ရာဇဝင်ချုပ်ပထမစောင် 25
25
လေဝိလူမျိုးဂီတပညာရှင်များ
1ဒါဝိဒ်မင်းကြီးနှင့် မင်းမှုထမ်းအကြီးအကဲတို့သည် အမှုတော်မြတ်အတွက် စောင်းကောက်၊ စောင်းပြား၊ လင်းကွင်း တို့ကိုတီးခတ်၍ ပရောဖက်ပြုနိုင်ရန် အာသပ်၊ ဟေမန်၊ ယေဒုသုန်တို့၏သားများထဲမှအချို့ကို သီးသန့်ခွဲထား၏။ ဤသို့အမှုတော်ထမ်းရန် ခွဲထားသူတို့၏အမည်စာရင်းမှာ 2အာသပ်သားမြေးတွင် ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလ တို့ဖြစ်ကြ၏။ အာသပ်၏သားတို့သည် ရှင်ဘုရင်ညွှန်ကြားသည့်အတိုင်း ပရောဖက်ပြုသောအာသပ်၏လက်အောက်တွင် နေရကြ၏။ 3ယေဒုသုန်သားမြေးတွင် ယေဒုသုန်၏သား ဂေဒလိ၊ ဇေရိ၊ ယေရှာယ၊ ရှိမိ၊ ဟာရှဘိ၊ မတ္တိသိ ပေါင်းခြောက်ယောက်တို့သည် ဖခင်ယေဒုသုန်၏လက်အောက်တွင်နေရကြ၏။ သူတို့၏ဖခင်သည် စောင်းတီး၍ ထာဝရဘုရားကို ကျေးဇူးတင်ချီးမွမ်းကာ ပရောဖက်ပြုသောသူဖြစ်၏။ 4ဟေမန်သားမြေးတွင် ဟေမန်၏သား ဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိယ၊ ဟာနနိ၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ် တို့ပါဝင်ကြ၏။ 5ဤသူတို့အားလုံးသည် ရှင်ဘုရင်၏ဗျာဒိတ်ဆရာဖြစ်သော ဟေမန်၏သားများဖြစ်ကြ၏။ ဤသို့ ဟေမန်သည် ဘုရားသခင်၏ကတိတော်နှင့်အညီချီးမြှောက်ခြင်းခံရ၏။ ဘုရားသခင်သည် သူ့အား သားတစ်ဆယ့်လေးယောက်နှင့် သမီးသုံးယောက်ကို ပေးတော်မူ၏။
6ဤသူအားလုံးတို့သည် ဖခင်လက်အောက်တွင်နေ၍ ထာဝရဘုရား၏အိမ်တော်၌ လင်းကွင်း၊ စောင်းပြား၊ စောင်းကောက်များဖြင့် သီဆိုတီးမှုတ်ရသောသူများဖြစ်၏။ အာသပ်၊ ယေဒုသုန်၊ ဟေမန်တို့သည် ရှင်ဘုရင်၏လက်အောက်တွင် ဘုရားသခင်၏အိမ်တော်အမှုကိုထမ်းဆောင်ရ၏။ 7သူတို့နှင့် သူတို့၏ညီအစ်ကိုအားလုံးတို့သည် ထာဝရဘုရားထံချီးမွမ်းသီဆိုရာတွင် လေ့ကျင့်ထားပြီးသူများ၊ ကျွမ်းကျင်ပြီးသူများ ဖြစ်ကြ၏။ သူတို့အားလုံး နှစ်ရာရှစ်ဆယ့်ရှစ်ယောက် ရှိ၏။ 8သူတို့သည် အကြီးအငယ်၊ ဆရာတပည့် မခွဲခြားဘဲ မဲချ၍ တာဝန်ယူကြရ၏။ 9မဲချရာတွင် ပထမဆုံးမဲကျသူမှာ အာသပ်၏သား ယောသပ်၊ ဒုတိယမြောက်မဲကျသူမှာ ဂေဒလိနှင့် သူ၏ညီအစ်ကိုများ၊ သူ၏သားများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 10တတိယမြောက်မဲကျသူမှာ ဇက္ကုရနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 11စတုတ္ထမြောက်မဲကျသူမှာ ဣဇရိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 12ပဉ္စမမြောက်မဲကျသူမှာ နေသနိနှင့် သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 13ဆဋ္ဌမမြောက်မဲကျသူမှာ ဗုက္ကိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 14သတ္တမမြောက်မဲကျသူမှာ ယေရှရေလနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 15အဋ္ဌမမြောက်မဲကျသူမှာ ယေရှာယနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 16နဝမမြောက်မဲကျသူမှာ မတ္တနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 17ဒသမမြောက်မဲကျသူမှာ ရှိမိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 18တစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ အာဇရေလနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 19တစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ဟာရှဘိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 20တစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ ရှုဗွေလနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 21တစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ မတ္တိသိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 22တစ်ဆယ့်ငါးယောက်မြောက်မဲကျသူမှာ ယေရမုတ်နှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 23တစ်ဆယ့်ခြောက်ယောက်မြောက်မဲကျသူမှာ ဟာနနိယနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 24တစ်ဆယ့်ခုနစ်ယောက်မြောက်မဲကျသူမှာ ယောရှဗေကရှနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 25တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ ဟာနနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 26တစ်ဆယ့်ကိုးယောက်မြောက်မဲကျသူမှာ မလ္လောသိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 27အယောက်နှစ်ဆယ်မြောက်မဲကျသူမှာ ဧလျာသနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 28နှစ်ဆယ့်တစ်ယောက်မြောက်မဲကျသူမှာ ဟောသိရနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 29နှစ်ဆယ့်နှစ်ယောက်မြောက်မဲကျသူမှာ ဂိဒ္ဒါလတိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 30နှစ်ဆယ့်သုံးယောက်မြောက်မဲကျသူမှာ မဟာဇုတ်နှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊ 31နှစ်ဆယ့်လေးယောက်မြောက်မဲကျသူမှာ ရောမန္တေဇာနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက် တို့ဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 25: MSBZ
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative