ရှင်လုကာ 9

9
ခန်း (၉)
သာဝကဆယ့်နှေ့ယော့ဝို စေလွှတ်ခြင်း
(ရှင်မဿဲ ၁၀.၅-၁၅ရှင်မာကု ၆.၇-၁၃)
1ကိုယ်တော်ယေရှုဟ ဗြိတော်ဆယ့်နှေ့ယော့ဝိုခေါ်ပီး ဂူလုံးဝို ကောဆိုးဝါးဒွေဝို မောထုနိုင်ပီး နာရောဂါဒွေဝို ပျော့ကမ်းစေနိုင်ဒဲ့ ဂိုး န ခွမ့်အာဏာဒွေဝို ပေးလေရယ်။ 2အဲနော့ ကိုယ်တော်ဟ သူ့နို့ဝို သွားခိုင်းပီး ဘုရားရှင်သာသနာတော်ကြောဟောကြားဝို့န ဖျားနာနေသူဒွေဝို ကုသပေးဝို့ ညွှန်ကြားလိုက်လေရယ်။ 3ကိုယ်တော်ယေရှုဟ သူ့နို့ဝို “နန်းနို့ခရီးသွားဝိုခါမှာ နန်းနို့နတူတူ ဟဲဇာမျိုးမှ ယူဝါးပါန၊ တော်ဝှေး၊ ခရီးဆော်အိ၊ စားဇာ၊ ကပ်၊ အန်းဂီပိုဂိုမှ ယူဝါးဂေ့ပါန” ဆိုပီး မိတော်မူလေရယ်။ 4နန်းနို့ဝို အီတအီမှာ တည်းခိုနေထိုင်ဝို့ ယော့ယော့ဟ ဖိခေါ်ဝိုခါမှာ အဲမိုနေရာဟနေ ပလန်ထွက်ဝိုခီထိ အဲမိုအီမှာ ဆစ်ပီး တည်းခိုဂေ့ပါ။ 5အဲမိုဗြို့မှာရှေ့ဝို လူဒွေဟ နန်းနို့ဝို ကြိုဆိုဝို့ ဂျင်းရယ်ဆိုဝါ အဲမိုဗြို့ဟနေ ထွက်ရားဂေ့လော့။ နန်းနို့ ထွက်ရားဝိုခါမှာ အဲမိုဗြို့မှာ နန်းနို့ရဲ့ခေဖဝါးဟ ဖူမှုဒွေဝို ခါခလ#9.5 နန်းနို့ရဲ့ခေဖဝါးဟ ဖူမှုဒွေဝို ခါခလ ဂျူးလူမျိုးဒွေတွက် 'ခေဖဝါးဟ မလေမှုဝို ခါရယ်' ဆိုဇာဟ အဲမိုလူဒွေန ဆစ်သွယ်မှေ့ရဆိုပီး ပြောရှင်ဇာဖြစ်ရယ်။ အယ်ခြေနေမှာ အဲမိုဗြို့ဟ လူဒွေဝို ဘုရားရှင် ပြစ်ဒဏ်ပေးဇာဟ ဗြိတော်ဒွေန သက်ဆိုင်ရဆိုဇာဝို ပြသဝိုနေနလုပ်ဇာဖြစ်ရယ်။ရစ်ပီး အဲမိုဗြို့ဟ လူဒွေဝို ဘုရားရှင်ဟ ပြစ်ဒဏ်စီရင်မှာဆိုဇာဝို သူ့နို့ဝို ဒိပေးရစ်ပါ။ 6အဲနော့ ဗြိတော်ဒွေဟလဲ အဲမိုနေရာဟနေ ထွက်ခွာပီး ဝါဟနေဝါ လှည့်လည်သွားလာပီး ဘုရားရှင်ရဲ့ဒန်းဂေါဝို ဟောပြောပီး ဖျားနာနေသူဒွေဝို နေရာဒိုင်းမှာ ကုသပေးဂေ့လေရယ်။
ဟေရုဒ်မန်းစိရှုပ်ထွေးခြင်း
(ရှင်မဿဲ ၁၄.၁-၁၂ရှင်မဿဲ ၆.၁၄-၂၉)
