YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောဘဝတ္ထု 17

17
1ငါ့​အသက်​ဝိညာဉ် ချုပ်ငြိမ်း​ပြီ​။ ငါ​နေ​ရ​မည့်​နေ့ရက်​တို့ ကုန်ဆုံး​ပြီ​။ သင်္ချိုင်း​လည်း ငါ့​ကို စောင့်ကြို​နေ​ပြီ​။ 2အကယ်စင်စစ် လှောင်ပြောင်​သူ​တို့​သည် ငါ့​ကို ဝိုင်းရံ​လျက်​ရှိ​၏​။ သူ​တို့​လှောင်ပြောင်​ထေ့ငေါ့​သည်​ကို ငါ​ကြည့်​နေ​ရ​ပါ​၏​။ 3ကိုယ်တော်တိုင် အကျွန်ုပ်​အတွက် အာမခံ​ပေး​တော်မူ​ပါ​။ မည်သူ​သည် အကျွန်ုပ်​အတွက် အာမခံ​ပေး​မည်နည်း​။ 4ကိုယ်တော်​သည် သူ​တို့​စိတ်​ကို အသိဉာဏ်​နှင့်​ကင်း​စေ​တော်မူ​ပြီ​။ သူ​တို့​ကို ချီးမြှောက်​တော်မူ​မည်​မ​ဟုတ်​။ 5ဝေစု​ရရှိ​ရန် ကိုယ့်​မိတ်ဆွေ​ကို သစ္စာဖောက်​သော​သူ​၏​သားသမီး​တို့​သည်​လည်း မျက်စိကွယ်​ရ​လိမ့်မည်​။ 6ကိုယ်တော်​သည် ငါ့​ကို လူ​တို့​ပုံခိုင်းစရာ​ဖြစ်​စေ​ပြီ​။ ငါ့​မျက်နှာ​ကို တံတွေးထွေးစရာ​ဖြစ်​စေ​ပြီ​။ 7ပူဆွေးသောက​များ​ကြောင့် ငါ့​မျက်စိ​များ​လည်း မှုန်​လေ​ပြီ​။ ငါ့​ကိုယ်အင်္ဂါ​ရှိသမျှ​လည်း အရိပ်​သဖွယ် ဖြစ်​ကုန်​ပါ​ပြီ​။ 8ဤ​အဖြစ်​ကြောင့် ဖြောင့်မှန်​သော​သူ​တို့​သည် အံ့ဩထိတ်လန့်​ကြ​ပြီ​။ အပြစ်မဲ့​သော​သူ​တို့​သည်​လည်း ဘုရားတရားမဲ့​သော​သူ​တို့​အပေါ် မခံမရပ်​နိုင်​ဖြစ်​ကြ​ပြီ​။ 9ဖြောင့်မတ်​သော​သူ​မူကား မိမိ​လမ်း​အတိုင်း တည်ကြည်​စွာ​လျှောက်လှမ်း​၍ လက်​စင်ကြယ်​သော​သူ​သည်​လည်း ပို၍​ပို၍​အားကြီး​လာ​လိမ့်မည်​။ 10သင်​တို့​အားလုံး ထပ်လာ​၍ ငြင်းခုံ​ကြ​။ သင်​တို့​တွင် ပညာရှိ​ဟူ၍​တစ်ယောက်​မျှ ငါ​တွေ့​ရ​မည်​မ​ဟုတ်​။ 11ငါ​နေ​ရ​မည့်​နေ့ရက်​များ ကုန်လွန်​သွား​ပြီ​။ ငါ့​ရည်ရွယ်ချက်​၊ ငါ့​စိတ်​အလိုဆန္ဒ​များ​လည်း ပျက်လွင့်​ကုန်​ပြီ​။ 12သူ​တို့​သည် ည​ကို​ပင် နေ့​ဟု​ဆို​လျက် မှောင်​နေ​သည်​ကို​ပင် ‘​မိုးလင်း​တော့​မည်​’​ဟု ဆို​တတ်​ကြ​၏​။ 13မရဏာနိုင်ငံ​သည် ငါ​မျှော်လင့်​ရာ​အိမ်​ဖြစ်၍ ငါ့​အိပ်ရာ​ကို မှောင်မိုက်​၌ ခင်းထား​ရ​လျှင် 14သေတွင်း​ကို အဖေ​၊ လောက်ကောင်​ကို အမေ​၊ နှမ ဟူ၍ ငါ​ခေါ်​ရ​တော့​မည်​။ 15ငါ​၏​မျှော်လင့်​ခြင်း​ကား အဘယ်မှာ​နည်း​။ ငါ​၏​မျှော်လင့်​ခြင်း​ကို အဘယ်သူ​မြင်​ရ​မည်နည်း​။ 16ထို​အရာ​တို့​သည် မရဏာ​တံခါးပေါက်​ထဲသို့ ဝင်သွား​မည်လော​။ ငါ​နှင့်အတူ မြေမှုန့်​ထဲတွင် ဆင်း​နေ​မည်လော​”​ဟု ဆို​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောဘဝတ္ထု 17: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