ယောဘဝတ္ထု 25
25
ဗိလဒဒ် ပြောသောစကား
1ထိုအခါ ရှုအာအမျိုးသား ဗိလဒဒ်က 2“အထက်ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းကို ရှိစေတော်မူသောအရှင်သည် အုပ်စိုးခြင်းအရှင်၊ ကြောက်ရွံ့ရိုသေဖွယ်အရှင် ဖြစ်တော်မူ၏။ 3ကိုယ်တော်၏စစ်သည်တော်များကို ရေတွက်နိုင်သလော။ ကိုယ်တော့်ထံမှအလင်းတော်ကို မခံယူရသူ ရှိသလော။ 4လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ 5ကိုယ်တော့်ရှေ့တွင် လသည်ပင် တောက်ပသည်မဟုတ်။ ကြယ်များလည်း စင်ကြယ်သည်မဟုတ်။ 6သို့ဖြစ်၍ လောက်ကောင်၊ ပိုးကောင်နှင့်တူသောလူသားမှာ အဘယ်ဆိုဖွယ်ရှိသနည်း”ဟု ဆိုလေ၏။
လက်ရှိရွေးချယ်ထားမှု
ယောဘဝတ္ထု 25: MSBU
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
MYANMAR STANDARD BIBLE©
Copyright © 2012, 2014, 2017, 2021 by Global Bible Initiative