ရယ်။ဝန်းထဲမှာ ဆုတောနေဂေ့လေရယ်။
11အဲနော့ ဘုရားရှင်စေလွှတ်တော်မူလိုက်ဝို နတ်ဒေဝါ#1.11 နတ်ဒေဝါ နတ်ဒေဝါဆိုဇာဟ ဘုရားရှင်ဆီဟလာဝို နတ်ကောနတ်မြတ်။ဟ မွှီးနံ့သာဒွေ ထွန်းညှိပူဇော်ဝိုပလ္လင်ရဲ့ ညာဖက်မှာ ဇာခရိဝို ကိုယ်ထံပြလေရယ်။ 12အဲမိုဇာဝို ဇာခရိဗြင်လိုက်ဝိုခီမှာ သူဟ ရားဒိုင်းကြော့လန့် တူလှုရားလေရယ်။ 13အယ်ဘေမဲ့ အဲမို နတ်ဒေဝါဟ သူ့ဝို “ကြော့ပါန ဇာခရိ၊ နန့်ရဲ့ ဆုတောဝို ဘုရားရှင်ဟ ကြားသိတော်မူလေပီး ဖြစ်ရယ်။ နန့်မယား ဧလိရှဗက်ဟ နန့်တွက် သားယော့ကျားရားယော့ မွီးပေးလိမယ်။ နန်ဟ သူ့ဝို ယောဟန် ဆိုပီး နော်မယ်ပေးရမယ်။ 14သူမွီးဝိုခီမှာ နန်းနို့ ရားဒိုင်း ဝမ်းသာရမျိုး၊ ခြားသူဒွေလဲ သူမွီးဖွားရိတွက် ဝမ်းသာလိမယ်။ 15ဟဲဂျော့နူးဆိုဝါ ယောဟန်ဟ ဘုရားရှင်ရှေ့တော်မှာ ကြီးကျယ်မြင့်မြတ်သူ ဖြစ်လိမယ်။ သူဟ ဟယ်ခါမှ ဝိုင်န ရစ်သေစာဝို သော့သုံးမှာမုဝ။ သူ့မိဗိုက်ထဲမှာ ရှေ့နေဒဲဟ သူဟ ဉာဏ်လင်းတော်ရဲ့ ထီးချုပ်မှုအော့မှာ ရှေ့နေလိမယ်။ 16သူဟ အစ္စရေး လူမျိုးများဂီးဝို သူ့နို့ရဲ့အရှင်ဖြစ်ဝို ဘုရားရှင်ဖက်ဝို ပလန်လှည့်ဇေလိမယ်။ 17ယောဟန်ဟ ပရောဖက်#1.17 ပရောဖက် ပရောဖက်ဆိုဇာဟ ဘုရားရှင်ဝီးချယ်ရားဝို ဘုရားရှင်ရဲ့စေခံဖြစ်ရယ်။ဘုရားရှင်မိတော်မူဝိုဇာဒွေဝို တဆင့်ခံ ပြောကြားပေးသူဖြစ်ရယ်။ ဧလိယမျိုး ဉာဏ်လင်းတော် န ဂိုးရှေ့ပီး အရှင်လာဝို့တွက် လူဒွေဝို ပြင်ဆင်ပေးလိမယ်။ သူဟ မိဖန သားမီးဒွေရဲ့ စိနှလုံးဝို ပလန်ညီညွှတ်ဇေပီး နာခံမှုမှေ့ဘဲဝို လူဒွေဝိုလဲ ဖြော့မတ်သူဒွေရဲ့ ပညာရှေ့လမ်းဇဥ်ဝို လိုက်နာဝို့ ဦးဆော်ပေးလိမယ်။ အဲဂျော့ လူဒွေဟလဲ အရှင်ကြွရော့လာဝိုခီမှာ ဆင်သင့်ဖြစ်နေဂေ့လိမယ်” ဆိုပီး ပြောလေရယ်။
18အဲနော့ ဇာခရိဟလဲ နတ်ဒေဝါဝို “သင်ပြောဝိုတိုင်း ကောကောဖြစ်လာမယ်ဆိုဇာဝို ကျနော်ဟဲမျိုး သိနိုင်မယ်နူး။ ဟဲဂျော့နူးဆိုဝါ ကျနော်ဒို့ လန်မြားနှေ့ယော့လုံးဟ ရားဒိုင်းသက်​ကီးနေပီဖြစ်ရယ်” ဆိုပီး ပလန်ပြောလေရယ်။
19အဲခါမှာ နတ်ဒေဝါဟ သူ့ဝို “ငါဟ ဘုရားရှင်ရှေ့မှာ ခစားရဒဲ့ ဂါဗြေလဖြစ်ရယ်။ နန့်ဝို အယ်မိုဒန်းဂေါ ပြောကြားဝို့တွက် ဘုရားရှင်ဟ ငါ့ဝို စေလွှတ်လိုက်တော်မူဇာ ဖြစ်ရယ်။ 20အယ်ဘေမဲ့ ငါ့ဂါးဒွေဝို နန်ယုံဘဲရိတွက်ဂျော့ အယ်မိုဖြစ်ပျစ်ဒွေ ဖြစ်ပျစ်ဝို့ခီထိ နန်ဟ ဂါးပြောနိုင်ဘဲန အ နေလိမယ်။ ဟဲဖြစ်ရိနူးဆိုဝါ ငါ့ဂါးဟ ခီတန်ရင် ဖြစ်လာလိမယ်” ဆိုပီး ပြောလေရယ်။
21ဇာခရိန နတ်ဒေဝါဟ ဗိမာန်တော်ထဲမှာ ဂါးပြောနေဂေ့ဝိုခီမှာ လူဒွေဟ ဇာခရိဝို ဗိမာန်တော်ဝန်းထဲမှာ စော့မျှော်နေဂေ့ရယ်။ ဗိမာန်တော်ထဲမှာ ဇာခရိကြာနေရိတွက် စိဝမ်တစားရှေ့နေဂေ့လေရယ်။ 22ဇာခရိဟ ဗိမာန်တော်ဟနေ ပလန်ထွက်လာဝိုခီမှာ သူ့နို့ဝို ဂါးပြောနိုင်ဘဲရိတွက် ဗိမာန်တော်ထဲရှေ့နေခီမှာ ခုခုဗြင်ရားမှန်း လူဒွေ နားလည်ရားလေရယ်။ ဟဲဖြစ်ရိနူးဆိုဝါ ဇာခရိဟ လက်ဟန်ခေဟန်နဘဲ့ သူ့နို့ဝိုပြနေပေမဲ့ ဆစ်ပီး ဂါးပြောနိုင်ဘဲန ဖြစ်နေရိဂျော့ဖြစ်ရယ်။
23အဲနော့ ဇာခရိဟ ဗိမာန်တော်ထဲမှာ ဆော်ဝက်ရဝို မှုကိစဝဝပီးဆုံး​ရားဝိုခီမှာ သူ့အီဝို ပလန်ရားလေရယ်။ 24ခီနည်းငယ် ကြာလာဝိုခီမှာ ဇာခရိမယား ဧလိရှဗက်ဟ ကိုယ်ဝန်ရှေ့လာရိတွက် ငါးလလုံးလုံး လူဂျားထဲ သွားဘဲန အီတွမ်းပူးပီး နေနေလေ့ရယ်။ 25“အရှင်ဟ ငါ့ဝို ကိုယ်ဝန်ဆော်စေခြင်းခွမ့်ဝို ခုဘဲ့ သူပေးလေပီ။ သူဟ ငါ့ဝို နားကြင်နာရိတွက် လူဒွေကဲ့ရဲ့ထံသေးဇာဟနေ ဖယ်ရှားစေပီ” ဆိုပီး ပြောလေရယ်။
‌ကိုယ်တော်ယေရှုဖွားမြင်လာဝို့ကြော မာရိဝို နတ်ဒေဝါ ပြောကြားခြင်း
26ဧလိရှဗက် ကိုယ်ဝန်ခြော့လ‌လော့ရှေ့ခီမှာ ဘုရားရှင်ဟ နတ်ဒေဝါဂါဗြေလဝို ဂါလိလဲပြည်၊ နာဇရက်ဗြို့ဝို စေလွှတ်ပီး။ 27မာရိဆိုပီးခေါ်ဝို ပျိုဇင်တစ်ယော့ဆီဝို ဒန်းဂါးပါးစေတော်မူရယ်။ မာရိဟ ဘုရင်ဒါဝိဒ်မျိုးနွယ်ထဲဟ ဆင်းသပ်လာသူဖြစ်ဝို ယောသပ်ဆိုပီး ခေါ်ဝို လူတစ်ယော့န စေ့စပ်ရားရယ်။ 28နတ်ဒေဝါဟ မာရိအီဝို ဝမ်လာပီး နှုဆစ်ပီး မာရိဝို “ဝမ်းသာလော့၊ မာရိ။ အရှင်ဟ နန့်နတူတူရှေ့တော်မူပီး သူ့ရဲ့မဟာဂရုဏာမေတ္တာတော်ဝို နန့်ပေါ်မှာ ပြသလေပီ” ဆိုပီး ပြောလေရယ်။
29မာရိဟ အဲမိုဂါးဂျော့ စိယော့ယစ်ခတ်ပီး နတ်ဒေဝါရဲ့ဂါးဒွေဟ ဟဲမျိုးဓိပ္ပာယ်နူးဆိုပီး စဉ်းစားနေရယ်။ 30အဲနော့ နတ်ဒေဝါဟ မာရိဝို “ကြော့ပါန မာရိ၊ ဘုရားရှင်ဟ နန့်ဝို မျစ်နှာသာပေးတော်မူပီ။ 31နန့်မှာ ကိုယ်ဝန်ရှေ့လာပီး သားရားမွှီးဖွားလိမယ်။ အဲမိုသားဝို ယေရှုဆိုပီး နော်မယ်ပေးရမယ်။ 32အဲမိုသားဟ ကီးမြတ်သူတစ်ယော့ဖြစ်လာလိမယ်၊ မြင့်မြတ်ဆုံး ဘုရားရှင်ရဲ့သားတော်ဆိုပီး ခေါ်ခံရလိမယ်။ သူ့ရဲ့ဘိုးဘေးဖြစ်ဝို ဘုရင်ဒါဝိဒ်မျိုး သူ့ရဲ့လူမျိုးဒွေဝို အုပ်စိုးနိုင်ဝိုခွမ့်ဝို ဘုရားရှင်ဟ သူ့ဝိုပေးအပ်တော်မူလိမယ်။ 33သူဟ ယာကုပ်ရဲ့မျိုးနွယ်#1.33 ယာကုပ်ရဲ့မျိုးနွယ် ယာကုပ်ရဲ့မျိုးနွယ်ဒွေဆိုဇာဟ ယာကုပ်မျိုးရိုးဟနေ ဆင်းသက်လာသူဂူလုံးဝို ပြောဇာဖြစ်ရယ်။ဒွေဝို ဘုရင်အဖြစ် ထာဝရအုပ်စိုးတော်မူပီး သူ့နန်းဆစ်ဟလဲ ဟယ်ခီ ဟယ်ခါမှ ပျစ်သုန်းမှာ မုဝ” ဆိုပီး ပြောလေရယ်။
34အဲခါမှာ မာရိဟ “ကျမဟ ပျို​ဇင်ဖြစ်ရိတွက် အဲမျိုးဟ ဟယ်မျိုးဖြစ်နိုင်မယ်နူး” ဆိုပီး နတ်ဒေဝါဝို ပလန်ပြောလေရယ်။
35နတ်ဒေဝါဟ “ဉာဏ်လင်းတော်#1.35 ဉာဏ်လင်းတော် ဉာဏ်လင်းတော် ဆိုဇာဟ သုံးဘားတစ်ဆူထဲဟ ဘားဖြစ်ရယ်။ဟ နန့်ဆီဝို ဆင်းသက်ပီး ဘုရားရှင်ရဲ့ ဂိုးတော်ဟလဲ နန့်ပေါ်မှာ လွှမ်းမိုးလိမယ်။ အဲမိုဂျော့ မွီးလာမဲ့သားဂန်းရားဟ မြင့်မြတ်ရိဂျော့ သူ့ဝို ဘုရားရှင်ရဲ့သားတော်ဆိုပီး ခေါ်ဂေ့လိမယ်။ 36နန့်န ဆွေမျိူးတော်စပ်ဝို ဧလိရှဗက်ဟလဲ သက်ကီးနေရိတွက် လူဒွေဟ သားမရနိုင်ရဆိုပီး ထံဂေ့ဘေမဲ့ ကိုယ်ဝန်လွယ်ရားရဇာ ခုဆို ခြော့လ‌လော့ရှေ့နေပီ။ 37ဘုရားရှင်တတ်နိုင်ဘဲဇာ ဟဲဇာလဲမှေ့ရ” ဆိုပီး ပြောရယ်။
