ရှင်လုကာ 8

8
ခန်း (၈)
ကိုယ်တော်ယေရှုရဲ့ဓမ္မမှုမှာ မျိုးမီးဒွေ ပါဝမ်ခြင်း
1ခီကြာပီးဝိုနော့မှာ ကိုယ်တော်ယေရှုဟ ဗြို့ဝါများဂီးဝိုသွားပီး လူဒွေဝို ဘုရားရှင်သာသနာတော်ကြော ဒန်းဂေါဝို ဟောပြောသွန်သန်လေရယ်။ ကိုယ်တော်နတူတူ ဗြိတော်ဆယ့်နှေ့ယော့လဲ ကိုယ်တော်နတူတူ လိုက်ပါရားဂေ့လေရယ်။ 2အဲမိုပြင် နာရောဂါပျော့ကမ်းစေခြင်းန ကောဆိုးဝါးပူးခံရခြင်းဟနေ ပျော့ကမ်းအော် ကုသပေးခံခဲ့ရဝို မျိုးမီးဒွေလဲ ကိုယ်တော်နတူတူ လိုက်ပါလာဂေ့လေရယ်။ အဲမိုမျိုးမီးဒွေနတူတူ ကောဆိုးဝါး ခွန်နှေ့ကော် ပူးခံခဲ့ရဝို မာဂဒလဝါသူ မာရိဆိုသူမျိုးမီးလဲ လိုက်ပါလာလေရယ်။ 3ဟေရုဒ်မန်းရဲ့ အီတော်ထီးဖြစ်ဝို ခုဇရဲ့မယား ယောဟန္န န ရှုရှန္န န ခြားမျိုးမီးဒွေလဲ ပါဂေ့ရယ်။ သူ့နို့ဟ သူနို့ရဲ့ဇရိန ကိုယ်တော်န ဗြိတော်ဒွေဝို လုပ်ကျွေးထော့ပမ့်ဂေ့လေရယ်။
မျိုးကြဲသူပုံဥပမာ
(ရှင်မဿဲ ၁၃.၁-၉ရှင်မာကု ၄.၁-၉)
4ဗြို့ဝါများဂီးဟ လူအုပ်ဂီးဟ ကိုယ်တော်ယေရှုဆီဝို ရော့လာဂေ့ပီး စုဝေးဂေ့လေရယ်။ ကိုယ်တော်ဟ လူအုပ်ဂီးဝို ပုံဥပမာတခုန ပြောလေရယ်။ 5“လယ်သမားတယော့ဟ လယ်ဂွမ်းထဲမှာ မျိုးဇေ့ကြဲဝို့ ထွက်ရားရယ်။ လယ်သမား မျိုးကြဲလိုက်ဝိုခါမှာ ချို့မျိုးဇေ့ဒွေဟ လမ်းပေါ်ဝို ကလရားခီမှာ အဲမိုမျိုးဇေ့ဒွေဝို လူဒွေတက်နမ်းမိပီး ငှက်ဒွေဟလဲ ကော့စားလိုက်ဂေ့ရယ်။ 6ခြားမျိုးဇေ့ဒွေဟ မလေဆီလွှာနဲဝို ကလော့ခံမလေပေါ်မှာ ကလရားပီး ပမ်ဒွေပေါ့လာရယ်။ အယ်ဘေမဲ့ ရေလုံ့လုံလော့လော့မှေ့ဘဲဂျော့ ရှစ်သားကြာမှာ ညှိုးနွမ်းခြော့သွေ့ပီး သေရားဂေ့လေရယ်။ 7ချို့မျိုးဇေ့ဒွေဟ ဆူးချုံပုတ်အော့ဝို ကလရော့သွားလေရယ် ပမ်ဒွေပေါ့လာလည်း ချုံပုတ်အော့မှာ လောရိမိနေပီး ပမ်ဒွေကီးထွားဝို့ တားဆီးနေလေရယ်။ 8ချို့မျိုးဇေ့ဒွေဟ မလေဆီလွှာကောဝိုနေရာမှာ ကလရော့ရိတွက် ပမ်ပေါ့ပီး သီးနှံဒွေဝို ဖြစ်ထွန်းစေရယ်” ဆိုပီး မိတော်မူလေရယ်။
