ဒုက္ခခံတော်မူရာကာလအရက် ၄၀ ပွဲတော်နမူနာ
ဤအစီအစဉ်အကြောင်း
ဒုက္ခခံတော်မူရာကာလအရက် ၄၀ ပွဲတော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက်ခရစ်တော်ပြုတော်မူသောအရာအားလုံးကို ပြန်လည်အာရုံစိုက်စဉ်းစားစေသည့်အချိန်ဖြစ်မြဲဖြစ်သည်။ ကိုယ်တော်ပေးတော်မူသော ဤရက်ရောသည့်လက်ဆောင်အကြောင်းကို နှစ်စဉ် ဆင်ခြင်အောက်မေ့သော်လည်း ကျွန်ုပ်တို့အံ့အားသင့်၍မကုန်နိုင်ပါ။ ဤဖတ်ရှုအစီအစဉ်တွင် အချိန်ကာလအလိုက်စဉ်ထားသော ခရစ်ဝင်ကျမ်းထဲမှအကြောင်းအရာကိုအတူတကွလေ့လာခြင်းအားဖြင့် လောကတွင်ယေရှုပြုတော်မူသောအမှုတော်၏နောက်ဆုံးခြေလှမ်းကို ကိုယ်တော်နှင့်အတူလျှောက်လှမ်းနိုင်ပါသည်။ ဤအစီအစဉ်သည် ၄၇ ရက်အစီအစဉ်ဖြစ်သော်လည်း တနင်္ဂနွေနေ့ ၇ ခါသည် အစဉ်အလာအရ နားရမည့်နေ့ဖြစ်သည်။
More
ဤဒုက္ခခံတော်မူရာကာလအရက် ၄၀ ပွဲတော်အစီအစဉ်ကိုပြင်ဆင်ပေးသော Journey Churchကိုကျေးဇူးတင်လိုပါသည်။ Journey Church နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖော်ပြပါဝက်ဘ်ဆိုက်သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ - http://www.lifeisajourney.org