7ဂါလိလဲပြည်ဝိုအုပ်ချုပ်ဝို ဟေရုဒ်ဟ ကိုယ်တော်ယေရှု န လုပ်ဝိုဇာမှန်သမျှဝို ကြားဝိုခါမှာ စိရှုပ်ထွေးလေရယ်၊ ဟဲဂျော့ဆိုဝါ လူချို့ဟ “ရေနှစ်မြင်ဂလာဆရာယောဟန် သက်ပလန်ရှင်လာပီ” ဆိုပီးရော။ 8ချို့လူဒွေဟ “ကိုယ်တော်ယေရှုဟ ပလန်ပီး ပေါ်ထွန်းလာဝို ပရောဖက် ဧလိယ ဖြစ်ရယ်” ဆိုပီး ပြောဂေ့လေရယ်။ ချို့ဟလဲ “သူဟ ဟိုးရှေးဒူးဒဲဟ သေပီး ပလန်သက်ရှင်လာဝို ပရောဖက်တစ်ဘားဖြစ်ရယ်” ဆိုပီး ပြောဆိုနေဂေ့ရိဂျော့ဖြစ်လေရယ်။ 9အယ်ဘေမဲ့ ဟေရုဒ်မန်းဟ “ရေနှစ်မြင်ဂလာဆရာယောဟန်ဝို ခေါဖြတ်သတ်ဝို့ ငါကိုယ်တိုင် မိပေးခဲ့ရယ်၊ အဲဂျော့ အယ်မိုလူဟ ယောဟန်ဖြစ်နိုင်ရ။ အယ်လော့အံ့ဩဇာဒွေဝို ကြားနေရဝို အယ်လူဟ ဟယ်သူနူး” ဆိုပီး ပြောပီး ကိုယ်တော်ယေရှုဝို တွီ့ရှင်နေလေရယ်။
လူငါးထော်ဝို ကျွေးမွီးတော်မူခြင်း
(ရှင်မဿဲ ၁၄.၁၃-၂၁ရှင်မာကု ၆.၃၀-၄၄ရှင်ယောဟန် ၆.၁-၁၄)
10သာဝကဒွေ သူ့နို့ရဲ့ခရီးဟနေ ပလန်လာဂေ့ဝိုခါမှာ ကိုယ်တော်ယေရှုဝို သူ့နို့ပြုလုပ်ဆော်ဝက်ခဲ့သမျှဝို ရှော့တံဂေ့လေရယ်၊ အဲနော့ ကိုယ်တော်ဟ သူ့နို့ဝို ခေါ်ရားပီး ဗက်ဇဲဒဗြို့နားမှာရှေ့ဝို ဆိကွယ်ရာနေရာဝို သူ့နို့နတူတူ သွားလေရယ်။ 11လူဒွေဟ အဲမိုကြောဝို ကြားဂေ့ဝိုခါမှာ သူနို့ဟ ကိုယ်တော်ရဲ့နော့ဝို လိုက်ဂေ့လေရယ်။ ကိုယ်တော်ယေရှုဟ သူ့နို့ဝိုကြိုဆိုပီး ဘုရားရှင်ရဲ့သာသနာတော်ကြောဝို သွန်သန်ပီး ဖျားနာနေဝိုလူဒွေဝိုလဲ ကုသပေးတော်မူလေရယ်။
12ညစ်နေဇောခီမှာ သာဝက ဆယ့်နှေ့ယော့ဟ ကိုယ်တော်ဆီဝို ချဉ်းကပ်လာဂေ့ပီး “အယ်မိုလူအုပ်ဂီးဝို အယ်နားတဝိုက်မှာရှေ့ဝို ဝါဒွေန စိုက်ပျိုးမွီးမြူရေးခြံဒွေဆီဝို သွားပီး စားဇာသော့ဇာန အိဇာနေရာရှာနိုင်ဝို့ စေလွှတ်တော်မူပါ။ ဟဲဂျော့ဆိုဝါ ကျနော်ဒို့ ခုရော့နေဝိုနေရာဟ တောကန္တာရ ဖြစ်နေရိဂျော့ပါ” ဆိုပီး ရှော့တံဂေ့လေရယ်။
13ကိုယ်တော်ဟ သူရဲ့ဗြိတော်ဒွေဝို “သူ့နို့ဝို စားဇာခုခု ပေးလိုက်ပါ” ဆိုပီး မိတော်မူခီမှာ
သူ့နို့ဟ “ကျနော်ဒို့မှာ ပါမုငါးလုံးန ငါးနှေ့ကော်ဘဲ့ရှေ့ပါရယ်၊ ကျနော်ဒို့ကိုယ်တိုင်သွားပီး အယ်မိုလူအုပ် အုပ်လုံးတွက် စားဇာသွားဝယ်ဇေရှင်နေဇာလော” ဆိုပီး ရှော့တံလေရယ်။ 14လူအုပ်ဂီးမှာ ယော့ကျားရေတွက် ငါးထော်လော့ရှေ့လေရယ်။
အဲခါ ကိုယ်တော်ဟ သူရဲ့ဗြိတော်ဒွေဝို “အုပ်စုတစုမှာ လူယော့ငါးဆယ်စီခွဲပီး ထိုင်ခိုင်းလိုက်ပါ” ဆိုပီး မိတော်မူလေရယ်။ 15ဗြိတော်ဒွေဟလဲ ကိုယ်တော် မိတော်မူဝိုတိုင်း ဆော်ဝက်ဂေ့ရယ်၊ လူဒွေဟလဲ အဲမျိုးဘဲ့ ဖွဲ့လိုက် ထိုင်လိုက်ဂေ့လေရယ်။ 16ကိုယ်တော်ဟ ပါမုငါးလုံးန ငါးနှေ့ကော်ဝို လက်ထဲမှာကိုင်ပီး ကောကံဝိုမျှော်ကေ့ပီး စားဇာတွက် ဘုရားရှင်ဝို ချီးမွမ်းလေရယ်။ အဲနော့ သူဟ ပါမုနငါးဒွေဝို ဖဲ့လိုက်ပီး ဗြိတော်ဒွေဝို ပေးလိုက်ပီး လူဒွေဝို ဝီပေးဝို့ မိကြားတော်မူလေရယ်။ 17လူဒွေဟ သူနို့စားချင်သလော့ ဝဝလင်လင် စားဂေ့ပီးဝိုခါမှာ ဗြိတော်ဒွေဟ စားကြွင်းစားကျန်ဒွေဝို ကော့ယူသီးဆဲလိုက်ဝိုဇာမှာ ခြင်းတောဆယ့်နှေ့တောန ပလဲ့ရလေရယ်။
ပေတရုရဲ့ ဝန်ခံချင့်
(ရှင်မဿဲ ၁၆.၁၃-၂၀ရှင်မာကု ၈.၂၇-၃၀)
18နေ့မှာ ကိုယ်တော်ယေရှု ဘားဒဲ ဆုတောနေခီမှာ ဗြိတော်ဒွေရော့လာဂေ့ဝိုခါမှာ ကိုယ်တော်ဟ သူ့နို့ဝို “လူဒွေဟ ငါ့ဝို ဟယ်သူဆိုပီး ပြောနေဂေ့နူး” ဆိုပီး မေးတော်မူလေရယ်။
19သူနို့ဟ “လူချို့ဟ ကိုယ်တော်ဝို ရေနှစ်မြင်ဂလာဆရာယောဟန်ဆိုပီးလဲ ပြောဂေ့ရယ်။ ဧလိယဆိုပီးလဲ ပြောဂေ့ရယ်။ ရှေးရှေးဒူးဟ ရှေ့ခဲ့ဝို ပရောဖက်တစ်ဘား သက်ပလန်ရှင်လာဇာဖြစ်ရယ်ဆိုပီးလဲ ပြောနေဂေ့ပါရယ်” ဆိုပီး ရှော့တံဂေ့လေရယ်။
20အဲနော့ ကိုယ်တော်ဟ သူ့နို့ဝို “အယ်ဘေမဲ့ နန်းနို့နေနဆိုဝါ ငါ့ဝို ဟယ်သူဆိုပီး ထံနူး” ဆိုပီး မေးလိုက်ရယ်။
ပေတရုဟ “အရှင်ဟ ဘုရားရှင် စေလွှတ်လိုက်ဝို ကယ်တံရှင်မေရှိယဖြစ်ပါရယ်” ဆိုပီး ပလန်လည်ရှော့တံလေရယ်။
21ကိုယ်တော်ဟ အဲမိုကြောရာဒွေဝို ဟယ်သူဝိုမှ မပြောဝို့ တင်းကြပ်တားမြစ်တော်မူလေရယ်။
သေခံဝို့ကြော ကြိုတံမိတော်မူခြင်း
(ရှင်မဿဲ ၁၆.၂၀-၂၈ရှင်မာကု ၈.၃၀-၉.၁)
