ဓမ္မရာဇဝင်ပထမစောင် 18
18
ဒါဝိဒ်၏အောင်မြင်ခြင်း
1ဒါဝိဒ်သည် ရှောလုမင်းကြီးနှင့်စကားပြောဆိုပြီးနောက်တွင် ယောနသန်၏စိတ်သည် ဒါဝိဒ်၏စိတ်နှင့်ငြိတွယ်သွားပြီး ယောနသန်သည် ကိုယ်နှင့်အမျှ ဒါဝိဒ်ကိုချစ်လေ၏။ 2ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်အား ဖခင်အိမ်သို့ ပြန်သွားခွင့်မပေးတော့ဘဲ ခေါ်ထားလေ၏။
3ယောနသန်သည် ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်သောကြောင့် ဒါဝိဒ်နှင့်ကတိသစ္စာပြုလေ၏။ 4ထို့နောက် ယောနသန်သည် မိမိဝတ်ထားသောဝတ်လုံကိုချွတ်ပြီး ဒါဝိဒ်အားပေး၏။ စစ်ဝတ်တန်ဆာများ၊ ဓား၊ လေးနှင့်ခါးပန်းတို့ကိုလည်း ပေး၏။
5ဒါဝိဒ်သည် ရှောလုမင်းကြီးစေခိုင်းသမျှတို့၌ အောင်မြင်စွာလုပ်ဆောင်နိုင်၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်အား စစ်သူရဲအုပ်အရာ၌ခန့်ထားရာ စစ်သည်အပေါင်းတို့သာမက ရှောလုမင်းကြီး၏အမှုထမ်းတို့လည်း သူ့ကို နှစ်သက်သဘောကျကြ၏။
6ဒါဝိဒ်အပါအဝင် စစ်သည်တို့သည် ဖိလိတ္တိလူမျိုးကို နှိမ်နင်းရာမှ ပြန်လာသောအချိန်တွင် အစ္စရေးမြို့အသီးသီးတို့မှ အမျိုးသမီးတို့သည် ရှောလုမင်းကြီးကို ကြိုဆိုရန် ဝမ်းမြောက်စွာဖြင့် ပတ်သာ၊ စောင်းတို့ကို တီးမှုတ်၍ သီဆိုကခုန်လျက် ထွက်လာကြ၏။ 7ထိုအမျိုးသမီးတို့သည် ကခုန်လျက် “ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ”ဟု သီဆိုကြ၏။
8ထိုသို့ သီဆိုသည်ကို ရှောလုမင်းကြီးသည် ဘဝင်မကျဘဲ အလွန်အမျက်ထွက်လျက် “သူတို့က ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟု ဆိုကြလေပြီ။ ထို့ထက်ပိုလာလျှင် သူ့အား နိုင်ငံတော်ပေးရန်သာရှိတော့သည်”ဟု ဆို၏။ 9ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်ကို မနာလိုစိတ်ဝင်၍ စောင့်ကြည့်နေလေ၏။
ဒါဝိဒ်ကိုသတ်ဖြတ်ရန် ရှောလုအားထုတ်ခြင်း
10နောက်တစ်နေ့တွင် ဘုရားသခင်ထံတော်မှ ဝိညာဉ်ဆိုးသည် ရှောလုမင်းကြီးကို ဝင်ပူးသဖြင့် သူသည် နန်းတော်အလယ်တွင် အော်ဟစ်ရေရွတ်နေ၍ ဒါဝိဒ်သည် ယခင်နေ့များကဲ့သို့ပင် စောင်းတီးပေး၏။ ရှောလုမင်းကြီးသည် လှံကိုလည်း ကိုင်ထား၏။ 11ထိုအခါ ရှောလုမင်းကြီးက “ဒါဝိဒ်ကို နံရံထုတ်ချင်းပေါက်အောင် ငါထိုးသတ်မည်”ဟု ဆိုလျက် လှံကိုပစ်လွှတ်လိုက်၏။ သို့သော် ဒါဝိဒ်သည် နှစ်ကြိမ်တိုင်တိုင် ရှောင်တိမ်းလိုက်နိုင်၏။
12ထာဝရဘုရားသည် ရှောလုမင်းကြီးကို စွန့်ပယ်၍ ဒါဝိဒ်နှင့်အတူ ရှိနေသောကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ကြောက်၏။ 13ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို လူတစ်ထောင်အုပ်အဖြစ်ခန့်အပ်ပြီး အထံတော်မှရွှေ့ပြောင်းပစ်၏။ ဒါဝိဒ်သည်လည်း စစ်သည်တို့ကို ဦးဆောင်ရ၏။ 14ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ပါရှိတော်မူသဖြင့် သူလုပ်ဆောင်လေရာရာတို့၌ အောင်မြင်မှုရရှိလေ၏။ 15ထိုသို့ အရာရာ၌အောင်မြင်မှုရရှိနေသည်ကို ရှောလုမင်းကြီး သိမြင်လျှင် ဒါဝိဒ်ကို ပို၍ကြောက်လေ၏။ 16သို့သော် အစ္စရေးလူမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် စစ်ချီရာတွင် သူတို့ကို ဦးဆောင်ပေးသောဒါဝိဒ်ကို ချစ်ကြ၏။ 17ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။
18သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့တွင် အကျွန်ုပ်အပါအဝင် အကျွန်ုပ်၏မိသားစုနှင့် အကျွန်ုပ်ဖခင်၏မျိုးနွယ်စုကား မည်သူများဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီး၏သမက်တော်ဖြစ်ရပါမည်နည်း”ဟု ပြန်လျှောက်၏။ 19သို့သော် ရှောလုမင်းကြီး၏သမီးမေရပ်ကို ဒါဝိဒ်နှင့်ပေးစားမည့်အချိန် ရောက်သောအခါတွင်မူ သူ့အား မေဟောလသိမြို့သား အဒြေလနှင့် ပေးစားနှင့်လေပြီ။
မိခါလကို ဒါဝိဒ်လက်ထပ်ယူခြင်း
20ရှောလုမင်းကြီး၏သမီး မိခါလသည် ဒါဝိဒ်ကို ချစ်နှစ်သက်နေကြောင်း လျှောက်တင်ကြသောအခါ ရှောလုမင်းကြီးစိတ်ကြိုက်တွေ့သွား၏။ 21ရှောလုမင်းကြီးက “ငါ့သမီးကို သူနှင့်ပေးစားမည်။ သူသည် ဒါဝိဒ်အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်၍ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့လက်သို့ ရောက်ရလိမ့်မည်”ဟု အကောက်ကြံ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ယခုမှာ သင်သည် ငါ့သမက် ဖြစ်ရတော့မည်”ဟု ဒုတိယအကြိမ် ပြောပြန်၏။
22“ ‘ရှင်ဘုရင်သည် သင့်ကိုနှစ်သက်၏။ မင်းမှုထမ်းတို့လည်း သင့်ကိုသဘောကျ၏။ ထို့ကြောင့် ရှင်ဘုရင်၏သမက်အဖြစ် လက်ခံပါ’ဟူ၍ ဒါဝိဒ်အား တိတ်တဆိတ်ပြောကြလော့”ဟု ရှောလုမင်းကြီးက သူ၏အမှုထမ်းတို့အား မိန့်ဆို၏။
23ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း ထိုစကားများကို ဒါဝိဒ်အား ပြောကြားကြ၏။ ထိုအခါ ဒါဝိဒ်က သူတို့အား “ဂုဏ်မရှိသောဆင်းရဲသားအကျွန်ုပ်ကား ရှင်ဘုရင်၏သမက်ဖြစ်ရန် ဤမျှလောက်လွယ်ကူမည်ဟု သင်တို့ထင်သလော”ဟု ပြန်ပြော၏။
24ရှောလုမင်းကြီး၏အမှုထမ်းတို့ကလည်း ဒါဝိဒ်ဆိုခဲ့သည့်စကားအတိုင်း ပြန်လျှောက်ကြ၏။ 25ရှောလုမင်းကြီးကလည်း “သင်တို့သည် ဒါဝိဒ်အား ‘ရှင်ဘုရင်၏ရန်သူဖြစ်သော ဖိလိတ္တိလူမျိုးတို့ကို လက်တုံ့ပြန်ရန် သူတို့၏ထိပ်ဖုံးအရေပြားတစ်ရာမှတစ်ပါး မည်သည့်မင်္ဂလာကြေးကိုမျှ ရှင်ဘုရင် အလိုမရှိပါ’ဟူ၍ ပြောကြားလော့”ဟု ဆို၏။ ရှောလုမင်းကြီး၏အကြံမှာ ဖိလိတ္တိလူမျိုးတို့လက်ဖြင့် ဒါဝိဒ် ကျဆုံးစေရန် ဖြစ်၏။
26ရှောလုမင်းကြီး၏အမှုထမ်းတို့သည် ဒါဝိဒ်အား ထိုစကားတို့ကို ပြန်ပြောပြလျှင် ဒါဝိဒ်သည် ဘုရင့်သမက်တော်ဖြစ်ရမည့်အရေးကို နှစ်သက်သဘောကျမိ၏။ ထို့ကြောင့် သတ်မှတ်ချိန်မရောက်မီ 27ဒါဝိဒ်နှင့် သူ့လူတို့သည် ထသွား၍ ဖိလိတ္တိလူမျိုးအယောက်နှစ်ရာကိုသတ်လေ၏။ ထို့နောက် ဒါဝိဒ်သည် ထိုသူတို့၏ထိပ်ဖုံးအရေပြားကိုယူလာ၍ ဘုရင့်သမက်တော်ဖြစ်ရဖို့ ရှင်ဘုရင်အား အတိအကျဆက်သလေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် မိမိသမီး မိခါလကို ဒါဝိဒ်နှင့် ပေးစားလေ၏။ 28ရှောလုမင်းကြီးသည် ဒါဝိဒ်နှင့်အတူ ထာဝရဘုရား ရှိတော်မူသည်ကိုလည်းကောင်း၊ မိမိသမီးမိခါလသည် ဒါဝိဒ်အား ချစ်မြတ်နိုးသည်ကိုလည်းကောင်း သိမြင်၏။ 29ထို့ကြောင့် ရှောလုမင်းကြီးသည် ဒါဝိဒ်ကို ပို၍ပင်ကြောက်ရွံ့ကာ ဒါဝိဒ်ကို ရန်သူအဖြစ် အစဉ်အမြဲမှတ်လေ၏။
30ဖိလိတ္တိတပ်မှူးတို့ ချီတက်တိုက်ခိုက်လေတိုင်း ဒါဝိဒ်သည် ရှောလုမင်းကြီး၏အမှုထမ်းအပေါင်းတို့ထက် အောင်နိုင်သဖြင့် နာမည်ကျော်ကြားလေ၏။
လက်ရှိရွေးချယ်ထားမှု
ဓမ္မရာဇဝင်ပထမစောင် 18: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

: