YouVersion လိုဂို
ရှာရန် အိုင်ကွန်

ခြေလှမ်းတိုင်းဟာ ရောက်ရှိခြင်းနမူနာ

Every Step an Arrival

5 ၏ နေ့ 2

ဟိုးရှေးရှေးတုန်းက

ဇာတ်လမ်းကောင်းတွေက "ဟိုးရှေးရှေးတုန်းက"နဲ့ စတင်ကြတင်တယ်။ " ကျွန်တော့်ဘဝ အရေးပါရဲ့လား" စတယ့်မေးခွန်းနဲ့ ခရစ်ယာန်တွေအများစု ရင်ဆိုင်နေကြရတယ်။ ဇာတ်လိုင်းတိုင်းမှာ ဇာတ်ကောင်တိုင်းဟာ အရေးပါတယ်။ လူတိုင်းမှာ ထူးခြားမှု ရှိပါတယ်။ ဒါကြောင့်"ဟိုးရှေးရှေးတုန်းက"နဲ့စတင်ပြီး အဲ့အနောက်ကနေ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ သံသယဝင်ခြင်း၊ နာခံခြင်း၊ မနာခံခြင်း၊ ကျွန်တော်တို့ရဲ့ ဝတ်ပြုကိုးကွယ်ခြင်းနှင့် မတူညီခြင်းတွေ ရှိပါတယ်။ ဒါတွေအားလုံးဟာ ပုံပြင်တစ်ပုဒ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ—တစ်ခုခုကို ဆိုလိုတဲ့ ပုံပြင်တစ်ပုဒ်ပါ။

ဇာတ်လမ်းပုံပြင်တိုင်းဟာ သူရဲကောင်းတွေအကြောင်းဘဲ မဟုတ်ပါ။ ဇာတ်လမ်းတိုင်းဟာ စွန့်စားခန်းတွေဘဲမဟုတ်ပါ။ ယောသပ်၊ ‌မောရှေ၊ ဒါဝိဒ်၊ ပေါလုကဲ့သို့သော သူရဲကောင်း ဇာတ်လမ်းများလဲရှိပါတယ်။ ‌နောမိ၊ရုသနှင့် ‌‌ဗောဇ ဇာတ်လမ်းများလဲရှိပါတယ်။ ဒီနေရာမှာတော့ လက်တွေ့လုပ်ဆောင်ခြင်းက နေ့ရက်တိုင်းဖြစ်တယ်။ ထို ‌နေ့ရက်တိုင်း လက်တွေ့လုပ်ဆောင်ခြင်း- ပြောင်းရွေ့နေထိုင်ခြင်း၊ နောမိအပေါ် ရုသသစ္စာရှိခြင်း၊ ရုသအပေါ် ဗောဇ အကြင်နာတရားရှိခြင်း၊ ပညတ်တော်တွေအပေါ်နာခံမှုရှိခြင်း- ဒီအသေးစိတ်အချက်အလက်အားလုံးက ဘုရားသခင်ရဲ့ ကြီးကျယ်သော ကယ်တင်ခြင်းဇာတ်လမ်းမှာ တစိတ်တပိုင်း အနေနဲ့ပါဝင်ပါတယ်။ တစုံတခုကို ဆိုလိုတယ့် ဇာတ်လမ်းက အရာအားလုံးကိုလဲ ဆိုလိုနိုင်ပါတယ်။

ညည်းညူခြင်းနဲ့ နောမိက ဒီဇာတ်လမ်းထဲမှာ ပါဝင်ခဲ့တယ်။ သူမက ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရတယ်၊ ထိုအကြောင်းကို ခါးသီးစွာ ဝေဖန်ခဲ့တယ်၊ ဇာတ်ညွှန်းဆရာက သူမရဲ့ မပျော်ရွှင်မှုကို အသုံးပြုပြီး ဘုရားကို ပုန်ကန်သည့် ‌ပုံစံဖြင့်ရေးသားခဲ့တယ်။ ဤအခန်းငယ်များကို ဘုရားသခင်ရှေ့တော်၌ ရုသက တရားစွဲသူအဖြစ် တင်ပြသည့်ပုံစံဖြင့် စကားလုံးများကို သုံးနှုန်းထားပါသည်။ ဘုရားသခင်နဲ့ လူတွေကြား အငြင်းအခုံဖြစ်ခဲ့‌သော ယေရမိလည်း ထိုကဲ့သို့ ဝေဖန်ခဲ့ပုံကို တွေ့ရနိုင်ပါတယ်။ လူတွေရဲ့ ဝေဖန်မှုတွေကို ဘုရားသခင်ဆီ အချက်အလက်ကျကျ တရားစွဲတင်ပြခဲ့တယ်;စွပ်စွဲချက်မှာ ဘုရားက တရားမျှတမှုမရှိကြောင်း ဖြစ်တယ်။

