ရာဇဝင်ချုပ်ပထမစောင် 11
11
ဒါဝိဒ်ကို ဘုရင်အဖြစ်ဘိသိက်သွန်းခြင်း
1အစ္စရေးလူမျိုးအပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်ထံ၌ စုရုံးကြပြီး “ကြည့်လော့။ အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။ 2ယခင် ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
3အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
ဂျေရုဆလင်မြို့ကို ဒါဝိဒ်မင်းကြီးသိမ်းယူခြင်း
4တစ်ခါသော် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ပြည်သားရင်းယေဗုသိလူမျိုးတို့နေထိုင်ရာ ယေဗုတ်ဟုခေါ်သောဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ 5ယေဗုတ်မြို့သားတို့က ဒါဝိဒ်မင်းကြီးအား “သင်သည် ဤမြို့ထဲသို့ မဝင်ရ”ဟု ဆို၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
6ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။
7ဒါဝိဒ်မင်းကြီးသည် ရဲတိုက်တွင်နေသည်ကိုအစွဲပြု၍ ထိုရဲတိုက်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆိုကြ၏။ 8ဒါဝိဒ်မင်းကြီးသည် မိလ္လော#11:8 “အဓိပ္ပာယ်မသေချာပါ။ ခံတပ်၊ သို့မဟုတ် ကတုတ်၊ သို့မဟုတ် မြို့ ဖြစ်နိုင်သည်”။နှင့် ဝန်းကျင်ပတ်ပတ်လည်တွင် မြို့ကိုတည်ဆောက်၏။ မြို့၏ကျန်အပိုင်းကို ယွာဘက ပြန်လည်ပြုပြင်၏။ 9ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ရှိတော်မူသည်ဖြစ်၍ သူသည် အားကြီးသည်ထက်ကြီးလာလေ၏။
စွန့်စားသောဒါဝိဒ်မင်းကြီး၏စစ်သူရဲများ
10အစ္စရေးလူမျိုးတို့အား ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း အစ္စရေးလူမျိုးအပေါင်းတို့သည် ဒါဝိဒ်ကို မင်းမြှောက်၍ နိုင်ငံတော်တည်ထောင်ရာတွင် သူ့ကိုဝိုင်းဝန်းကူညီပေးသော စစ်သူရဲအကြီးအကဲများရှိခဲ့ကြ၏။ 11ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
12နောက်တစ်ဦးမှာ သူရဲကောင်းသုံးဦးအဝင်ဖြစ်သော အဟောဟိလူမျိုး ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ 13ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း 14ဧလာဇာသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
15စစ်သူရဲသုံးဆယ်ထဲမှ သုံးဦးသည် ဒါဝိဒ်မင်းကြီးရှိရာ အဒုလံလိုဏ်ဂူကျောက်ဆောင်သို့ ဆင်းသွားကြ၏။ ဖိလိတ္တိတပ်မူကား ရေဖိမ်ချိုင့်ဝှမ်းတွင် စခန်းချလျက်ရှိ၏။ 16ထိုအချိန်က ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်စံမြန်းလျက်ရှိပြီး ဖိလိတ္တိမြို့စောင့်တပ်မူကား ဗက်လင်မြို့၌ တပ်စွဲထားလျက်ရှိ၏။ 17ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင် 18ထိုသူရဲကောင်းသုံးဦးသည် ဖိလိတ္တိတပ်စခန်းကို ထိုးဖောက်ပြီး ဗက်လင်မြို့တံခါးအနီးရှိရေတွင်းမှ ရေကိုခပ်ယူကာ ဒါဝိဒ်မင်းကြီးထံ ယူဆောင်လာပေး၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ထိုရေကိုမသောက်ဘဲ ထာဝရဘုရားရှေ့တော်တွင် သွန်းလျက် 19“အို အကျွန်ုပ်၏ဘုရားသခင်၊ ဤအမှုသည် အကျွန်ုပ်နှင့်ဝေးပါစေသော။ ဤရေသည် သူတို့၏အသွေးဖြစ်ပါ၏။ သူတို့အသက်နှင့်ရင်း၍ရလာသောရေကို အကျွန်ုပ်သောက်ရပါမည်လော။ သူတို့သည် အသက်ကိုရင်း၍ ဤရေများကို ခပ်လာခဲ့သည်မဟုတ်လော”ဟု ဆိုလျက် ထိုရေကို မသောက်ဘဲ နေ၏။ သူရဲကောင်းသုံးဦးတို့သည် ဤသို့စွမ်းဆောင်ပေးခဲ့လေ၏။
20ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲသည် ထိုသူရဲကောင်းသုံးဦးကို ဦးဆောင်ရ၏။ သူသည် လှံကိုဝှေ့ယမ်းပြီး လူအယောက်သုံးရာကို တိုက်ခိုက်သတ်ဖြတ်၏။ ထို့ကြောင့် သူသည် ထိုသူရဲကောင်းသုံးဦးကဲ့သို့ နာမည်ကျော်စော၏။ 21သူသည် ထိုသူရဲကောင်းသုံးဦးတို့ထက် နှစ်ဆအစွမ်းထက်သောကြောင့် သူတို့၏အကြီးအကဲဖြစ်ရ၏။ သို့သော် ပထမသူရဲကောင်းသုံးဦးကို မမီ။
22ရဲစွမ်းသတ္တိထက်မြက်သော ကပ်ဇေလမြို့မှ စစ်သူရဲမျိုးရိုး ယောယဒ၏သား ဗေနာယသည်လည်း ခြင်္သေ့ကဲ့သို့အားကြီးသောမောဘလူမျိုးနှစ်ဦးကို သုတ်သင်ပစ်ခဲ့၏။ နှင်းကျသောနေ့တစ်နေ့တွင် ခြင်္သေ့တွင်းထဲသို့ဝင်ပြီး ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့၏။ 23သူသည် အရပ်ငါးတောင်#11:23 “90 လက်မ သို့မဟုတ် 225 စင်တီမီတာ”။ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။ 24ယောယဒ၏သား ဗေနာယသည် ထိုသို့ပြုခဲ့သောကြောင့် သူရဲကောင်းသုံးဦးကဲ့သို့ပင် သူသည်လည်း နာမည်ကျော်စော၏။ 25သူသည် စစ်သူရဲအယောက်သုံးဆယ်ထက် အစွမ်းထက်သော်လည်း ပထမသူရဲကောင်းသုံးဦးကိုမမီ။ ဒါဝိဒ်မင်းကြီးသည် သူ့အား ကိုယ်ရံတော်မှူးအဖြစ် ခန့်အပ်ထား၏။ 26အခြားရဲစွမ်းသတ္တိရှိသောစစ်သူရဲများမှာ
ယွာဘ၏ညီ အာသဟေလ၊ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
27ဟာရုတ်မြို့သား ရှမ္မုတ်၊ ပေလောမြို့သား ဟေလက်၊
28တေကောမြို့သား ဣကေရှ၏သား ဣရ၊ အနေသောသိလူမျိုး အဗျေဇာ၊
29ဟုရှသိလူမျိုး သိဗေခဲ၊ အဟောဟိလူမျိုး ဣလဲ၊
30နေတောဖာသိလူမျိုး မဟာရဲ၊ နေတောဖာသိလူမျိုး ဗာနာ၏သား ဟေလက်၊
31ဂိဗာမြို့မှ ဗင်္ယာမိန်သားမြေး ရိဘဲ၏သား အိတ္တဲ၊ ပိရသုန်မြို့သား ဗေနာယ၊
32ဂါရှချိုင့်ဝှမ်းမှ ဟုရဲ၊ အာဗသိလူမျိုး အဗျေလ၊
33ဗာဟုမိလူမျိုး အာဇမာဝက်၊ ရှာလဗောနိလူမျိုး ဧလျာဘ၊
34ဂိဇောနိလူမျိုး ဟာရှင်၏သားများ၊ ဟာရရိလူမျိုး ရှာဂဲ၏သား ယောနသန်၊
35ဟာရရိလူမျိုး စာကာ၏သား အဟိအံ၊ ဥရ၏သား ဧလိဖလ၊
36မေခေရသိလူမျိုး ဟေဖာ၊ ပေလောနိလူမျိုး အဟိယ၊
37ကရမေလိလူမျိုး ဟေဇရဲ၊ ဧဇဗဲ၏သား နာရဲ၊
38နာသန်၏ညီ ယောလ၊ ဟာဂရိ၏သား မိဗဟာ၊
39အမ္မုန်လူမျိုး ဇေလက်၊ ဇေရုယာ၏သား ယွာဘ၏လက်နက်ကိုင် ဗေရောသိလူမျိုး နဟာရဲ၊
40ဣသရိလူမျိုး ဣရ၊ ဣသရိလူမျိုး ဂါရက်၊
41ဟိတ္တိလူမျိုး ဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
42ရုဗင်အနွယ်တွင် လူအယောက်သုံးဆယ်ကို ကြီးစိုးသော ရုဗင်အမျိုး၏အကြီးအမှူး ရှိဇ၏သား အဒိန၊
43မာခါ၏သား ဟာနန်၊ မိသနိလူမျိုး ယောရှာဖတ်၊
44အာရှတယောသိလူမျိုး ဩဇိ၊ အာရောရိလူမျိုး ဟောသံ၏သားများဖြစ်သော ရှာမ၊ ယေယေလ၊
45ရှိမရိ၏သား ယေဒယေလနှင့် သူ့ညီ တိဇိလူမျိုး ယောဟ၊
46မဟာဝိလူမျိုး ဧလျေလ၊ ဧလနန်၏သား ယေရိဗဲနှင့် ယောရှဝိ၊ မောဘလူမျိုး ဣသမ၊
47ဧလျေလ၊ ဩဗက်၊ မေဇောဗိတ်လူမျိုး ယာသေလ တို့ဖြစ်ကြ၏။
လက်ရှိရွေးချယ်ထားမှု
ရာဇဝင်ချုပ်ပထမစောင် 11: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: