ဗျာဒိတ်ကျမ်း 4
4
ကောင်းကင်မှ ပလ္လင်တော်
1ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက“ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်”ဟု ဆို၏။ 2ငါသည် ချက်ချင်းပင် ဝိညာဉ်တော်#4:2 သို့မဟုတ် “ဝိညာဉ်”။၌ရှိလေရာ ကြည့်လော့။ ကောင်းကင်၌ပလ္လင်တော်တစ်ခုတည်ရှိ၍ ထိုပလ္လင်တော်ပေါ်တွင် ထိုင်နေသောအရှင်တစ်ပါးရှိ၏။#ဒံ 7:9။ 3ထိုင်နေတော်မူသော#4:3 အချို့မူရင်းကျမ်း၌ “ထိုင်နေတော်မူသော” မပါ။ထိုအရှင်သည် နဂါးသွဲ့နှင့်ပတ္တမြားကျောက်ကဲ့သို့သောအဆင်းအရောင်ရှိ၍ ပလ္လင်တော်ပတ်လည်တွင် မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံရှိ၏။ 4ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။ 5ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။
6ထို့ပြင် ပလ္လင်တော်ရှေ့၌ ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပလ္လင်တော်ပတ်လည်၌ကား ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများဖြင့်ပြည့်နေသောသတ္တဝါလေးပါးရှိ၏။ 7ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၍ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါကား လူနှင့်တူသောမျက်နှာရှိ၍ စတုတ္ထသတ္တဝါသည် ပျံသန်းနေသောလင်းယုန်နှင့်တူ၏။#ယေဇ 1:10၊ 10:14။ 8ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။#ဟေရှာ 6:2-3၊ ယေဇ 1:18၊ 10:12။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
9ထိုသို့ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်၏ဘုန်းတော်၊ ဂုဏ်တော်နှင့် ကျေးဇူးတော်တို့ကို သတ္တဝါလေးပါးတို့သည် ချီးမွမ်းကြသောအခါ 10သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏ရှေ့၌ ပျပ်ဝပ်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်ကိုရှိခိုးကာ မိမိတို့၏သရဖူများကို ပလ္လင်တော်ရှေ့တွင်ချထားပြီးလျှင် 11“အကျွန်ုပ်တို့၏ဘုရားသခင်#4:11 အချို့မူရင်းကျမ်း၌ “အကျွန်ုပ်တို့၏ဘုရားသခင်” မပါ။ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။
လက်ရှိရွေးချယ်ထားမှု
ဗျာဒိတ်ကျမ်း 4: MSBZ
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2022 by Global Bible Initiative