38အဲခါ မာရိဟ “ကျမဟ ဘုရားရှင်ရဲ့ စေခံတယော့ပါ။ သင်ပြောဝိုဂါးတိုင်း ကျမပေါ်မှာ ဘုရားရှင် လိုတော်ရှေ့တိုင်း ဖြစ်လာပါစေ” ‌‌ဆိုပီး ပြောခီမှာ နတ်ဒေဝါလဲ မာရိ နားဟနေ ထွက်ခွာရားလေရယ်။
ဧလိရှဖက်ဆီ မာရိသွားရော့ခြင်း
39ရစ်နဲငယ်ကြာခီမှာ မာရိဟ ဆင်သင့်ပြင်ပီး ဇာခရိနေဝို ယုဒပြည်မှာရှေ့ဝို တော်ပေါ်ဗြို့တစ်ဗြို့ဆီဝို ခပ်ဗြန်ဗြန်သွားလေရယ်။ 40အဲမိုနေရာဝိုရော့ခါမှာ သူဟ ဇာခရိ အီထဲဝို ဝမ်ရားပီး သူ့ရဲ့ မယားဖြစ်သူ ဧလိရှဗက်ဝို နှုဆစ်လေရယ်။ 41မာရိ ရဲ့ နှုဆစ်သံဝို ဧလိရှဗက် ကြားခီမှာ သူ့ဗိုက်ထဲဟ သားဂန်းရားဟ လှုလှုရွရွဖြစ်လာရယ်၊ ဧလိရှဗက်ဟလဲ ဉာဏ်လင်းတော်အားန ဝမ်းမြော့ရွှင်လန်းပီး ဘုရားရှင်ဝို ချီးမွမ်းလေရယ်။ 42ဧလိရှဗက်ဟ မာရိဝို “ဘုရားရှင်ဟ ခြားမျိုးမီး‌ဒွေထပ် သင့်ဝို ပိုပီး မျစ်နှာသာပေးပီး သင်မွီးဖွားလာဝို သားဂန်းရားဟလဲ မျစ်နှာသာပေးဇာခံရလိမယ်။ 43အရှင်ရဲ့မယ်တော်ဟ ကျမဆီဝို ဟဲရာဂျော့ ရော့လာပါနူး။ ဟဲမျိုးကြောမျိုးဂျော့ အယ်မိုခွမ့်ထူးဝို ကျမခံစားရပါနူး။ 44သင့်ရဲ့ နှုဆစ်သံဝို ကြားရန ကျမ ဗိုက်ထဲဟ သားဂန်းရားဟ ပျော်ရွှင်ပီး လှုလှုရွရွဖြစ်နေရယ်။ 45ဘုရားရှင်ရဲ့ ဒန်းဂါးဒွေဟ မှန်တဂယ်ဖြစ်လာမယ်ဆိုဇာဝို သင်ဟယုံရိတွက် သင်ဟ ကောကောသေးဂို ကံကောရယ်” ဆိုပီး ကျယ်လော်ဝိုသံန ဟစ်ကြွေးလေရယ်။
မာရိရဲ့ချီးမွမ်းခြင်း
46အဲနော့ မာရိဟလဲ “ကျမဟ ဘုရားရှင်ဝို ချီးမွမ်းပါရယ်။
47ကျမရဲ့ စိဝိဉာဥ်ဟ ကယ်တံရှင် ဘုရားရှင်ထံတော်မှာ အားရရွှင်လန်းပါရယ်။
48ကျမဟ သူ့ရဲ့ နိကလဒဲ့ စေခံဖြစ်ဘေမဲ့၊ ခုခီဟစပီး မျိုးဇစ်ဒိုင်းဟ လူဒွေဂူလုံးဟ ကျမဝို ဘုရားရှင်ရဲ့ မျစ်နှာသာပေးခံရသူ ဆိုပီး ပြောဂေ့လိမယ်။
49ဂိုးတော်န ပလဲ့ဇုံဝို ဘုရားရှင်ဟ ကျမပေါ်ဝို မြင့်မြတ်ဝိုရာဒွေ သက်ရော့ဇေတော်မူပီ။
50ခေတ်ဆက်ဆက်မှာ ဘုရားရှင်ဟ သူ့ဝိုလေးစားကိုးကွယ်ဝိုလူဒွေဝို မဟာဂရုဏာမေတ္တာတော်ဝို မြဲဒမ်း ပြသတော်မူရယ်။
51သူဟ မာန်မာနထော်လွှားဝို လူဒွေဝို သူ့ရဲ့ဂိုးတော်န လွင့်စင်ဇေတော်မူရယ်။
52သူဟ အုပ်စိုးဝိုသူဒွေဝို သူ့နို့ပလ္လင်ပေါ်ဟ ဆွဲခလပီး နှိခလတတ်သူဒွေဝို ရေးပါသူဒွေဖြစ်စေရယ်။
53ဆာလော်ငတ်မွတ်နေသူဒွေဝို ကောမွန်ရာဒွေ ဖလဲ့ဆည်းပေးပီး ချမ်းသာကြွယ်ဝသူဒွေဝို ဟဲရာလဲ‌ပေးဘဲန စေလွှတ်တော်မူရယ်။
54သူ့ရဲ့မဟာဂရုဏာမေတ္တာတော်ဝို မှတ်ရဝိုနေန မှုဒေါ်ဝို ဆော်ဝက်သူ အစ္စရေးလူမျိုးဒွေဝို ကယ်တံစော့ရှော့တော်မူလေပီ။
55ဘုရားရှင်ဟ ကျနော်ဒို့ရဲ့ဘိုးဘေးအာဗြဟံ #1.55 အာဗြဟံ အာဗြဟံဆိုဇာဟ လူမျိုးတကာရဲ့ဘိုးဘေးဖြစ်ရယ်။န သူ့မျိုးဇစ်ဒွေဝို ဒိပေးရားဝိုတိုင်း မြဲထာဝရ စော့ရှော့တော်မူရယ်။” ဆိုပီး ဘုရားရှင်ဝို ချီးမွမ်းလေရယ်။
56အဲနော့ မာရိဟ ဧလိရှဗက်ဆီမှာ သုံးလလော့နေပီး သူ့အီဝို ပလန်ရားလေရယ်။
ယောဟန်ဝိုမွီးဖွားခြင်းန နော်မယ်ပေးခြင်း
57အဲနော့ ဧလိရှဗက်ဟ မီးဖွားခီစေ့ပီး သားယော့ကျားရားယော့ မွီးဖွားလာရယ်။ 58ဘုရားရှင်ဟ ဧလိရှဗက်ဝို ထူးဂရုဏာပြမှန်း သူ့အီဇာနီးချင်းဒွေ၊ ဆွေမျိုးဒွေ ကြားခါမှာ သူ့နတူတူ ဝမ်းသာဂေ့လေရယ်။
59သားဂန်းရားမွီးဖွားပီး ရှစ်ရစ်မြော့နေ့မှာ သားဂန်းရားဝို ရေဖျားလှီးမြင်ဂလာ#1.59 ရေဖျားလှီးမြင်ဂလာ ရေဖျားလှီးမြင်ဂလာဆိုဇာဟ မောရှေပညတ်ကျမ်းအရ ယော့ကျားရားဒွေရဲ့ အန်ဂါစိပိုင်းထိဖျားဝို ဖြတ်ဝို ဓလေ့ထုံးတမ်းဝို ပြောဇာဖြစ်ရယ်။ပေးဝို့ ရော့လာဂေ့ရယ်၊ သားဂန်းရားဝို ဖခင်ရဲ့နော်မယ်တိုင်း ဇာခရိဆိုပီး နော်မယ်ပေးရှင်ဂေ့ရယ်။ 60အယ်ဘေမဲ့ မိဖြစ်သူ ဧလိရှဗက်ဟ “သူ့ဝို ယောဟန် ဆိုပီး နော်မယ်ခေါ်ရမယ်” ဆိုပီး ပြောလေရယ်။
61လူဒွေဟလဲ သူဝို “နန့်မျိုးရိုးထဲမှာ အဲမျိုးနော်မယ်မှ ‌မှေ့ဘဲဇာ” ဆိုပီး ပြောဂေ့ရယ်။
62အဲဂျော့ လူဒွေဟ သားငယ်ရားဖဖြစ်ဝို ဇာခရိဝို လက်ဟန်ခေဟန်န ဟဲမျိုးနော်မယ် ပေးရှင်နူး ဆိုပီး မေးဂေ့လေရယ်။ 63ဇာခရိဟ သန်းဖူးချပ်ဝို တောယူလိုက်ပီး သူ့ရဲ့သားနော်မယ်ဟ ယောဟန် ဆိုပီး ခလရေးလိုက်ရိတွက် ဂူလုံး အံ့ဩဝါးဂေ့လေရယ်။ 64အဲမိုခီမှာဘဲ့ ဇာခရိဟ ဂါးပြောနိုင်လာပီး ဘုရားရှင်ဝို ချီးမွမ်းလေရယ်။ 65အီဇာနီးချင်းဂူလုံးန ဆွေမျိုးဂူလုံးဟ အဲမိုဖြစ်ပျစ်ဝို ဗြင်ဝိုခါမှာ ကြော့ရားဂေ့လေရယ်။ လူဒွေဟ အဲမိုဒန်းဝို ယုဒပြည်တော်ပေါ်ဒေသမှာရှေ့ဝို နေရာဒိုင်းမှာ ပြောဆိုနေဂေ့လေရယ်။ 66အဲမိုဒန်းဝို ကြားသူဂူလုံးဟ “အဲမို သားဂန်းရား ကီးလာခီမှာ ဟဲမျိုးလူစားမျိုး ဖြစ်လာမယ်နူး” ဆိုပီး စိဝမ်တစားန တီးတိုး ပြောဆိုနေဂေ့လေရယ်။ ဟဲဖြစ်ရိနူးဆိုဝါ ဘုရားရှင်ရဲ့ ဂိုးတော်ဟလဲ သားဂန်းရားန တူတူရှေ့နေဇာဝို သူ့နို့သိဂေ့ရိဖြစ်လေရယ်။
ဘုရားရှင်ဝို ဇာခရိချီးမွမ်းပီး ယောဟန်ကြောကြိုတံဟောပြောခြင်း
67အဲနော့ ဉာဏ်လင်းတော်ဟ ဇာခရိဝို ထီးချုပ်ပီး ဘုရားရှင်ဆီဟ ဒန်းဂါးဝို ဟောပြောဇာဟ၊
68“အစ္စရေးလူမျိုးဂူလုံးရဲ့ ရှင်သခင်ဖြစ်တော်မူဝို ဘုရားရှင်ဝို ချီးမွမ်းပါရယ်။ သူဟ သူ့လူမျိုးဒွေဝို ကယ်တံဝို့ ကြွရော့လာပီး။
69နို့တွက် ဂိုးကီးဒဲ့ ကယ်တံရှင်ဝို သူ့စေခံဘုရင်ဒါဝိဒ်ရဲ့ မျိုးနွယ်ထဲဟနေ ပေါ်ထွန်းစေပီ။
70ရှေးဒူးဒဲဟ ဘုရားရှင်ဟ မြင့်မြတ်ဝို ပရောဖက်ဒွေဝို မိကြားရစ်ဝိုတိုင်း။
71အယ်မိုဂိုးကီးမားဝို ကယ်တံရှင်ဟ နို့ဝို ရန်သူဒွေဆီဟနေ ကယ်တံဝို့ပြင် နို့ဝို မလိုမူးတီးသူဒွေရဲ့ လက်ထဲဟနေ ကယ်တံလိမယ်ဖြစ်ရယ်။
