YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယောနဝတ္ထု 2

2
ယောနဆုတောင်းခြင်း
1ယောန​သည် ငါးကြီး​ဝမ်း​ထဲမှ​နေ​၍ သူ​၏​ဘုရားသခင်​ထာဝရဘုရား​အား 2“​အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​ထဲတွင် ထာဝရဘုရား​ထံ အော်ဟစ်​ဆုတောင်း​သောအခါ ကိုယ်တော်​နားညောင်း​တော်မူ​၏​။ မရဏာနိုင်ငံ​တွင်းနက်​ထဲမှ အကျွန်ုပ်​အကူအညီ​အော်ဟစ်​တောင်းခံ​သောအခါ အကျွန်ုပ်​အသံ​ကို ကိုယ်တော်​ကြား​တော်မူ​ပါ​၏​။ 3ကိုယ်တော်​သည် ပင်လယ်​ရေနက်​ထဲသို့ အကျွန်ုပ်​ကို​ပစ်ချ​လိုက်​သောအခါ ရေ​သည် အကျွန်ုပ်​ကို ဝိုင်းရံ​လျက်​ရှိ​ပါ​၏​။ လှိုင်းလုံးကြီး​လှိုင်းလုံးငယ်​တို့​သည်​လည်း အကျွန်ုပ်​ကို လွှမ်းမိုး​ကြ​ပါ​၏​။ 4ထိုအခါ ငါ​က ‘အကျွန်ုပ်​သည် ကိုယ်တော့်​ထံ​မှ နှင်ထုတ်​ခံရ​သော်လည်း ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ အကျွန်ုပ်​မျှော်ကြည့်​လျက်​နေ​ပါ​မည်’​ဟု ဆို​၏​။ 5ရေ​သည် အကျွန်ုပ်​ကို​ဝိုင်းရံ​လျက် နက်ရှိုင်း​သော​ရေထု​ကြီး​သည် အကျွန်ုပ်​အသက်​ကို​လွှမ်းမိုး​ထား​ပါ​၏​။ ကျူရိုး​များ​သည်​လည်း အကျွန်ုပ်​ဦးခေါင်း​ကို ပတ်ရစ်​ကြ​ပါ​၏​။ 6တောင်ခြေရင်း​တိုင်အောင် အကျွန်ုပ်​နစ်မြုပ်​သွား​၍ မြေကြီး​သည် အကျွန်ုပ်​ကို အစဉ်​ကန့်လန့်​ထိုး​ထား​သော်လည်း အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​သည် အကျွန်ုပ်​အသက်​ကို သေတွင်း​မှ ကယ်နုတ်​တော်မူ​ပြီ​။ 7အကျွန်ုပ်​စိတ်ဝိညာဉ် ညှိုးငယ်​သောအခါ ထာဝရဘုရား​ကို အောက်မေ့​ပါ​၏​။ အကျွန်ုပ်​ဆုတောင်းသံ​သည် ကိုယ်တော်​ရှိ​ရာ​သန့်ရှင်း​သော​ဗိမာန်တော်​သို့ ရောက်​ပါ​၏​။ 8အချည်းနှီး​သော​ရုပ်တု​များ​ထံ ဆည်းကပ်​သော​သူ​တို့​သည် ကရုဏာ​တော်​ကို စွန့်ပယ်​သော​သူ​များ ဖြစ်​ကြ​ပါ​၏​။ 9အကျွန်ုပ်​မူကား ကိုယ်တော့်​ထံ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ပူဇော်​ပါ​မည်​။ ကတိသစ္စာ​ထား​သည့်​အတိုင်း ပြု​ပါ​မည်​။ ကယ်တင်​ခြင်း​သည် ထာဝရဘုရား​ထံ​တော်​မှ လာ​ပါ​၏​”​ဟု ဆုတောင်း​လေ​၏​။
10ထိုအခါ ထာဝရဘုရား​သည် ငါး​ကို အမိန့်ပေး​သဖြင့် ငါး​သည် ကုန်း​ပေါ်တွင် ယောန​ကို အန်ထုတ်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ယောနဝတ္ထု 2: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