YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဖတ်သောအရာကို နားလည်ပါသလားနမူနာ

ဖတ်သောအရာကို နားလည်ပါသလား

5 ၏ နေ့ 3

သမ္မာသတိရှိရှိ ဖတ်ရှုလေ့လာခြင်း

သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏ (ဟေရှာ၊ ၅၃း၄-၆။ ယုဒသန်ဗားရှင်း)။

အလွန်အရေးပါသောအရာရှိသည် သမ္မာကျမ်းစာကို ဖတ်ရှုသည့်အလေ့ ရှိခဲ့သည်။ ဤအလေ့သည် အလွန်ကောင်းသောအကျင့်တစ်ခု ဖြစ်ပါသည်။ ယခုခေတ်တွင်၊ ကျေးဇူးတော်အားဖြင့် လူတော်တော်များများသည် ကျမ်းစာကို ဖတ်ရှုနိုင်ပါသည်။ (၁တိ၊ ၄း၁၃) တွင်၊ ကျမ်းစာဖတ်ခြင်းကို ကြိုးစား၍ ပြုလော့ဟု တမန်တော်ကြီး ရှင်ပေါလုသည် တိမောသေကို တိုက်တွန်းနိုးဆော်ခဲ့ပါသည်။ ၎င်းအမိန့်သည် ယုံကြည်သူအားလုံးအတွက်ပင် ကောင်းသောအရာ ဖြစ်ပါသည်။ ခရစ်ယာန်တိုင်းသည် စာဖတ်ခြင်းကို ချစ်မြတ်နိုးသင့်ပါသည်။ သို့သော်၊ ဖတ်သောအရာကို နားလည်ပါ၏လောတည်းဟူသော ဖိလိပ္ပု၏ မေးခွန်းသည် အရာရာ၌ သမ္မာသတိရှိစေဖို့ ကျွန်တော်တို့ကို သတိပေးပါသည်။ ယနေ့၊ လူအများဖတ်သည့် စာများသည် လျစ်လျူပြုဖို့ကောင်းလှပါသည်။ စာအုပ်များစွာသည် အဆိပ်သင့်ရင်းမြစ်မှ ထွက်ပြီး အဓမ္မမှုနှင့် မိစ္ဆာဒိဋ္ဌိတို့ကို တိုးပွားစေတတ်ပါသည်။ ၎င်းစာအုပ်တို့သည် တွေးခေါ်မှုကို လှည့်စားစေသလို၊ စိတ်ကူးယဉ်မှုကိုလည်း ဖျက်ဆီးလျက် လူ့စိတ်နှလုံးကို ထိခိုက်စေပါသည်။ စာအုပ်ဆိုးတစ်အုပ်ကြောင့် လူတစ်ယောက်ကို ထာဝရပျက်စီးရာလမ်းသို့ ရောက်စေနိုင်ပါသည်။

လူငယ်များအနေဖြင့် ဖတ်လိုက မည်သည့်စာအုပ်ကိုမဆို ဖတ်လို့ရပါသည်။ မည်သူမျှဆီးတား၍ မရပါ။ သို့သော်၊ ကိုရွေးချယ်ဖတ်မည့်အရာအတွက် ပညာသတိရှိစေပါ။ ကျွန်တော် စာပေများစွာ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ဖူးပါသည်။ အများစုကိုပြောရလျှင်၊ အကောင်းဆုံးစာဖတ်ရခြင်းသည် အကောင်းဆုံးစာအုပ်များမှ လာပါသည်။ သမ္မာကျမ်းစာနှင့်အတူ ကျမ်းစာနှင့်ဆက်စပ်သော စာအုပ်များကို များစွာဖတ်လျှင်၊ မိတ်ဆွေအတွက် သမ္မာကျမ်းစာကို ပိုမိုနားလည်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မည်။

မိတ်ဆွေသည် မုသားဝါဒများနှင့် မိစ္ဆာဒိဋ္ဌိတို့ကို ရှောင်ပြီး သမ္မာတရား၊ ခွန်အားရဖွယ်ရာနှင့် မြင့်မြတ်သောအရာများကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်မထားမချင်း၊ ဖတ်သောအရာကို နားလည်ပါ၏လောဟု ကျွန်တော်မေးမည် မဟုတ်ပေ။

ဆုတောင်းပတ္ထနာပြုကြပါစို။ ခမည်းတော်ဘုရား၊ တရားတော်၌ အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊ အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ။ သမ္မာကျမ်းစာအားဖြင့် အကျွန်ုပ်၏ ဓမ္မပညာ၊ ဓမ္မဗဟုသုတနှင့် သမ္မာသတိတို့ကို တိုးပွားနိုင်မည်အကြောင်း ကောင်းချီးပေးတော်မူပါ။ အာမင်။

ဤအစီအစဥ္အေၾကာင္း

ဖတ်သောအရာကို နားလည်ပါသလား

ဤအစီအစဉ်သည် တမန်တော်ဝတ္ထု အခန်းကြီး (၈) မှ ဖိလပ္ပုနှင့် အဲသယောပိ အမတ်အကြောင်းပြုစုထားသည့် ဆရာကြီးချားလ်စပါးဂျင် (Charles Spurgeon) ၏ ဓမ္မဒေသနာတော်မှ ကျမ်းချက်များကို ကောက်နုတ်ထားပါသည်။ ဤအစီအစဉ်သည် ကျမ်းချက်များ၏ ပေးလိုသောအကြောင်းအရာကို နားလည်းသဘောပေါက်စေရန် လမ်းပြကူညီပါလိမ့်မည်။ နေ့စဉ်၊ မိတ်ဆွေသည် နှုတ်ကပတ်တော်တရားနှင့် ဆရာကြီးချားလ်စ်စပါဂျင်၏ အနက်ဖွင့်ခြင်းကို ဖတ်ရှုကျက်စားပြီး၊ ကျွန်တော်တို့၏ အပြစ်များကို ထမ်းဆောင်ခဲ့သော ကယ်တင်ရှင် အရှင်ယေရှုဘုရားကို ရှာဖွေလျက်၊ ယုံကြည်ခြင်းဖြင့် ဘုရား၏ နှုတ်ကပတ်တော်ကို မည်သို့ချဉ်းကပ်ရမည်ကို အာရုံစိုက်ရပါလိမ့်မည်။

More