ဘုရားကို ဒီလိုပြောဆိုခြင်းက မုသားပြောခြင်း၊ ဘုရားအပေါ် ယုတ်မာခြင်းလို့ ထင်ရသော်လည်း အရိုးရှင်းဆုံးပြောရရင် ဒီအချက်ဟာ သမ္မာကျမ်းစာနှင့် ကိုက်ညီနေတယ်။ တယောက်နဲ့တယောက် ဝေဖန်ခြင်းကိုနားထောင်ပြီး ထိုအရာများကို ဘုရားဆီပြန်ပြောဆိုသောအခါ ဇာတ်လမ်းထဲပါဝင်အောင် အချင်းချင်း ကူညီကြတယ်။ ဘုရားကို ခုခံပြီး ကျွန်‌တော်တို့ ဘုရားဘက်မှာ တချိန်လုံးရှိနေစရာမလိုပါ။ သမ္မာကျမ်းစာက ကျွန်တော်တို့ကို သတ်မှတ်ထားသောနေရာက တရားလိုဘက်မှာထားထားတယ့် အချိန်အခါတွေလဲရှိပါတယ်။ လေးလေးနက်နက် အလေးအနက်ထားခြင်းဖြင့်-ငြင်းပယ်ခြင်းမပြု၊ လျှော့မချဘဲ၊ ဝိညာဉ်ရေးအရ မလုပ်ဆောင်ဘဲ-နောမိရဲ့ ဝေဖန်ခြင်းက ဇာတ်လမ်း၏တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်။ သူမ ဘဝရဲ့ လစ်ဟာမှုက ဇာတ်ညွှန်းထဲတွင် ပါဝင်လာပြီး ဘုရားသခင်ရဲ့ မစမှုကို ဖော်ပြသည့် လုပ်ဆောင်မှုတွင် ပါဝင်လာပါတယ်။

သင့်ရဲ့ ညည်းညူခြင်းတွေကို ဘုရားဆီပြောပြဖို့ ဝန်လေးနေပါသလား။ နောမိရဲ့ ဇာတ်လမ်းက ဘုရားသခင်အား သာ၍ပြတ်သားစွာပြောဆိုရာတွင် သင့်အား မည်သို့လမ်းညွှန်နိုင်မည်နည်း။

ကျမ်းစာများ

နေ့ 1နေ့ 3

ဤအစီအစဉ်အကြောင်း

Every Step an Arrival

ဝိညာဉ်တော်က ဘယ်အရာကို အသုံးချပြီး ခွန်အားပေး သို့မဟုတ် စိတ်ငြိမ်သက်ခြင်းပေးမလဲဆိုတာ သင် ဘယ်တော့မှမသိနိုင်တယ့်အတွက်ကြောင့် ယူဂျင်းပီတာဆန်ရဲ့ ဆုတောင်းခြင်းအစီအစဉ်၅က သင့်ရဲ့ စိတ်နှင့် နှလုံးသားကို ဦးဆောင်သွားဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ သင့်ရဲ့ ‌တနေ့တာ ဆုတောင်းခြင်းအစီအစဉ်ထဲမှာ ပြန်လည်သုံးသပ်ခြင်း မေးခွန်းတွေကို ဝတ်ပြုခြင်း အစီအစဉ်အဆုံးမှာ အသုံးချဖို့ သင်ရွေးချယ်နိုင်တယ်။ နိဂုံးမဟုတ်ဘဲ သင့်ကို စောင့်ကြိုနေသောအရာများရဲ့ နိဒါန်း အဖြစ်သတ်မှတ်ပါ။

More

ဒီအစီအစဉ်ကို ထောက်ပံ့ပေးသော WaterBrook Multnomahကို ‌ကျေးဇူးတင်ပါတယ်။ ပိုမိုသိရှိလိုပါက https://waterbrookmultnomah.com/books/540871/every-step-an-arrival-by-eugene-h-peterson/ သို့ဝင်ရောက်လေ့လာနိုင်ပါတယ်။