1
မဿဲ 1:21
ခေတ်သစ်မြန်မာ သမ္မာကျမ်း
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
Mampitaha
Mikaroka မဿဲ 1:21
2
မဿဲ 1:23
ဗျာဒိတ်တော်စကားမှာ “အပျိုစင်တစ်ဦးသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားကို ဧမာနွေလဟု ခေါ်ဝေါ်ကြလိမ့်မည်” ဟူ၍ ဖြစ်၏။ ဧမာနွေလ၏ အနက်အဓိပ္ပာယ်မှာ “ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားသခင်” ဟူ၍ ဖြစ်၏။
Mikaroka မဿဲ 1:23
3
မဿဲ 1:20
ထိုသို့ တွေးတောဆင်ခြင်နေစဉ် ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ယောသပ်ကို အိပ်မက်တွင် ကိုယ်ထင်ပြ၍ “ဒါဝိဒ်မင်း၏သား ယောသပ်… မာရိကို သင်၏ဇနီးမယားအဖြစ် လက်ထပ်ရမည့်အမှုအတွက် မတွန့်ဆုတ်နှင့်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ဝန်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကြောင့် ဖြစ်၏။
Mikaroka မဿဲ 1:20
4
မဿဲ 1:18-19
ယေရှုခရစ်တော် မွေးဖွားလာတော်မူပုံမှာ ဤသို့ဖြစ်၏။ မယ်တော်မာရိနှင့် ယောသပ်တို့သည် လက်ထပ်ရန် စေ့စပ်ထား၏။ သို့သော်လည်း လက်ထပ်ပေါင်းသင်းခြင်းမပြုမီ မာရိသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် ကိုယ်ဝန်ဆောင်လေ၏။ ထိုအခါ ခင်ပွန်းလောင်းဖြစ်သူ ယောသပ်သည် သူတော်ကောင်းဖြစ်၍ မာရိကို အသရေမပျက်စေလိုသောကြောင့် စေ့စပ်ကြောင်းလမ်းခြင်းကို တိတ်တဆိတ်ဖျက်သိမ်းရန် ဆုံးဖြတ်၏။
Mikaroka မဿဲ 1:18-19
Fidirana
Baiboly
Planina
Horonan-tsary