အဲမျိုးမိတော်မူပီးနော့ ကိုယ်တော်ဟ “နားရှေ့ပြီး ကြားနိုင်ဝိုသူဒို့၊ အာရုံစိုက်ပီး နားထော်ဂေ့ပါ” ဆိုပီး ကြွေးကြော်တော်မူလေရယ်။
ပုံဥပမာဒွေရဲ့ ရည်ရွယ်ချင့်
(ရှင်မဿဲ ၁၃.၁၀-၁၇ရှင်မာကု ၄.၁၀-၁၂)
9ဗြိတော်ဒွေဟ ကိုယ်တော်ယေရှုဝို ပုံဥပမာရဲ့ဆိုလိုရင်းဝို မေးမြန်းဂေ့ရယ်။ 10အဲခါ ကိုယ်တော်ဟ ဗြိတော်ဒွေဝို “ဘုရားရှင်ဟ နန်းနို့ဝို သူ့သာသနာတော်ရဲ့ နက်နဲဝိုကြောရာဒွေဝို ကြားသိနိုင်ဝိုခွမ့်ဝို ပေးအပ်ရားပီးဖြစ်ရယ်။ အယ်ဘေမဲ့ ခြားသူဒွေဟ
ကေ့ဘေမဲ့ ဗြင်နိုင်ရ၊
ကြားရယ်လဲ နားမလည်နိုင်ဂေ့ရိတွက်
သူ့နို့ဝို အယ်မိုမျိုးပုံဥပမာဒွေန ရှင်းပြရဇာဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
မျိုးကြဲသူရဲ့ ပုံဥပမာဓိပ္ပါယ်
(ရှင်မဿဲ ၁၃.၁၈-၂၇ရှင်မာကု ၄.၁၃-၂၀)
11ကိုယ်တော်ဟ “ပုံဥပမာရဲ့ ဆိုလိုရင်းဓိပ္ပါယ်ဟ မျိုးဇေ့ဒွေဟ ဘုရားရှင်ရဲ့ နှုကပတ်တော်ရားဒွေ ဖြစ်ဂေ့ရယ်။ 12လမ်းပေါ်ဝိုကလဒဲ့ မျိုးဇေ့ဒွေဟ ဘုရားရှင်ရဲ့နှုကပတ်ရားတော်ဒွေဝို ကြားနာဝိုသူဒွေဝို ဆိုလိုရယ်။ အဲမိုမှာ မာရ်နတ်ဟ လာရော့ပီး သူနို့ရဲ့စိထဲဟနေ ဘုရားရှင်ရဲ့နှုကပတ်တော် ရားတော်ဒွေဝို နှုယူသွားလေရယ်၊ အဲဂျော့ရိ သူ့နို့ဟ ယုံကြည်ဂေ့ဟန်းဘဲရိဂျော့ ကယ်တံခံရဟန်း။ 13ကလော့ခံမလေပေါ် မှာ ကလရော့ဒဲ့ မျိုးဇေ့ဆိုဇာဟ ဘုရားရှင်ရဲ့နှုကပတ်တော်ရားဒွေဝို ကြားနာရဝိုခါမှာ ချင့်ချင်းဝမ်းသာအားရ လက်ခံဂေ့ဘေမဲ့ သူ့နို့ဟ မလစ်မှေ့ဘဲဝို သစ်ပံဒွေဝိုမျိုးဘဲ့ဖြစ်ရယ်။ သူ့နို့ရဲ့စိထဲမှာ တည်မြဲဘဲန ခီကာလနည်းငယ်လော့ဘဲ့ ယုံကြည်လက်ခံဂေ့ပီး၊ သူ့နို့ဘဝမှာ ခက်ခဲကြမ်းတမ်းမှုဒွေန ရင်ဆိုင်ကြုံတွီ့ရဝိုခါမှာ သူနို့ဟ ချင့်ချင်းဘဲ့ အဲမိုနှုကပတ်ရားတော်ဒွေဝို လက်လွှတ်လိုက်ဂေ့ရယ်။ 14ဆူးချုံပုတ်ဂျားထဲ ကလရော့သွားဒဲ့ မျိုးဇေ့ဒွေဆိုဇာလော ဘုရားရှင်ရဲ့နှုကပတ်ရားတော်ဒွေဝို နာကြားလက်ခံလည်း သူ့နို့ဘဝမှာ ချမ်းသာကြွယ်ဝမှု၊ သာယာချမ်းမြေ့မှုဒွေဝို လောဘတတ်ရိတွက်ဂျော့ ဘုရားရှင်ရဲ့နှုကပတ်တော်ရားဒွေဝို ဟယ်ခါမှတိုးပွားအော် ဆော်ဝက်ဂေ့ဘဲဇာဘဲ့ဖြစ်ရယ်။ 15မလေဆီလွှာကောမွန်ဒဲ့နေရာမှာ ကလရော့သွားဒဲ့ မျိုးဇေ့ဆိုဇာဟ ဘုရားရှင်ရဲ့နှုကပတ်ရားတော်ဒွေဝို ကြားနာရပီးနော့ စိထဲမှာ သီးရားဂေ့ရယ်၊ နော့ဆုံးမှာသူနို့ဟ သီးပွမ့်ဒွေဝို ရိသီးခွမ့် ရဂေ့လေရယ်။
တောနအုပ်ရားဝို မီးအီ
(ရှင်မာကု ၄.၂၁-၂၅)
16မီးအီဝို ထွန်းပီး တောနအုပ်ပီးဖြစ်စေ၊ အီဒန်အော့မှာဖြစ်စေ သီးရားဝိုလူ ဟယ်သူမှ မှေ့ရ။ မီးအီဝို မီးတိုင်မှာခိဆွဲထားမှဘဲ့ အီထဲဝမ်လာသူဒွေဟ လန်းရော်ဝို ဗြင်တွီ့ရမယ်ဖြစ်ရယ်။ 17ဟဲဖြစ်ရိနူးဆိုဝါ၊ ခု​ဝှက်​ရားဝိုဇာမှန်သမျှ သိသာလာ​လိမယ်။ ခု​လျှို့ဝှက်ရားဝို ဇာဒွေဟ လူဒိုင်းဝို သိ​လာဇေလိမယ်ဖြစ်ရယ်။ 18အဲဂျော့ အာရုံစိုက်ပီး နားထော်ဂေ့ပါ။ ဟဲဂျော့ဆိုဝါ ဘုရားရှင်ဟ သိပညာရှေ့ပီးဝိုသူဝို ပိုပီး သိဇေလိမယ်။ သိပညာမှေ့ဘဲဝိုသူကလလောဝါ၊ သူ့မှာရှေ့ရယ်ဆိုပီး ထံနေဝို သိပညာဝို ဘုရားရှင်ဟ သူ့ဆီဟနေ ပယ်ရှားတော်မူလိမယ်။” ဆိုပီး မိတော်မူလေရယ်။
တော်စပ်မှုစစ်မှန်
(ရှင်မဿဲ ၁၂.၄၆-၅၀ရှင်မာကု ၃.၃၁-၃၅)
19ကိုယ်တော်ရဲ့ မိခင်န ညီကိုဒွေဟ ကိုယ်တော်နတွီ့ဝို့လာဂေ့ရယ်။ အယ်ဘေမဲ့ လူအုပ်ဟ များဂီးဖြစ်ရိဂျော့ သူ့နို့ဟ ကိုယ်တော်ဆီဝို ရော့နိုင်ဂေ့ရ။ 20ဇုံတစ်ယော့ဟ ကိုယ်တော်ဝို “ကိုယ်တော်ရဲ့ မိခင်နဲ့ညီဒွေဟ အရှင့်ဝိုတွီ့လိုစိန ပလန်ဖက်မှာ ရပ်စော့နေဂေ့ပါရယ်” ဆိုပီး ရှော့တံလေရယ်။
21အဲခါ ကိုယ်တော်ဟ “ဘုရားရှင်ရဲ့နှုကပတ်ရားတော်ဒွေဝို နာကြားပီးလိုက်နာသူဒွေဂူလုံးဟ ငါ့မိခင် န ညီကိုဒွေဘဲ့ဖြစ်ရယ်” ဆိုပီး မိတော်မူလိုက်လေရယ်။
လှိုင်းနလေဒွေဟ ကိုယ်တော်ဝိုနာခံဂေ့ခြင်း
(ရှင်မဿဲ ၈.၂၃-၂၇ရှင်မာကု ၄.၃၅-၄၁)
22နေ့မှာ ကိုယ်တော်ဟ သူ့ရဲ့ဗြိတော်ဒွေနတူတူ လှေပေါ်တက်ပီး “ရေအိုင်ဝို ဖြတ်ကူးဂေ့စို့” ဆိုပီး မိတော်မူပီးနော့ သူနို့ဟ ပမ်လယ်ဆီ ထွက်ခွာလာဂေ့ရယ်။ 23သူနို့ဟ အဲမိုရေအိုင်ဝို ရွက်လွှင့်ပီး ဖြတ်ကူးနေဂေ့ခီမှာ ကိုယ်တော်ယေရှုဟ လှေပေါ် မှာအိပျော်နေလေရယ်။ ရုတ်တရစ်ဆိုသလို လေပြင်းမူဒိုင်းတိုက်ခတ်ပီး လှေထဲမှာ ရေဒွေပလဲ့လာပီး စပီးနစ်မြုပ်စပြုလာရိတွက်ဂျော့ သူနို့ဟ သက်ဘေးနရင်ဆိုင်တွီ့ကြုံလာဂေ့ရယ်။
24အဲဂျော့ သူနို့ဟ ကိုယ်တော်ဝို နှိုးလိုက်ပီး “အရှင်၊ အရှင် ကျနော်ဒို့ရေနစ်ရော့မယ်” ဆိုပီး ရှော့တံလေရယ်။
ကိုယ်တော်ဟ အိယာဟနေထလာပီး လေပြင်းမူဒိုင်းန လှိုင်းလုံးဂီးဒွေဝို ရပ်တန့်သွားဇေဝို့ မိအာဏာပေးလိုက်လေရယ်၊ အဲနော့ အဲရာဒွေဟ ကိုယ်တော်ရဲ့မိအာဏာဝို နာခံပီး ငြီကလရားလေရယ်။ 25အဲနော့ ကိုယ်တော်ဟ သူရဲ့ဗြိဒွေဝို “နန်းနို့ ဟဲဂျော့ အဲလော့ကြော့လန့်နေရနူး၊ နန်းနို့မှာ ယုံကြည်မှုမှေ့ရလော” ဆိုပီး မေးမြန်းလိုက်လေရယ်။
အယ်ဘေမဲ့ သူ့နို့ဟ ရားဒိုင်းအံ့ဩတူလှုသွားဂေ့လေရယ်။ သူနို့ဟ “အယ်လူဟ ဟယ်သူနူး။ လှိုင်းနလေဒွေဂိုမှ သူ့မိအာဏာဝို နာခံနေရပါလော” ဆိုပီး ချင်းချင်းပြောဆိုနေဂေ့လေရယ်။
ကောဆိုးဝါးဒွေဝိုနှံထုခြင်း
(ရှင်မဿဲ ၈.၂၈-၃၄ရှင်မာကု ၅.၁-၂၀)
26အဲနော့ ကိုယ်တော်န သူရဲ့ဗြိတော်ဒို့ဟ ဂါလိလဲပြည်တဖက်မှာရှေ့ဝို ဂါရစဗြို့ဝို လှေတစ်စီးန ရွက်လွှင့်ပီး သွားဂေ့လေရယ်။ 27အဲမိုဗြို့ ကမ်းခြေဆီဝိုရော့ခါမှာ ကိုယ်တော်ဟ လှေပေါ်ဟနေဆင်းလာခီမှာ အဲဗြို့ဟ လူတယော့ဟ ကိုယ်တော်ဝိုတွီ့ဗြင်လေရယ်။ အဲမိုလူဟ ကောဆိုးဝါးဒွေများဂီး ပူးကပ်ဇာဝို ခံနေရဝို သူတယော့ဖြစ်ရယ်။ သူဟ အီမှာနေဘဲ န ခီကြာရီးဝတ်စားဝတ်ဘဲ န သန်းခလိုင်းဂူဒွေဂျားမှာ လှည့်လည်သွားလာနေသူတစ်ယော့ဖြစ်ရယ်။ 28အဲမိုလူဟ ကိုယ်တော်ဝို ဗြင်တွီ့ခါမှာ အော်ဟစ်ပီး ကိုယ်တော်ရဲ့ရှေ့မှာ ဦးညွှန့်ပီး ဒူးထော့လိုက်လေရယ်။ သူဟ “မြင့်မြတ်ဆုံးဘုရားရှင်ရဲ့သားတော်ကိုယ်တော်ယေရှု၊ ကျနော့်ဆီဟ ဟဲရာလိုရှေ့ပါနူး။ ကျနော့်ဝို နှိဆစ်ပါန၊ တောဘန်ပါရယ်” ဆိုပီး အော်ဟစ် ရှော့တံလေရယ်။ 29အဲလူအယ်မျိုးရှော့ထားဇာဟ ကိုယ်တော်ဟ ကောဆိုးဝါးဝို အဲမိုလူဟနေ ထွက်လာခဲ့ဝို့ မိအာဏာ ပေးလိုက်ရိတွက်ဂျော့ဖြစ်ရယ်။ အဲလူဝို ကောဆိုးဝါးဟ ခနခန ပြင်းပြင်းထန်ထန် ထီးချုပ်ရားရယ်။ အဲလူရဲ့ခေလက်ဒွေဝို လူဒွေဟ သံကြိုးဒွေန ခယ်ပီး ဖမ်းချုပ်ပီး စော့ကြပ်ရားလဲ သူဟ သံကြိုးဒွေဝိုဖြတ်ပစ်ပီး ကောဆိုးဝါးဟ သူ့ဝို တောကန္တာရထဲဝို ခေါ်ဆော်ဝါးရယ်။
30ကိုယ်တော်ဟ အဲမိုလူဝို “နန့်နော်မယ် ဟဲမျိုးခေါ်နူး” ဆိုပီး မေးလိုက်ဝိုခါမှာ
အဲလူဟ “ကျော့်နော်မယ်ဟ လေဂေါင်#8.30 လေဂေါင် လေဂေါင်ဆိုဇာဟ ရေတွက်များဂီးဝို ပြောဇာဖြစ်ရယ်ဖြစ်ပါရယ်။” ဆိုပီး ပလန်ပီးရှော့တံလေရယ်။ အဲမျိုးရှော့တံရခြင်းဟ အဲလူဝို ကောဆိုးဝါး များဂီး ဝမ်ရော့ပူးကပ်ရားရိဂျော့ဖြစ်ရယ်။ 31အဲမိုကောဆိုးဝါးဒွေဟ ကိုယ်တော်ယေရှုဝို သူ့နို့ဝို တွမ်းနက်ဂီး#8.31 တွမ်းနက်ဂီး တွမ်းနက်ဂီး (သို့) အော့ခေမှေ့ဘဲဝိုတွမ်းဝို ဆိုလိုဇာဖြစ်ရယ်။ အဲမိုတွမ်းဟ ကောဆိုးဝါးဒွေရဲ့ နော့ဆုံးပြစ်ဒဏ်ပေးဇာဝို စော့နေဝိုခီမှာ သူ့နို့ဝို ထားရားဝိုနေရာဝို ပြောဝိုဇာဖြစ်ရယ်။ ထဲဝို မပို့ဝို့ ခနခနတောဘန်လေရယ်။
32အဲမိုခီမှာ ဝက်အုပ်ဂီးတစ်အုပ်ဟ တော်ကူးပေါ်မှာ ကျစ်စားရင်းရှေ့နေဂေ့ရယ်၊ အဲမိုကောဆိုးဝါးဒွေဟ အဲမိုဝက်ဒွေထဲဝို ပူးဝမ်ခွမ့်ပြုဝို့ ကိုယ်တော်ဝို တောဘန်ဂေ့လေရယ်၊ ကိုယ်တော်ဟလည်း ခွမ့်ပြုတော်မူလေရယ်။ 33အဲနော့ ကောဆိုးဝါးဒွေဟ အဲလူဟနေ ဝက်ဒွေဆီဝို ထွက်ခွာသွားဂေ့လေရယ်၊ အဲခါ ဝက်အုပ်အုပ်လုံးဟ မတ်စော့ဝိုကမ်းပါးဟနေ ရေအိုင်ထဲဝို ထိုးဆင်းရားပီး ရေနစ် သွားဂေ့လေရယ်။