72ဘုရားရှင်ဟ မဟာဂရုဏာမေတ္တာတော်န နို့ရဲ့ဘိုးဘေးဒွေဝို ပေးရစ်ဝို သူ့ရဲ့ဒိတော်ဝို တည်စေလိမယ်။
73ဘုရားရှင်ဟ နို့ဘိုးဘေးဖြစ်ဝို အာဗြဟံဝို ပေးရားဝို ဒိတော်အတိုင်း။
74သူဟ နို့ဝို နို့ရဲ့ရန်သူဒွေ လက်ထဲဟနေ ကယ်တံပေးပီး နို့ဟလဲ သက်ရှင်နေသမျှ ကာလပတ်လုံး ကြော့တရားမှေ့ဘဲန ဘုရားရှင်ရဲ့ မှုဒေါ်ဒွေဝို ထမ်းဆော်ရလိမယ်။
75အဲမိုမျိုးနဘဲ့ နို့ဟ ဘုရားရှင်ရဲ့ရှေ့တော်မှော့မှာ မြင့်မြတ်ခြင်းန ဖြော့မတ်ခြင်းဒွေရှေ့ပီး နို့ဘဝရဲ့ နေ့ရစ်ဒွေဂူလုံးဝို ကူဆုံးရလိမယ်ဖြစ်ရယ်” ဆိုပီး ဘုရားရှင်ဝို ချီးမွမ်းလေရယ်။
76အဲနော့ ဇာခရိဟ သူ့သားဝို “ငါ့သား၊ နန့်ဝို မြင့်မြတ်ဆုံးသော ဘုရားရှင်ရဲ့ ပရောဖက်ဆိုပီး ခေါ်ဂေ့လိမယ်ဖြစ်ပီး၊ အရှင်ရဲ့ လမ်းခရီးဝို ကြိုတံပြင်ဆင်ပေးဝို့လူလဲဖြစ်ရယ်။
77ဘုရားရှင်ဟ လူဒွေရဲ့ ပြစ်ဒုဇရိုက်ဒွေဝို ခွမ့်လွှတ်ပီး ကယ်တံခြင်းခွမ့်ဝို ပေးတော်မူမှာဖြစ်ကြောဝို နန်ဟ လူဒွေဝို ဟောပြောရလိမယ်။
78ဘုရားရှင်ဟ သူ့လူမျိုးဝို ရားဒိုင်း နားကြင်နာရိတွက် ခွမ့်လွှတ်တော်မူရယ်။ အယ်မို နားဂရုဏာအားန မေရှိယဟ ရွှေဗြို့တော်#1.78 ရွှေဗြို့တော် ရွှေဗြို့တော်ဆိုဇာဟ ဘုရားရှင်နေထိုင်ဝို နေရာဝိုပြောဇာဖြစ်ရယ်။ဟနေ နို့ဆီဝို ရော့လာလိမယ်ဖြစ်ရယ်။
79သူဟ ဘုရားမှေ့ဘဲန နေဝိုလူဒွေန သေမှာဝိုကြော့နေဝိုသူဒွေဆီဝို လန်းရော်ဝို ယူလာပေးပီး ငြီးချမ်းဝိုလမ်းဝို လမ်းပြပေးပါလိမယ်” ဆိုပီး ပြောလေရယ်။
80ခုခီမှာ ယောဟန်ဟ ရွယ်ရော့လာပီး စိဓါတ်ကြံ့ခိုင်သူဖြစ်လာလေရယ်။ ဘုရားရှင်ဟ သူ့ဝို အစ္စရေးလူမျိုးဒွေရှေ့မှာ မှုဒေါ်ဝို စတံဆော်ဝက်ဇေရှင်ဝို နေ့ရစ်မတိုင်မှီခီထိ သူဟ တောကန္တာရထဲမှာဘဲ့ ကျင်လည်နေခဲ့လေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 1: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល