YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားသူကြီးမှတ်စာ 8

8
1ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။
2ဂိဒေါင်​က​လည်း “​ငါ​ပြု​သော​အမှု​သည် သင်​တို့​ပြု​သော​အမှု​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​။ အဗျေဇာ​အမျိုးသား​စပျစ်သီး​စုသိမ်း​ခြင်း​ထက် ဧဖရိမ်​အမျိုးသား​ကောက်သင်းကောက်​ခြင်း​က သာ၍​ကောင်း​သည်​မ​ဟုတ်​လော​။ 3ဘုရားသခင်​သည် မိဒျန်​လူမျိုး​တို့​၏​အကြီးအကဲ​များ​ဖြစ်​သည့် ဩရဘ​နှင့် ဇေဘ​တို့​ကို သင်​တို့​လက်​သို့​အပ်​တော်မူ​၏​။ ငါ​သည် သင်​တို့​နှင့် အဘယ်သို့​နှိုင်းယှဉ်​နိုင်​မည်နည်း​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။ ထိုသို့ ဂိဒေါင်​ပြော​သောအခါ ဧဖရိမ်​အမျိုးသား​တို့​သည် စိတ်ပြေ​သွား​လေ​၏​။
မိဒျန်ဘုရင်တို့ကို ဂိဒေါင်လိုက်ခြင်း
4ဂိဒေါင်​သည် ဂျော်ဒန်​မြစ်​သို့​ရောက်​၍ သူ​နှင့် သူ့​လူ​အယောက်​သုံး​ရာ​တို့​သည် မြစ်​ကို ကူး​ကြ​ပြီး မောမောပန်းပန်း​နှင့် ရန်သူ​တို့​ကို ဆက်​၍​လိုက်​ကြ​၏​။ 5ဂိဒေါင်​က သုကုတ်​မြို့သား​တို့​အား “​ငါ​နှင့်​ပါလာ​သော​လူ​တို့​စား​ဖို့ မုန့်​ပေး​ပါ​။ ငါ​တို့​သည် မိဒျန်​ဘုရင်​ဇေဘဟ​မင်းကြီး​နှင့် ဇာလမုန္န​မင်းကြီး​တို့​နောက်သို့ လိုက်​နေ​ရ​၍ သူ​တို့​မောပန်း​နေ​ကြ​၏​”​ဟု ဆို​၏​။
6သို့သော် သုကုတ်​မြို့​အကြီးအကဲ​တို့​က “​ငါ​တို့​သည် သင်​နှင့်​ပါလာ​သော​သူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ယခု သင့်​လက်​ထဲ ရောက်​ပြီ​လော​”​ဟု ပြန်ပြော​ကြ​၏​။
7ဂိဒေါင်​က​လည်း “​ကောင်း​ပြီ​။ ထာဝရဘုရား​သည် ဇေဘဟ​နှင့်​ဇာလမုန္န​တို့​ကို ငါ့​လက်​သို့​အပ်​တော်မူ​သောအခါ ငါ​သည် ကန္တာရ​ဆူးပင်​၊ ချုံပင်​တို့​ဖြင့် သင်​တို့​အရေပြားစုတ်​အောင် ရိုက်​မည်​”​ဟု ဆို​၏​။ 8ထို့နောက် သူ​သည် ထို​အရပ်​မှ ပေနွေလ​မြို့​သို့​တက်သွား​၍ ထို​မြို့သား​တို့​ကို​လည်း ထိုနည်းတူ တောင်း​လေ​၏​။ ပေနွေလ​မြို့သား​တို့​သည်​လည်း သုကုတ်​မြို့သား​တို့​ပြန်ပြော​သကဲ့သို့ သူ့​ကို​ပြန်ပြော​ကြ​၏​။ 9ဂိဒေါင်​က ပေနွေလ​မြို့သား​တို့​ကို​လည်း “​ငါ​သည် အနိုင်ရ​ပြီး ပြန်လာ​သောအခါ ဤ​ရဲတိုက်​ကို​ဖြို​ပစ်​မည်​”​ဟု ပြန်ပြော​လေ​၏​။
10အရှေ့​ပြည်သား​စစ်သည်​အပေါင်း​တို့​ထဲမှ ဓား​ကိုင်​စစ်သည်​တစ်သိန်းနှစ်သောင်း​ကျဆုံး​သွား​သဖြင့် ကြွင်းကျန်​သော​စစ်သည်​တစ်သောင်းငါးထောင်​တို့​သာ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​နှင့်အတူ ကာကော်​မြို့​၌ ရှိ​ကြ​၏​။ 11ဂိဒေါင်​သည် နောဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အရှေ့ဘက်​၊ တဲ​၌​နေထိုင်​လေ့​ရှိ​သော​သူ​တို့ သွားလာ​သော​လမ်း​အတိုင်း ချီတက်​သွား​၍ စိတ်အေးလက်အေး​နေ​နေ​သော မိဒျန်​တပ်စခန်း​ကို တိုက်​လေ​၏​။ 12ထိုအခါ ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် ထွက်ပြေး​ကြ​၏​။ ဂိဒေါင်​သည်​လည်း မိဒျန်​ဘုရင်​နှစ်​ပါး​ဖြစ်​သော ဇေဘဟ​မင်းကြီး​နှင့်​ဇာလမုန္န​မင်းကြီး​တို့​နောက်သို့​လိုက်​၍ သူ​တို့​ကို​ဖမ်းဆီး​သဖြင့် စစ်သည်​အပေါင်း​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ကြ​လေ​၏​။
13ထို့နောက် ယောရှ​၏​သား ဂိဒေါင်​သည် ဟေရက်​တောင်ကုန်းလမ်း​ဖြင့် စစ်ပွဲ​မှ​ပြန်လာ​၏​။ 14လမ်း​တွင် သုကုတ်​မြို့သား လူငယ်​တစ်​ယောက်​ကို​ဖမ်းဆီး​ပြီး သုကုတ်​မြို့​အကြီးအကဲ​များ​၊ သက်ကြီးဝါကြီး​များ​၏​အကြောင်း​ကို မေးမြန်း​ရာ ထို​လူငယ်​က သုကုတ်​မြို့​အကြီးအကဲ​၊ သက်ကြီးဝါကြီး ခုနစ်ဆယ့်​ခုနစ်​ယောက်​၏​အမည်​ကို ရေး​ပေး​လေ​၏​။ 15ဂိဒေါင်​သည် သုကုတ်​မြို့သား​တို့​ထံသို့​ရောက်လာ​၍ “​ဇေဘဟ​နှင့်​ဇာလမုန္န​ကို ကြည့်​ကြ​လော့​။ သင်​တို့​က ‘​မောပန်း​နေ​သော​သင့်​လူ​တို့​အား စားစရာ​ပေး​ရ​မည့်​အကြောင်း ဇေဘဟ​နှင့်​ဇာလမုန္န​တို့​သည် သင့်​လက်​ထဲ​ရောက်​ပြီ​လော​’​ဟု ငါ့​ကို​ကဲ့ရဲ့​ခဲ့​ကြ​၏​”​ဟု ဆို​ပြီးလျှင် 16ထို​မြို့​၏​သက်ကြီးဝါကြီး​များ​ကို​ခေါ်​၍ သူ​တို့​နှင့်အတူ သုကုတ်​မြို့သား​တို့​ကို ကန္တာရ​ဆူးပင်​၊ ချုံပင်​တို့​ဖြင့် ဆုံးမ​လေ​၏​။ 17ပေနွေလ​ရဲတိုက်​ကို ဖြိုချ​၍ မြို့သား​တို့​ကို​လည်း သတ်​လေ​၏​။
18ထို့နောက် ဂိဒေါင်​က ဇေဘဟ​နှင့်​ဇာလမုန္န​တို့​အား “​တာဗော်​မြို့​၌ သင်​တို့​သတ်​ခဲ့​သော​သူ​တို့​သည် မည်သို့​သော​သူ​နည်း​”​ဟု မေး​သော် သူ​တို့​က “​သူ​တို့​အားလုံး​သည် သင်​ကဲ့သို့ပင် ဘုရင့်​သား​တော်​ရုပ်ရည်ရှိသူ​များ​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။ 19ဂိဒေါင်​က “​သူ​တို့​သည် ငါ​နှင့်​တစ်မိတည်းဖွား ငါ့​ညီအစ်ကို​များ​ဖြစ်​ကြ​၏​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​တို့​သည် သူ​တို့​ကို​အသက်ချမ်းသာ​ပေး​ခဲ့​လျှင် ငါ​သည် သင်​တို့​ကို​သတ်​မည်​မ​ဟုတ်​”​ဟု ဆို​ပြီး 20မိမိ​၏​သားဦး​ယေသာ​အား “​ထ​၍ သူ​တို့​ကို​သတ်​လော့​”​ဟု ဆို​လေ​၏​။ သို့သော် သူ့​သား​သည် ငယ်ရွယ်​သေး​သဖြင့် ကြောက်ရွံ့​၍ ဓား​ကို​မ​ဆွဲထုတ်​ဝံ့​ဘဲ​နေ​၏​။
21ဇေဘဟ​နှင့်​ဇာလမုန္န​တို့​က “​သင်​ကိုယ်တိုင်​ထ​၍ ငါ​တို့​ကို​သတ်​လော့​။ ယောက်ျား​မှန်လျှင် သတ္တိ​ရှိ​ရ​မည်​”​ဟု ဆို​လေ​၏​။ ဂိဒေါင်​သည်​ထ​၍ ဇေဘဟ​နှင့်​ဇာလမုန္န​ကို​သတ်​ပြီးလျှင် သူ​တို့​ကုလားအုတ်​၏​လည်ပင်း​၌ ဆင်​ထား​သော​တန်ဆာ​များ​ကို ချွတ်ယူ​လေ​၏​။
ဂိဒေါင်ပေးသောအမွေ
22ထိုအခါ အစ္စရေး​လူမျိုး​တို့​က ဂိဒေါင်​အား “​သင်​သည် အကျွန်ုပ်​တို့​ကို မိဒျန်​လူမျိုး​တို့​လက်​မှ​ကယ်တင်​ခဲ့​သည်​ဖြစ်၍ သင်​နှင့် သင်​၏​သား​မြေး​တို့​သည် အကျွန်ုပ်​တို့​ကို​အုပ်စိုး​ပါ​”​ဟု ဆို​ကြ​၏​။
23ဂိဒေါင်​က​လည်း “​ငါ​သည် သင်​တို့​ကို မ​အုပ်စိုး​ရ​။ ငါ့​သား​လည်း မ​အုပ်စိုး​ရ​။ ထာဝရဘုရား​သာလျှင် သင်​တို့​ကို​အုပ်စိုး​တော်မူ​မည်​”​ဟု သူ​တို့​အား ပြန်ပြော​လေ​၏​။ 24သို့သော် ဂိဒေါင်​က “သင်​တို့​ဆီ​မှ တစ်​ခု​ကို တောင်းဆို​လို​ပါ​သည်​။ သင်​တို့​ရ​ထား​သော လုယူပစ္စည်း​များ​ထဲမှ နားကွင်း​တစ်ကွင်းစီ​ကို ငါ့​အား ပေး​ကြ​လော့​”​ဟု သူ​တို့​အား ဆို​၏​။ (​မိဒျန်​လူမျိုး​တို့​သည် ဣရှမေလ​လူမျိုး​တို့​ကဲ့သို့ ရွှေ​နားကွင်း​များ​ကို ဝတ်ဆင်​တတ်​ကြ​၏​။​)
25သူ​တို့​က​လည်း ဝမ်းသာအားရ​စွာ​ဖြင့် “​အကျွန်ုပ်​တို့ ပေး​ပါ​မည်​”​ဟု ဆို​လျက် အဝတ်​ကို ခင်း​ပြီးလျှင် သူ​တို့​ရ​ထား​သော​လုယူပစ္စည်း​များ​ထဲမှ နားကွင်း​တစ်ကွင်းစီ​ကို ထို​အဝတ်​ပေါ်၌ ချ​ထား​ကြ​၏​။ 26ဂိဒေါင်​ရရှိ​သော​ရွှေ​နားကွင်း​၏​အလေးချိန်​မှာ ရွှေ​တစ်ထောင့်​ခုနစ်​ရာ​ရှယ်ကယ်#8:26 “12.75 ပိဿာ သို့မဟုတ် 18.7 ကီလိုဂရမ်”။ ဖြစ်​၏​။ ထို့ပြင် မိဒျန်​ဘုရင်​တို့​ထံမှ လခြမ်းသဏ္ဌာန်တန်ဆာ​၊ ဆွဲသီး​၊ ခရမ်းရောင်​အဝတ်​တို့​မှစ၍ သူ​တို့​ကုလားအုတ်​၏​လည်ပင်း​၌​ဆွဲ​ထား​သော လည်ပတ်ကြိုး​များ​လည်း ရ​သေး​၏​။ 27ဂိဒေါင်​သည် ထို​ရွှေ​များ​ဖြင့် ဧဖုဒ်#8:27 “ယဇ်ပုရောဟိတ်အတွက် အထူးချုပ်ထားသောအပေါ်ခံအင်္ကျီ”။​သွန်းလုပ်​၍ သူ​နေထိုင်​ရာ ဩဖရ​မြို့​တွင် ပြသ​ထား​၏​။ အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် ထို​အရာ​အားဖြင့် ဖောက်ပြန်မှားယွင်း​ကြ​၏​။ ဤ​အရာ​သည် ဂိဒေါင်​နှင့် သူ့​အိမ်သူအိမ်သား​တို့​အတွက် ထောင်ချောက်​ကဲ့သို့ ဖြစ်လာ​၏​။
28ဤသို့ဖြင့် မိဒျန်​လူမျိုး​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ရှုံးနိမ့်​ကြ​ပြီး နောက်တစ်ဖန် ခေါင်း​မ​ထောင်​ကြ​တော့​ချေ​။ ထို​အချိန်​မှစ၍ ဂိဒေါင်​အသက်ရှင်​စဉ် အနှစ်​လေးဆယ်​ပတ်လုံး တိုင်းပြည်​ငြိမ်းချမ်း​လေ​၏​။ 29ယောရှ​၏​သား ယေရုဗ္ဗာလ​သည် မိမိ​နေရင်းအိမ်​သို့ ပြန်​၍​နေထိုင်​၏​။
30ဂိဒေါင်​သည် မယား များစွာ​ယူ​ထား​သောကြောင့် သား​အရင်း အယောက်​ခုနစ်ဆယ်​ရှိ​၏​။ 31ရှေခင်​မြို့​၌​နေ​သော သူ​၏​မယားငယ်​သည် သားယောက်ျား​ကို​ဖွား​၍ ထို​သား​ကို အဘိမလက် ဟု​မှည့်ခေါ်​၏​။ 32ယောရှ​၏​သား ဂိဒေါင်​သည် အိုမင်းရင့်ရော်​ပြီး သေဆုံး​သောအခါ အဗျေဇာ​အမျိုးသား​တို့ နေထိုင်​ရာ ဩဖရ​မြို့​ရှိ သူ့​ဖခင်​ယောရှ​၏​သင်္ချိုင်း​တွင် သူ့​ကို သင်္ဂြိုဟ်​ကြ​၏​။
33ဂိဒေါင်​သေဆုံး​ပြီးနောက် အစ္စရေး​အမျိုးသား​တို့​သည် ဗာလ​ဘုရား​ထံ​လှည့်​၍ ဖောက်ပြန်မှားယွင်း​ကြ​ပြန်​၏​။ ဗာလဗေရိတ်​ကို ဘုရား​အရာ​၌ ထား​ကြ​၏​။ 34အစ္စရေး​အမျိုးသား​တို့​သည် သူ​တို့​၏​ပတ်ပတ်လည်​ရှိ​ရန်သူ​အလုံးစုံ​တို့​လက်​မှ ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထာဝရဘုရား​ကို မေ့လျော့​ကြ​၏​။ 35ဂိဒေါင် ခေါ် ယေရုဗ္ဗာလ​သည် အစ္စရေး​လူမျိုး​တို့​အား ကောင်းကျိုးချမ်းသာ​ကို ပြု​ပေး​ခဲ့​သကဲ့သို့ အစ္စရေး​လူမျိုး​တို့​သည် သူ့​မိသားစု​အပေါ် မေတ္တာ​မ​ပြ​ကြ​ချေ​။

လက်ရှိရွေးချယ်ထားမှု

တရားသူကြီးမှတ်စာ 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