34အဲခါမှာ ဝက်ဒွေဝို ထီးနေဝိုလူဒွေဟ အဲမိုဇာဝို ဗြင်တွီ့ရဝိုခါမှာ ပလေးထွက်ရားဂေ့ပီး အဲမိုဒန်းဝို သူ့နို့ရဲ့ဗြို့န နီးပတ်ဝန်းကျင်ဒေသဒွေမှာ ပြောဂေ့လေရယ်။ 35လူဒွေဟ အဲမိုဖြစ်ပျစ်ဝို တွီ့ဗြင်နိုင်ဝို့ ဗြို့ထဲဟနေ ထွက်လာဂေ့ပီး ကိုယ်တော်ယေရှုဆီ ရော့လာဂေ့လေရယ်၊ အဲခီမှာ ကောဆိုးဝါးဝမ်ပူးခြင်းဟနေ လွတ်မြော့သွားသူဟ ဝတ်စားဒွေ ဝတ်ဆင်ပီး ကိုယ်တော်ရဲ့ခေဒေါ့နားမှာ ကောစစ်စစ်နထိုင်ပီး ရှေ့နေဇာဝို ဗြင်တွီ့ဂေ့ဝိုခါမှာ အံ့ဩတူလှုပ်သွားဂေ့လေရယ်။ 36အဲနော့ ဗြင်လိုက်ရဝို လူဒွေဂူလုံးဟ အဲလူဝို ကောဆိုးဝါးစွဲကပ်နေဇာဟနေ ဟဲမျိုးကုသပီးပျော့ကမ်းသွားရနူးဆိုဇာဝို ပြောဆိုနေဂေ့လေရယ်။ 37ဂါရစဗြို့ဝန်းကျင်ရပ်ဒေသသီးသီးဟ လူဒွေဟ ရားဒိုင်းကြော့ရွံ့သွားဂေ့ရိတွက်ဂျော့ ကိုယ်တော်ယေရှုဝို သူနို့နဝီးရာဝို ထွက်ရားဝို့ တောဘန်ဂေ့လေရယ်။ ကိုယ်တော်ယေရှုဟလဲ လှေပေါ်ဝိုတက်ပီး အဲမိုရပ်ဒေသဟနေ ထွက်ခွာသွားလေရယ်။
38ကောဆိုးဝါးပူးကပ်နေရာဟနေ လွတ်မြော့ရားလူဟ ကိုယ်တော်နတူတူ လိုက်ပါခွမ့်ပြုဝို့ ရှော့ထား တောဘန်လေရယ်။ အဲမိုခီမှာ ကိုယ်တော်ဟ အဲလူဝို ဝီးဝိုပို့လိုက်ပီး ပြောဝိုဇာဟ 39“ဘုရားရှင်ဟ နန့်ပေါ်မှာ ဟယ်မျှလော့ကီးမားဝို ကောကျိုးပြုပေးရစ်ရယ်ဆိုဇာဝို နန့်အီဝိုပလန်ပီး လူဒိုင်းဝို ပြောပြလိုက်ပါ” ဆိုပီး မှာကြားလေရယ်။ အဲနော့ အဲလူဟလဲ ဗြို့နှံ့သွားပီး ကိုယ်တော်ယေရှုဟ သူ့ပေါ် ဟယ်မျိုးကောကျိုးပြုရစ်ဇာဝို လိုက်လံပြောကြားလေရယ်။
ကိုယ်တော်ယေရှုဟ သေနေဝိုဝယ်ရားဝို သက်ပလန်ရှင်ဇေခြင်းန ဖျားနာနေဝိုမျိုးမီးဝို ကုသပေးခြင်း
(ရှင်မဿဲ ၉.၁၈-၂၆ရှင်မာကု ၅.၂၁-၄၃)
40လူဒိုင်းဟ ကိုယ်တော်ယေရှု ပလန်လည်ကြွရော့လာမှာဝို စော့ဆိုင်းနေဂေ့လေရယ်။ ကိုယ်တော် ပလန်ကြွလာဝိုခါမှာ လူထုပရိသတ်ဟ ကြိုဆိုဂေ့လေရယ်။ 41ဂျူးမျိုးသား ဓမ္မာရုံခေါဆော်တစ်ယော့ဟ ကိုယ်တော်ယေရှုရဲ့ ရှေ့မှော့မှာ ဒူးထော့ထိုင်ခလလိုက်ရယ်။ သူရဲ့နော်မယ်ဟ ယာဣရုဆိုသူဖြစ်ပီး သူဟ ကိုယ်တော်ဝို သူ့အီဝို ကြွရော့ပေးပါဆိုပီး ပမ့်ဖိရှော့ထားလေရယ်။ 42ဟဲဂျော့ဆိုဝါ သူရဲ့ဆယ့်နှေ့နှစ်ရွယ် သားဂန်းရားဟ သေလုမျောပါး ဖြစ်နေရိတွက်ဂျော့ဖြစ်ရယ်။
သူဟ ယာဣရုရဲ့ ဦးဒဲသောမီးလဲဖြစ်လေရယ်။ ကိုယ်တော်ဟ အဲအီဝို ကြွတော်မူဝိုလမ်းခရီးမှာ လူထုဂီးဟလဲ ကိုယ်တော်ဝို ဝန်းရံလိုက်ပါလာဂေ့လေရယ်။ 43အဲမိုလူထုထဲမှာမှ မျိုးမီးတစ်ယော့ဟ သွီးသွန်ရောဂါစွဲကပ်နေဇာ#8.43 သွီးသွန်ရောဂါစွဲကပ်နေဇာ မောရှေရဲ့ပညတ်ကျမ်းအရ မီးမတစ်ယော့ဟ ထုံးတမ်းစဉ်လာအရ သန့်ရှင်းရ ဆိုပီး ယူဆဂေ့ရိတွက် သွီးထွက်နေဝိုခီမှာ ဟယ်သူဝိုမှ ထိနိုင်ရ။ ဆယ့်နှေ့နှစ်လုံးလုံး ရှေ့နေခဲ့ပီဖြစ်ရယ်။ သူဟ ရှေ့သမျှငွေကြေးဒွေ ကူကလခံပီး ဆေးဆရာဒွေနကုသလည်း ဟယ်မျိုးဆေးဆရာမှ ပျော့ကမ်းအော်ကုသနိုင်ရ။ 44သူဟ ကိုယ်တော်ရဲ့နော့တော်ဆီ ရော့အော်သွားပီး ကိုယ်တော်ရဲ့ဝတ်ရုံဝို လက်နထိလိုက်ဝိုခီမှာ ချင့်ချင်းဘဲ့ သူ့သွီးသွန်ရောဂါ ပျော့ကမ်းရားလေရယ်။
45ကိုယ်တော်ယေရှုဟ “ငါ့ဝို ဟယ်သူထိလိုက်နူး” ဆိုပီး မေးလေရယ်။
အဲခီမှာ လူဒိုင်းတိုးဝှေ့နေ့ဂေ့ရိတွက် ပေတရုဟ “အရှင်၊ အရှင်ရဲ့ဘေးပတ်လည်မှာ လူအုပ်ဂီးဟ ပတ်ပတ်လည်တိုးဝှေ့ပီးရှေ့နေပါရယ်” ဆိုပီး ရှော့ထားလိုက်လေရယ်။
46အယ်ဘေမဲ့ ကိုယ်တော်ဟ “တစ်ယော့ယော့ ငါ့ဝိုထိလိုက်ရယ်။ ဟဲဖြစ်ဂျော့နူးဆိုဝါ ငါ့ဆီဟ ဂိုးစွမ်းအားထွက်ဝါးဇာဝို ခံစားရရယ်” ဆိုပီး ပလန်လည်ဖြေလိုက်လေရယ်။
47အဲမိုမျိုးမီးဟလဲ သူဖုံးကွယ်ထားနိုင်ဟန်းဘဲဇာဝို သိရိဂျော့ တူလှုပ်ရင်း ကိုယ်တော်ရှေ့မှာဒူးထော့ပီး သူထိလိုက်န သူရောဂါချင့်ချင်းပဲ ပျော့ကမ်းသွားကြော လူဒွေဝိုပြောပြလေရယ်။ 48ကိုယ်တော်ဟ သူဝို “သမီး၊ နန့်ရဲ့ယုံကြည်ခြင်းဟ နန့်ဝိုကုသပေးခဲ့ပီ၊ ငြီးချမ်းစွာသွားပါ” ဆိုပီး မိတော်မူလေရယ်။
49ကိုယ်တော်ဟ အဲမှာမိကြားနေခီမှာ ဓမ္မာရုံခေါဆော်ဖြစ်ဝို ယာဣရုရဲ့အီဟ လူတစ်ယော့ရော့လာပီး “အရှင်၊ အရှင့်သမီးသေရားပါပီ၊ ကိုယ်တော်ဝို နှော့ရှစ်ပါနော့ဝေါ့” ဆိုပီး ယာဣရုဝို လာရော့ပြောကြားလေရယ်။
50အဲမိုဂါးဝို ကိုယ်တော်ကြားခါမှာ ယာဣရုဝို “စိုးရီပါန၊ ယုံကြည်ခြင်းဘဲ့ထားရှေ့ပါ၊ နန့်မီးပလန်လည်သက်သာလာပီး ကျန်းမာလာပါလိမယ်” ဆိုပီး မိတော်မူလိုက်လေရယ်။
51ကိုယ်တော်ဟ ယာဣရုရဲ့အီထဲဝို ကြွတော်မူခါမှာ ပေတရု၊ ယောဟန်၊ ယာကုပ် န ဝယ်ရားရဲ့ မိဖနှေ့ပါးဟနေလွဲပီး ခြားလူဒွေဝိုအီထဲဝို ဝမ်ရော့ခွမ့်ပြုရ။ 52လူဒိုင်းဟ ဝယ်ရားသေဆုံးရားရိတွက်ဂျော့ ငိုကြွေးနေဂေ့လေရယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟ “အဲမိုဝယ်ရားဟ သေရ၊ သူဟ အိပျော်နေဇာဘဲ့ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
53အဲခါမှာ လူဒွေဟ ကိုယ်တော်ဝို လှော်ပြော်ရယ်မောဂေ့ရယ်၊ ဟဲဂျော့ဆိုဝါ သူ့နို့ဟ အဲမိုဝယ်ရား သေရားပီဖြစ်ကြောဝို သိပီးဖြစ်ရိဂျော့ဖြစ်ရယ်။ 54ကိုယ်တော်ဟ အဲလူဒွေဝို ပလန်ဝိုထွက်ခိုင်းလိုက်ပီး သေသူဝယ်ရားရဲ့ လက်ဝိုကိုင်ရားပီး “ဝယ်ရား ထဝေါ့” ဆိုပီး မိတော်မူလိုက်ရယ်။ 55ဝယ်ရားဟ ချင့်ချင်းသက်ဝမ်လာပီး ထထိုင်လိုက်ရယ်၊ ကိုယ်တော်ဟ ဝယ်ရားဝို စားဇာခုခုကျွေးဝို့ မိမှာလိုက်လေရယ်။ 56သူရဲ့မိဖဒွေဟ ရားဒိုင်းအံ့ဩဝါးဂေ့ရယ်။ အယ်ဘေမဲ့ ကိုယ်တော်ဟ ဖြစ်ပျစ်ဒွေဝို ဟယ်သူ့ဝိုမှ မပြောဝို့ မိမှာတော်မူလေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 8: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល