YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရာဇဝင်ချုပ်ပထမစောင် 1

1
အာဒံမှ အာဗြဟံအထိ
1အာဒံ​၊ ရှေသ​၊ ဧနုတ်​၊
2ကာဣနန်​၊ မဟာလေလ​၊ ယာရက်​၊
3ဧနောက်​၊ မသုရှလ​၊ လာမက်​၊
4နောဧ​၊ ရှေမ​၊ ဟာမ​၊ ယာဖက်​။
5ယာဖက်​၏​သား​များ​မှာ ဂေါမာ​၊ မာဂေါဂ​၊ မာဒဲ​၊ ယာဝန်​၊ တုဗလ​၊ မေရှက်​နှင့်​တိရတ် တို့​ဖြစ်​ကြ​၏​။
6ဂေါမာ​၏​သား​များ​မှာ အာရှကေနတ်​၊ ရိဖတ်#1:6 အချို့မူကွဲကျမ်း၌ “ဒိဖတ်”။​နှင့်​တောဂါမ တို့​ဖြစ်​ကြ​၏​။
7ယာဝန်​၏​သား​များ​မှာ ဧလိရှာ​၊ တာရှု​၊ ခိတ္တိမ်​နှင့်​ရောဒနိမ် တို့​ဖြစ်​ကြ​၏​။
8ဟာမ​၏​သား​များ​မှာ ကုရှ​၊ မိဇရိမ်#1:8 သို့မဟုတ် “အီဂျစ်”။​၊ ဖုတ​နှင့်​ခါနာန် တို့​ဖြစ်​ကြ​၏​။
9ကုရှ​၏​သား​များ​မှာ သေဘ​၊ ဟဝိလ​၊ သာဘတ​၊ ရာဂမ​၊ သတ္တေခါ တို့​ဖြစ်​ကြ​၏​။ ရာဂမ​၏​သား​များ​မှာ ရှေဘ​နှင့်​ဒေဒန် တို့​ဖြစ်​ကြ​၏​။
10ကုရှ​သည် သား​နိမ်ရောဒ​ကို​ရ​၏​။ နိမ်ရောဒ​သည် မြေကြီး​ပေါ်တွင် အဦးဆုံး​ပေါ်ထွန်း​သော လူစွမ်းကောင်း​ဖြစ်​၏​။
11မိဇရိမ်#1:11 သို့မဟုတ် “အီဂျစ်”။​မှ လုဒိမ်​လူမျိုး​၊ အာနမိမ်​လူမျိုး​၊ လဟာဗိမ်​လူမျိုး​၊ နတ္တုဟိမ်​လူမျိုး​၊
12ပါသရုသိမ်​လူမျိုး​၊ ကာသလုဟိမ်​လူမျိုး​နှင့် ကတ္တောရိမ်​လူမျိုး​တို့ ဆင်းသက်​လာ​၏​။ ကာသလုဟိမ်​မှ ဖိလိတ္တိ​လူမျိုး ဆင်းသက်​လာ​၏​။
13ခါနာန်​၏​သားဦး​ကား ဆီဒုန် ဖြစ်​၏​။ ဆီဒုန်​မှ ဟေသ​လူမျိုး​၊
14ယေဗုသိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဂိရဂါရှိ​လူမျိုး​၊
15ဟိဝိ​လူမျိုး​၊ အာကိ​လူမျိုး​၊ သိနိ​လူမျိုး​၊
16အာဝဒိ​လူမျိုး​၊ ဇေမရိ​လူမျိုး​၊ ဟာမသိ​လူမျိုး တို့​ဆင်းသက်​လာ​၏​။
17ရှေမ​၏​သား​များ​မှာ ဧလံ​၊ အာရှုရ​၊ အာဖာဇဒ်​၊ လုဒ​၊ အာရံ​၊ ဥဇ​၊ ဟုလ​၊ ဂေသာ​နှင့် မေရှက် တို့​ဖြစ်​ကြ​၏​။
18အာဖာဇဒ်​၏​သား​မှာ ရှာလ​၊ ရှာလ​၏​သား​မှာ ဧဗာ ဖြစ်​၏​။
19ဧဗာ​သည် သား​နှစ်​ယောက်​ကို ရ​၏​။ တစ်​ယောက်​မှာ ထို​ခေတ်​က​မြေကြီး​ကို ခွဲဝေယူ​သည်​ကို အကြောင်းပြု​၍ သူ့​ကို ဖာလက်#1:19 “ပိုင်းခြားခြင်း”ဟူသောအဓိပ္ပာယ်ရှိ၏။ ဟု​ခေါ်​၏​။ ကျန်တစ်ယောက်​၏​အမည်​မှာ ယုတ္တန် ဖြစ်​၏​။
20ယုတ္တန်​သည် သား​အာလမောဒဒ်​၊ ရှေလပ်​၊ ဟာဇာမာဝက်​၊ ယေရ​၊
21ဟဒေါရံ​၊ ဥဇလ​၊ ဒိကလ​၊
22ဧဗလ​၊ အဘိမေလ​၊ ရှေဘ​၊
23ဩဖိရ​၊ ဟဝိလ​နှင့် ယောဗပ် တို့​ကို​ရ​၏​။ သူ​တို့​သည် ယုတ္တန်​၏​သား​များ ဖြစ်​ကြ​၏​။
24ရှေမ​၊ အာဖာဇဒ်​၊ ရှာလ​၊
25ဧဗာ​၊ ဖာလက်​၊ ရီဦး​၊
26စေရောက်​၊ နာခေါ်​၊ တေရ​၊
27အာဗြံ ဟု​ခေါ်​သော အာဗြဟံ​။
အာဗြဟံ၏သားမြေးစဉ်ဆက်များ
28အာဗြဟံ​၏​သား​များ​မှာ ဣဇက်​၊ ဣရှမေလ တို့​ဖြစ်​ကြ​၏​။
29သူ​တို့​၏​သားစဉ်မြေးဆက်​များ​မှာ ဣရှမေလ​၏​သားဦး နဗာယုတ်​၊ ကေဒါ​၊ အာဒဗေလ​၊ မိဗသံ​၊
30မိရှမ​၊ ဒုမာ​၊ မာစ​၊ ဟာဒဒ်#1:30 အချို့မူကွဲကျမ်း၌ “ဟာဒါ”​။​၊ တေမ​၊
31ယေတုရ​၊ နာဖိရှ​၊ ကေဒမာ တို့​ဖြစ်​ကြ​၏​။ သူ​တို့​သည် ဣရှမေလ​၏​သား​များ ဖြစ်​ကြ​၏​။
32အာဗြဟံ​၏​မယားငယ် ကေတုရ​မွေးဖွား​သော​သား​များ​မှာ ဇိမရံ​၊ ယုတ်ရှန်​၊ မေဒန်​၊ မိဒျန်​၊ ဣရှဗက်​၊ ရှုအာ​တို့ ဖြစ်​ကြ​၏​။ ယုတ်ရှန်​သား​များ​မှာ ရှေဘ​နှင့် ဒေဒန် တို့​ဖြစ်​ကြ​၏​။
33မိဒျန်​၏​သား​များ​မှာ ဧဖာ​၊ ဧဖေရ​၊ ဟာနုတ်​၊ အဘိဒ​နှင့်​ဧလဒါ တို့​ဖြစ်​ကြ​၏​။ သူ​တို့​အားလုံး​သည် ကေတုရ​၏​သားမြေး​များ ဖြစ်​ကြ​၏​။
34အာဗြဟံ​သည် သား​ဣဇက်​ကို ရ​၏​။ ဣဇက်​၏​သား​များ​မှာ ဧသော​နှင့် အစ္စရေး တို့​ဖြစ်​ကြ​၏​။
35ဧသော​၏​သား​များ​မှာ ဧလိဖတ်​၊ ရွေလ​၊ ယုရှ​၊ ယာလံ​နှင့်​ကောရ တို့​ဖြစ်​ကြ​၏​။
36ဧလိဖတ်​၏​သား​များ​မှာ တေမန်​၊ ဩမရ​၊ ဇေဖိ#1:36 “ဇေဖော”(က 36:11)။​၊ ဂါတံ​၊ ကေနတ်​၊ တိမန​နှင့်​အာမလက် တို့​ဖြစ်​ကြ​၏​။
37ရွေလ​၏​သား​များ​မှာ နာဟတ်​၊ ဇေရ​၊ ရှမ္မ​နှင့်​မိဇ္ဇ တို့​ဖြစ်​ကြ​၏​။
ဧဒုံလူမျိုးများ
38စိရ​၏​သား​များ​မှာ လောတန်​၊ ရှောဗလ​၊ ဇိဘောင်​၊ အာန​၊ ဒိရှုန်​၊ ဧဇာ​နှင့်​ဒိရှန် တို့​ဖြစ်​ကြ​၏​။
39လောတန်​၏​သား​များ​မှာ ဟောရိ​၊ ဟောမံ တို့​ဖြစ်​ကြ​၏​။ လောတန်​၏​နှမ​မှာ တိမန​ဖြစ်​၏​။
40ရှောဗလ​၏​သား​များ​မှာ အာလဝန်​၊ မနာဟတ်​၊ ဧဗလ​၊ ရှေဖော​နှင့်​ဩနံ တို့​ဖြစ်​ကြ​၏​။ ဇိဘောင်​၏​သား​များ​မှာ အာယ​နှင့်​အာန တို့​ဖြစ်​ကြ​၏​။
41အာန​၏​သား​မှာ ဒိရှုန်​၊ ဒိရှုန်​၏​သား​များ​မှာ ဟင်္ဒန်​၊ ဧရှဗန်​၊ ဣသရန်​နှင့်​ခေရန် တို့​ဖြစ်​ကြ​၏​။
42ဧဇာ​၏​သား​များ​မှာ ဗိလဟန်​၊ ဇာဝန်​နှင့်​အာကန် တို့​ဖြစ်​ကြ​၏​။ ဒိရှုန်​၏​သား​များ​မှာ ဥဇ​နှင့်​အာရန် တို့​ဖြစ်​ကြ​၏​။
43အစ္စရေး​အမျိုးသား​တို့​ကို​စိုးစံ​သော​ဘုရင် မ​ရှိ​မီ ဧဒုံ​ပြည်​ကို စိုးစံ​သော​ဘုရင်​များ​မှာ ဤ​သူ​တို့​တည်း​။ ဗောရ​၏​သား​ဗေလ​သည် ဒိန္နာဗာ​အမည်​ရှိ​သော​မြို့​တွင် နန်းထိုင်​၏​။ 44ဗေလ​မင်းကြီး အနိစ္စရောက်​သောအခါ ဗောဇရ​မြို့​မှ ဇေရ​၏​သား​ယောဗပ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 45ယောဗပ်​မင်းကြီး အနိစ္စရောက်​သောအခါ တေမန်​အမျိုးသား​ဟုရှံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 46ဟုရှံ​မင်းကြီး အနိစ္စရောက်​သောအခါ မောဘ​ပြည်​တွင် မိဒျန်​လူမျိုး​တို့​ကို နှိမ်နင်း​နိုင်​ခဲ့​သော ဗေဒဒ်​၏​သား​ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ သူ​နန်းထိုင်​သော​မြို့​၏​အမည်​မှာ အာဝိတ် ဖြစ်​၏​။ 47ဟာဒဒ်​မင်းကြီး အနိစ္စရောက်​သောအခါ မာသရက်​အရပ်သား​စာမလ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 48စာမလ​မင်းကြီး အနိစ္စရောက်​သောအခါ ယူဖရေးတီး​မြစ်#1:48 တိုက်ရိုက်ပြန်ဆိုလျှင် “မြစ်”။​နား​ရှိ ရဟောဘုတ်​အရပ်သား​ရှောလ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 49ရှောလ​မင်းကြီး အနိစ္စရောက်​သောအခါ အာခဗော်​၏​သား​ဗာလဟာနန်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ 50ဗာလဟာနန်​မင်းကြီး အနိစ္စရောက်​သောအခါ ဟာဒဒ်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ဟာဒဒ်​မင်းကြီး​နန်းထိုင်​သော​မြို့​၏​အမည်​မှာ ပေါ ဖြစ်​၏​။ သူ့​မိဖုရား​ကား မာတရက်​၏​မြေး​၊ မေဇဟပ်​၏​သမီး မဟေတဗေလ အမည်​ရှိ​၏​။ 51ဟာဒဒ်​မင်းကြီး အနိစ္စရောက်​ပြီး​နောက်ပိုင်း ဧဒုံ​ပြည်​၏​သူကြီး​များ​မှာ သူကြီး​တိမန​၊ သူကြီး​အာလဝ​၊ သူကြီး​ယေသက်​၊
52သူကြီး​အဟောလိဗာမ​၊ သူကြီး​ဧလာ​၊ သူကြီး​ပိနုန်​၊
53သူကြီး​ကေနတ်​၊ သူကြီး​တေမန်​၊ သူကြီး​မိဗဇာ​၊
54သူကြီး​မာဂဒေလ​၊ သူကြီး​ဣရံ တို့​ဖြစ်​ကြ​၏​။
သူ​တို့​သည် ဧဒုံ​ပြည်​၏​သူကြီး​များ ဖြစ်​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ရာဇဝင်ချုပ်ပထမစောင် 1: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