Matthew 6:16-18
Matthew 6:16-18 TPV-RV
မင်းတို့အစာရှောင် ဥပုသ်စောင့်တဲ့အခါမှာ သူတော်ကောင်းယောင်ဆောင်သူ တွေလို ညှိုးငယ်တဲ့မျက်နှာနဲ့ မနေပါနဲ့။ဒီလို သူတော်ကောင်းယောင်ဆောင်သူတွေဟာ သူတို့ ဥပုသ်စောင့်တာကို လူတွေသိအောင် မျက်နှာမသစ် ခေါင်းမဖီးဘဲနေတတ်ကြတယ်။ ငါအမှန်အတိုင်းပြောရရင် သူတို့ခံစားထိုက်တဲ့အကျိုးကို ခံစားရပြီးဖြစ်တယ်။ ဒီလိုလုပ်မယ့်အစား မိမိတို့ ရဲ့ ဆံပင်တွေကိုဆီလူးပြီး ခေါင်းဖီး ပါ။မျက်နှာသစ်ကာသန့်ရှင်းစွာနေပါ။ မိမိအစာရှောင်တာကို တစ်ခြားသူတွေ မသိစေဘဲ အဖဘုရားရှင်သာ တိတ်တဆိတ်သိရှိတော်မူရင် မင်း ကို ဆုလာဘ်များပေးသနားတော်မူပါလိမ့်မယ်။