22အဲနော့ ကိုယ်တော်ဟ ဗြိတော်ဒွေဝို “ဂျူးလူမျိုးကြီးကဲဒွေ၊ ပုရောဟိတ်ကြီးကဲဒွေန ကျမ်းတတ်ဆရာဒွေဟ လူ့သားတော်ဝို ညှင်းပန်းနှိဆစ်ဂေ့လိမယ်။ သူ့နို့ဟ သူ့ဝို ငြင်းပယ်ဂေ့ပီး သတ်ပစ်ဂေ့လိမယ်။ အယ်ဘေမဲ့ သုံးရစ်မြော့နေ့မှာ သူသက်ပလန်ရှင်လိမယ်” ဆိုပီး မိတော်မူလေရယ်။
ကိုယ့်လက်ဝါးကပ်တိုင်ဝို ကိုယ်ထမ်းပါ
23အဲနော့ ကိုယ်တော်ဟ လူထုပရိသတ်ဝို “နန်းနို့ထဲဟ ငါ့ဗြိတော်ဖြစ်ရှင်ဝိုသူဒွေဟ မိမိကိုယ်ကျိုးတွက် သက်ရှင်နေထိုင်ဇာလုပ်ဘဲန သူ့နို့ရဲ့လက်ဝါးကပ်တိုင်ဝို နေ့ဒိုင်းထမ်းပီး ငါ့နော့ဝို လိုက်ရမှာဖြစ်ရယ်။ 24မိမိသက်ဝို ကယ်ရှင်ဝိုသူဒိုင်းဟ ထာဝရသက်ဝို ရရှေ့ဝို့ ခွမ့်ရေးဝို ဆုံးရှုံးလိမယ်ဖြစ်ရယ်။ ငါ့ဝို ယုံကြည်ရိတွက်ဂျော့ ငါ့တွက် သက်ဆုံးရှုံးခံဝိုသူဒိုင်းဟ ထာဝရသက်ဝို ရလိမယ်ဖြစ်ရယ်။ 25နန်းနို့ဟ ဘာလောကရီးခုလုံးဝို အုပ်စိုးခွမ့် ရဘေမဲ့လည်း နန်းနို့ဘဝပျစ်ဆီးပီး သက်ဆုံးရှုံးရမယ်ဆိုဝါ ဟဲရာကျိုးရှေ့မယ်နူး။ 26ငါ့န ငါရဲ့ဆုံးမဩဝါဒသန်ကြားမှုဒွေဝို နန်းနို့ဟ ရှစ်ကြော့နေမယ်ဆိုဝါ ငါလူ့သားတော်ဟ သူ့ရဲ့ဘုန်းအသရေ န ဖခမည်းတော်န မြင့်မြတ်ဝိုနတ်ဒေဝါဒွေရဲ့ ဘုန်းအသရေ န ကြွတော်မူလာဝို့ခီမှာ နန်းနို့တွက် ရှစ်လိမယ်။
27ငါ မှန်တရားဝို ပြောပြမယ် အယ်နေရာမှာ ရပ်နေဂေ့ဝိုချို့လူဒွေဟ ဘုရားရှင်သာသနာတော် ထွန်းကားဇာဝို ဗြင်တွီ့ရဘဲန သေရလိမယ်မုဝ” ဆိုပီး မိတော်မူလေရယ်။
ဆင်းသဓံပလောလဲခြင်း
(ရှင်မဿဲ ၁၇.၁-၈ရှင်မာကု ၉.၂-၈)
28ကိုယ်တော်ယေရှုဟ အဲမျိုးမိတော်မူပီးနော့ ရှစ်ရစ်ကြာခီမှာ ပေတရု၊ ယောဟန်၊ ယာကုပ်ဒို့ဝို သူ့နတူတူ ခေါ်ဆော်ပီး ဝတ်ပြုဆုတောဝို့တွက် တော်ပေါ်ဝို ကြွတော်မူလေရယ်။ 29ကိုယ်တော်ယေရှု ဆုတောနေခီမှာ ကိုယ်တော်ရဲ့ ဆင်းသဓံဟ ပလောလဲရားပီး ကိုယ်တော်ရဲ့ဝတ်ရုံတော်ဟလည်း ရားဒိုင်းဖြူစင်တော့ပလာလေရယ်။ 30ရုတ်တရစ်ဆိုမျိုးပဲ့ မောရှေ န ဧလိယဒို့ ပေါ်လာပီး ကိုယ်တော်န ဂါးပြောဂေ့လေရယ်။ 31သူ့နို့ဟ ဘုန်းဂိုးတော်ဒွေ ထွန်းလန်းတော့ပပီး ဂျေရုဆလင်ဗြို့မှာ ကိုယ်တော် သေခံရဝို့ကြောဝို ပြောဆိုနေဂေ့လေရယ်။ 32ပေတရုန ခြားဗြိတော်ဒွေဟ အိပျော်နေဂေ့လေရယ်၊ သူ့နို့နိုးလာခီမှာ ချင့်ချင်းဘဲ့ ဘုန်းဂိုးတော်ဒွေန ပလဲ့ဇုံဝို ကိုယ်တော်ဝို ဗြင်ဂေ့ရလေရယ်။ သူ့နို့ဟ ကိုယ်တော်နတူတူ ဂါးပြောနေဝို ပရောဖက်နှေ့ပါးဝိုလဲ တွီ့လိုက်ရလေရယ်။ 33အဲနော့ မောရှေ န ဧလိယဒို့ ကိုယ်တော်ယေရှုဆီဟနေ ထွက်ခွာသွားဝိုခီမှာ ပေတရုဟ ကိုယ်တော်ဝို “အရှင်၊ အယ်နေရာဟ ကျနော်ဒို့တွက် နေရှင်စရာ ကောဝို နေရာဖြစ်ပါရယ်။ အဲဂျော့ ကျနော်ဒို့ ယာယီတဲသုံးဆော် ဆော့ပေးမယ်။ အရှင့်တွက် တဲတစ်ဆော်၊ ဧလိယတွက် တဲတစ်ဆော်၊ မောရှေတွက် တဲတစ်ဆော်၊ ကျနော်ဒို့ဆော့လုပ်ပါရစေ” ဆိုပီး ရှော့ထားလေရယ်။ အယ်ဘေမဲ့ သူဟ သူ့ကိုယ်သူ ဟဲရာဇာဝို ပြောလိုက်ရယ်ဆိုဇာဝို သိရ။
34ပေတရုဟ အဲမိုဂါးဝို ပြောနေခီမှာ မိုတီတိုက်ဂီးဟ ပေါ်လာပီး သူ့နို့ဝို လွှမ်းမိုးထားလေရယ်၊ မိုးတီတိုက်ဂီးဟ သူ့နို့ဝို လွှမ်းမိုးထားရိဂျော့ သူ့နို့ဟ ရားဒိုင်းကြော့လန့်နေဂေ့လေရယ်။ 35အဲမိုခီမှာ မိုးတီတိုက်ထဲဟ “သူဟ ငါ့သားဖြစ်ရယ်။ သူ့ဂါးဝို နားထော်ဂေ့ပါ” ဆိုပီး သံတော်တခုထွက်ပေါ်လာလေရယ်။ 36အဲမိုသံတော် ထွက်ပေါ်ပီးနော့ ပေတရု၊ ယောဟန်န ယာကုပ်ဒို့ဟ ကိုယ်တော်ယေရှု ဘားဒဲဝိုဘဲ့ သူ့နို့နတူတူရှေ့နေဇာဝို သိလိုက်ရရယ်။ သူ့နို့ဟ သူ့နို့ဗြင်တွီ့ခဲ့ရဝို ကြောရာဒွေဝို အဲမိုနေ့ရစ်ဒွေ#9.36 အဲမိုနေ့ရစ်ဒွေ အဲမိုနေ့ရစ်ဒွေဆိုဇာဟ ကိုယ်တော်ယေရှုသေရာဟနေ သက်ပလန်ရှင်ဝို့ ခီထိဝို ဆိုလိုဇာဖြစ်ရယ်။မှာ ဟယ်သူဝိုမှ ပြောဘဲန နေဂေ့လေရယ်။
ကိုယ်တော်ယေရှုဟ ကောဆိုးဝါးစွဲကပ်နေဝိုလူရားဝို ကုသပေးခြင်း
(ရှင်မဿဲ ၁၇.၁၄-၁၈ရှင်မာကု ၉.၁၄-၂၇)
37နော့တစ်နေ့မှာ ကိုယ်တော်ယေရှု န ဗြိတော်သုံးဦးဒို့ဟ တော်ပေါ်ဟနေ ဆင်းလာခဲ့ဂေ့လေရယ်၊ အဲနော့ လူအုပ်ဂီးဟ ကိုယ်တော်ယေရှုဝို ကြိုဆိုဂေ့လေရယ်။‌ 38လူအုပ်ထဲဟ လူတယော့ဟ “အရှင်၊ ကျော်ရဲ့သားဝို ကျန်းမာလာအော် လုပ်ပေးပါ၊ သူဟ ကျော်ရဲ့ ဦးဒဲသောသား ဖြစ်ပါရယ်။ 39ကောဆိုးဝါးဟ သူ့ဝိုဝမ်ပူးရိတွက် သူဟ ရုတ်တရစ် လန့်တဂျား အော်ဟစ်နေခဲ့ရပါရယ်။ ကောဆိုးဝါးဟ သူ့ဝို ပြင်းပြင်းထန်ထန်တူလှုဇေပီး ဇပ်ပေါ့ထဲဟ မလှုပ်ဒွေ ထွက်လာဝိုထိ လုပ်ရယ်။ အဲမိုကောဆိုးဝါးဟ သူ့ဆီဟ ဟယ်ခါမှ ထွက်ရားဘဲန သူ့ဝို ရားဒိုင်းနာကျင်အော်လုပ်တတ်ပါရယ်။ 40ကျနော်ဟ ကိုယ်တော်ရဲ့ဗြိတော်ဒွေဝို တောဘန်ပီး အဲမိုကောဆိုးဝါးဝို မောထုခိုင်းပေမဲ့ သူ့နို့ဟ နှံထုနိုင်ဂေ့ရ” ဆိုပီး ရှော့ထားလေရယ်။
41အဲခါ ကိုယ်တော်ယေရှုဟ ဗြိတော်ဒွေဝို “ယုံကြည်ခြင်းလဲမှေ့ဘဲဝို လမ်းလွှဲဖော့ပလန်နေဝိုလူဒွေ၊ ငါဟယ်လော့ကြာအော် သည်းခံပီး နန်းနို့နတူတူ နေနေရဦးမှာနူး” ဆိုပီး မိတော်မူလေရယ်။ အဲနော့ ကိုယ်တော်ဟ အဲမိုလူဝို “သင့်ရဲ့သားဝို ငါ့ဆီခေါ်လာခဲ့ပါ” ဆိုပီး မိတော်မူလေရယ်။
42အဲမို သားဂန်းရား ကိုယ်တော်ယေရှုဆီဝို လာနေခီမှာ ကောဆိုးဝါးဟ သူ့ဝို ဝမ်ပူးပီး ဂိုလုံးဝို တူလှုစေလေရယ်၊ ကိုယ်တော်ဟ ကောဆိုးဝါးဝို ဆုံးမပီး သားဂန်းရားဝို ကျန်းမာစေပီး သူ့ဖဆီဝို ပလန်လည်အပ်နှံလေရယ်။
သေခံဝို့ကြောဝို ဒုတိယကြီကြိုတံပီး မိကြားခြင်း
(ရှင်မဿဲ ၁၇.၂၂-၂၃ရှင်မာကု ၉.၃၀-၃၂)
43လူဒွေဟ ဘုရားရှင်ရဲ့ ဂိုးတော်ဝို ဖူးဗြင်ဂေ့ရရိတွက် အံ့ဩမဆုံး ဖြစ်နေဂေ့လေရယ်။ ကိုယ်တော်ပြုတော်မူဝို ဇာဒွေဂူလုံးဝို လူဒွေအံ့ဩနေဂေ့ခီမှာ ကိုယ်တော်ဟ ဗြိတော်ဒွေဝို 44“ငါ နန်းနို့ဝို ပြောမယ့်ဂါးဝို သေချာဂရုစိုက်ပီး နားထော်ဂေ့ပါ၊ လူ့သားတော်ဝို ရန်သူဒွေလက်ထဲဝို အပ်နှံခံရတော့မယ်ဖြစ်ရယ်။” ဆိုပီး မိတော်မူလေရယ်။ 45အယ်ဘေမဲ့ ဗြိတော်ဒွေဟ ကိုယ်တော်ယေရှု ဟဲမျိုးဆိုလိုဇာဝို နားမလည်ခဲ့ဂေ့ရ။ ဆိုလိုရင်းဓိပ္ပါယ်ဝို သူ့နို့နားမလည်နိုင်ပေမဲ့ သူ့နို့ဟ အဲမိုဇာဝို မေးမြန်းဝို့ ကြော့ရွံ့နေဂေ့လေရယ်။
ကီးမြတ်ဆုံးလူ
(ရှင်မဿဲ ၁၈.၁-၅ရှင်မာကု ၉.၃၃-၃၇)
46အဲနော့ ကိုယ်တော်ယေရှုရဲ့ ဗြိတော်ဒွေဟ သူ့နို့ထဲမှာဟယ်သူဟ ကီးမြတ်ဆုံးဖြစ်နူးဆိုဇာဝို သူ့နို့ချင်းချင်း စပီး ဂျင်းဂေ့လေရယ်။ 47ကိုယ်တော်ယေရှုဟ သူ့နို့ဂျင်းနေဇာဝို သိတော်မူလေရယ်၊ ကိုယ်တော်ဟ သားဂန်းရားတစ်ယော့ဝိုခေါ်ပီး သူ့နားမှာ ရပ်ခိုင်းပီး။ 48ဗြိတော်ဒွေဝို “သားဂန်းရားဝို ငါ့ကိုယ်စား ကြိုဆိုဒဲ့သူဟ ငါ့ဝို ကြိုဆိုဇာဖြစ်ရယ်၊ ငါ့ဝို ကြိုဆိုသူဟ ငါ့ဝိုစေလွှတ်တော်မူဝို ငါ့ရဲ့ဖခင်ဝိုလည်း ကြိုဆိုသူဖြစ်လေရယ်၊ နန်းနို့ထဲမှာ ကိုယ့်ကိုကိုယ် နှိခလဆုံးသူဟ ကီးမြတ်ဆုံးသူဘဲ့ဖြစ်လေရယ်” ဆိုပီး မိတော်မူလေရယ်။
မိမိဝို ဆန့်ကျင်ဘဲလူ
(ရှင်မာကု ၉.၃၈-၄၀)
49အဲနော့ ယောဟန်ဟ “အရှင်၊ လူဒွေထဲဟ ကောဆိုးဝါးဒွေဝို မောထုဝို့တွက် ကိုယ်တော်ရဲ့နော်မယ်ဟို သုံးပြုသူတစ်ယော့ဝို ကျနော်ဒို့တွီ့ဗြင်ခဲ့ရပါရယ်၊ သူဟ ကျနော်ဒို့ဖွဲ့န သက်ဆိုင်ဘဲရိတွက် သူ့ဝို အယ်မိုမျိုးမလုပ်ဝို့ တားမြစ်ခဲ့ပါရယ်” ဆိုပီး ရှော့တံလေရယ်။
50ကိုယ်တော်ယေရှုဟ “သူ့ဝိုတားပါန နန်းနို့ဝို ဆန့်ကျင်ဘဲဝိုသူဟ နန်းနို့ဝို ထော့ခံသူဒွေဘဲ့ဖြစ်ရယ်” ဆိုပီး မိတော်မူလေရယ်။
ရှမာရိဝါဟလူဒွေဟ ကိုယ်တော်ယေရှုဝို လက်ခံဂေ့ရ
51အဲနော့ ကိုယ်တော်ဟ ရွှေဗြို့တော်ဝို ပလန်ဝို့တွက် ခီဟနီးကပ်လာပီဖြစ်ရိတွက် ကိုယ်တော်ယေရှုဟ ဂျေရုဆလင်ဗြို့ဝို ထွက်ခွာဝို့ စိပိုင်းဖြတ်လေရယ်။ 52ကိုယ်တော်ဟ လူချို့ဝို ရှမာရိလူမျိုးဒွေရဲ့ဝါဝို ဦးဆုံးဝမ်ရော့စေပီး သူရဲ့ခရီးစဉ်တွက် ဆင်သင့် ပြင်ရားစေလေရယ်။ 53အယ်ဘေမဲ့ ကိုယ်တော်ဟ ဂျေရုဆလင်ဗြို့ဝို ဦးတည်သွားနေရိတွက် ရှမာရိဝါသားဒွေဟ ကိုယ်တော်ဝို ကြိုဆိုဂေ့ရ။ 54အဲမိုဇာဝို သူ့ဗြိနှေ့ယော့ဖြစ်ဝို ယာကုပ်နယောဟန်ဒို့ ဗြင်ခီမှာ “အရှင်၊ ကျနော်ဒို့ ကောကံဟနေ မီးလျှံဝိုကလစေပီး#9.54 မီးလျှံဝိုကလစေပီး ဂရိလက်ရေးစာမူချို့ဟ အယ်မိုခန်းငယ်ရဲ့ဆုံးမှာ “ဧလိယလုပ်ဝိုမျိုး” ဆိုဇာ ပါရယ်။ အဲမိုလူဒွေဝို ပျစ်ဆီးရားအော်လုပ်ဝို့ ဘုရားရှင်ဆီဝို တောရှော့လိုက်ရမလော” ဆိုပီး ရှော့တံဂေ့လေရယ်။ 55အယ်ဘေမဲ့ ကိုယ်တော်ယေရှုဟ သူ့နို့ဖက်ဝို လှည့်ပီး ဆုံးမလိုက်ပီးနော့ 56ကိုယ်တော်#9.56 ကိုယ်တော် ချို့ ဂရိလက်ရေးစာမူဒွေမှာ "လူ့သားတော်ဟ လူဒွေရဲ့သက်ဝို သတ်ဝို့တွက် ကြွလာဇာမုဝ၊ ကယ်တံဝို့တွက် ကြွလာတော်မူရယ်" ဆိုပီး ကျမ်းပိုဒ်စမှာ ဖော်ပြရားရယ်။န သူ့ဗြိတော်ဒွေဟ ခြားဝါတဝါဆီဝို ထွက်ခွာသွားဂေ့လေရယ်။
ဗြိတော်ဖြစ်ရှင်ဝို လူသုံးယော့
(ရှင်မဿဲ ၈.၁၉-၂၂)
57ကိုယ်တော်န ဗြိတော်ဒို့ သွားနေဝိုလမ်းခရီးမှာ လူတစ်ယော့ဟ ကိုယ်တော်ယေရှုဆီဝို ချဉ်းကပ်ပီး “ကိုယ်တော်ကြွတော်မူဝို နေရာဒိုင်းဝို ကျနော်လိုက်ပါမယ်” ဆိုပီး ရှော့တံဝိုခါမှာ
58ကိုယ်တော်ယေရှုဟ “မလေခွီးဒွေမှာ တွမ်းရှေ့ရယ်၊ ငှက်ဒွေမှာလဲ သိုက်ရှေ့ရယ်၊ အယ်ဘေမဲ့ လူ့သားတော်မှာလော ခေါခလဝို့ နေရာဂိုမှ မှေ့ရ” ဆိုပီး မိတော်မူလေရယ်။
59အဲနော့ ကိုယ်တော်ယေရှုဟ ခြားလူတစ်ယော့ဝို သူ့နတူတူလိုက်လာဝို့ ခေါ်ခါမှာ အဲမိုလူဟ “ကိုယ်တော်၊ ရင်ဆုံး ကျနော့်ဖေရဲ့ လောဝို င်္ဂြိုလ်ပီးဝိုခီထိ စော့ပေးပါ” ဆိုပီး ရှော့တံလေရယ်။
60ကိုယ်တော်ယေရှုဟ သူ့အား “စိနှလုံးသေဆုံးနေဒဲ့သူဒွေဟ သေပီးဒဲ့သူဒွေဝို ဂြိုဟ်ဂေ့ပါစေ။ အယ်ဘေမဲ့ နန်ဟလောဝါ ဘုရားရှင်သာသနာတော်ကြောဝို လူဒွေဝို လိုက်ပီး ဟောပြောပါ” ဆိုပီး မိတော်မူလေရယ်။
61ခြားသူတယော့ဟလဲ “အရှင်၊ ကျော် အရှင့်နော့တော်ဝိုလိုက်မယ်၊ အယ်ဘေမဲ့ ရင်ဦးဆုံး ကျနော်ရဲ့ အီဝိုပလန်ပီး မိသားဇုဝို နှုဆစ်ခွမ့်ပြုပါ” ဆိုပီး ရှော့တံလေရယ်။
62ကိုယ်တော်ဟ “ထွန်တုံးဝို ကိုင်ပီး နော့ဝိုလှည့်ကေ့တတ်ဝိုသူဟ ဘုရားရှင်ရဲ့သာသနာတော်န သင့်တော်ဝ” ဆိုပီး မိတော်မူလိုက်လေရယ်။

ទើបបានជ្រើសរើសហើយ៖

ရှင်လုကာ 9: TVN

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល