YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဟေရှာယအနာဂတ္တိကျမ်း 23

23
တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်
1တိုင်ရာ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​။ တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အကြောင်းမူကား တိုင်ရာ​မြို့​သည် အိမ်​မ​ရှိ​၊ ဆိပ်ကမ်း​မ​ရှိ​တော့​သည့်​တိုင်အောင် ဖျက်ဆီး​ခံရ​လေ​ပြီ​ဟု ဆိုက်ပရပ်#23:1 တိုက်ရိုက်ပြန်ဆိုလျှင် “ခိတ္တိမ်”။​ပြည်​မှတစ်ဆင့် ကြားသိ​ရ​ပြီ​။ 2ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​သူ​တို့​၊ ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ပင်လယ်​ကို​ဖြတ်သန်းသွားလာ​သော ဆီဒုန်​ကုန်သည်​တို့​သည် သင်​တို့​ကို ကြွယ်ဝ​စေ​ကြ​၏​။ 3ပင်လယ်လမ်း​မှ​ဝင်ရောက်​လာ​သော ရှိဟောရ​မြစ်​၏​မျိုးစေ့​၊ နိုင်း​မြစ်​၏​အသီးအနှံ​သည် တိုင်ရာ​မြို့​အတွက် အမြတ်အစွန်း​ဖြစ်​၏​။ ထို​မြို့​သည် တိုင်းနိုင်ငံ​တို့​ကူသန်းရောင်းဝယ်ရာ​အရပ်​ဖြစ်​၏​။ 4အို ဆီဒုန်​မြို့​၊ ရှက်ကြောက်​လော့​။ ပင်လယ်​က ပြော​လေ​ပြီ​။ ပင်လယ်​ခံတပ်​မြို့​က “​ငါ​သည် ဝမ်း​မ​နာ​ခဲ့​၊ သား​မ​ဖွား​ခဲ့​။ လူပျို အပျို​တို့​ကို​လည်း မ​ကျွေးမွေး​၊ မ​ပြုစု​ခဲ့​”​ဟု ဆို​လေ​ပြီ​။ 5တိုင်ရာ​မြို့​၏​သတင်း​သည် အီဂျစ်​ပြည်​သို့​ရောက်လာ​သောအခါ ထို​သတင်း​ကြောင့် သူ​တို့​တုန်လှုပ်​ကြ​လိမ့်မည်​။ 6အို ကမ်းရိုးတန်းဒေသ​၌​နေထိုင်​သော​သူ​တို့​၊ တာရှု​မြို့​သို့​ကူးသွား​ကြ​လော့​။ ညည်းတွားငိုကြွေး​ကြ​လော့​။ 7ထို​မြို့​သည် သင်​တို့​အဖို့ ပျော်ပါးစရာ​ကောင်း​သော​မြို့​လော​။ ထို​မြို့​သည် ရှေး​ရှေးကတည်း​က တည်ရှိ​ခဲ့​၏​။ မြို့သား​တို့​သည် ခြေဆန့်​၍ ရပ်ဝေး​သို့​သွားရောက်နေထိုင်​တတ်​ကြ​၏​။ 8တိုင်ရာ​မြို့​သည် အခြား​မြို့​များ​ကို သရဖူ​ဆောင်း​ပေး​တတ်​သော​မြို့​ဖြစ်​၏​။ ထို​မြို့​၏​ကုန်သည်​တို့​သည် မှူးမတ်​များ​၊ ကူးသန်း​ရောင်းဝယ်​သူ​တို့​သည် မြေကြီး​ပေါ်တွင် ချီးမြှောက်​ခံရ​သူ​များ​ဖြစ်​ကြ​၏​။ ထို​မြို့​ကို ထိုသို့​ဖြစ်​အောင် မည်သူ​ကြံစည်​သနည်း​။ 9ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် ထိုသို့ ကြံစည်​တော်မူ​၏​။ ဤသည်ကား ဂုဏ်သရေ​မာန်တက်​ခြင်း​အလုံးစုံ​ကို ရှုတ်ချ​ရန်​နှင့် မြေကြီး​ပေါ်တွင် ချီးမြှောက်​ခံရ​သော​သူ​အပေါင်း​တို့​ကို နှိမ့်ချ​ရန်​အတွက် ဖြစ်​၏​။ 10အို တာရှု​မြို့​သမီးပျို​၊ အထိန်းအချုပ်#23:10 သို့မဟုတ် “ခွန်အား”။​မ​ရှိ​တော့​ပြီ​ဖြစ်၍ နိုင်း​မြစ်​ကဲ့သို့ ကိုယ့်​မြေ​ပေါ်မှာ ဖြတ်သန်းသွားလာ​လော့​။ 11ထာဝရဘုရား​သည် ပင်လယ်ပြင်​ပေါ် လက်​တော်​ကို​ဆန့်​တော်မူ​ပြီ​။ တိုင်းနိုင်ငံ​တို့​ကို ထိတ်လန့်တုန်လှုပ်​စေ​တော်မူ​ပြီ​။ ခါနာန်​ပြည်​၏​ခံတပ်​များ​ကို​ဖျက်ဆီး​ရန် မိန့်​တော်မူ​ပြီ​။ 12ကိုယ်တော်​က “​နှိပ်စက်​ခြင်း​ခံရ​သော​ဆီဒုန်​သမီး​ပျို​၊ သင်​သည် နောက်တစ်ဖန် ရွှင်မြူး​ရ​တော့​မည်​မ​ဟုတ်​။ ထ​၍ ဆိုက်ပရပ်​ပြည်​သို့ ကူးသွား​လော့​။ ထို​အရပ်​၌​လည်း သင့်​အတွက်​ငြိမ်းချမ်း​ခြင်း​ရှိ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။ 13ခါလဒဲ​ပြည်​ကို ကြည့်​ကြ​လော့​။ လူ​မ​ရှိ​တော့​ပြီ​။ အဆီးရီးယား​လူမျိုး​သည် ထို​ပြည်​ကို ကန္တာရ​သတ္တဝါ​တို့​နေစရာနေရာ ဖြစ်စေ​၏​။ သူ​တို့​သည် မျှော်စင်​တို့​ကို တည်ဆောက်​၍ ထို​ပြည်​၏​နန်းတော်​ကို​ဖြိုဖျက်​၏​။ ထို​ပြည်​ကို ပြိုပျက်​ရာ​ဖြစ်စေ​ကြ​၏​။ 14တာရှု​သင်္ဘော​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ သင်​တို့​၏​ခံတပ်​သည် ဖျက်ဆီး​ခြင်း​ခံရ​လေ​ပြီ​။
15ထို​နေ့ရက်​၌ တိုင်ရာ​မြို့​သည် ရှင်ဘုရင်​တစ်​ပါး​၏​နန်းသက်​အတိုင်း နှစ်​ပေါင်း​ခုနစ်ဆယ် မေ့လျော့​ခြင်း​ခံရ​မည်​။ နှစ်​ပေါင်း​ခုနစ်ဆယ်​အဆုံး​၌ တိုင်ရာ​မြို့​သည် သီချင်း​ထဲက ပြည့်တန်ဆာမ​ကဲ့သို့ ဖြစ်​မည်​။ 16အို အမေ့​ခံရ​သော​ပြည့်တန်ဆာမ​၊ စောင်း​ကို​ယူ​၍ မြို့​ထဲတွင်​လှည့်ပတ်​လော့​။ သာသာယာယာ​တီးခတ်​လော့​။ သီချင်း​များများ​သီဆို​လော့​။ သို့မှ သင့်​ကို သတိရ​ကြ​မည်​။
17နှစ်​ပေါင်း​ခုနစ်ဆယ်​အဆုံး​တွင် ထာဝရဘုရား​သည် တိုင်ရာ​မြို့​ကို အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထို​မြို့​သည် တစ်ဖန် အခကြေးငွေ​နောက်​သို့ လိုက်​ပြန်​၍ ကမ္ဘာ​မြေပြင်​ပေါ်​ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​နှင့် ကာမဂုဏ်ခံစား​လိမ့်မည်​။ 18သို့သော် ထို​မြို့​၏​အကျိုးအမြတ်​နှင့် ဝင်ငွေ​တို့​ကို ထာဝရဘုရား​အား ဆက်ကပ်​ကြ​ရ​မည်​။ စုဆောင်းခွင့်​မ​ရှိ​၊ သိုမှီးခွင့်​မ​ရှိ​။ ထို​မြို့​၏​အကျိုးအမြတ်​သည် ထာဝရဘုရား​ရှေ့​တော်​၌​နေ​သော​သူ​တို့ ဝဝလင်လင်​စား​ရ​ရန်​နှင့် ကောင်းကောင်းမွန်မွန်​ဝတ်​ရ​ရန်​အတွက် ဖြစ်​လိမ့်မည်​။

လက်ရှိရွေးချယ်ထားမှု

ဟေရှာယအနာဂတ္တိကျမ်း 23: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